Unlock a World of Free Content: Books, Music, Videos & More Await!

စစ်ကိုင်းမြို့နယ် သတင်းမှန်

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

1 month, 1 week ago

ဆိုင်ကယ်အမျိုးသားနှစ်ယောက်တွဲစီးသူတွေကို စစ်ကောင်စီဖမ်းဆီးနေ၊ ပြည်သူများ သတိပြုသွားလာရန်လိုအပ်

မတ် ၃၁၊ SGG

စစ်ကိုင်းမြို့မှာ ဆိုင်ကယ် အမျိုးသား နှစ်ယောက်တွဲစီးတဲ့သူတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ အများအပြားဖမ်းဆီးခံခဲ့ရပါတယ်။

မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက အိုးဘိုရပ် အသင်္ခယာစောယွမ်းအဝိုင်းပတ်မှာ စစ်ကောင်စီအဖွဲ့ အင်အား ၃၀ ကျော်နဲ့ စောင့်ဆိုင်းဖမ်းဆီးခဲ့ကြရာအတော်များများ ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။

ညနေ ၅ နာရီခန့်အချိန် ရတနာပုံတံတားမှာ စစ်ကောင်စီအဖွဲ့ အင်အားအများအပြားနဲ့ ဆိုင်ကယ် အမျိုးသားနှစ်ယောက်တွဲစီးသူတွေကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာ အမျိုးသား ၅၀ ဝန်းကျင် ဖမ်းဆီးခံလိုက်ရပါတယ်။ အလုပ်ပြန်ကြချိန် ပိတ်ဆို့ဖမ်းဆီးတာကြောင့် မန္တလေးကနေ စစ်ကိုင်းကိုပြန်တဲ့ အလုပ်သမားအများစုဖမ်းဆီးခံလိုက်ရပါတယ်။

စစ်ကောင်စီက ၆ ဘီးကား ၁စီး၊ လိုက်ထရပ်ကား ၁ စီး ချောဆွဲခဲ့ပြီး ဖမ်းဆီးခဲ့တဲ့ အမျိုးသားတွေနဲ့ ဆိုင်ကယ်တွေကို ကားပေါ်တင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းမှာလဲ စစ်ကောင်စီအဖွဲ့ အသင်္ခယာစောယွန်းအဝိုင်းပတ်မှာ စောင့်ဆိုင်းဖမ်းဆီးမှုတွေ ထပ်မံပြုလုပ်ခဲ့ကြပါတယ်။

ပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေဖို့ သတိပြုသွားလာကြရန်အသိပေးအပ်ပါတယ်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်

Messenger - 💬 m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

1 month, 2 weeks ago

အရာတော်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံး

မတ် ၂၇ ၊ SGG

၂၀၂၄ ခုနှစ် ၊ မတ်လ (၂၂)ရက်၊ နံနက် (၁၁:၁၅) နာရီအချိန်တွင် မုံရွာ - အရာတော် လမ်းမပေါ်ရှိ ကျွန်းဖိုပင်ကျေးရွာ ဘုန်းကြီးကျောင်းနှင့်ကမ်းဖြူကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော (၆) ဘီးကား (၁) စီးနှင့် လိုက်ထရပ်ကား (၁)စီးအား ပင်လုံဆီဆိုင်အနီးတွင် လက်နက်ငယ်များဖြင့် ကိုက်(၅၀)အကွာအဝေးမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကနဦးသတင်းအရကား (၁) စီး ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ရှိ တပ်သား(၃)ဦးသေဆုံး၊ (၅)ဦး ဒဏ်ရာအပြင်းအထန်ရရှိသည်ဟုသိရှိရသည်။

စစ်ကောင်စီတပ်သားများမှ ပြန်လည်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြသည်။ ထို့နောက် ပျက်စီးသွားသောကား(၁)စီးမှာ အရာတော်မြို့သို့ဆက်မသွားနိုင်တော့ဘဲ အောင်မင်္ဂလာရပ်ကွက်အနီးတွင် ရပ်တန့်နေခဲ့ရာ သံပြားကာကားဖြင့် (၃) ခေါက် လာရောက်သယ်ဆောင်၍ သေဆုံးသွားသော တပ်သားများအား သစ်ကိုင်းများအုပ်၍ အရာတော်သုသာန်သို့လည်းကောင်း၊ ဒဏ်ရာရရှိသွားသော တပ်သားများအား အရာတော်မြို့ဆေးရုံကြီးထဲသို့လည်းကောင်း ပို့ဆောင်လိုက်ကြောင်းသိရှိရပါသည်။

မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် Danger Force LPDF ၊ မုံရွာခရိုင်တပ်ရင်း (၆)၊ မုံရွာခရိုင်တပ်ရင်း (၂၄)၊ လင်းယုန်တပ်ဖွဲ့ ၊ မုံရွာခရိုင်ပကဖ၊ Special Revolution Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။

https://www.facebook.com/share/v/ZeobTdsTBnewShdU/?mibextid=qi2Omg

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်

Messenger - 💬 m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

Facebook

Log in or sign up to view

See posts, photos and more on Facebook.

1 month, 2 weeks ago

ပျူစောထီးအဖွဲ့၏ မီးရှိူ့ဖျက်စီးမှုကြောင့် နေအိမ်(၆)လုံး မီးလောင်ပျက်စီး

မတ် ၂၃ ၊ SGG

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စင်ရွာအား သတင်းပေးဒလန် ပျူစောထီး လွှမ်းမိုးနိုင် ဦးဆောင်သည့် ၁၄ ဦးပါ ပျူစောထီးအဖွဲ့ သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး ရွာသားများရှောင်တိမ်းကြစဉ် နှစ်ဖွဲ့ခွဲ၍ နေအိမ်များအား မီးရှို့ကြရာ နေအိမ်(၆)လုံး မီးလောင်ပျက်စီးခဲ့သည်။ နေအိမ်များမှ အဖိုးတန်ပစ္စည်းများအားလည်း ပျူစောထီးအဖွဲ့ ခိုးယူသယ်ဆောင်သွားကြောင်းသိရသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်

Messenger - 💬 m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

1 month, 2 weeks ago

ဟောင်ဝှစ်ဇာတင်လာသည့်ဟု ယူဆရ‌သော စစ်ကောင်စီ ၁၂ ဘီး‌ကားအား မိုင်းဆွဲတိုက်ခိုက်

မတ် ၂၂ ၊ SGG

၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်ခန့်တွင် နမခမှ အရာတော်သို့ ဟောင်ဝှစ်ဇာတင်လာသည်ဟု ယူဆရသော စစ်ကောင်စီ၏ ၁၂ ဘီးကား တစ်စီး၊ ‌၆ ဘီးကားတစ်စီးအား Ayadaw Rocket LPDF ၊ BGS Drone Force Ayadaw ၊ မိုင်းမင်းသားမြေအောက်ပျောက်ကြားတပ်ဖွဲ့ ၊ Danger Force LPDF ၊ တိုက်နယ် ၁၁ နှင့် တိုက်နယ် ၄၊ AMTမြေပြင်ပျောက်ကြားတပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်းများ၊ တပ်ဖွဲ့ တို့ပူးပေါင်း၍ ပဒေသာမိုင်း ၅လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၂ ဘီးကားခေါင်းပိုင်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီ ကင်းပုန်းများမှ ရမ်းသမ်းပစ်ခတ်ခဲ့ကြသော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြပြီး လမ်းကြောတလျှောက်လုံခြုံရေးယူပေးသော ကျွန်ဖိုပင်ရွာ သုသာန်နားကင်းပုန်းဝပ်သည့် စစ်ကောင်စီ တပ်သားများအား ဒရုန်းဖြင့် ၆၀ သီး၂ဖူး ဗုံးသီးချတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ကြသည်ဟု Ayadaw Rocket LPDF သတင်းထုတ်ပြန်ချက်အရသိရှိရသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်

Messenger - 💬 m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

1 month, 3 weeks ago

အိမ်မီးရှို့၊ လူသတ်နေသော စစ်ကောင်စီတပ်ထဲ စစ်မှုထမ်းစေရန် စားရင်းကောက်ယူသူများအား အရေးယူမည်

မတ်၂၀၊ SGG

၂၀၂၄ ခုနှစ်၊ ‌မတ်လ ၁၉ ရက်နေ့၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် အိမ်မီးရှို့၊ လူသတ်နေသော စစ်ကောင်စီတပ်ထဲသို့ စစ်မှုထမ်းရန် စကစအဖွဲ့နှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှုး၊ ရာအိမ်မှူးများပူးပေါင်းစာရင်းကောက်ယူခဲ့ကြသည်။

ထိုကဲ့သို့ စာရင်းကောက်ယူခဲ့ကြရာတွင် ဦးဆောင်သူ၊ လိုက်ပါဝန်းရံသူများအား အလျဉ်းသင့်သလို့ ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်။

စာရင်းကောက်ယူရာတွင် ပါဝင်ခဲ့သည့် ဦးဆောင်သူ၊ လိုက်ပါဝန်းရံသူများအား မည်သူမည်ဝါဖြစ်ကြောင်း လွတ်လပ် လုံခြုံစွာ သတင်းပေးနိုင်သည်။

သတင်းပေးပို့ရန်

Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

Telegram

Sagaing Scouts

You can contact @sagaingscouts right away.

2 months ago

မိုင်းဆွဲခံထားရသည့် စစ်ကောင်စီစစ်ကားမှ ရမ်းသမ်းပစ်ခတ်၍ ဆီဘောင်ဆာကားမီးလောင်ခဲ့ပြီး သားအမိဟုယူဆရသည့် ပြည်သူနှစ်ဦးမီးလောင်ကျွမ်းသေဆုံး

မတ် ၆ ၊ SGG

၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်၊ နံနက် (၀၆:၃၀)နာရီ အချိန်ခန့် စစ်ကိုင်းမြို့နယ် စစ်ကိုင်း - မုံရွာ ကားလမ်းပေါ်တွင် မြင်းမူမြို့နယ်မှ စစ်ကိုင်းပြန်လာသော စစ်ကောင်စီ စစ်ကားကြီး တစီးအား တော်လှန်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကာ သေဆုံးနိုင်သည်ဟုသိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီ စစ်ကားပေါ်မှ တပ်သားများသည် ရမ်းသမ်း၍ မဲမဲမြင်ရာပစ်ခတ်ကြရာ ၎င်းတို့နှင့် ပေ ၄၀၀ ခန့်အကွာရှိ ဆီဘောင်ဆာကားအား ကျည်ထိမှန်သွားခဲ့ပြီး ဆီဘောင်ဆာကားမီးလောင်ပျက်စီးခဲ့သည်။ ဆီဘောင်ဆာကား မီးလောင်သွားစဉ် နီးကပ်စွာရှိနေသည့် ဆိုက်ကလုန်းဆိုင်ကယ်ဖြင့် သားအမိဟုယူဆရသည့် အမျိုးသမီ တဦးနှင့် ၁၀ နှစ်ခန့်အရွယ် ကလေးငယ်တို့ နှစ်ဦးစလုံး မီးလောင်ကျွမ်းသေဆုံးခဲ့သည်။

စစ်ကောင်စီစစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားဘီများကွဲခဲ့၍ ကားပျက်စီး ရပ်တန့်ထားရစဉ် အနီးနားတဝှိက်တွင် ရမ်းသမ်း၍ ပစ်ခတ်မှုပြုခဲ့ကာ အကြမ်းဖက် လုယက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရသည်။ ကားဘီးများအား အာရာဖတ်ကားဖြင့်လာရောက်ပို့ဆောင်ခဲ့ပြီး ၎င်းအာရာဖတ်ကားဖြင့်ပင် သေဆုံးဖွယ်ရှိသည့် ဒဏ်ရာရတပ်သားများအား တင်ဆောင်သွားကြောင်းသိရသည်။
မိုင်းဆွဲခံရသည့် စစ်ကား ပြုပြင်မှုပြုလုပ်ပြီးနောက်
နေ့လည် ၁၁ နာရီကျော်တွင် စစ်ကိုင်းဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်းသိရသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်

Messenger - 💬 m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

Telegram

Sagaing Scouts

You can contact @sagaingscouts right away.

4 months, 1 week ago

ကျေးလက်ဆေးပေးခန်းအား စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီချတိုက်ခိုက်ရာ လူနာနားနေဆောင် မီးလောင်

ဇန်နဝါရီ ၄ ၊ SGG

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် နံနက်(၁၀)နာရီကျော်အချိန်တွင် စစ်ကိုင်းမြို့နယ် ကိုင်းပြင်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးခန်းအား မြစ်တဘက်ကမ်း ငါန်းဇွန်ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီ ၃ လုံးချ တိုက်ခိုက်သွားရာ လူနာနားနေဆောင် မီးလောင်ပျက်စီးခဲ့ပြီး လူအထိအခိုက်မရှိကြောင်းသိရသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်

Messenger - 💬 m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

Telegram

Sagaing Scouts

You can contact @sagaingscouts right away.

4 months, 1 week ago

ဝက်လက်မြို့ စစ်ကောင်စီအထိုင်ချတပ်စွဲရာနေရာများအား တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်

ဇန်နဝါရီ ၄ ၊ SGG

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ရက်၊ ညနေ (၃:၃၀)နာရီတွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဝက်လက်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအား ဗိုလ်ပျံလွှားအဖွဲ့၊
အလံနီဓါးကြီးအဖွဲ့၊ အမှတ်(၁၇) တောကြီးမြွေပွေးအဖွဲနှင့် အမှတ်(၁၈)လင်းယုန်စစ်ကြောင်း စသည့်ပူးပေါင်းအဖွဲ့မှ ဒရုန်းများ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ပစ်မှတ်အား အောင်မြင်စွာပစ်ခတ်နိုင်၍ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ကြောင်း ဗိုလ်လင်းယုန်မှ ထုတ်ပြန်အသိ‌ပေးသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်

Messenger - 💬 m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

4 months, 1 week ago

ညောင်ပင်ဝန်း ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုဲးကြဲချတိုက်ခိုက်

ဇန်နဝါရီ ၁၊ SGG

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ နေ့လယ် (၁:၁၀)နာရီတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ ရဲကင်းစခန်းအား စစ်ကိုင်းခရိုင် အမှတ်(၈)တပ်ရင်း၊ စစ်ကိုင်းခရိုင်အမှတ်(၆)တပ်ရင်း တပ်ခွဲ (၁)၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း တပ်ခွဲ (၂)၊ မုံရွာခရိုင် တပ်ရင်း(၂၄)၊ Generation Z Power Mandalay စသည့် ပူးပေါင်းအဖွဲ့မှ ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့သည်ဟုသိရသည်။

ပစ်မှတ်အား အောင်မြင်စွာ ပစ်ချနိုင်ခဲ့၍ စစ်ကောင်စီဘက် ထိခိုက်မှုများနိုင်ကြောင်း စစ်ကိုင်းခရိုင် အမှတ်(၈)တပ်ရင်းမှ ထုတ်ပြန်ထားသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်

Messenger - 💬 m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

Telegram

Sagaing Scouts

You can contact @sagaingscouts right away.

5 months, 2 weeks ago
၂၀၂၃၊ နိုဝင်ဘာလ ၂၄ ရက်

၂၀၂၃၊ နိုဝင်ဘာလ ၂၄ ရက်

မြေပြင် စစ်ရေးအခြေအနေအရ
မန္တလေး - ရွှေဘို လမ်းပိုင်းအား အသုံးမပြုကြသေးရန်မေတ္တာရပ်ခံ သတိပေးချက်ထုတ်ပြန်

https://m.facebook.com/story.php?story_fbid=pfbid0QFTapkrFb8oi7tmVZastiBrunTXjru8PPBRPEuCyjQ65rcWQjtAVgFy1dcbf2pwAl&id=100083095554083&mibextid=Nif5oz

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago