Why Pay for Entertainment? Access Thousands of Free Downloads Now!

Than Lwin Khet News

Description
အချိန်နှင့်တပြေးညီ သတင်းမှန်များတင်ဆက်ရန်
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

1 month, 3 weeks ago
ရခိုင်ပြည်ရှေ့ဟောင်း မြောက်ဦးမြို့ကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲတိုက်ခိုက် *****

ရခိုင်ပြည်ရှေ့ဟောင်း မြောက်ဦးမြို့ကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲတိုက်ခိုက် *
မတ် ၁၇ ၊ ၂၀၂၄၊ သံလွင်ခက်။

ရခိုင်ပြည်၊ မြောက်ဦးမြို့ နန်းရာကုန်းတဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ယနေ့နံနကိအစောပိုင်းတွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ မတ်လ ၁၇ ရက် ၊ နံနက် ၆း၅၀ နာရီအချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အရပ်သားထိခိုက်မှုရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောပြောသည်။

အဆိုပါ နံနက်အစောပိုင်း လေကြောင်းပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ရှိ တောင်ရပ်ခွဆုံ၊ ဘားဘူတောင်အနီး၊ ကုန်သည်တန်း၊ နန်းရာကုန်းအနီး နေရာများသို့ ကျရောက်ထိမှန်မှုများရှိသည်ဟု ၎င်းက ပြောသည်။
** Telegram– > https://t.me/newstlk/3806 YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website - > https://thanlwinkhet.net/?p=8414

1 month, 3 weeks ago
ကရင်ပြည် ကျိုက်ဒုံဗျူဟာစခန်းသိမ်းမှု

ကရင်ပြည် ကျိုက်ဒုံဗျူဟာစခန်းသိမ်းမှု
လက်နက်မျိုးစုံ ၉၀ ကျော်ရရှိ ******သံလွင်ခက်
မတ် ၁၇ ၊ ၂၀၂၄ ။

ကရင်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော် KNLA တပ်မဟာ(၆) ဦး​ဆောင်​သော​တော်လှန်​ရေးပူး​ပေါင်းတပ်ဖွဲ့များမှ စစ်​ကောင်စီတပ် စကခ(၁၃)လက်​အောက်ခံ ကျိုက်ဒုံဗျူဟာအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ ၉၀ ကျော် သိမ်းဆည်းရရှိခဲ့သည်ဟု KNLA ဗဟိုက ယနေ့တွင်ထုတ်ပြန်သည်။
** YouTube – > https://t.me/newstlk/3802
YouTube
– > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website - > https://thanlwinkhet.net/?p=8411

1 month, 3 weeks ago
Than Lwin Khet News
3 months, 3 weeks ago
နမ့်ဖတ်ကာတွင် စစ်ကောင်စီလေယာဉ်ကို KIA ပစ်ချနိုင်ခဲ့

နမ့်ဖတ်ကာတွင် စစ်ကောင်စီလေယာဉ်ကို KIA ပစ်ချနိုင်ခဲ့

ယမင်းဖူးပွင့်အောင်
ဇန်နဝါရီလ ၁၆ ၊ ၂၀၂၄။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးကို KIA က ပစ်ချနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA တို့ ဇန်နဝါရီ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားနေသည့်တိုက်ပွဲတွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးကို KI Aက ပစ်ချလိုက်သည်ဟု မြေပြင်သတင်း ရင်း မြစ်များက အတည်ပြုသည်။

ဓာတ်ပုံ - စစ်ကောင်စီ။
ပုံစာ - ၇၆ နှစ်ပြည့် လေတပ်နှစ်ပတ်လည်နေ့မြင်ကွင်း။

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram -> https://t.me/newstlk/3023
YouTube -> https://youtu.be/_SVn1Z82WDA
Website -> https://thanlwinkhet.net/?p=7076

3 months, 3 weeks ago
ဝေါမြို့နယ် အုတ်ဖို ၃ ရွာ ကင်းစခန်းကို ပူးပေါင်းတပ်များဝင်ရောက်ပစ်ခတ်

ဝေါမြို့နယ် အုတ်ဖို ၃ ရွာ ကင်းစခန်းကို ပူးပေါင်းတပ်များဝင်ရောက်ပစ်ခတ်

သဇင်
ဇန်နဝါရီ ၁၆ ၊ ၂၀၂၄။

ပဲခူးတိုင်း ၊ ဝေါမြို့နယ်၊ အုတ်ဖို (၃) ကျေးရွာထိပ်ရှိ ပျူစောထီးကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် များက ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်၊ ည ၉ နာရီခွဲခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဝေါမြို့နယ် - ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် အသက် ၅၀ ကျော်အရွယ် ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်း မိကာ လက်နက် ၂ လက်လည်းသိမ်းဆည်းရရှိခဲ့သည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက သံလွင်ခက် ကို ပြောသည်။

ဓာတ်ပုံ - CJ။
ပုံစာ - ဖမ်းဆီးမိခဲ့သည့်ပျူစောထီး ၃ ဦးနှင့် သိမ်းဆည်းရရှိခဲ့သည့်လက်နက်များ။

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram -> https://t.me/newstlk/3023
YouTube -> https://youtu.be/_SVn1Z82WDA
Website -> https://thanlwinkhet.net/?p=7072

3 months, 3 weeks ago
Than Lwin Khet News
4 months ago
စစ်ခေါင်းဆောင်မင်းအောင်လှိုင် လားရှိုးရောက်နေပြီး ညှိနှိုင်းမှုများပြုလုပ်နေ

စစ်ခေါင်းဆောင်မင်းအောင်လှိုင် လားရှိုးရောက်နေပြီး ညှိနှိုင်းမှုများပြုလုပ်နေ

သံလွင်ခက်
ဇန်နဝါရီ ၉ ၊ ၂၀၂၄ ။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ရောက်ရှိနေပြီး ညှိနှိုင်းမှုများပြုလုပ်နေသည်ဟု ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများနှင့်နီးစပ်သူများ၊ ဒေသခံများထံက သိရသည်။

လားရှိုးသို့ရောက်ရှိနေသော စစ်ခေါင်းဆောင်သည် ယခုလ ဇန်နဝါရီ ၇ ၊ ၈ ၊ ၉ ရက်များအတွင်း ညှိနှိုင်းမှုများ တောက်လျှောက်ပြုလုပ်ခဲ့ပြီး ၎င်းရောက်ရှိနေစဥ် ရက် ပိုင်းအတွင်း လားရှိုး၌ ယခင်ရက်များထက် လက်နက်ကြီးပစ်ခတ်မှုများအပါအဝင် စစ်ရေးအခြေအနေ ပိုမိုငြိမ်သက်နေသည်ဟု မြို့ခံများက ပြောသည်။

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2920
YouTube- > https://youtu.be/SpxIBpTYop8
Website _>https://thanlwinkhet.net/?p=6899

4 months ago
စစ်ခေါင်းဆောင်က ထိပ်ပိုင်းအရာရှိနှင့် ဝန်ကြီးတချိူ့ကို အပြောင်းအလဲပြုလုပ်လာပြန် ********************************

စစ်ခေါင်းဆောင်က ထိပ်ပိုင်းအရာရှိနှင့် ဝန်ကြီးတချိူ့ကို အပြောင်းအလဲပြုလုပ်လာပြန် ********
သံလွင်ခက်
ဇန်နဝါရီ ၉ ၊ ၂၀၂၄။

အာဏာသိမ်းကာလ ၃ နှစ်နီးပါးတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်အပါအဝင် အခြားပြည်နယ်များရှိ တပ်စခန်းများ လက်လွှတ်ဆုံးရှုံးနေရသော စစ်ခေါင်းဆောင်က ထိပ်ပိုင်းအရာရှိနှင့် ဝန်ကြီးတချို့ကို အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။

တပ်မတော်(ရေ) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန - ၄ ၏ ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်ဟု ဇန်နဝါရီ ၈ ရက်တွင် စစ်ကောင်စီလက်အောက်ခံသတင်းစာများတွင် ထည့်သွင်းဖော်ပြထားသည်။
***အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2920
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6896

4 months ago
Than Lwin Khet News
4 months, 1 week ago
နှစ်သစ်ဆုတောင်း ******************မြန်မာပြည်သူတွေ လိုလားနေတဲ့

နှစ်သစ်ဆုတောင်း ******မြန်မာပြည်သူတွေ လိုလားနေတဲ့
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို
ငြိမ်းချမ်းခြင်းနည်းလမ်းနဲ့
အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့
မြန်မာပြည်သူတွေနဲ့အတူ
သံလွင်ခက်မိသားစုက
ဆန္ဒပြု ဆုတောင်းအပ်ပါတယ်. . . . .။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago