သတင်းအထူးတပ်ဖွဲ့ - PATHEIN

Description
ပြည်သူ့အတွက် ပြည်သူနဲ့အတူ ရပ်တည်ပြီး သတင်းမှန်များကိုသာ ဖြန့် ဝေပေးသည့် channel ဖြစ်သည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 11 months ago

1 Jahr, 5 Monate her
***🛑***ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို ပေါ်ရပ်ကွက်များတွင် ယနေ့ ဖေဖော်ဝါရီ …

🛑ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို ပေါ်ရပ်ကွက်များတွင် ယနေ့ ဖေဖော်ဝါရီ (၁၄)ရက် ည (၀၆၃၀)အချိန်မှစ၍  ဆိုင်ကယ် (၂၀​)ခန့်ဖြင့် တစ်စီးလျှင် (၂​/၃​) ယောက်ခန့် အင်အား (၅၀)ခန့် အကြမ်းဖက် စခ၊ ရခ ၊ပျူ​များသည် အမှတ် (၆)ရပ်ကွက် ၊ (၇)ရပ်ကွက်၊ (၅)ရပ်ကွက် များတွင် ကင်းပတ်နေကြောင်း သိရသည်။

ယနေ့ည အမှတ်(၆)ရပ်ကွက်တွင် အမျိုးသား (၂)ဦးအား ဖမ်းဆီးခေါ်ဆောင်သွား‌ ကြောင်းသိရသည်။အကြမ်းဖက်စခ၊ ရခများသည် အမှတ်(၃)ရပ်ကွက်တွင် အိမ်စီးကားများ ကင်းပတ်နေပြီး  မိန်းကလေးများပါ မချန် ပေါ်တာဆွဲရန် စီစဉ်ပြုလုပ်နေကြောင်း သိရှိရသည်။

ပုသိမ်မြို့အတွင်း ဖေဖော်ဝါရီ (၁၃)ရက် ည (၀၇၃၀)အချိန်မှ စ၍ အကြမ်းဖက် စခ fawကား (၁)စီး စခအင်အား (၇)ယောက်ခန့် ၊ အချုပ်ကား (၁)စီး၊ ဒလန်များမှ ဆိုင်ကယ်များဖြင့် လှည့်ပတ် ၍ အလုပ်ပြန်၊ လမ်းပေါ်ရှိ ပြည်သူများကို စစ်မှုထမ်းပေါ်တာဆွဲသွားကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲရာတွင် စခကားမှ ကင်းပတ်၍ အချုပ်ကားသည် မှောင်ရိပ်ခိုကာ စစ်ဆေးဖမ်းမိသူများအား ဆိုင်ကယ်နှင့် လူပါ တစ်ခါတည်း အချုပ်ကားပေါ်တင်ခေါ်သွားပြီး အမှတ် (၆)၊ အမှတ် (၄)၊ အမှတ် (၈)ရပ်ကွက်များမှ ဆိုင်ကယ် (၁၇)စီး ၊ ဘီယာထိုင်သောက်နေသော အမျိုးသား/သမီးများ ၊အလုပ်ပြန်လူငယ်များအပါ  (၃၅)ဦး ဝန်းကျင် အဖမ်းဆီးခံ  ရှိနေသည့်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။🛑

#14.2.2025 Friday
# သတင်းပေးပို့လိုပါက
# @specialnewspt007
# သတင်းအထူးတပ်ဖွဲ့-ပုသိမ်
# https://t.me/newsspecialforces

1 Jahr, 5 Monate her
သတင်းအထူးတပ်ဖွဲ့ - PATHEIN
1 Jahr, 5 Monate her
သတင်းအထူးတပ်ဖွဲ့ - PATHEIN
1 Jahr, 7 Monate her

♦️ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ငပု‌တောမြို့နယ်၊ပိုးလောင်းအုပ်စု၊ကုက္ကိုကျေးရွာတွင်နေထိုင်သည့် မောင်ဖိုးချို+မရွေဇင်ဦးဆိုသူတို့မှ ကျေးရွာအတွင်း တရားမဝင်သစ်/လုပ်ငန်း အသေးအကြီးများရှိသည်ဟုဆိုကာ အိမ်အမည်၊ သစ်များသိမ်းထားသည့်နေရာ‌တွေပါ တိုင်းရဲမင်းကြီးထံတိုင်ကြားမှုကြောင့် တိုင်းရဲတပ်ဖွဲ့မှ ရဲမှူး အောင်လှိုင်မိုး၊စခ၊နယ်မြေခံရဲ၊သစ်တောအဖွဲ့ အင်အား(၃၀)ခန့် ကား(၂)စီးဖြင့် ယမန်နေ့ ဒီဇင်ဘာလ(၅)ရက်၊(၂၀၀၀)အချိန် ဝင်ရောက်ရှာဖွေဖမ်းစီးခဲ့ကြောင်း သိရသည်။

ဖိုးချို၏တိုင်ကြားချက်တွင်(၄)အိမ်ကို အဓိကထားတိုင်ကြားခဲ့သော်လည်း တစ်ရွာလုံး ရှာဖွေဖမ်းဆီးခံခဲ့ကြရပြီး တစ်လုံးထွက်သစ်ပွ၊ပျဥ်းကတိုးသစ်များကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖိုးချို၏နေအိမ်ကို တိုင်ကြားသူဖြစ်၍ ဝင်ရောက်ရှာဖွေခြင်းမပြုသည့်အတွက် ရွာသားများမှမကျေနပ်၍ ၎င်းအိမ်ကို ရှာဖွေပေးရန် ရဲမှူးအောင်လှိုင်မိုးအား ပြောဆိုရာမှ ဝင်ရောက်ရှာဖွေစဉ် စပါးဖြင့်အုပ်ထားသည့် ပျဥ်းကတိုးသစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖိုးချို၏ တိုင်ကြားမှုကြောင့် ယနေ့မနက်ထိ ရှာဖွေဖမ်းဆီးနေဆဲဖြစ်ကာ ကုက္ကိုရွာတစ်ရွာလုံး သစ်များဖမ်းဆီးခံရပြီး ၎င်းပါ ပြန်လည်ဖမ်းဆီးခံရကြောင်း သိရသည်။ သိမ်းဆည်းရမိသည့် သစ်ပွ၊ပျဉ်းကတိုးသစ်များကို တန်အရေအတွက်တိုင်းတာနေကြကာ စုစုပေါင်းဖမ်းမိသည့် သစ်တန်ရေးမသိရသေးကြောင်းနှင့် ကျေးရွာအတွင်း ကားလိုင်စင်၊ဆိုင်ကယ်လိုင်စင်များ စစ်ဆေးရန် ပြုလုပ်လျှက်ရှိပြီး အိမ်ပေါ်တင်ထားလည်း လိုင်စင်မရှိရင်ဖမ်းဆီးမည်ဟု အကြမ်းဖက်ရဲတပ်ဖွဲ့မှ ပြောဆိုနေကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် သစ်များကို တစ်တန်မပြည့်ပါက ပြန်လည်လွှတ်ပေးပြီး တန်ရေ အများရှိသူများကိုသာ သိမ်းယူပြီး ကဗျဉ်းလွတ်သို့ ပို့ပေးရမည်ဟု သိရှိရသည်။
တိုင်ကြားသူသည် ၎င်းကျေးရွာတွင် သစ်တန်ရေများစွာရှိပြီး ကားသုံးစီးတိုက် ရှိသည်ဟု ပြောကြားခဲ့သော်လည်း ယခုဖမ်းဆီးရာ ကားတစ်စီးတိုက်ပဲ ရှိသဖြင့် ပိုးလောင်းကျေးရွာသို့ ဆက်လက်ရှာဖွေ ဖမ်းဆီးမည်ဟု ကနဦးသိရှိရသည်။♦️

#?6.11.2024 Friday
#?သတင်းပေးပို့လိုပါက
#?@specialnewspt007

1 Jahr, 7 Monate her
သတင်းအထူးတပ်ဖွဲ့ - PATHEIN
1 Jahr, 7 Monate her
သတင်းအထူးတပ်ဖွဲ့ - PATHEIN
1 Jahr, 10 Monate her

?အရေးတော်ပုံ  အောင်ရမည်?

?မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် PSTF scout channel ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# ?သတင်းပေးပို့လိုပါက
# ?@specialnewspt007

1 Jahr, 10 Monate her

?အရေးတော်ပုံ  အောင်ရမည်?

?မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် PSTF scout channel ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# ?သတင်းပေးပို့လိုပါက
# ?@specialnewspt007

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 11 months ago