Aung Moe Kyaw

Description
Reporter and photographer ကျွန်တော်တို့ကို ကူညီလိုရင်တော့ 09400080398 ကို ကူညီပံ့ပိုးတာတွေ သတင်းပေးပို့တာလုပ်မယ်ဆိုရင်တော့ Kpay,WavePay,Viberနံပါတ်ဖြစ်ပါတယ်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

hace 1 año, 2 meses

ဖုန်းဘေနဲ့ ကြည့်ရတဲ့သူတွေအတွက် အသံသီးသန့် နားဆင်ဖို့ဖြစ်ပါတယ်။
#AungMoeKyaw

hace 1 año, 2 meses

၂၆၈ ၂၆၉ ဂရုစိုက်ရမယ်။

သတိပေးတယ်နော်။

#AungMoeKyaw

hace 1 año, 2 meses

ဘဘက
၉ ဂဏန်းကြိုက်တယ်နော်
၂၀၂၅ ကို ဂရုစိုက်လိုက်တော့ ?

#AungMoeKyaw

hace 1 año, 2 meses

ပြည်သူပေးပို့ချက်

ကျောက်ပန်းတောင်းမြို့နယ် တောင်အူနဲ့ ရေငံရွာကြားတွင်လောင်းကစားဝိုင်းများပြုလုပ်နေသည်မှာတိုင်လဲအရေးယူပေးခြင်းမရှိပါ မိတ္ထီလာမြို့နယ်အမြန်လမ်းဘေးတွင်(285)ကြက်တတ်ပင်ရွာဘေးတွင် ဂျင်ဝိုင်းကြက်ဝိုင်းများပြုလုပ်နေသည်တိုင်လဲအရေယူခြင်းမရှိပါ။

#AungMoeKyaw

hace 1 año, 2 meses

ဖုန်းဘေနဲ့ ကြည့်ရတဲ့သူတွေအတွက် အသံသီးသန့် နားဆင်ဖို့ဖြစ်ပါတယ်။
#AungMoeKyaw

hace 1 año, 2 meses

အပေါ်မှာ ကျွန်တော်က
ဆန်နဲ့ ဆပ်ပြာသာ
အလှူခံထားတာပါ။
ကျွန်တော့်ကို ဆန်နဲ့ဆပ်ပြာကို
ပင်တိုင်လှူနေတဲ့သူတွေရှိပါတယ်။
ဆန်အိတ်ကို ရာနဲ့ချီပြီး လှူတာတောင်
ရှိပါတယ်။
ဆပ်ပြာလည်း အဲ့အတိုင်းပါပဲ။
ဆိုတော့ ပစ္စည်း တစ်မျိုးနှစ်မျိုးကအစ
ကားဂိတ်တွေကနေ ယူပေးပါတယ်။
ပိုက်ဆံ တစ်ပြားမှ မလှူလည်းရပါတယ်။
အစကတည်း ရုပ်သံတွေမှာပြောပါတယ်။
ကျွန်တော် ငွေမလိုပါဘူး။
ပစ္စည်းကို ပိုမက်ပါတယ်။
အဝတ်အစားကတော့
နောက် ၃ ကြိမ်လောက်အထိ
လှူနိုင်ပါသေးတယ်။
စောင်လည်း လောက်ပါပြီး။
ဆီလည်း အဆင်ပြေပါပြီး။
ဆန်ပဲလိုတာပါခင်ဗျာ။
ပါဝင်နိုင်အောင်ပဲ ကြေညာတာဖြစ်ပြီး။
သတ်မှတ်ရက်မှာ တစ်ပြားမှမရလည်း
လှူမှာဖြစ်ပါတယ်။
နောက်ပြီး တစ်ခုတည်းမဟုတ်ပါဘူး။
ထပ်ပြီး တောင်းဆိုထားတဲ့
ခက်ခဲသူတွေ ရှိပါသေးတယ်။

ဪ ကျန်သေးတယ်
ရှေ့တန်းထိပို့မယ့် ဆေးလိပ်
၂သောင်းရှိပါတယ်။

လုပ်နိုင်သလောက် လုပ်မယ်။
မလုပ်နိုင်တော့ရင် နားမယ်။

ဒါပဲ ?

