ဝါ စိမ်း နီ

Description
သတင်းမှန်များထုတ်ပြန်ကြေငြာသွားရန်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year ago

တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီး မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေး

တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီး မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ ပြည်သူလုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးမစ္စမာကျားတို့ဦးဆောင်၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကိုပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် တရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်ဒေသရှိ အွန်လိုင်း လောင်းကစားနှင့် လိမ်လည်မှုကွန်ရက်များ ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာပါအဝင် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး ပိုမိုမြှင့်တင်ရန် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အလားတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တရုတ်နိုင်ငံ ပြည်သူလုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးမစ္စမာကျား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၁၀)ရှိ ပြည်ထဲရေးဝန်ကြီးဌာန တွေ့ဆုံခဲ့ကြောင်း သိရသည်။

1 year ago
ဝါ စိမ်း နီ
1 year ago
ဝါ စိမ်း နီ
1 year, 2 months ago
နယ်မြေရှင်းလင်းခြင်း (ထားဝယ်)

နယ်မြေရှင်းလင်းခြင်း (ထားဝယ်)

ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းအချိန်က နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းသည် ထားဝယ်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာ ရေဝိုင်းရွာအနီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် ၂ ဦးနှင့် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် အလောင်း ၁ လောင်း
(၂) MA-3 သေနတ် ၁ လက်
(၃) ၄၀ မမ ဗုံးသီး ၂ လုံး
(၄) ကျည်အိမ် ၅ ခု၊ ကျည် ၂၀၀ ခန့်
(၅) ကျည်ဖြည့်ကိရိယာ ၅ ချောင်း
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများအား ထပ်မံဖော်ပြပေးပါမည်)

တိုက်ပွဲသတင်းစုံ

1 year, 2 months ago
နယ်မြေရှင်းလင်းခြင်း (ရေစကြို)

နယ်မြေရှင်းလင်းခြင်း (ရေစကြို)

ဒီဇင်ဘာ ၅ ရက်နေ့တွင် ရေစကြိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းသည် ရေစကြိုမြို့၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ကံသစ်ရွာအနီးတွင် အကြမ်းဖက် ၁၅ ဦးနှင့် ထိတွေ့ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး ရန်သူ တောင်အရပ်သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) လုပ်သေနတ် ၂ လက်
(၂) ကျည်အိမ် ၂ ခု
(၃) Keypad ဖုန်း ၇ လုံး
(၄) မိုင်းခွဲ Remote ၁ ခု
(၅) ယမ်းထုပ် ၃ ထုပ်၊ ယမ်းကြိုး(စနက်ကြိုး) ၅ ပေ
(၆) မိုင်းခွဲကတ် ၂၃ ခု၊ ဝါယာကြိုး ၁၅၀ ပေ
(၇) ဗို့တိုင်းကိရိယာ ၁ ခု
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

တိုက်ပွဲသတင်းစုံ

1 year, 2 months ago
နယ်မြေရှင်းလင်းခြင်း (ဖလမ်း)

နယ်မြေရှင်းလင်းခြင်း (ဖလမ်း)

ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက နယ်မြေရှင်းစစ်ကြောင်းသည် ဖလမ်းမြို့၊ ဘုရားကျောင်းအနီးတွင် အကြမ်းဖက် ၁၀ ဦးနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ -
(၁) အကြမ်းဖက် အလောင်း ၁ လောင်း
(၂) MA-1 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့်
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

တိုက်ပွဲသတင်းစုံ

1 year, 2 months ago
တပ်မတော်ချစ်မြတ်နိုးသူ ရဟန်းရှင်လူပြည်သူများသို ဖိတ်ကြားလွှာ

တပ်မတော်ချစ်မြတ်နိုးသူ ရဟန်းရှင်လူပြည်သူများသို ဖိတ်ကြားလွှာ

၂၀၁၄ ခုနှစ်က စတင်ပြီး နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ကျင်းပခဲ့တဲ့ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြတဲ့ သူရဲကောင်းစစ်သည်တွေကို အမှတ်တရအလေးပြုကြတဲ့ပွဲ၊ အမှတ်တရပန်းစည်းတွေ၊ ပန်းခြင်းတွေနဲ့ ဂုဏ်ပြုကြတဲ့ပွဲ၊ ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူငှက်တွေလွှတ်ပေးကြတဲ့ပွဲကို (၁၁)အကြိမ်မြောက်အဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်(တနင်္ဂနွေနေ့) မနက် ၉ နာရီမှာ နေပြည်တော်ရှိ သူရဲကောင်းဗိမာန်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် တပ်မတော်ချစ်မြတ်နိုးသူ ရဟန်းရှင်လူပြည်သူများအနေနဲ့ အစဉ်အလာမပျက် လာရောက်ဂါရဝပြုနိုင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်...

1 year, 2 months ago
ဝါ စိမ်း နီ
1 year, 2 months ago
ဝါ စိမ်း နီ
1 year, 2 months ago

တရားဝင်ခြင်းဆိုတာ

ဘယ်အစိုးရက တရားဝင်တယ် ဘယ်အစိုးရကတရားမဝင်ဘူးဆိုတာကတော့ ယနေ့ ဖြစ်ပေါ်သွားတဲ့ Chulalongkorn တက္ကသိုလ်ဖြစ်စဉ်ကတော့ဖြင့် မီးမောင်းထိုးပြလိုက်သလို ထင်ထင်လင်းလင်း သက်သေပြလိုက်ပါပြီ။
အနူဂျီနဲ့ စီအာပီအိတ်ချ် အနေနဲ့ သူတို့ ဘယ်လိုတရားဝင်ကြောင်း လျောက်ပြောနေပေမယ့် ဘယ်အစိုးရကတရားဝင်သလဲဆိုတာကို ပြည်ပနိုင်ငံမှ တက္ကသိုလ်တစ်ခု ကပြတဲ့ သက်သေတစ်ခုပါပဲ၊ ဖြစ်စဉ်ကတော့ ရှင်းတယ် စီဒီအမ် တက္ကသိုလ် ကျောင်းသူနှစ်ဦး အနူဂျီကပေးတဲ့ ဆေးပညာဘွဲ့လက်မှတ်နဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုမှာ ဆေးပညာမဟာဘွဲ့အတွက်သွားလျောက်တယ် သူတို့နဲ့ အတူတူ မြန်မာနိုင်ငံမှ သင်တန်းသား/သူ ၂၁ ဦးလည်း အဲ့ဒီတက္ကသိုလ်မှာ လျောက်လွှာတင်တယ် စုစုပေါင်း ၂၃ ဦး ပေါ့ဗျာ။ ကျန်တဲ့ ၂၁ ဦးက ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အသိအမှတ်ပြု တရားဝင်ဘွဲ့လက်မှတ်တွေဖြစ်တဲ့ အတွက် အေးအေးဆေးဆေး ဝင်ခွင့်ရရှိခဲ့ပါတယ်။
ဖြစ်စဉ်ပါ ကျောင်းသူနှစ်ဦးကတော့ နိုင်ငံတကာအသိအမှတ်မပြုတဲ့ တရားမဝင် အစိုးရတစ်ခုရဲ့ ဘွဲ့လက်မှတ် ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ တက္ကသိုလ်တွေကို နိုင်ငံတော် အစိုးရ(တရားဝင်) မှတဆင့် ဆက်သွယ်မေးမြန်းပြီး ဘွဲ့လက်မှတ်အတုအဖြစ်သတ်မှတ်ပြီး ငြင်းပယ်အရေးယူခြင်းခံခဲ့ရပါတယ်။ ကြားထဲကဘာမဆိုင်ညာမဆိုင် ပထမဆုံးအဖမ်းခံရတာက မိတ္တူဆိုင်က နိုတြီပြန်တဲ့သူ၊ ဒါပေမယ့်လည်း သူ့လည်း ဘွဲ့လက်မှတ်အတုလုပ်တဲ့အတွက် ပြစ်မှုမြောက်ပါတယ်။
နောက်ဆုံး ဒီဖြစ်စဉ်ကို ပြန်နိဂုံးချုပ်ရရင်တော့ ဘယ်အစိုးရကတရားဝင်တယ် ဘယ်အစိုးရက တရားမဝင်ဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်းသိလိုက်ရတာပါပဲ။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago