Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

ဝါ စိမ်း နီ

Description
သတင်းမှန်များထုတ်ပြန်ကြေငြာသွားရန်
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago

5 days, 8 hours ago
တော်လှန်ဟင်း

တော်လှန်ဟင်း

တော်လှန်ဟင်း ဂျင်းတော့နည်းနည်းများတယ်
ဒါပေမယ့် ဆိုရှယ်မီဒီယာပေါ်မတော့ ကြက်သွန်အနှစ်တွေများသယောင်ထင်ရတယ် ပုံထဲမှာမပါတာဘေးမှာရှိတဲ့ ဂျင်းပုံကြီး ဟီးထနေတာပဲ။

5 days, 8 hours ago
၂၀၂၄ ခုနှစ် မေလ ၆ ရက် မနက် …

၂၀၂၄ ခုနှစ် မေလ ၆ ရက် မနက် ၆ နာရီကျော်တွင် ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာ ကျေးရွာအနီး ဘီးလင်း - ဖာပွန် ကားလမ်းမပေါ်ရှိ ပေ ၈၀ ရှည်လျားသော ကညင်ပင်ကွင်းတံတားအား အကြမ်းဖက် KNU/PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့၍ တံတားကျိုးပြီး သွားလာ၍ မရတော့ကြောင်း သိရသည်။

5 days, 9 hours ago

ကဲဘယ့်နဲ့ရှိစ

တစ်ကွက်ပြီးတစ်ကွက်ထပ်ပြလိုက်တဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်။ ခင်ဗျားတို့ပြောတော့ ဘာဖြစ်သွားတယ် ညာဖြစ်သွားတယ်ဆို? ခုတော့ ဘယ်ရောက်သွားပြီးလဲ အဲ့ သတင်းရေးတဲ့လူတွေ?
ရေးတာတွေက ဘာတဲ့ ....
ဒုချုပ်ကြီး ဘာဖြစ်သွားပြီ မန့်မှာကြည့်ဆိုတာက တစ်မျိုး
ဒုချုပ်ကြီး သတင်းက ကွန်ဖမ်း ဆိုတာက တစ်ဖုံ
ဒုချုပ်ကြီး သေခြာပြီး သတင်းအတိအကျ ဆိုတာက တစ်နည်း
ဒုချုပ်ကြီး သတင်းက သေခြာသွားပြီ Crd တပ်တွင်းဖရဲသီး ဆိုတာက တစ်ဘာသာ
သူတို့ရဲ့အိမ်မက်ကမ္ဘာထဲမှာ ကျနော်တို့ရဲ့ ဒုချုပ်ကြီးက မင်းသားပဲ။ သူကလည်း အေးဆေးပဲ လုပ်ရမယ့်အလုပ်ကို အေးအေးဆေးဆေးလုပ်သွားတာ ရလဒ်ကတော့ မြင်ကြ ကြားကြတဲ့အတိုင်းပဲ။ အေးဆေးဖြစ်ပြီလည်းဆိုရော တစ်ကွက်ပြီး တစ်ကွက် ထုတ်ပြလိုက်တာ မီဒီညာတွေ ပေါက်ကရရေးတဲ့သူတွေ ဘယ်ဆီကိုပျောက်လို့သွားမှန်းကို မသိတော့ဘူး။ ကဲ... ဘယ့်နဲ့ရှိစ

ဝမ်းသာပီတိ ကျန်းမာစွာဖြင့် နိုင်ငံ့တာဝန်များကို ပြတ်သားစွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း

1 week, 5 days ago

သစ်ပင်စိုက်ကြစို့

ကိုယ်တွေ အငယ်တန်းဘဝက ကျောင်းစိမ်းလန်းစိုပြေရေးဆိုပြီး အိမ်က ပေါက်လက်စ အပင်ငယ်တွေ တစ်ယောက် ၃ ပင်နှုန်းစီမံချက်နဲ့ ကျောင်းကိုသယ်လာပြီး စိုက်ခဲ့ရဖူးတယ်။ အများစုကတော့ သရက်ပေါက်စနဲ့ မန်ကျည်းပင်လေးတွေပါပဲ။
-----
သစ်ပင်လေးတွေမှာ နာမည်ကပ်ပြားထိုးပြီး တကယ်လည်းစိုက်ရသလို ကျောင်းအတန်းပိုချိန်တွေမှာ ရေလောင်းပေါင်းသင်တာတွေ လုပ်ခဲ့ရလို့ စိုက်သမျှ အပင်တိုင်းနီးပါးလည်း ရှင်သန်ခဲ့တာ တွေ့ရတယ်။
-
လက်ရှိခေတ်အခြေအနေအရတော့ ထန်းပင်တွေလည်း အမြစ်ကအစ အတူးခံရသလို ထနောင်းခေါက်တွေလည်း ဝယ်သူရှိနေတဲ့ကာလမှာ အညာဟာ ဘယ်လောက်ခံနိုင်ရည်ဆက်ရှိဦးမှာလဲ ဆိုပြီး မေးစရာရှိလာတယ်။ ပိုဆိုးတာက ‌ပြည့်ဖြိုးမြဲ မဟုတ်တဲ့ ခုတ်ယူခြင်းနဲ့ မညီမျှတဲ့ သစ်တောတွေဟာ စနစ်တကျ ပြန်စိုက်ဖို့ လိုအပ်သလောက် အပြုအစု၊ အယုအယ မခံရတာ တွေ့ရတယ်။
-
ပုံမှန်ပူနေကြနွေမှာ အပူလှိုင်းဖြတ်တဲ့ဒဏ်ကို ကမ္ဘာ့စံချိန်တင်လည်း ရင်ဆိုင်နေရတုန်းဖြစ်တယ်။
-
နောင်လတွေဟာ မိုးတွင်းကာလ ရောက်တော့မှာမို့ ဝန်ကြီးဌာနတွေဟာ စီမံချက်နဲ့ သစ်ပင်တွေလည်း စိုက်ကြဦးမယ်။ တစ်ခုပါပဲ။ အသစ်စိုက်ပျိုးတဲ့ နေရာတွေဟာ မနှစ်ကနေရာ မဖြစ်ဖို့ပဲ မျှော်လင့်မိပါတယ်။

(နရီမိုး)

1 week, 5 days ago

ကော့ကရိတ်မြို့‌အတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်

ကော့ကရိတ်၊ ဧပြီ ၂၉

ကော့ကရိတ်မြို့အတွင်း သက်ဆိုင်ရာဌာနများမှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

‌ဧပြီလ ၂၈ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးများ ပြန်လည်ရရှိနိုင်ရေးအတွက် ဓာတ်မီးတိုင်များနှင့် မီးကြိုးများကို ပြန်လည်ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"နေထိုင်ဖို့ အိမ်တွေကိုလည်း တက်နိုင်သလောက်ပြင်‌ဆင်ပေးရင် ကောင်းတာပေါ့။ မဟုတ်လည်း ‌အိမ်ပျက်စီးသွားတဲ့သူတွေ နေဖို့နေရာပေါ့"ဟု ၎င်းက ပြောသည်။

မကြာမီ မိုးကြိုကာလရောက်မည်ဖြစ်သောကြောင့် နေအိမ်ဆုံးရှုံးသွားသော ဒေသခံများအတွက် နေထိုင်ရေးအခက်အခဲရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲကြောင့် ရပ်ကွက်အလိုက် နေအိမ်များအားလုံးနီးပါး မီးလောင်ကာ ပျက်စီးမှုများ ရှိခဲ့သည်။

ရာမညတိုမ်း(တိုမ်း)-သတင်းအေဂျင်စီ

အခုလိုပြငါဆင်နေတဲ့အထဲမှာ ကရင်ပြည်နယ်ကောင်းစားရေးတို့ ကရင့်တပ်မတော်တို့ဆိုတဲ့လူတွေတော့တစ်ယောက်မှမတွေ့ခဲ့ရပါဘူး။

1 week, 5 days ago

သရက်ကုန်းတိုက်ပွဲနှင့် MDY-PDF အဆုံးသတ်

ပြင်ဦးလွင်ရဲ့ မလှမ်းမကမ်းက သရက်ကုန်းရွာကို TNLA+Mdy-PDF အဖွဲ့တွေဟာ
သင်္ကြန်အကြတ်နေ့မှာစပြီး တိုက်ခိုက်ခဲ့တာ အားလုံးအသိပါ။ ပြင်ဦးလွင်မြို့ကို သင်္ကြန်အကြိုနေ့နဲ့ အကျနေ့ညတွေမှာ
အုတ်ဖိုတောင်ကြောကနေ ရှော့တိုက်ဒုန်းနဲ့ ရမ်းသမ်းပန်းသမ်းထုလို့ ဆေးရုံတွေ ဘုန်းကြီးကျောင်းတွေထိကုန်ပြီး ဆရာတော်တွေနဲ့
ပြည်သူတွေ သေဆုံးကုန်ကြတဲ့အတွက် အူယားဖားယားနဲ့ ဘယ်လိုဖာကျရမှန်းမသိတော့တဲ့ MDY-PDFတွေဟာ ပြည်သူ့အတွက်ဆိုပြီး
ဘာမဆိုင်ညာမဆိုင်နဲ့ သရက်ကုန်းရွာကိုတိုက်ကွက်ဖော်ခဲ့ရာကနေ တိုက်ပွဲအစချီခဲ့ပါတယ်။

တပ်မတော်အနေနဲ့ သင်္ကြန်ပိတ်ရက်မှာ ပြည်သူအထိတ်တလန့်ဖြစ်မှာစိုးရိမ်တာကြောင့် ခံစစ်နဲ့သာတိုက်ခိုက်ခဲ့ပြီး
သင်္ကြန်တစ်တွင်းလုံး သည်းခံခဲ့ပေမယ့် နှစ်ဆန်း ၃ ရက်နေ့ကနေစပြီး သရက်ကုန်းကို အကန့်အသတ်စစ်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
ရန်သူဟာ စတင်တိုက်ခိုက်ခဲ့ကတည်းက ရွာထဲကို သေနတ်နဲ့ပစ်ပြီး အလုံးအရင်းဝင်ရောက်ကာ တွေ့တဲ့အိမ်တွေပေါ်ကိုသူတို့အမေအမွေပေးခဲ့သလိုမျိုးတက်နေခဲ့ပြီး
လက်နက်ကြီးတွေဆင်၊ ခံစစ်ကျင်းတွေတူးခဲ့ပါတယ်။ ရွာထိပ်ဘုရားကုန်းက တပ်စခန်းကို စနိုက်ပါတွေ လက်နက်ကြီးတွေနဲ့ ရွာထဲကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဗျူဟာကို
ကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်။

တပ်မတော်က ပြန်လည်ပစ်ခတ်ခဲ့တဲ့အခါမှာတော့ စစ်တပ်ဟာ ပြည်သူတွေနေထိုင်တဲ့ ရွာထဲကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်နေကြောင်း၊
ဘုရားနဲ့ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲနေကြောင်း စသည်ဖြင့် သူတို့ပထွေး ခေတ်သစ်မီဒီယာကနေ ပြန်ဖွကြပြန်ပါတယ်။ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ရင်
ရွာထဲကအိမ်တွေအောက်မှာ တူးထားတဲ့ Fox Hole တွေထဲကိုဝင်ပုန်း၊ လက်နက်ကြီးသံတွေမရှိတော့ရင် အိမ်ပေါ်ပြန်တက်ပြီး ပြန်ပစ်နဲ့ သူတို့ကိုသူတို့အဟုတ်ကြီးမှတ်နေခဲ့ကြပါတယ်။
ပြန်လည်ထိုးစစ်ဆင်တဲ့နေရာမှာ PDF တွေ တပ်ကိုလာတိုက်တုန်းကလိုမျိုး ဘုရားကုန်းတစ်ခုထဲကို ပြန်လည်တိုက်ခိုက်ရတာမျိုးမဟုတ်ဘဲ ရွာကိုအကာအကွယ်ယူပြီး
ခံစစ်ဆင်နေတဲ့ အတွက် ပြည်သူအထိအခိုက်နည်းအောင် ရွာတွင်းရှင်းလင်းရေးတိုက်ပွဲကို ဖော်ဆောင်နေရခြင်းကြောင့် အကန့်အသတ်တစ်ခုဖြစ်လျက်ရှိပါတယ်။

လက်ရှိအခြေအနေမှာတော့ အင်အားထောင်သောင်းချီတဲ့ စစ်ကျောင်းကြီးတွေ၊ တပ်ဌာနချုပ်ကြီးတွေနဲ့အတူ စစ်တပ်ပေါင်း ၂၀ နီးပါးခြံရံထားတဲ့ ပြင်ဦးလွင်တပ်နယ်ဟာ
ကိုယ့်လူမျိုးအချင်းချင်း လူငယ်လူရွယ်လေးတွေမို့ အကန့်အသတ်နဲ့တိုက်နေတာကို အခွင့်ကောင်းယူ လူပါးဝလာတဲ့ MDY-PDF ကို သည်းခံနိုင်စွမ်းကုန်သွားခဲ့ပြီဖြစ်ပါတယ်။

ပြစ်မှုမကျူးလွန်တဲ့ PDF ခလေးတွေကို ပြန်စည်းရုံးပြီးလက်ခံနေတဲ့ တပ်မတော်ဟာ လူပါးဝလာတဲ့ MDY_PDF ကိုတော့ စစ်ဆင်ရေးတစ်ရပ်ဖြင့် အမြစ်ပြတ်ချေမှုန်းဖို့
အမိန့်ပေးခဲ့ပြီဖြစ်ပါတယ်။ စစ်ဆင်ရေးကတော့ မြဝတီမြို့တံတား(၂) တိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ အောင်ဇေယျစစ်ဆင်ရေးထက် တစ်ဆင့်ပဲနိမ့်တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။
ယခင်ကတပ်နယ်လုံခြုံရေးအဖွဲ့တွေနဲ့ပဲ အကန့်အသတ်ခံစစ်ဆင်နေရာကနေ တိုက်ခိုက်ရေး ခြေလျင်တပ်ရင်းအမြောက်အများရောက်ရှိလာပြီး
4 Tube တွေ 120 mm အမြောက်တွေ၊ ပဲ့ထိန်းဒုံးတပ်ဂျက်ဖိုက်တာတွေ၊ MI 35 တွေပါအသုံးပြုတိုက်ခိုက်တော့မှာဖြစ်ပါတယ်။
ထို့အတူ အကဲကြည့် ဒရုန်းတပ်ဖွဲ့၊တိုက်ခိုက်ရေးဒရုန်းတပ်ဖွဲ့တွေအပါအဝင် နေပြည်တော်ကစေလွှတ်လိုက်တဲ့ စနိုက်ပါတပ်ခွဲပါရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ခြေလျင်တင့်တွေ၊ သံချပ်ကားတွေ မပါတာကလွဲရင် နိုင်ငံလုံခြုံရေးအဆင့် (၃) စစ်ဆင်ရေးပုံစံမျိုးဆင်နွှဲဖို့ဆုံးဖြတ်ပြီးဖြစ်ပါတယ်။

ခြေလျင်မှာ ထိုးစစ်ဆင်ပြီဖြစ်သလို Social Media တွေကနေ ကောလာဟလ တွေလွှင့်နေတဲ့ အကြမ်းဖက်တွေနဲ့အတူ ၎င်းတို့ကို ထောက်ခဲ့နေတဲ့သူတွေကိုပါဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူဖို့ အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ပါ ထိန်းချုပ်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အထိတ်တလန့်ဖြစ်စရာမလိုဘဲ
ဒီမြို့ကို ဖျက်ဆီးမည့် ရန်ကနေ ကာကွယ်ပေးမည့် စစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကြဖို့သာလိုအပ်ပါတယ်။

အထူးသတိပြုရန်လိုအပ်တာကတော့

အာမချောင်မိပါစေနဲ့၊ အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိတင်နေတဲ့ သတင်းတုတွေ ကောလာဟလတွေကို မယုံကြည်ပါနဲ့၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မထောက်ခံမိပါစေနဲ့

အားလုံးကိုကျေးဇူးတင်ပါတယ်...

We Start the Mission....