#AungMoeKyaw

hace 1 año, 3 meses

နေပြည်တော်ကောင်စီနယ်မြေတွင် (၂၆) ရက်ကြာပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ခေါင်းတစ်ခြားကိုယ်တစ်ခြား တွေ့ရှိ

ဒီဇင်ဘာ ၁၂

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ အနီးရှိ လျှိုထဲတွင် (၂၆) ရက်ကြာပျောက်ဆုံးနေသည့် စိတ်ကျန်းမာရေးချို့တဲ့သော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ခေါင်းတစ်ခြား ကိုယ်တစ်ခြားစီတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သေဆုံးသူအမျိုးသား၏ ဇနီးဖြစ်သူမှာ ခရီးထွက်သွားသောကြောင့် ထိုသေဆုံးသူမှာ နေအိမ်တိုက်ခန်းထဲတွင် အသက်ရူကြပ်သောကြောင့် အပြင်သို့ထွက်သွားရာမှ ပျောက်ဆုံး သွားပြီးနောက် ဒီဇင်ဘာလ ၁၁ ရက် ၄ နာရီ ၃၀ အချိန်တွင် ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ အနီးတွင် နေ ထိုင်သူများမှ အပုတ်နံ့ထွက်သောကြောင့် ဇမ္ဗူသီရိ အမှတ်(၇) မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ လိုက်လံ စစ်ဆေးရှာဖွေရာတွင် ထိုတိုက်အနီးရှိ လျှိူထဲတွင် ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြင့် သေဆုံးနေသည့် ရုပ် အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဆရာဝန်တွေပြောပြချက်အရတော့ အဆိပ်ရှိတဲ့ အကောင်တစ်ကောင်ကိုက်ပြီး သေတာလို့ပြောတယ်။ ခုလောလောဆယ်တော့ စစ်ဆေးနေတယ်” လို့ လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဖြေကြားသည်။

ထိုသေဆုံးသည့် အမျိုးသားမှာ အသက် (၄၆) နှစ်ရှိပြီး ၎င်းမှာ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို ဇမ္ဗူသီရိမြို့နယ်၊ ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် တာဝန်ရှိသူများမှ စစ်ဆေးနေကြောင်း သိရသည်။

hace 1 año, 3 meses

မင်္ဂလာမရှိတဲ့မနက်ပါ

hace 1 año, 3 meses

ပွဲတော်မှာ
ကိုအယ်ကြီး(ထူးအယ်လင်း) သီချင်းဆိုတော့
ကျွန်တော် မျက်ရည်ပါဝဲတယ်။

တကယ် အခြားသူတော့မသိဘူး ?‍♂️

ကျွန်တော်တော့ရှက်တယ်

"တို့ရဲ့မြေတစ်လက်မအတွက်
ခန္ဓာအသက်ကတုတ်ပြုလို့
အရိုးအဆစ်ထိုးကာကွယ်တဲ့လူမျိုး”တဲ့

သီချင်းနာမည်က ကျွန်ုပ်တို့ မြန်မာပြည်??

ကချင် ကယား ကရင် ချင်း မွန် ဗမာ
ရခိုင် ရှမ်း
ခါကာဘိုရာဇီတောင်ထိပ်ကနေ ဘုရင့်နောင်အငူထိ
အတူတကွ နေထိုင်ကြတဲ့သူတွေ
မနေ့က နိုင်ငံသားဖြစ်တဲ့သူတွေနဲ့
ဟိုအရင်က နိုင်ငံသားဖြစ်ခဲ့သူတွေ

သူတို့ဟာ မြန်မာတွေ။ ??

သီချင်းကြားတော့ ဆုံးရှုံးလိုက်ရတဲ့
နိုင်ငံ့ မြေတွေ လက်မနဲ့တွက်ရင်တော့
သန်းပေါင်းများစွာပေါ့

အဲဒီမြေ တစ်လက်မခြင်းစီအတွက်
ရင်းနှီပေးဆပ်လိုက်ရတဲ့ သူရဲကောင်းဝိညာဉ်တွေ။

ခန္ဓာအသက်ကတုတ်လုပ်ပြီး
အရိုးစည်းရိုးထိုးဖို့နေနေသာသာ
ဘာဆို ဘာမှ မလုပ်နိုင်ဘူး။

ရှက်စရာကောင်းလိုက်တာ။

ဒီရေ ဒီမြေ ဒီမောင်နှမတွေ
ဥကွဲသိုက်ပျက်လို့နေပါတယ်။

လှပတဲ့ တောတောင်ရေမြေတွေဟာလည်း
အဓိပ္ပာယ်ကင်းမဲ့နေတယ်။

ကိုယ့်လူမျိုးခြင်းဖြစ်တဲ့စစ်လောက်
ဒီကမ္ဘာမှာ အကျည်းတန်တာမျိုး
ရှိမယ်တောင်မထင်ဘူး။

ကလေးတွေ သရုပ်ဖော်တဲ့
ကကွက်ထဲမှာ ငြိမ်းချမ်းရေးချိုးဖြူငှက်လေးတွေက
နောက်က LED မှာ ပျံသန်းနေလိုက်ကြတာ...
?️?️?️
ကျွန်တော်သာ မှော်ဆရာဆိုရင်
အဲဒီ ချိုးဖြူလေးတွေကို

ခါကာဘိုရာဇီတောင်ထိပ်ကနေ
ဘုရင့်နောင်အငူထိ ပျံသန်းနိုင်အောင်
ဖန်ဆင်းလိုက်မယ်။

ပြည်ထောင်စုကြီးတစ်ဝန်းလုံး
ငြိမ်းချမ်းပါစေဆိုတဲ့ ဆန္ဒနဲ့ပေါ့....

ဒါပေမယ့် ကျွန်တော်ရှက်မိပါရဲ့....

#aungmoekyaw

hace 1 año, 3 meses

"ဗဒုံမင်း လက်ထက် တည်ဆောက်ပြုပြင်ရေး အတတ်ပညာ" ကို Proof ဖတ်နေရင်း

ဗဒုံမင်းရဲ့ တိုင်းသူပြည်သားတွေအပေါ် အလေးထားမှု တိုင်းပြည်အပေါ် အလေးထားမှုတွေကိုဖတ်ရှုလိုက်ရတယ်

မီးဘေးအန္တရာယ် ခိုးဆိုးလုနှိုက် အန္တာရယ် လျော့ပါးစေဖို့
မီးဘေးသင့်ချိန် ခိုးဆိုးလုနှိုက်မှုဖြစ်နေချိန် တာ၀န်ရှိသူ မှူးမတ်တွေက စုရပ်တစ်ခုမှာ ရောက်ရှိပြီး တာ၀န်ချထားတဲ့အတိုင်း ဦးဆောင်မီးငြိမ်းသတ်မှုမရှိနေဘူးဆိုလျှင်

သူခိုးလူဆိုးတွေကို မိအောင် မ‌ဖမ်းဆီးနိုင်ဘူးဆိုရင်
တစ်ရက်မှ ၇ ရက်ကြာသည်အထိ တာ၀န်ကျ မှူးမတ်တွေက " တုံးဖိနေလှမ်း" ခြင်း ပြစ်ဒဏ်ကို ခံရတယ်တယ်တဲ့

အသေးအဖွဲ့လေးကအစ အလေးထားတတ်လိုက်ပုံများ

ခုများတော့ အရေးယူခြင်းမရှိတော့ ငါနဲ့မှမဆိုင်တာ ဆိုတာကခပ်များများ?

#AungMoeKyaw

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago