CHANNEL 16

Description
If you feel afraid and un safe leave from channel immediately.
We are welcome ONLY who can share useful informations.
NOTICE 🚨 WE NO NEED SILENT MEMBERS.
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 5 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 8 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 9 months, 3 weeks ago

2 months, 4 weeks ago

ပန်ဆယ်လို အတွက် ရင်လေးတယ် ..

မအလ ကို တော်လှန်ရာကနေ

ထရမ့် ပါ တော်လှန်နေရအုံးမယ်

😥😰

2 months, 4 weeks ago
***⚠️*** ဒါက ဘာကြီးလဲဆိုတော့ ….

⚠️ ဒါက ဘာကြီးလဲဆိုတော့ ….

Simcard Box လို့ခေါ်ပါတယ် ။
Clickbait တွေ Fake Click တွေများ အသုံးများသလို ယခုနာမည်ကြီး ကျားဖြန့်လုပ်ငန်းမှာ
အဓိက အသုံးပြုတဲ့ စက်ပစ္စည်းတခုပါ ။

Social Media ပေါ်က သတင်းတု သတင်းမှား ၊
လူပြိန်းကြိုက်သတင်းတွေကို လူသိများအောင်
Like & Share လုပ်ပေးတဲ့အခါတွေမှာသုံးပါတယ် ။

လက်ရှိ ယိုးဒယားမှာတော့
ဆင်းကဒ်နံပါတ် ၂သန်းကျော်နဲ့ ဘဏ်အကောင့်တွေကို ကြိုးစားပိတ်သိမ်းနေတယ်လို့ ဆိုပါတယ် ။
နည်းနည်းနောနော ပမာဏ မဟုတ်ပါဘူး

လက်ရှိ မြန်မာပြည်မှာတော့
ဘဏ်ဝန်ထမ်းယောင်ဆောင် ဖုန်းဆက်ပြီး
လိမ်ရင်တောင်
အဲ့ဖုန်းနံပါတ်ကို ပိတ်သိမ်း အရေးယူတာမျိုး
မရှိသေးပါဘူး ။

Simcard Box နဲ့ ဆက်စပ်တဲ့ သတင်းတပုဒ်ကို
ဘန်ကောက်လမ်းညွှန် ကိုစိုင်း “တင်ထားတဲ့
သတင်းတပုဒ် နဲ့ ဆက်စပ်ဖတ်ရှုနိုင်ပါတယ် ။

https://www.facebook.com/share/p/15rLJ8cuu6/?

===========
2025-03-06 | #မောင်လျှာရှည်

3 months, 1 week ago

ဘယ်လို ရေးတာက မှန်မလဲ ?
မီဒီယာတွေ အနေနဲ့ ဘယ်လိုရေးရင် ဘာအဓိပ္ပါယ်ပေါက်သွားမလဲဆိုတာ သိကော သိကြရဲ့လား ?
ဒါမှ မဟုတ် သိသိလျက်နဲ့တမင် ရေးနေကြတာလား ?

၁- ကျားဖြန့် ကိစ္စ
၂- တရုတ် ကျားဖြန့် ကိစ္စ
၃- မြဝတီ ကျားဖြန့်ကိစ္စ
၄- မြဝတီ မှာရှိတဲ့ တရုတ်ကျားဖြန့်ကိစ္စ
၅- မြဝတီ က ကျားဖြန့်ကိစ္စ
၆- မြန်မာနိုင်ငံက ကျားဖြန့်အရေးကိစ္စ
၇- မြန်မာနိုင်ငံက တရုတ် ကျားဖြန့် အရေးကိစ္စ
၈- အကြမ်းဖက်စစ်ကောင်စီရဲ့ တရုတ်ကျားဖြန့်ကိစ္စ

Author :
#မောင်လျှာရှည်
#MgSharShay
FEB-2025

4 months, 2 weeks ago
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲ မောင်းနှင်နေတဲ့ YBS 27 ပေါ်မှာ …

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲ မောင်းနှင်နေတဲ့ YBS 27 ပေါ်မှာ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်လောက်က လူငယ် ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ရဲတွေက လက်ထိပ်ခတ်ဖ မ်းဆီးသွားတယ်လို့ Rangoon Scout Network RSN က ပြောပါတယ်။

YBS 27 ဟာ တာမွေဘက်ကနေ သင်္ဃန်းကျွန်းဘက်ကို မောင်းနှင်လာတာဖြစ်ပြီး ကျိုက္ကဆံဘုရားမှတ်တိုင်အရောက်မှာ အိမ်စီးကားတစီးက YBS ရှေ့ ပိတ်ရပ်ခဲ့ပါတယ်။

RSN အဖွဲ့ သတင်းပြန်ကြားပေးသူတယောက်က “လူငယ် ၃ ဦးမှာ တဦးက အပေါ်အောက် အမည်းရောင် ဝတ်ထားပါတယ်။ ထပ်သိရတာက ကောင်လေး ၃ ယောက်စီးတဲ့ ကားပေါ်မှာ အရပ်ဝတ် ခပ်ဝဝ တဦးပါတယ်။ ကျိုက္ကဆံမှတ်တိုင်မှာ ၁ ဦး ထပ်တက်လာတယ်။ ဘုရားနဲ့ မှတ်တိုင်ကြားမှာ အဲဒီနှစ်ယောက်က ကောင်လေးတွေကို ဝင်ဖမ်းတာ” လို့ ပြောပါတယ်။

https://burmese.dvb.no/post/686600?fbclid=IwY2xjawH2ym1leHRuA2FlbQIxMAABHVrHpQZ5JwQMAXxhbC_Ng7ZmLwKVKK4jxF1RojOJFgNexZlsu6ZGGpn76g_aem_n0X3x0VdLii2qgsb-qkPbw

4 months, 3 weeks ago

ကေပေး ပြဿနာ သိကောင်းစရာ (02-Jan2025)

လုပ်ငန်းငယ်လုပ်ကိုင်နေသူတစ်ဦးဆိုရင်
Old Bank Account ရှိမယ် ။ Old
Special Bank Account ရှိမယ် ။ Special

PhNo. A နဲ့ ကေပေး အကောင့် ရှိမယ် ။
PhNo. A
သာလျှင် Register လုပ်ထားတဲ့ PhNo.
OTP ကျတဲ့ ဖုန်းနံပါတ် ဖြစ်တယ် ။

Old နဲ့ PhNo.A နဲ့ link* ချိတ်ထားမယ် ။
ပုံမှန်အားဖြင့် Old ထဲမှာ ငွေမထားဘူး
အကယ်လို့ ကေပေးထဲငွေလိုတဲ့အခါ
Special ကနေ Old ကို ရွေ့
Old ထဲကနေမှ ကေပေး ကိုရွေ့ ပြီးသုံးတယ် ။

Old ကော Special ကော
Mobile Banking နဲ့ ငွေလွှဲတဲ့အခါ
PhNo. A* ကိုပဲ OTP ကျတယ် ။

ကေပေး သုံးတဲ့အခါလည်း
PhNo. A* ကိုပဲ sms ကျတယ် ။

ဒီအထိ ပုံမှန် ပါပဲ ။

=============
ပြဿနာ …

ကေပေးထဲက ငွေတွေကော
ကေပေး နဲ့ မချိတ်ထားတဲ့ Special Acc ထဲက
ငွေတွေကိုကော အခိုးခံနေရတယ် ။

=============

ကေပေး PhNo. A နဲ့
Old, Special Bank Acc တွေချိတ်ထားတဲ့ ကြားမှာ
User တွေ မသိအောင် PhNo. B
ကိုထည့်ထားလိုက်တယ် ။
ပုံမှန် သုံးနေရင် ဘယ်လိုမှ မသိနိုင်ပါဘူး**
အကယ်လို့
ကေပေး နဲ့ Bank Acc Link အကောင့် link ချိတ်ထားတာကို ဖြုတ်လိုက်မယ်

ပြီးမှ ပြန်ချိတ်လိုက်မယ်ဆိုရင်

OTP code က PhNo. B ကိုရောက်သွားမှာ ဖြစ်ပါတယ် ။

‼️⚠️‼️
အဲ့အချိန်ထိ
ကေပေး ကိုသုံးပြီး ငွေလွှဲ လို့ရနေသလို
Old/Special ငွေလွှဲရင်လည်း OTP code က
Register လုပ်ထားတဲ့ PhNo. A*ဆီကျနေ အုံးမှာပါ.

‼️⚠️‼️
အဲ့တော့ OTP code သည်
User ပိုင်ရှင် ရဲ့ PhNo. A ကော
ပိုင်ရှင် မဟုတ်တဲ့ PhNo. B ဆီပါ ပို့နေတဲ့သဘောပါ ။
=======

အကြောင်းအမျိုးမျိုးကြောင့်
ကေပေး ကို မလွှဲမရှောင်သာ
ဆက်လက်သုံးစွဲနေရအုံးမယ် ဆိုရင်တော့
အတတ်နိုင်ဆုံး ငွေလက်ကျန်
အနည်းဆုံးထားပါ ။

ဘဏ်အကောင့် နဲ့ ကေပေး ချိတ်ဆက်ထားခြင်းမျိုး
လုံးဝ မပြုလုပ်ထားသင့်ပါ ။

အကြံပြုချက်သာဖြစ်လို့
ပါသွားရင် ကိုယ်ဖြစ်ကိုယ်ခံပါ ..

5 months, 2 weeks ago

ရန်ကုန်ရဲ့ညတဲ့

ခါတိုင်းဆို ဘောလုံးပွဲတွေရှိတဲ့ညဆို
လက်ဖက်ရည်ဆိုင်မှာလူတွေစုလို့ပေါ့
" ဟေးးးး "ခနဲ့ ထအော်ကြတာ
အခုတော့ ည၈နာရီဆို အကုန်သိမ်းပါပြီ

ဂိမ်းဆိုင်မှာ ညလုံးပေါက်ဆော့ခဲ့ကြသေးတာ
လမ်းထိပ်အုတ်ခုံမှာ ဂစ်တာဝိုင်းလေးတွေ
ဘီယာဘူးလေးတွေနဲ့ ညဦးပိုင်းခဏတဖြုတ်တော့ဆုံကြသေးတာ
အခုတော့ အုတ်ခုံတွေအောက်မှာ မြက်တွေတောင်ပေါက်လို့

ညဈေးသည်တွေလည်း စောစောသိမ်းကြတယ်
ညဆိုင်းအလုပ်ဆင်းတဲ့လူတွေ သိပ်မရှိတော့ဘူး
( မရှိသလောက်ပါပဲ )

Bar တွေမှာလူတွေအပြည့်တဲ့
Club တွေမှာ အပြည့်တဲ့
အင်းးးးဟုတ်မှာပါ
အံဒီနေရာပဲရွေးကြည့်ရင် အဲဒီနေရာပဲမြင်မှာပေါ့
Bar တွေ club တွေကိုသွားကြည့်ပြီးရင်
ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေထဲ ဆင်းခဲ့ပါဦး
ဆင်ခြေဖုံးလမ်းတွေထဲ ပတ်ခဲ့ပါဦးနော်

၁% ကိုပဲရွေးကြည့်မနေပါနဲ့
၉၉% ကိုမြင်အောင်ကြည့်ပါ

" ကားတွေသွားလာနေကြတာပဲ "တဲ့
မဖြစ်မနေသွားလာနေရတဲ့ကားတွေကိုကြည့်ပြီးရင်
အကြောင်းမဲ့တိတ်ဆိတ်ငြိမ်သက်သွားတဲ့
ရန်ကုန်မြို့ရဲ့ လမ်းတွေကို ထပ်ကြည့်ပါဦးးးး

ဘယ်တော့မှ မိုးမချုပ်ခဲ့တဲ့ရန်ကုန်ဟာ
အခုတော့ မည်းမှောင်တိတ်ဆိတ်သွားတယ်

စောစောပြန်ကြ ငါ့ညီတို့ .......
Min Yel Kyaw Swar
20-Dec 2024

7 months, 1 week ago
၂၀၂၄ ၊ အောက်တိုဘာ ၂၅

၂၀၂၄ ၊ အောက်တိုဘာ ၂၅

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက် စစ်တပ်နှင့် ပတ်သက် ဆက်နွယ်သော စီးပွား‌ရေး သမားများနှင့် ဒေါက်တိုင်များ၏ အချက် အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပြင်ဦးလွင် ပြည်သူ့ရဲတပ်ဖွဲ့က တောင်းခံလိုက်ပြီး သတင်းပေးသူများကို ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force (SSTF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

"အကြမ်းဖက် စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်တဲ့ သူတွေရဲ့ သတင်းအချက်အလက်တွေ သူတို့ရဲ့ လှုပ်ရှားသွားလာမှုတွေကို ကျနော်တို့ ချစ်ရတဲ့ ပြည်သူတွေအနေနဲ့ အလေးထား စောင့်ကြည့်ပြီး သိထားသမျှ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို ကျနော်တို့ page ရဲ့ chat box မှာ ဖြစ်ဖြစ်၊ Telegram link ကို နှိပ်ပြီးတော့ ဖြစ်ဖြစ် လုံခြုံစိတ်ချစွာ ပေးပို့ထားနိုင်ပါတယ်" ဟု ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force (SSTF) မှ တာဝန်ရှိသူက ရှင်းပြသည်။

သတင်းပေးပို့လိုသည့် ပြည်သူများ အနေဖြင့် t.me/SSTFMyanmarAdmin တယ်လီဂရမ်ကို ဆက်သွယ်နိုင်ပြီး
https://www.facebook.com/people/Pyin-Oo-Lwin-SSTF
Facebook Page ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 5 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 8 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 9 months, 3 weeks ago