ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
စစ်ကိုင်း၊ စက်တင်ဘာ ၂၆ ရက်
ကြေငြာချက်
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း တိုက်နယ် ညောင်ပင်ဝန်းကျေးရွာအုပ်စု
စစ်ကိုင်း - မုံရွာ ကားလမ်းပိုင်းနှင့်
ကျေးရွာအုပ်စုအတွင်း
ည ၉:၀၀ နာရီ နှင့် နံက် ၄:၀၀ နာရီကြား
ဖြတ်သန်းသွားလာခြင်များ ရှောင်ကျဥ်လိုက်နာဆောင်ရွက်ပေးကြရန်နှင့် အများပြည်သူ ဘေးကင်းလုံခြုံမှုအား ပူပေါင်းဆောင်ရွက်နိူင်ရန် ထုတ်ပြန်ကြေငြာအပ်ပါသည်။
ညောင်ပင်ဝန်းကျေးရွာအုပ်စုအတွင်း အရေးပေါ်အခြေနေအရဖြတ်သန်းရမည်ဆိုပါက သက်ဆိုင်ရာ သို့ အသိပေးအကြောင်းကြားခြင်းနှင့်အတူ
လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
မိမိသဘောဆန္ဒအလျှောက် ဖြတ်သန်းသွားလာခြင်းပြုလုပ်ခဲ့ပါက မိမိတို့ရဲ့တာဝန်သာဖြစ်ကြောင်း
အသိပေးထုတ်ပြန်အပ်ပါသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့
“လေကြောင်းကာကွယ်ရေးအတွက် တိုက်တွန်းနှိုးဆော်လှုပ်ရှားမှု” အဆင့်(၁) #DAY2
၂၀၂၂ ခုနှစ် ကနေ ယခု ၂၀၂၄ ခုနှစ်ထိတိုင် ဗုံးခိုကျင်းတွေတူးနိုင်ရေးအတွက် မြေပြင်ရဲဘော်များနဲ့ပြည်သူတွေစုပေါင်းပြီး အလှူခံကမ်ပိန်းတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်နေကြရတယ်လို့ စိတ်မကောင်းဖွယ် ကြားသိရပါတယ်။
တကယ်တော့ဒါဟာ ၂၀၂၂လောက်မှာကတည်းက တစ်နိုင်ငံလုံးနီးပါး ဗုံးခိုကျင်းတွေ အလုံအလောက် အခိုင်အမာတည်ဆောက်ထားပြီးသား ဖြစ်ခဲ့ရမှာပါ။
ကျနော်တို့အနေနဲ့ လူသားလုံခြုံရေး အရပ်သားပြည်သူလုံခြုံရေးဟာ အမြဲတမ်းဦးစားပေး နံပတ်တစ်ဖြစ်ဖို့လိုပါတယ်။
ဒီလိုအရပ်သားပြည်သူတွေလုံခြုံဖို့အတွက် ဈေးအလွန်ကြီးပြီး ဝယ်ယူရန်ခက်ခဲတဲ့ လေယာဉ်ပစ်လက်နက်တွေဝယ်ယူဖို့ ကြိုးစားခဲ့ကြမယ့်အစား ကုန်ကျစရိတ်သက်သာစွာနဲ့ လုပ်ယူရမခက်ခဲတဲ့ ပုန်းခိုရှောင်ရှားစရာ “ဗုံးခိုကျင်းတွေ” နဲ့ လက်တွေ့ကျကျ ထိရောက်မှုရှိရှိ အကာအကွယ်တွေဖြစ်တဲ့ “ကြိုတင်သတိပေးစနစ် (Early Warning) အတွက်လိုအပ်တဲ့ ဆက်သွယ်ရေးစက်ပစ္စည်းတွေ” အလုံအလောက် ထားရှိဖို့ အွန်လိုင်းနဲ့မြေပြင်ကွန်ယက်တွေ ပေါင်းစပ်ဖန်တီးတည်ဆောက်ဖို့ နိုင်ငံလုံးဆိုင်ရာစီမံချက်အဖြစ် သက်ဆိုင်ရာတာဝန်ရှိခေါင်းဆောင်များအနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြသင့်ပါတယ်။
တကယ်တော့ တော်လှန်ရေး(၃)နှစ်ကျော်ကြာကာလအထိ ဗုံးခိုကျင်းတွေမလုပ်ရသေးတာ ဗုံးခိုကျင်းတွေအလုံအလောက်မရှိနေတာဟာ အရပ်သားပြည်သူလုံခြုံမှုအတွက်ထည့်သွင်းစဉ်းစားမှုအားနည်းခဲ့တယ်လို့ ဆိုရပါမယ်။
လေယာဉ်ပစ်လက်နက်တွေရရှိဖို့ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များထံ အလှူငွေထည့်သွင်းပြီးပါဝင်လှူဒါန်းခဲ့ကြပေမယ့် ဒီနေ့လိုအချိန်အထိ ဗုံးခိုကျင်းတွေမလုံလောက်လို့ ဗုံးခိုကျင်းကမ်ပိန်းတွေပြည့်ဖို့ အချိန်ကြာမြင့်စွာ အလှူခံနေကြရတာဟာ ပြောရရင်အဓိပ္ပါယ်ကိုမရှိတော့ဘူးလို့ ထင်ပါတယ်။
ဒါဟာ ဗုံးခိုကျင်းကမ်ပိန်းအတွက်ဦးဆောင်နေကြတဲ့ မြေပြင်က ကိုယ်ထူကိုယ်ထရဲဘော်တွေနဲ့ ပြည်သူ့လုပ်အားပေးတွေကို အပြစ်တင်ပုတ်ခတ်တာမဟုတ်ဘဲ နိုင်ငံလုံးဆိုင်ရာဗုံးခိုကျင်း အလုံအလောက်တူးဖို့နဲ့ ကြိုတင်သတိပေးစနစ် (Early Warning) တွေ စနစ်တကျတည်ဆောက်ဖို့ မလုပ်ဆောင်ခဲ့ကြတဲ့ တာဝန်ပျက်ကွက်ခဲ့ကြတဲ့ တာဝန်ရှိသူတွေအပေါ်ကိုသာ အပြစ်ပုံချခြင်းဖြစ်ပါတယ်။
ဗုံးခိုကျင်းတွေကို နေရာတစ်ခု/နယ်မြေတစ်ခုမှာ တစ်ခုနှစ်ခုထဲ ထားပေးဆောက်ပေးတာတောင် မလုံလောက်နိုင်ပါဘူး။ ဗုံးခိုကျင်းတွေမှာ စုပြုံကြပ်သိပ်ပြီး ခိုလှုံရတာကလည်း တကယ်တော့အန္တရာယ်များလှပါတယ်။
ဒါကြောင့် လူအရေအတွက် အရွယ်အစားပေါ်မူတည်ပြီး စနစ်တကျ အလုံအလောက် အခိုင်အမာ ဆောက်ထားကြဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။
လေကြောင်းကာကွယ်ရေးနဲ့ပတ်သက်ပြီး ချိတ်ဆက်ပူးပေါင်းလိုပါက အောက်ပါ Contact များထံ တိုက်ရိုက်ဆက်သွယ်ပါ။
#EAR #ENEMYAIRROUTE #EARinfo
#NAS #NASairscout #InfoNAS
Photo - People's Spring
တပ်မ(၃၃)မှထွက်လာသော စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်
SGG ၊ စက်တင်ဘာ ၃ ရက်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆နာရီခွဲအချိန်ခန့် Pure Fighters အဖွဲ့ ၊ မဟူရာအဖွဲ့နှင့် စစ်ကိုင်းသတင်းတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့နှင့် အုန်းတောကြားတွင် တပ်မ(၃၃)မှ ထွက်လာသောစစ်ကောင်စီ အိမ်စီးကား ၅ စီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြရာ နောက်ဆုံးမှ လိုက်ပါလာသည့် စူပါကာစတန်ကား နှစ်ကြိမ်တိုင် မိုင်းထိမှန်ခဲ့သည်။
မိုင်းထိမှန်ခဲ့သော စူပါကာစတန်ကားပျက်စီးမှုရှိခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိခဲ့သည်။
Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
Messenger - 💬 m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
သတိပြုရန်
SGG ၊ ဩဂုတ် ၂၂
တပ်ပျက်နေပြီဖြစ်သော စစ်ကောင်စီမှ ၎င်းတို့၏ ကျေးကျွန်းအဖြစ် အသေခံ စစ်မှုထမ်းရန် စစ်ကိုင်းမြို့တွင် ပေါ်တာဆွဲလျက်ရှိနေရာ သွားလာနေသည့်လမ်းပေါ်တွင်သာမက စက်သုံးဆီ၊ စားသုံးဆီ ဝယ်ယူရန်တန်းစီနေသည့် လူတန်းထဲမှပင် စစ်ဆေးမေးမြန်းမရှိ သေနတ်ထောက် ခြိမ်းခြောက်ပေါ်တာဆွဲဖမ်းဆီးခြင်း၊ နေအိမ်များထဲထိ ဝင်ရောက်လူဆွဲခြင်းများရှိနေသည်။
