Hlaing Information

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 7 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 10 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 12 months ago

2 years ago

*◾️RSN Daily Summary (July 28, 2023)*

*◽️ရန်ကုန်ထူးခြားဖြစ်စဉ်များ*

ယနေ့ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၅၄ သမမှတ်တိုင်နှင့် ၅၆ မှတ်တိုင်ကြားတွင် ဗုံးဟုယူဆရသည့် အထုပ်မဲတွေ့သည်ဟုဆိုကာ စစ်ကောင်စီ တပ်သားများ လမ်းပိတ်၍ ခြေရှုပ်နေခဲ့ကြကြောင်း သတင်းရရှိသည်။ ထို့နောက် ည ၉ နာရီခန့်တွင် ၎င်းနေရာအနီးမှ ပစ်ခတ်သံကဲ့သို့ အသံထွက်ပေါ်လာကြောင်းလည်း သိရှိရသည်။

ည ၁၀ နာရီခန့်တွင် ရန်ကုန်မြို့တွင်းမှ ပြည်လမ်းအတိုင်း အမြန်လမ်းဘက်သို့ ဦးတည်၍ အကြမ်းဖက်စစ်သားအင်အားအပြည့်ပါသော စစ်ကားကြီး စုစုပေါင်း ၁၅ စီးခန့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၈ ရက်နေ့ တောင်ဥက္ကလာရဲစခန်းအတွင်း အကြမ်းဖက်ရဲသား အချင်းချင်းပစ်ခတ်မှုမှ ထိခိုက်ခဲ့သည့် ရဲမှူးဆိုသူ လင်းလင်းထွန်း ယမန်နေ့က သေဆုံးပြီဖြစ်ကြောင်း သိရှိရသည်။

*◽️နိုင်ငံရေးနှင့် အခြားဖြစ်စဉ်များ*

ဝါဆိုလပြည့်နေ့ဖြစ်သည့် ဩဂုတ်လ ၁ ရက်နေ့တွင် အကျဉ်းသား ၆၀၀၀ ခန့်လွှတ်မည်ဟူသည့် သတင်းများထွက်ပေါ်နေသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများဆက်တိုက် ထွက်ပေါ်နေရာမှ ယခုကဲ့သို့ အကျဉ်းသားများ လွှတ်မည့်သတင်းပါ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေထားသောသတင်းမှာ မှန်ကန်ကြောင်း NLD ပါတီ တာဝန်ရှိသူတစ်ဦးမှ အတည်ပြုထားသည်။ နေပြည်တော်ရှိ ဝန်ကြီးများအိမ်ရာသို့ ပြောင်းရွှေ့ထားသည်ဟု သိရပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း သူမ အနီးရှိ အိမ်သို့ ပြောင်းရွှေ့ထားသည်ဟု ဆိုသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်တို့ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ဆုံခဲ့သည်ဟူသည့် သတင်းလည်း ထွက်ပေါ်နေသည်။

လက်ရှိ နေပြည်တော်တွင် ရောက်ရှိနေသော တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်လည်း ယခုရက်ပိုင်းအတွင်း တွေ့ဆုံကြဖို့ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

နေပြည်တော်တွင် အာဏာသိမ်းကာစ အချိန်ကကဲ့သို့ သံချပ်ကာကားများ ချထားသည်ကို တွေ့ရပြီး နေပြည်တော်သို့ ဝင်ထွက်နိုင်သည့် လမ်းကြောင်းများအားလုံးကိုလည်း လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း သတင်းရရှိသည်။

လာမည့် ဇူလိုင်လ ၃၁ ရက်နေ့သည် အကြမ်းဖက်စစ်ကောင်စီ ကြေညာထားသော အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်မံကုန်ဆုံးမည်ဖြစ်၍ နိုင်ငံရေးထွက်ပေါက်ရရန် မျိုးစုံကြံစည်နေသည်ဟုလည်း လူအများ သုံးသပ်ထားကြသည်။

#george #rsnweb #rangoonscoutnetwork

2 years ago

*◾️RSN Daily Summary (July 27, 2023)*

*◽️ရန်ကုန်ထူးခြားဖြစ်စဉ်များ*

ယနေ့ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ မြို့မရဲစခန်း ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဗုံးထိမှန်ခဲ့ပြီး ထိုဒဏ်ရာရ စစ်တပ်သားများကို ကားဖြင့်သယ်သွားကြသည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုကို လသာ ပကဖ၊ YGA နှင့် EUGF အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။

မနက် ၉ နာရီခန့်က ရွှေပြည်သာမြို့နယ် ၃ ထိပ်အနီး၌ အကြမ်းဖက်တပ်သားတို့က စစ် DC လှည့်ကင်းကားဖြင့် ဆိုင်ကယ်လိုက်ဖမ်းရင်း မိန်းကလေးတစ်ဦးကို ဝင်တိုက်လိုက်သဖြင့် အဆိုပါ မိန်းကလေး ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်၌ သန်းခေါင်စာရင်းတွင် စာရင်းရှိသော်လည်း အိမ်တွင်မရှိသည့် လူငယ်များကို စာရင်းကောက်ခံရန် မြို့နယ်ထွေအုပ်၊ ရပ်ကွက်အုပ်အသီးသီးကို စစ်ကောင်စီ ရန်ကုန်တိုင်းဌာနချုပ်မှ ခိုင်းထားကြောင်း သိရသည်။ ထို့ပြင် ညအချိန်တွင် သွားလာနေသူများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေပြီး ငွေကြေးများ အဓမ္မတောင်းယူနေသည်ကိုလည်း တွေ့ရသည်။

သီတဂူအမည်ရ သင်္ကန်းဝတ်ထားသူ ယနေ့ ရန်ကုန်ရောက်နေသည်ဟု သတင်းရရှိပြီး အကြမ်းဖက်တပ်သား လုံခြုံရေးအပြည့်ဖြင့် သွားလာနေသည်ကို တွေ့ရသည်။

*◽️နိုင်ငံရေးနှင့် အခြားဖြစ်စဉ်များ*

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံခဲ့သည်ဟု ပြောဆိုမှုအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့်သတင်းများ တောက်လျှောက်ထွက်ပေါ်လာသည်။ နေအိမ်အကျယ်ချုပ်အဖြစ် ထားတော့မည်ဟုလည်း ဆိုနေကြပြီး အာရှနိုင်ငံအချို့မှ ထိပ်သီးခေါင်းဆောင်များကလည်း သူမနှင့် တွေ့ဆုံခွင့်ရဖို့ အသံများထွက်လာကြသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီက ဆင်ဖြူမွေးနေ့ကို နေပြည်တော်၌ ကျင်းပခဲ့ပြီး ထုတ်ပြန်ထားသော ဓာတ်ပုံများအရ ဆင်မှာ ယခင်ကထက် ပိုမဲလာသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ဆင်ရုပ်နှင့် ၂၀၀၀၀ တန် ငွေစက္ကူများအား အသိအမှတ်မပြုကြောင်း၊ တရားမဝင်ကြောင်း NUG မှ ကြေညာလိုက်သည်။ အဆိုပါ ငွေစက္ကူဂယက်က ပြည်သူလူထု၏ စီးပွားရေးကို ရိုက်ခတ်နေဆဲဖြစ်ပြီး ကုန်ဈေးနှုန်းများ တောက်လျှောက်တက်နေကာ လုပ်ငန်းအများစုမှာ ယာယီပိတ်သိမ်းထားရသည်။

လွန်ခဲ့သည့်လပိုင်းက NLD နာယက ဦးတင်ဦးနှင့် တွေ့ဆုံခဲ့သည့် သဘာဝတရားရိပ်သာမှ သင်္ကန်းခြုံထားသူသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားသို့ ရောက်ရှိစဉ် ဆန္ဒပြနှင်ထုတ်ခံရသည်။

မြန်မာအကြမ်းဖက် ကပစထုတ် ၁၂၀ မမ ကျည်ဆန်များကို ရုရှားစစ်တပ်က ယူကရိန်းအား တိုက်ခိုက်ရာတွင် အသုံးပြုနေကြောင်း မပေါက်ကွဲပဲ ကျန်နေသည့် ကျည်ဓာတ်ပုံများနှင့်တကွ ယူကရိန်းနိုင်ငံမှ သတင်းထုတ်ပြန်ထားသည်။

#george #rsnweb #rangoonscoutnetwork

2 years ago

▪️RSN Daily Summary (July 26, 2023)

▫️ရန်ကုန်ထူးခြားဖြစ်စဉ်များ

ယနေ့ ၂၆ ရက်နေ့ ည ၉ နာရီခွဲခန့်က လှိုင်မြို့နယ်အတွင်းမှ ဗုံးပေါက်ကွဲသံ ၃ ချက် ကျယ်လောင်စွာထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့မှ စစ်အရာရှိဟောင်း ရဲမှူးကြီး နိုင်ရဲသူ ဆိုသူ တစ်ယောက် နှလုံးရောဂါဖြင့် သေခဲ့ပြီး ၂၅ ရက်နေ့က မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် အလောင်းပြာကို မြေမြှပ်လိုက်ကြောင်း သိရှိရသည်။

ယနေ့ မနက်အစောပိုင်းက ဗဟန်းမြို့နယ်ရှိ ဦးဖြိုးမင်းသိန်းအိမ်သို့ စစ်ကောင်စီ ရဲသားများ ရောက်ရှိနေခဲ့ကြောင်း သတင်းရရှီပြီး ညပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အိမ်တွင်လည်း အစောင့်များ ပိုချထားသည်ကိုတွေ့ရကာ သန့်ရှင်းရေးလုပ်နေကြကြောင်း သတင်းရရှိသည်။

ရန်ကုန်ရှိ စစ်ကောင်စီ တပ်စခန်းများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီအချို့တွင် လက်ရှိမှတ်ပုံတင်အစား Smart Card ထုတ်ပေးရန်အတွက် စီစဉ်နေကြပြီး အချက်အလက်များကို အသေးစိတ်ကောက်ယူ၍ Digital စနစ်ဖြင့် သိမ်းယူသွားကာ စလစ်ထုတ်ပေးနေကြောင်း သိရသည်။ အဆိုပါ စလစ်ဖြင့် Smart Card ထုတ်ယူရမည်ဖြစ်ပြီး ထုတ်ယူနိုင်ချိန် ၂ နှစ်ခန့် ကြာနိုင်ဦးမည်ဖြစ်၍ မပျောက်ရန် ပြောသွားကြသည်ဟုလည်း ဆိုသည်။

▫️နိုင်ငံရေးနှင့် အခြားဖြစ်စဉ်များ

ကျပ်ငွေအပေါ်တွင် မမှီခိုသည့် ဘဏ္ဍာရေးစနစ်သစ် တည်ဆောက်ရန် ယာယီသမ္မတဒူဝါလရှီးလက အစည်းအဝေး မိန့်ခွန်းတွင် ပြောကြားသွားကြောင်း သိရသည်။

အကြမ်းဖက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးဆိုသူ ကိုကိုမောင်နှင့် အရာရှိများကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက်တွင် ကချင်ပြည်နယ်၊ ဆဒုံမြို့အနီး ကန်ပိုက်တီ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကွပ်ကဲနေသည့် ဗျူဟာမှူးဆိုသူ လှမိုးကိုလည်း ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရသည်။

မြန်မာနှင့် နယ်စပ်ဒေသများရှိ ဆက်သွယ်ရေးလိမ်လည်မှုများနှင့် အွန်လိုင်း လောင်းကစားမှုများကြောင့် တရုတ်နိုင်ငံ အကျိုးစီးပွားထိခိုက်နေသဖြင့် အစွမ်းကုန်နှိမ်နင်းဖို့ စစ်ကောင်စီကို ဖိအားပေးထားကြောင်း တရုတ်သံရုံးမှ သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်က စစ်ကောင်စီနှင့် အလွတ်သဘောဆွေးနွေးနိုင်ရန် လမ်းကြောင်းဖွင့်ထားသင့်ကြောင်း ပြောဆိုသည်ကိုတွေ့ရပြီး ဖိလစ်ပိုင်နိုင်ငံဘက်က တစုံတရာပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

နေပြည်တော်ရှိ အကြမ်းဖက် အမျိုးသမီးစစ်သင်တန်းများတွင် စစ်ကောင်စီ သင်တန်းဆရာများနှင့် ကြီးကြပ်သူများက သင်တန်းသူများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးမှုများ အနိုင်ကျင့်မှုများ ပြုလုပ်နေပြီး ထွက်ပြေးသည့် သင်တန်းသူများလည်း အများအပြားရှိကြောင်း သိရှိရသည်။

#george #rsnweb #rangoonscoutnetwork

2 years ago

[9:05am - 9:25am] (၂) ရပ်ကွက်၊ သီရိလမ်းပေါ် သီရိ (၇) လမ်းထိပ်အနီးရှိ သီရိမင်္ဂလာဓမ္မာရုံသို့ ရဲခွေး 5 ကောင်၊ အိမ်စီးကားဖြင့်ရောက်လာပြီး လက်ရှိ စစ်ခွေး၊ ရဲခွေး၊ အရပ်ဝတ် 10 ကောင်ခန့်ထပ်ရောက်နေသည်။

@Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။

? Hlaing Information

2 years ago

RSN Daily Summaryဇူလိုင် ၂၅၊ ၂၀၂၃

ယနေ့ ၂၅ ရက်နေ့တွင် ရန်ကုန်မြို တစ်နေရာတွင် Owl Communityနှင့် Falcon Revolution Team တိုမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို ကျဆုံးခြင်း တစ်နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ဆော် ဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ည ၈ နာရီခန့်က လှိင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုံဘက် ဗုံးပေါက်ကွဲသံကဲ့သို အသံကျယ် တစ်ချက်ကြားလိုက်ရပြီး ကမာရွတ်မြိုနယ် တရားရုံးအနီးမှလည်း ဗုံးပေါက်ကွဲသံဟု ယူဆရသည့် အသံကျယ်ကို နေ့လည် ၁ နာရီခန့်က ကြားရကြောင်း သတင်းရရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အကျဉ်းထောင်မှ ရွှေ့၍ နေအိမ်အကျယ်ချုပ်အဖြစ် တစ်နေရာသို ပြောင်းရွှေ့လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။

အင်းစိန်ထောင်တွင် စစ်ဆေးရာ ဖုန်းများတွေ့ပြီး ငွေလွှထားသည့် အထောက်အထားများတွေ့သောကြောင့်ဟုဆို၍ ထောင် ညွှန်ချုပ် နှင့် ထောင်ဝန်ထမ်းတချိုကို စစ်ကောင်စီက ဖမ်းလိုက်ကာ စစ်ဆေးနေပြီး ထောင်ညွှန်ချုပ်အသစ်အဖြစ် ဗိုလ်မှူးကြီးအဆင့် မျိုးဇော်ဆိုသူကို ခန့်အပ်လိုက်သည်ဟု သိရသည်။

လွန်ခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဥက္ကလာမြိုနယ်၊ မြတ်မောင်ရွှေဆိုင် ဓားပြတိုက်မှုတွင် ပါဝင်သူများမှာ စရဖ‌(လေ) မှ တပ်ကြပ်နှင့် ဒုတပ်ကြပ်များဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ၎င်းတိုရုံးဌာနများနှင့် စာသင်ကျောင်းများတွင် NUG ၊ CRPH ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာကို ရှုတ်ချထားသည့် ‘မြင်အောင်ကြည့်ကြပါ’ ခေါင်းစဉ်ဖြင့် ဝါဒဖြန့်ကဗျာကို ဆိုင်းဘုတ်ကြီးများဖြင့် ချိတ်ဆွဲထားကြောင်း သိရသည်။

စစ်ကောင်စီမှ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့် ၃၉ ယောက်ကို ရန်ကုန်နှင့် နေပြည်တော်ရှိ အရပ်ဘက်ဌာနများတွင် နေရာပေး ထပ်မံခန့်ထားလိုက်ကြောင်း စစ်လော်ဘီသတင်းများတွင် ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီနှင့် လာရောက်တွေ့ဆုံခဲ့ဖူးသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ရာထူးမှ ဖြုတ်ခံရကြောင်းလည်း သိရသည်။

#george #rsnweb #rangoonscoutnetwork

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 7 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 10 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 12 months ago