သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 6 days, 14 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 1 week ago

2 weeks, 3 days ago

♦️ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ငပု‌တောမြို့နယ်၊ပိုးလောင်းအုပ်စု၊ကုက္ကိုကျေးရွာတွင်နေထိုင်သည့် မောင်ဖိုးချို+မရွေဇင်ဦးဆိုသူတို့မှ ကျေးရွာအတွင်း တရားမဝင်သစ်/လုပ်ငန်း အသေးအကြီးများရှိသည်ဟုဆိုကာ အိမ်အမည်၊ သစ်များသိမ်းထားသည့်နေရာ‌တွေပါ တိုင်းရဲမင်းကြီးထံတိုင်ကြားမှုကြောင့် တိုင်းရဲတပ်ဖွဲ့မှ ရဲမှူး အောင်လှိုင်မိုး၊စခ၊နယ်မြေခံရဲ၊သစ်တောအဖွဲ့ အင်အား(၃၀)ခန့် ကား(၂)စီးဖြင့် ယမန်နေ့ ဒီဇင်ဘာလ(၅)ရက်၊(၂၀၀၀)အချိန် ဝင်ရောက်ရှာဖွေဖမ်းစီးခဲ့ကြောင်း သိရသည်။

ဖိုးချို၏တိုင်ကြားချက်တွင်(၄)အိမ်ကို အဓိကထားတိုင်ကြားခဲ့သော်လည်း တစ်ရွာလုံး ရှာဖွေဖမ်းဆီးခံခဲ့ကြရပြီး တစ်လုံးထွက်သစ်ပွ၊ပျဥ်းကတိုးသစ်များကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖိုးချို၏နေအိမ်ကို တိုင်ကြားသူဖြစ်၍ ဝင်ရောက်ရှာဖွေခြင်းမပြုသည့်အတွက် ရွာသားများမှမကျေနပ်၍ ၎င်းအိမ်ကို ရှာဖွေပေးရန် ရဲမှူးအောင်လှိုင်မိုးအား ပြောဆိုရာမှ ဝင်ရောက်ရှာဖွေစဉ် စပါးဖြင့်အုပ်ထားသည့် ပျဥ်းကတိုးသစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖိုးချို၏ တိုင်ကြားမှုကြောင့် ယနေ့မနက်ထိ ရှာဖွေဖမ်းဆီးနေဆဲဖြစ်ကာ ကုက္ကိုရွာတစ်ရွာလုံး သစ်များဖမ်းဆီးခံရပြီး ၎င်းပါ ပြန်လည်ဖမ်းဆီးခံရကြောင်း သိရသည်။ သိမ်းဆည်းရမိသည့် သစ်ပွ၊ပျဉ်းကတိုးသစ်များကို တန်အရေအတွက်တိုင်းတာနေကြကာ စုစုပေါင်းဖမ်းမိသည့် သစ်တန်ရေးမသိရသေးကြောင်းနှင့် ကျေးရွာအတွင်း ကားလိုင်စင်၊ဆိုင်ကယ်လိုင်စင်များ စစ်ဆေးရန် ပြုလုပ်လျှက်ရှိပြီး အိမ်ပေါ်တင်ထားလည်း လိုင်စင်မရှိရင်ဖမ်းဆီးမည်ဟု အကြမ်းဖက်ရဲတပ်ဖွဲ့မှ ပြောဆိုနေကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် သစ်များကို တစ်တန်မပြည့်ပါက ပြန်လည်လွှတ်ပေးပြီး တန်ရေ အများရှိသူများကိုသာ သိမ်းယူပြီး ကဗျဉ်းလွတ်သို့ ပို့ပေးရမည်ဟု သိရှိရသည်။
တိုင်ကြားသူသည် ၎င်းကျေးရွာတွင် သစ်တန်ရေများစွာရှိပြီး ကားသုံးစီးတိုက် ရှိသည်ဟု ပြောကြားခဲ့သော်လည်း ယခုဖမ်းဆီးရာ ကားတစ်စီးတိုက်ပဲ ရှိသဖြင့် ပိုးလောင်းကျေးရွာသို့ ဆက်လက်ရှာဖွေ ဖမ်းဆီးမည်ဟု ကနဦးသိရှိရသည်။♦️

#📆6.11.2024 Friday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007

2 weeks, 3 days ago
သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺
2 weeks, 3 days ago
သတင်းအထူးတပ်ဖွဲ့ -Pathein 🔺Scout Channel 🔺
3 months, 2 weeks ago

?အရေးတော်ပုံ  အောင်ရမည်?

?မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် PSTF scout channel ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# ?သတင်းပေးပို့လိုပါက
# ?@specialnewspt007

3 months, 3 weeks ago

?အရေးတော်ပုံ  အောင်ရမည်?

?မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်နီးစပ်ရာ စခလှုပ်ရှားမှုသတင်းများ ပေးပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့အင်အားဖြင့်  ပါဝင်ကူညီ‌ပေးကြပါရန် PSTF scout channel ရဲဘော်များမှ မေတ္တာရပ်ခံချင်ပါသည်။

# ?သတင်းပေးပို့လိုပါက
# ?@specialnewspt007

3 months, 3 weeks ago

?ရခိုင်ပြည်နယ် ဂွမြို့-ငါးသိုင်းချောင်းလမ်း ဗေဒါဂိတ်နဲ့ဂွကြား ဒေါင်းချောင်းမှ ဝင်ရသည့် ဆင်ဝိုင်းရွာတွင် PDF များခိုအောင်းသည်ဟုဆိုကာ ဩဂုတ်လ (၆)ရက်နေ့တွင် နေအိမ်များကို ဖျက်ဆီးခဲ့ပြီး မကြာခဏ စခအင်အား (၇၀)ခန့်ဖြင့် စစ်ကြောင်းထိုးနေကာ သာပေါင်းမြို့နှင့် မိုင်(၃၀)ခန့်အကွာမှာရှိသည်ဟု ခန်မှန်းသိရသည်။ ပုသိမ်မြို့နယ် ဘောမိဘက်ထိ  ဂွမြို့နှင် နယ်စပ်လမ်းပိုင်းအဆင်ပြေသဖြင့် စခများ အထူးသတိထားနေရသည့် နေရာတစ်ခုဟု သိရသည်။

နေအိမ်များဝင်ရောက်ဖျက်ဆီးစဉ်က မိုးရာသီမို့ ရွေ့ပြောင်းရသည်မှာမလွယ်ကူသဖြင့်  ပြည်သူများမှ တောင်းပန်နေသည့်ကြားမှ အိမ်ခြေ (၁၀၀) ကျော်အား အကြမ်းဖက်စခများမှ မီးရှို့ဖျက်ဆီးသည့်အပြင် တောင်ခြေများအထိမိုင်းထောင်ထားကြောင်းသိရပြီး သစ်ခိုးထုတ်သည့် ကုန်သည်များလည်း အကြမ်းဖက်စခများ၏ ငွေတောင်းအရမ်းကြမ်းလွန်းသောကြောင့် လုပ်ငန်းများအရှုံးပေါ်၍ အလုပ်နားထားရကြောင်းသိရသည်။

ဧရာဝတီနဲ့ ရခိုင်ဘက်သို့  စစ်လမ်းကြောင်းတွေက အိမ်စီးကား‌တွေနဲ့ဘဲ သွားနေကြတယ် စစ်အင်အား ဖြည့်တာတွေကို‌လဲ ငသခ လမ်းပိုင်းကနေခုရက်ပိုင်း အသုံးမပြုတော့ဘဲ မြန်အောင် ကြံခင်း လမ်းပိုင်းဘက်ကနေ ဒေါင့်ချောင်းလမ်းကို  အသုံးပြုနေကြောင်း သိရှိရသည်။♦️

#? 2.9.2024  Monday
# ?သတင်းပေးပို့လိုပါက
# ?@specialnewspt007

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 6 days, 14 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 1 week ago