2 weeks, 5 days ago
ကော့ကရိတ် မြဝတီ စစ်မျက်နှာများတွင်

ကော့ကရိတ် မြဝတီ စစ်မျက်နှာများတွင်

စစ်ရှုံးခဲ့သော knu ktla nug ပဒက် အတွက်

ရဲမင်း လည်း မိုးချုပ်သွားရပြီ😂😂😂

2 weeks, 5 days ago

တပ်မတော်သားတို့သတိပြုစရာ

တပ်မတော်သား၊ မိသားစုဝင်များနှင့် ပြည်သူများ သတိပြုနိုင်ကြပါရန်။
တင်ပြပါ ကြီးအာပလာဆိုသည့်တယ်လီဂရမ်ချန်နယ်သည် တပ်မတော်ထောက်ခံအယောင်ဆောင်ပြီး ခေတ်သစ်၊ ဧရာဝတီ စသည့် ဆန့်ကျင်ဘက်သတင်းများနှင့် အခြားတယ်လီဂရမ် သတင်းများအား အခြေခံကိုးကားပြီး မိမိတပ်တည်၊ တပ်လှုပ်များနှင့် တပ်မတော်သားများနှင့် တပ်မတော်သားမိသားစုဝင်များ ပြည်သူများအား တပ်မတော်အပေါ်ယုံကြည်မှုကျဆင်းစေရန် အမြဲ ရေးသားလျက်ရှိပါသည်။
တစ်နိုင်ငံလုံး သိရှိနေသယောင် နေပြည်တော်မှာနေပြီး အရေးကြီး တာဝန်များ ထမ်းဆောင်နေသယောင်ဝါဒဖြန့်လျှက်ရှိပြီး။ သတင်းအားလုံးတွင် ၁၀ ရာခိုင်နှုန်းလောက်သာအမှန်ဖြစ်ပြီး အမှား ၉၀ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ အဆိုပါအကောင့် မှ ယနေ့ (၂၁.၄.၂၀၂၄) ရက်နေ့တွင်ရေးသားဖြန့်ဝေထားသော နောင်ချိုတိုက်ပွဲစဉ်သတင်းတွင် အကြမ်းဖက်သောင်းကျန်းသူများမှ ပြင်ဦးလွင်မြို့ကို ထိုးစစ်ဆင် နေသယောင် ပြင်ဦးလွင်မြို့ကိုပဲ သောင်းကျန်းသူများမှ လာရောက်စတင် တိုက်ခိုက်နေသယောင် ဝါဒဖြန့် ရေးသားဖြန့်ဝေထားတာကို တွေ့ရှိရပါသည်။ ဘယ်သူကဘယ်သူ့ကိုချေမှုန်းတိုက်ခိုက်နေတယ်ဆိုတာ အားလုံးသိရှိပြီးဖြစ်မှာပါ။
အလားတူ ရခိုင် တိုက်ပွဲစဉ်များ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတိုက်ပွဲစဉ်များ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတိုက်ပွဲစဉ်များတွင်လည်း ၎င်း၏ရေးသားဖြန့်ဝေမှုများသည် သတင်းဖြန့်ဝေခြင်းမျိုးမဟုတ်ဘဲ တပ်မတော်သားများ မိသားစုဝင်များအတွက် ရည်ရွယ်ချက်ရှိရှိ သတင်းမှားဖြင့် အသွင်ယူလုပ်ဆောင်နေကြောင်းစစ်ဆေးတွေ့ရှိရပါသဖြင့် သတိပေးလိုက်ရပါတယ်။

2 weeks, 6 days ago

သံဖြူဇရပ်မြို့တွင် အမျိုးသားတစ်ဦးကို မသင်္ကာ၍ စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဧပြီလ ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ဝဲကလီကျေးရွာ အဝင်လမ်းဝအနီး မင်းသန့် စက်သုံးဆီ အရောင်းဆိုင်ရှေ့တွင် သံဖြူဇရပ်မြို့ဘက်သို့ ခေါင်းတည်လျက်လမ်းပြောင်းပြန်ရပ်ထားသည့် နံပါတ်မပါ M SLAZ အမျိုးအစားအနက်ရောင် ဆိုင်ကယ်နှင့် အောင်မင်းဦးဆိုသူအား မသင်္ကာ၍ စစ်ဆေးခဲ့ရာမှ အစိမ်းရောင်တိတ်ဖြင့်ပတ်လျှက် အပြာရောင်ကပ်ခွာအိတ်ဖြင့် ထုတ်ပိုး ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ တစ်ထုတ်၊ အစိမ်းရောင် တိတ်ဖြင့်ပတ်လျှက် အပြာရောင်ကပ်ခွာအိတ်ဖြင့် ထုတ်ပိုးထားသည့် WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြားပါ တစ်ထုတ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရှိပါသည်။
ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပတ်သတ်၍ အောင်မင်းဦးကို စစ်ဆေးမေးမြန်းရာ ၎င်းသည် ဆိုင်ကယ်ဖြင့် ဧပြီ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ရဲတံခွန်ကျေးရွာအနီး ရာဘာတောထဲရှိ ကရင်အမျိုးသား တစ်ဦးထံမှWYစာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၉၀ ပြားအား ငွေကျပ် ၆၄၀၀၀၀ ကျပ်ဖြင့်ဝယ်ယူခဲ့ကြောင်းသိရှိခဲ့ရပြီး ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ စိတ်ကြွဆေးပြားများအား သုံးစွဲရောင်းချရန်အလို့ ငှာလက်ဝယ်ထားရှိသယ်ဆောင်လာသူ အောင်မင်းဦးကို မူးယစ်ဥပဒေပုဒ်မများအရ  အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း သိရပါသည်။

#Saw Ba Maung

2 months, 2 weeks ago
ဝါ စိမ်း နီ
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago