Khit Thit Media

Description
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 4 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months, 1 week ago

4 weeks, 1 day ago

စစ်တွေမြို့အနီး ပင်လယ်ပင်ပြင်ရှိ စစ်ကောင်စီရေတပ်သင်္ဘောများကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်၊ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရခိုင်ပြည်၊ စစ်တွေမြို့အနီး ပင်လယ်ပင်ပြင်ရှိ စစ်ကောင်စီရေတပ်သင်္ဘောများကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယမန်နေ့ ညပိုင်း အာရက္ခတပ်တော် AA က ကုလားတန်မြစ်ဝ စစ်တွေမြို့အနီးရှိ စစ်ကောင်စီရေတပ်ကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ရာမှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်တွေမြို့မှ ပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့ပြီး စစ်တပ်က စစ်တွေတွင် စစ်ရေးပြင်ဆင်မှုများ အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် ပစ်ခတ်သံများကြောင့် ရခိုင်ပြည် စစ်တွေမြို့ထဲရှိ ရပ်ကွက် ၃ ခုကို စစ်တပ်က ပိတ်ဆို့ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ ည ၁၂ နာရီမှ ယနေ့ နံနက် ၁ နာရီအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

လတ်တလော စစ်တွေမြို့ထဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ဆေးရေးလုပ်ငန်းများ၊ ကင်းလှည့်မှုများ၊ လုံခြုံရေး တင်းကျပ်မှုများကို အကြီးအကျယ် လုပ်ဆောင်နေကြောင်း၊ ၎င်းတို့ မသင်္ကာသော နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်ပြည်နယ်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency ။

4 weeks, 1 day ago

ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၄ ဦး ကို ပြန်လည်လွှတ်ပေး၊ မင်းတပ်မှ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး နေရပ်သို့ ပြန်လည် ပို့ဆောင်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၄ ဦး ကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ကန်ပက်လက် အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ထုတ်ဖော်ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီအချိန် ချင်းပြည်နယ်၊ ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး ဆုတ်ခွာသွားပြီးနောက် ချင်းညီနောင်တပ်ဖွဲ့က ကန်ပက်လက်မြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ ယင်းသို့ သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၄ ဦးကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း ၎င်းက ရှင်းပြသည်။

"ကန်ပက်လက်မှာပေါ့ ပြန်ပြီးတော့ ကယ်ထုတ်ထားတာ ၄ ဦးရှိပါတယ်။ ၂ ဦးကတော့ တော်လှန်ရေးနဲ့ပတ်သက်တာတွေ လုပ်တဲ့အတွက်ကြောင့်။ ၁ ဦးကတော့ လမ်းမှာ စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံရတာ။ အဖမ်းခံရပြီး နှိပ်စက်တာတွေ။ လက်သည်းအခွံခွာ သံကို မီးပူ တိုက်ပြီးတော့မှ နှိပ်စက်တာတွေရှိတယ်။ နောက်တစ်ဦးကတော့ တော်လှန်ရေးမှာပါပြီးတော့ အိမ်မှာနေတဲ့အချိန် သတင်းပေး ဒလန်ကြောင့် အဖမ်းခံရတယ်။ သူ့ကိုလည်း နှိပ်စက်ထားတာရှိတယ်။ နောက်တစ်ဦးက ကယ်ထုတ်ထားတဲ့အထဲမှာပါလာတာက စကစ တပ်သားတစ်ယောက်ပဲ။ မနေချင်လို့ ထွက်ပြေးတဲ့အချိန်မှာ သူ့ကိုပြန်ပြီးတော့ ပစ်ပြီးတော့ ပြန်ဖမ်းတာ။ ဒဏ်ရာနဲ့ ရင်အုပ်မှာ ဒဏ်ရာရပြီးတာ့ ထောင်ထဲထည့်ထားတယ်။ ထောင်ထဲ ထည့်ထားတာကို ကျနော်တို့ဆီကနေ ပြီးတော့ ဆေးဝါးကုသပေးပြီးတော့ အသက်ရှင်တာပေါ့။ ပြီးတော့မှ အခြားအကျဉ်းသား ၁ ဦးပေါ့။ ကယ်ထုတ်ထားတာပါ" ဟု ဆလိုင်းအောင်လင်းက ဆိုသည်။

အလားတူ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင်လည်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ယင်းအကျဉ်းသားများကို သက်ဆိုင်ရာနေရပ်များဆီသို့ ပြန်လည် ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း မင်းတပ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က ပြောဆိုသည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းကျထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း အောင်မြင်စွာကယ် ထုတ် ပေးနိုင်ခဲ့ကြောင်း ချင်းညီနောင်တပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။

4 weeks, 1 day ago

အုတ်တွင်းတွင် စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် ကန်ကလေးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် ကန်ကလေးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ် ဒေသခွဲက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၄ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ကန်ကလေးကျေးရွာအနီး၌ အခြေချ တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ PDF အမှတ် ၃၅၀၂ တပ်ရင်း - Delta one Drone Force ၊ စစ်တောင်းစစ်ကြောင်းနှင့် အုတ်တွင်း (ပကဖ) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အုတ်တွင်းမြို့မရဲစခန်း နှင့် ထွေ/အုပ်ရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို အမှတ် ၃၅၀၂ တပ်ရင်း - Delta one Drone Force နှင့် အုတ်တွင်း (ပကဖ) ဒရုန်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ ထိခိုက်‌ သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

1 month ago

အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် "စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်"ဟု AA က အလံဖြူထောင်လက်နက်ချသူများ၏ ရုပ်သံနှင့်တကွ ထုတ်ပြန် သတိပေး (ရုပ်/သံ)

ရန်ကုန်| ဒီဇင်ဘာ ၁၆

ရခိုင်ပြည် အမ်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တပ်ရင်းအနေဖြင့် အမြန်ဆုံး လက်နက်ချရန် အာရက္ခတပ်တော် AA က ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန် သတိပေးသည်။

ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော် AA သည် အမ်း နပခ ပကတိ မြေပြင်အခြေအနေဟု ဆိုကာ စစ်ကောင်စီတပ်သားများ ရာနှင့်ချီ လက်နက်ချ အလင်းဝင်၊ အလံဖြူထောင် မြင်ကွင်းကို ဗီဒီယိုနှင့်တကွ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်" ဟု အာရက္ခတပ်တော် AA က မြန်မာလိုရေးသားထားပြီး အင်္ဂလိပ်လိုအားဖြင့် No Early Surrender in White Flag , No Happy New Year "စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်"ဟု သတိပေးထားသည်။

1 month ago

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၁၆ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၁၄ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။

1 month ago

ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကောင်စီ တပ်သား ၅ ဦးလိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက သီတာလမ်းနှင့် မြို့ရှောင်လမ်းအနီးတွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ပစ်ခတ် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့များက လက်နက်များ ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ကားမှာ အရှိန်လွန်ပြီး စစ်တပ်ဂိတ်အနီး ထိုးရပ်သွားကြောင့် ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

"ပခုက္ကူမြို့ပေါ်ထိ တက်ပစ်ခဲ့တာပါ။ လက်နက်တွေတော့ မရခဲ့ဘူး။ ကားကအရှိန်လွန်ပြီး ခွေးဂိတ်နား သွားရပ်လို့ ဂိတ်နားလေးမှာပဲ အနီးကပ် ပစ်တာဆိုတော့ သွားမကောက်ခဲ့ရဘူး။ ကားပေါ်ပါလာတဲ့ အကြမ်းဖက် စစ်ခွေး ၄ ကောင်သေတယ်။ ၁ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်" ဟု Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စီးနင်းလာသည့် အိမ်စီးကားကို ကရိန်းကားဖြင့် လာရောက်ဆွဲယူသွားပြီး စစ်ကောင်စီ တပ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ (၄) နှင့် Shwe Nyar Myae PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

1 month, 1 week ago
Khit Thit Media
1 month, 1 week ago

ရေတာရှည်မြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ဝင်လျှပ်စီးစစ်ကြောင်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရေတာရှည်မြို့အနီး စစ်တောင်းမြစ် အနောက်ဘက်ကမ်း ရှိ ကျွန်းတောကုန်းကျေးရွာမှ နှောပင်ကျေးရွာကို လှည့်ကင်းထွက်ရန် အင်အား ၁၂ ဦးခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အပြန်လမ်းတွင် RTC စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကျွန်းတောကုန်းကျေးရွာဘက်သို့ ကားဖြင့် ပြန်လည် တင်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရဲဘော်သမန်းကျား ဦးဆောင်သော RTC စစ်ကြောင်းက လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ စစ်ရေး အခြေအနေ တင်းမာဆဲဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနီး နေထိုင်ခြင်းနှင့် အသွားအလာ မပြုလုပ်ကြရန် တောင်ဝင်လျှပ်စီးစစ်ကြောင်းက အသိပေး ပြောဆိုထားသည်။

1 month, 1 week ago
Khit Thit Media
1 month, 2 weeks ago
Khit Thit Media
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 4 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months, 1 week ago