ထိုသို့ ပေါ်တာဆွဲဖမ်းဆီးထားသူများထဲမှ အသက်ပြည့်မီသူများကို စစ်မှုထမ်းရန် တပ်ထဲသို့ခေါ်ယူပြီး အသက်မပြည့်သူများကို ငွေကြေးဖြင့် ထုတ်ယူစေသည်။
စစ်ကိုင်းမြို့သူ/သားများအနေဖြင့် စစ်ကောင်စီမှ ကားဖြင့်လှည့်လည်၍ ပေါ်တာဆွဲနေသည်ကို သိရှိပြီးဖြစ်သော်လဲ သတိထားရှောင်တိမ်းသွားလာကြရန် အထူးသတိပေးအပ်ပါသည်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကောင်စီစစ်ကားမိုင်းဆွဲတိုက်ခံရပြီး တပ်သားများ ဒဏ်ရာရသေဆုံးမှုရှိနိုင်
SGG၊ ဩဂုတ် ၁၂
ဩဂုတ်လ ၁၂ ရက်၊ နံနက် ၁၀:၄၀ နာရီအချိန် စစ်ကိုင်းမြို့နယ် အုန်းတောနှင့်နတ်ခရိုင်ကြားတွင် ထီးဆောင်းမှ ထွက်လာသော သံပြားကာ စစ်ကားအား Pure Fighters နှင့် စစ်ကိုင်းသတင်းတပ်ဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ရှိနိုင်ပါတယ်။
ပထမတကြိမ်မိုင်းဆွဲစဉ် စစ်ကားပေါ်ကနေ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီးချိန် ပြန်လည်ပစ်ခတ်မှုပြုလုပ်နိုင်ကြခြင်းမရှိဘူးလို့သိရပါတယ်။ မိုင်းဆွဲခံရပြီး စစ်ကားနောက်ပိုင်းပွင့်ထွက်ကာ စစ်ကောင်စီတပ်သားအချို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးခန့် သေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ စစ်ကားကို ဆက်လက်မောင်းသွားနိုင်ပေမဲ့ အုန်းတောကုန်းထိပ်တွင်ရပ်တန့်သွားပြီး သေဆုံးဒဏ်ရာရတွေကို ကားပြောင်းသယ်သွားပါတယ်။
Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
Messenger - ? m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
တရားမျှတမှုမရှိသော အင်းလေလံချပေးခဲ့မှုအားကန့်ကွက်ကြောင်းနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်ပေးကြရန် ပအဖအား ဒေသခံများ ဆန္ဒပြ တောင်းဆို
SGG ၊ ဩဂုတ် - ၁၀
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု ရွှေလှေမူးကျိုးအင်း လေလံချထားမှု တရားမျှတမှုမရှိ၊ နည်းလမ်းမကျသဖြင့် ဒေသခံပြည်သူများက ပအဖကို ကန့်ကွက်ကြောင်းဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ရွှေလှေကျေးရွာအုပ်စု ပအဖအဖွဲ့မှ အင်းလေလံချထားမှုကို အများပြည်သူအား အသိပေးကြေညာခြင်းမရှိခဲ့ဘဲ ၎င်းတို့လေလံဆွဲဝယ်စေသူ တစ်ဦးတည်းကိုသာ အသိပေးခဲ့ကြောင်းသိရသည်။
၎င်းကိစ္စရပ်အား NUG အစိုးရ၊ CRPH လွှတ်တော်နှင့် အများပြည်သူသိစေရန် ရွှေလှေကျေးရွာအုပ်စု ရွာ(၄)ရွာမှ ပြည်သူများက ကန့်ကွက်ကြောင်း၊ တရားမျှတရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကောင်စီဝန်ထမ်းတွေကို မြို့ပေါ်တက်ဖမ်းစဉ် ရဲဘော် ၂ဦး ကျဆုံး၊ အခွန်ရုံးဝန်ထမ်းမိသားစု ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
မေ ၂၆၊ SGG
စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် စည်းခုံကြီးဘုရားတောင်ဘက် လဝက၊ စရဖ၊ အခွန်ရုံးရှေ့မှာ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝန်ထမ်းမိသားစုကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြပါတယ်။
မေလ ၂၁ ရက်နေ့ ညနေပိုင်း ရုံးဆင်းချိန်မှာ လဝကနှင့် အခွန်ရုံးက စစ်ကောင်စီဝန်ထမ်းတွေကို ထိန်းသိမ်းဖို့ တောတွင်းတွတ်ပီ(LPDF)အဖွဲ့ ကြိုးစားခဲ့ပါတယ်။ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လည်ထွက်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ဆုံတာကြောင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တောတွင်းတွတ်ပီ(LPDF)အဖွဲ့မှ ရဲဘော် မိုးတိမ်၊ ရဲဘော်ဆင်ပေါက်တို့နှစ်ဦးကျဆုံးသွားခဲ့ပါတယ်။ ဓါးစာခံတွေဖြစ်တဲ့ ဒုအခွန်ဦးစီးမှူး ဒေါ်ခိုင်နွဲ့ဇော်နှင့် သမီးနဲ့သမက် ကိုလည်း စစ်ကောင်စီက ငဲ့ညှာထောက်ထားခြင်းမရှိ ပစ်သတ်လိုက်ကြပါတယ်။ ည ၆ နာရီခွဲကျော်မှာ အိုးဘိုနာရေးကူညီမှုအသင်းကားနဲ့ အလောင်းတွေလာကောက်သွားတယ်လို့သိရပါတယ်။
ပစ်ခတ်မှုမဖြစ်ပွားခင် ညနေ ၄ နာရီလောက်ကတည်းက အဝိုင်းပတ်အနီးမှာ စစ်ကောင်စီတပ်သားတွေရှိနေခဲ့ပြီး ၄နာရီခွဲ့ခန့်က စစ်ကောင်စီအဖွဲ့ စည်းခုံကြီးဘုရားအရှေ့ဘက်လမ်းမှာ ဖြတ်သန်းသွားလာသူတွေကို တားဆီးစစ်ဆေးမှုပြုလုပ်ခဲ့ကြပါတယ်။
" ကလေးတစ်ယောက်အပါအဝင်ဝန်ထမ်း ၆ ဦးကိုခေါ်သွားတယ်၊ အန်တီခိုင်တို့က မိသားစုလိုက်သေတာ၊ သမီးနဲ့သမက်က ကားနဲ့လာကြိုတာ ပြန်သွားပြီးမှ သော့မေ့ကျန်လို့ ရုံးကိုသော့ပြန်လာယူရာက စစ်တပ်က ပစ်လို့ သေသွားကြတာ" လို့ သိရှိသူတဦးက ပြောပါတယ်။
ဖမ်းဆီးမှုအတွင်းမှာ အခွန်နဲ့ လဝကဝန်ထမ်း ၆ ဦးကို ထိန်းသိမ်းထားနိုင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ သက်ဆိုင်ရာကိုအပ်နှံသွားမယ်လို့ တောတွင်းတွတ်ပီ(LPDF)ကပြောဆိုထားကြောင်း မီဒီယာများ၏ ဖော်ပြချက်အရသိရပါတယ်။
ရုပ်အလောင်းပြန်မရပေမဲ့ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ယောက်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ လွမ်းသူပန်းခွေချ အလေးပြု ခဲ့ကြပြီး အမိန်ပြန်တမ်းဖတ်ကြားခဲ့ကြတယ်လို့သိရပါတယ်။ ဖမ်းဆီးထားတဲ့ စစ်ကောင်စီဝန်ထမ်းတွေကိုလည်း မည်သည့်အဖွဲ့အစည်းကိုမျှ အပ်နှံခြင်းမရှိသေးဘူးလို့သိရပါတယ်။
Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
Messenger - ? m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
မုဒိမ်းမှုကျူးလွန်တဲ့ ပျူစောထီးကို စစ်ကိုင်းရဲ အရေးယူခြင်းမရှိ၍ နေပြည်တော်မှ လာရောက်ဖမ်းဆီး
မေ ၂၅၊ SGG
စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီးခေါင်းဆောင် ကျော်စိုးနှင့် ဇော်ကြီးတို့အား မုဒိမ်းမှုဖြင့် မေလ ၂၅ ရက်နေ့မှာ နေပြည်တော်မှ လာရောက်ဖမ်းဆီးသွားပါတယ်။
မေလ ၂၂ ရက်နေ့က စစ်ကိုင်းတောင်ပေါ်ကို သမီးရည်းစား လာရောက်ချိန်းတွေ့သော စုံတွဲအား ပျူစောထီး ကျော်စိုးနှင့်ဇော်ကြီးတို့မှ သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကောင်လေးအား ချုပ်နှောင်ထားကာ ကောင်မလေးအား မုဒိမ်းကျင့်ခဲ့ကြပါတယ်။
မိန်းကလေးဘက်မှ စစ်ကိုင်းရဲစခန်းအား တိုင်တန်းသော်လည်း အရေးယူမှုမရှိသဖြင့် နေပြည်တော်သို့တိုင်တန်းရာ နေပြည်တော်မှ လာရောက်ဖမ်းဆီးသွားကြောင်းသိရှိရပြီး တခြားပျူစောထီးများကိုလည်း ဖမ်းဆီးထိန်းသိမ်းကာ ပတ်သတ်မှုရှိမရှိ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
မုဒိမ်းကျင့်ခံရသော မိန်းကလေးမှာ စကစဝန်ထမ်းအရာရှိ အသိုင်းဝိုင်းမှဖြစ်ကြောင်း အမည်မဖော်လိုသော ရဲဝန်ထမ်း ၁ ဦး ပြောကြားချက်အရသိရပါတယ်။
Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
Messenger - ? m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
ကြေးနီသယ် ယာဉ်တန်းကို လုံခြုံရေးလိုက်ပါလာတဲ့ စကစ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိမ်းမှောက်ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုရှိ
မေ ၂ ၊ SGG
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် စကစ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိမ်းမှောက်ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
မေလ ၁ ရက်နေ့ နံနက် ၁၀:၂၀နာရီအချိန် မြန်မာဝမ်ပေါင်ကနေ စစ်ကိုင်းဘက်သို့ ကြေးနီသယ်ဆောင်လာတဲ့ တွဲကား ၁၉ စီးကို လုံခြုံရေးလိုက်ပါလာတဲ့ စကစ သံပြားကာ စစ်ကားကို မြင်းမူမြို့နယ် ပကဖ ကွပ်ကဲမှုဖြင့် People’s knight Defense Force Myinmu က ရှေ့ထွက်မိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကားတိမ်းမှောက်သွားပြီး နေရာတွင် တပ်သား ၂ ဦးသေဆုံးခဲ့ကာ ဆေးရုံပေါ်ရောက်ချိန် ၁ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။
ကားလမ်းဘေးတလျှောက် လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားများမှ ၁၀ မိနစ်ခန့်ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း မိမိတို့ရဲဘော်တွေအထိအခိုက်မရှိဘူးလို့ People’s knight Defense Force Myinmu ကပြောပါတယ်။
ဧပြီလ ၁၁ ရက်နေ့နဲ့ ၂၇ ရက်နေ့ကလည်း မြင်းမူမြို့ပေါ်ကနေထွက်လာတဲ့ စကစ တပ်သား ၃၀ ခန့်က ဝမ်းပြည့်ကျေးရွာ အရှေ့ဘက် မြင်းမူ-မုံရွာလမ်းဘေး နေအိမ်အချို့ကို မီးရှို့၊ ပြည်သူများ သွားလာနေသည်ကို တားဆီးစစ်ဆေးနေချိန် ၈၀ မမဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People’s knight Defense Force Myinmu က ပြောပါတယ်။
ခရီးသွားမိဘပြည်သူများ ဘေးကင်းလုံခြုံစေရန်အတွက် တော်လှန်ရေးအဖွဲ့များ မှထုတ်ပြန်ထားသည့်စည်းကမ်းများအတိုင်း သွားလာကြရန်ကိုလည်း (PKDF-MMU) ကမေတ္တာရပ်ခံထားပါတယ်။
Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
Messenger - ? m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
ဆိုင်ကယ်အမျိုးသားနှစ်ယောက်တွဲစီးသူတွေကို စစ်ကောင်စီဖမ်းဆီးနေ၊ ပြည်သူများ သတိပြုသွားလာရန်လိုအပ်
မတ် ၃၁၊ SGG
စစ်ကိုင်းမြို့မှာ ဆိုင်ကယ် အမျိုးသား နှစ်ယောက်တွဲစီးတဲ့သူတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ အများအပြားဖမ်းဆီးခံခဲ့ရပါတယ်။
မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက အိုးဘိုရပ် အသင်္ခယာစောယွမ်းအဝိုင်းပတ်မှာ စစ်ကောင်စီအဖွဲ့ အင်အား ၃၀ ကျော်နဲ့ စောင့်ဆိုင်းဖမ်းဆီးခဲ့ကြရာအတော်များများ ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။
ညနေ ၅ နာရီခန့်အချိန် ရတနာပုံတံတားမှာ စစ်ကောင်စီအဖွဲ့ အင်အားအများအပြားနဲ့ ဆိုင်ကယ် အမျိုးသားနှစ်ယောက်တွဲစီးသူတွေကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာ အမျိုးသား ၅၀ ဝန်းကျင် ဖမ်းဆီးခံလိုက်ရပါတယ်။ အလုပ်ပြန်ကြချိန် ပိတ်ဆို့ဖမ်းဆီးတာကြောင့် မန္တလေးကနေ စစ်ကိုင်းကိုပြန်တဲ့ အလုပ်သမားအများစုဖမ်းဆီးခံလိုက်ရပါတယ်။
စစ်ကောင်စီက ၆ ဘီးကား ၁စီး၊ လိုက်ထရပ်ကား ၁ စီး ချောဆွဲခဲ့ပြီး ဖမ်းဆီးခဲ့တဲ့ အမျိုးသားတွေနဲ့ ဆိုင်ကယ်တွေကို ကားပေါ်တင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းမှာလဲ စစ်ကောင်စီအဖွဲ့ အသင်္ခယာစောယွန်းအဝိုင်းပတ်မှာ စောင့်ဆိုင်းဖမ်းဆီးမှုတွေ ထပ်မံပြုလုပ်ခဲ့ကြပါတယ်။
ပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေဖို့ သတိပြုသွားလာကြရန်အသိပေးအပ်ပါတယ်။
Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
Messenger - ? m.me/SGGNews
Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago