ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 20 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 2 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 3 months, 2 weeks ago
နမ့်ခမ်းမြို့ နှင့် ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် သေဆုံးသူ ပြည်သူ ၂၀ ဦးမှာ ကလေးငယ် ၇ ဦး၊ ကိုယ်ဝန် ဆောင် မိခင်၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုနှင့် အပြစ်မဲ့ ပြည်သူများဖြစ်ပြီး ပရဟိတသမားတစ်ဦးပါဝင်
ရန်ကုန်၊ စက်တင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ လူနေရပ်ကွက်များနှင့် ဖယ်ခုံမြို့၊ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် သေဆုံးသူ ပြည်သူ ၂၀ ဦးမှာ ကလေးငယ်များ၊ အမျိုးသမီးငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်၊ သက်ကြီးရွယ်အိုနှင့် အပြစ်မဲ့ ပြည်သူများဖြစ်ပြီး ပရဟိတသမားတစ်ဦးပါဝင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
စစ်တပ်၏ ဗုံးကျဲမှုကြောင့် နမ့်ခမ်းမြို့တွင် ကလေးငယ်၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး ဖယ်ခုံမြို့တွင် ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၆ရက်၊ နံနက် ၁ နာရီ ၃၅မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးသို့ ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ပြီး ယင်းသို့ ကျဲချမှုကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးသွားခဲ့ကြောင်း၊ ကလေးငယ် ၂ ဦး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ပြီး သေဆုံးသွားသည့် အထဲတွင် ကိုယ်ဝန် ဆောင် အမျိုးသမီး တစ်ဦးပါဝင်ကြောင်း သိရှိရသည်။
နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုတွင် ကရုဏာပရဟိတအဖွဲ့ဝင် အိုက်လင်းနှင့် ကိုယ်ဝန်ဆောင် ဇနီးသည်၊ ကလေး ၁ ဦး တို့လည်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၂ နှစ်အရွယ် စိုင်းလိန်လိန်ဆိုသော ကလေးငယ် ၁ ဦး၊ ဒေါ်ဆောင်ဌေး၊ မရွှေအိမ်တို့လည်းပါဝင်ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ည ၉ နာရီ ၃၀ မိနစ် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်များ၊ ဆရာမများနှင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ရကြောင်း၊ မိသားစုလိုက် သေဆုံးမှုလည်းရှိပြီး ညအိပ်ချိန်ဖြစ်၍ အားလုံး အနားယူ အိပ်စက်ကြချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသူအရေအတွက် အနေဖြင့် ကလေး ၅ ဦး၊ အမျိုးသမီး ၂ ဦးနှင့် စစ်ဘေးရှာင် ၂ ဦးတို့ ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၆ ဦးရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- သေဆုံးသွားကြသည့် အပြစ်မဲ့ပြည်သူနှင့်ကလေးငယ်များ။
Photo- CJ ။
ပြည်တွင်းနေ ပြည်သူတွေအပေါ်
မအလ ထုတ်ပြန်ချက်တွေ အမိန့်တွေ တစ်ခုပြီး တစ်ခု ထုတ်ပြီး တရစ်ခြင်း ရစ်နေတာ နာရကောင်းမှန်းမသိ ဆန့်ကျင်ရကောင်းမှန်းမသိ တွန်းလှန်ရကောင်းမှန်းမသိ
ဘာမှ မဖြစ်သလ်ု ပေါ့ပေါ့နေ ပေါ့ပေါ့စား ပေါ့ပေါ့တွေးပြီး အပျော်မက်နေကြတဲ့သူတွေ အများကြီး။
ခင်ဗျားတိူ့ တစ်ရက်ကို ထမင်းတစ်နပ် နေ့ည ပေါင်းစားပြီး အသက်ဆက်ရမယ့်
အချိန်တခု ရောက်လာမယ်။
ကျန်းမာရေး မကောင်းလို့ ဆေးဝယိသောက်ဖို့ သောက်ရမယ့်ဆေး ဝယ်မရလို့
သေရမယ့် အချိန်တခု ရောက်လာမယ်။
ခင်ဗျားတို့ရဲ့ နေထိုင်မှု့ အတွေးအခေါ် မပြင်တရွေ့ ကြီးမားတဲ့ ကပ်ဘေးကို ကောင်းကောင်း ရင်ဆိုင်ရမယ်။
အဲဒီချိန်ကြ နောင်တ မရကြနဲ့
မရှိခဏ
မုဆိုး
CDM ဝန်ထမ်းတွေ အခြားသော လူမူ့ရေးအသင်းအဖွဲ့တွေ ပြည်ပမှာရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားများး..
ရခိုင်ပြည်နယ် စစ်အာဏာရှင် ကင်းစင်တဲ့ မြို့တွေ နယ်တွေမှာ ကျန်းမာရေး ပညာရေး အခြားသော လူမှု့ပတ်ဝန်းကျင်တွက် တာဝန်ထမ်းဆောင်ချင်သော သူများ
တာဝန်ထမ်းဆောင်လို့ ရပါပြီ။
ကျနော်နဲ့လည်း ချိတ်ဆက်လို့ရပါတယ်။ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်
ကူညီဆောင်ရွက်ပေးပါ့မယ်။
မရှိခဏ
မုဆိုး
မြန်မာ့နွေဦးတော်လှန်ရေးက မျက်မှေးနဲ့ သိန်းငှက်တို့ အားပြိုင်ပွဲမှာ နှဲသမားပါးလိုဘဲ..
????
မျက်မှေး ခြိန်းခြောက်သလို သိန်းငှက်လည်း ဒီရက်ပိုင်း ဘာထုတ်ပြန်အုံးမလည်း
စောင့်ကြည့်ရမှာပေါ့။
ကျနော်ကတော့ ပြညိသူလူထု အားကိုပဲ မှီစေချင်တယ်။
မျက်မှေးဘက်က ဘယ်လောက်ပဲ တားစီးတားစီး TNLAကို ပြည်သူလူထုက
အားကိုးတယ် ထောက်ခဲတယ် စစ်အာဏာရှင်ကျဆုံးတဲ့ အထိ စစ်ပွဲတွေကို အရှိန်မရပ်ဖို့ တိုက်ပေးဖို့ ဝိုင်းထောက်ခံကြရင် မျက်မှေး ဘာလုပ်လို့မရဘူး။
မျက်မှေးက သူ့အကျိုးစီးပွား သူ့နိုင်ငံသားတွေ ရင်းနှီးမြုပ်နှံတဲ့ အကျိုးစီးပွားကို
ထိခိုက်လာရင် ချဉ်းကပ်နေကြ ထုံးစံအတိုင်းပဲ။ ကိုယ့်နိုင်ငံထဲက ပြည်သူတွေ နေ့စဉ်နဲ့အမျှ မအလ သ -တ -် လို့ သေနေတာ မနည်းဘူး။ အဆောက်အဦးတွေကို လေယာဉ်နဲ့ ဗုံးကြဲလို့ ပျက်စီးကုန်တာလည်း လူတိုင်းအသိ။ မအလကို လေယာဉ်နဲ့ ဗုံးမကြဲဖို့
ပြည်သူဘုကို ထိခိုက်နေတာ မဖြစ်သင့်ဘူး ရပ်သန့်က ရပ်ဖို့ တားစီးတာ ထုတ်ပြန်တာ
တခါမှ မရှိခဲ့ဘူး။ အမှန်တကယ် မအလကို တားရမှာ မတားပဲ EAOတွေကို ခြိန်းခြောက်တာ ရပ်သန့်ခိုင်းတာ တဖက်သက် ဆန်လွန်းတယ်။
တိုင်းရင်းသားတွေ အနေနဲ့ကလည်း ဒီချိန်က မျိုးချစ်စိတ်ကို အကောင်အထည်ဖော်ရမယ့် အချိန်ပါပဲ။ မအလကြောင့် ကိုယ့်လူမျိုးတွေ ဘယ်လောက်သေတာ၊ ဘယ်လောက်ထိ ဘဝပျက်ကုန်တာ အိမ်ယာမဲ့တွေ ဘယ်အတိုင်းအတာထိ ဖြုစ်ကုန်တာ မျက်မှေးတွေထက် ပိုသိပါတယ်။ ကိုယ့်တိုင်းရင်းသား ကိုယ့်ပြည်သူတွေ ကိုယ်ြနိုင်ငံသူ နိူငိငံသားတွေအပေါ် တကယ်ချစ်ရင် အနာဂတိကို ထည့်တွေးပေးရင်
ဆုံးဖြတ်ချက်တွေ မှန်ကန်မယ်လို့့ ယုံကြည်မိပါတယ်။
ပြည်သူတစ်ဦးအနေနဲ့ တောင်းဆိုချင်တာက လက်သလောမှ ခက်ခဲမယ်မှနိးသိပေမယ့် စစ်အာဏာရှင်လူတစ်စု မရှိတော့ရင် လူမျိုးတိုင်း န်ုင်ငံသားအားလုံးရဲ့ အနာဂတ်က ဒီထက်မက ပိုပြီး လှပတောက်ပလာကြမှာ ဖြစ်တာမို့ ပြည်သူလူထုအနေနဲ့ အားကိုးလျင်ပါတယ်။ ပြည်သူ့ဆန္ဒအများစုက ခေါင်းဆောင်တွေအားလူံးလည်း သိထားပြီးသားမို့ လက်သလော ကြုဲနေရတဲ့ အခက်အခဲအကြပ်အသည်းကို ရင်ဆိုင်ပြီး တော်လှန်ရေးခရီးကို ပန်းတိုင်ရောက်တဲ့ထိ ရှေ့ဆက်ပေးပါလို့ မေတ္ဆာရပ်ခံပါရစေ။
မရှိခဏ
မုဆိုး
မန်းက သမိုင်းအမွေအနှစ်တွေ ပျက်စီးမှာကြ စိတ်ပူတယ်
ရခိုင်က ရှေ့ဟောင်းအမွေအနှစ်တွေကို လေယာဉ်နဲ့ ဗုံးကြဲ ဖျက်စီးလိုက်တာကြ
ဘာသံမှ မထွက်ကြဘူး..
ကိုယ်တိုင်က ဓမ္မဘက်တော်သားလို့ ခံယူထားကြရင်
အခု ကျနော်ပြောတာ တရားလား မတရားလား မှန်ကြည့်ပြီး မေးခ္နန်းထုတ်ကြည့်ပါ
ခင်ဗျားတို့နေရာမှာ ကျုပ်သာဆို အရမ်းရှက်တယ်
မရှိခဏ
မုဆိုး
ယနေ့ 26/8/2024 အောင်မဂ်လာ ရပ်ကွက် ဘောမအုပ်ကြီး သန်းမြင့်ဦးစီးပြိး တာမွေ နှင်းဆိလမ်း၊ဘိုလိန်းအောင်မဂ်လာရပ်ကွက်ရှိအိမ်များကို စစ်မှုထမ်းရန် သန်းခေါင်စာရင်းမှာ အသက်ပြည့်သူများ စစ်မှုထမ်းရန်အတွက်အိမ်ရှိအုပ်ထိန်းသူမိဘများကို မနက်ဖြန် 27/8/2024 ရပ်ကွက် ဓမာရုံ တွင်အစည်းအဝေးလုပ်ရန်ဆင့်ခေါ်ထားေကြာင်း ၊အကယ်၍ ကျောင်းတက် နိုင်ငံခြားသွားသူများ အတွက် သန်ခေါင်စာရင်းနဲ့အထောက်အထားအပြည့်အစုံယူလာပြခိုင်းကြောင်း ကနဦးသတင်းသိရှိရပါသည်။
7:08 pm
@TM_Informer
အကြောင်းအရာတခု ပေါ်လာရင် အဲဒီအကြောင်းအရာပေါ်မှာ ကိုယ်တိုင် သိအောင် ကြိုးစားရမယ်..
အကြောင်းအရာကို သိပြီးဆိုရင် ဒီအကြောင်းအရာက အများသိသင့်တဲ့ အကြောင်းအရာလား လျို့ဝှက်သင့်တဲ့ အကြောင်းအရာလား ကိုယ်တိုင် စဉ်းစား
အဖြေရှာရမယ်...
တော်လှန်ရေးတွက်ဖြစ်ဖြစ် လူ့ပတ်ဝန်းကျင်တွက်ပဲ ဖြစ်ဖြစ် မိသားစုအတွက်ပဲဖြစဲဖြစ် ကိုယ်တိုင်က အမှိုက်ထုပ် မဖြစ်စေနဲ့။
ကိုယ်က အမှန်ကို သိထားလို့ မပြောသင့်တဲ့အရာကို မထိန်းသိမ်းပဲ ငါသိတယ်ဆိုတဲ့
လူတွေက ငါ့ကို အာရူဲစိုက်ဖို့အတွက် public မှာ လိုက်ဖွနေမယ်ဆိုရင် လူသိတာက လွဲပြီး ဘာမှ ကိုယ့်တွက် ထူးမလာပေမယ့်လည်း အဲဒီအကြောင်းအရာက လူ့ပတ်ဝန်းကျင်တွက် အကျိုးပြုစေမယ့် အရာဆိုရင် အများကြီး နစ်နာတယ်။
ထမင်းစားပြီး ကိုယ်စားတဲ့ အစားအသောက်က မစင်ဖြစ်သွားတယ်ဆိုတဲ့
အတွေးအခေါ်လောက်နဲ့ လူမဖြစ်ချင်ကြနဲ့။
မရှိခဏ
မုဆိုး
ညတုန်းကလည်း ကျနော် ရေးပြီးသား ပိုစ်တခုကို ဖျက်လိုက်တယ်။ ဒီမနက် လိုင်းဖွင့်တာနဲ့ copyပိူစ်တွေ အများကြီး ထပ်တွေ့ရပြန်... မြေပြင်အကြောင်း ဘာမှ မသိပဲ လိုက်ယောင်နေတဲ့ အကောင့်တွေ ပိုစ်တွေအများကြီး ဖတ်နေရတယ်။
ညက ကျနော် ပြောသလို ..
ကိုဇွဲနြဲ ပတ်သက်ပြီး ၊ နောက်ဆုံးဗျာ ငဇွဲနဲ့ ပတ်သက်ပြီး ခင်ဗျားတို့မှာ
ကိုယ်ပိုင် ဝေဖန်ပိုင်ခွင့် ဆဲပိုင်ခွင့် ရှ်တယ်။ မကျေနပ်လို့ အုပ်စုဖွဲ့ပြီး သူ့ကို ဝိုင်း - သ-မ
- လိူ့လည်းရတယ်။ နောက်ဆူံးဗျာ....ခင်ဗျားတို့ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လို့ - ရှော့ - လိုက်လို့လည်း ရတယ်ဗျာ...
ဒါပေမယ့် ကိုဇွဲမှာပဲ ရပ်စေချင်တယ်။
အဲဒီထက် ကျော်ပြီး အဖွဲ့အစည်းတွေကို သွားမထိခိုက်စေချင်ဘူး။
သွားမပုတ်ခက်ရဘူး။ ခင်ဗျားတို့ မသိဘူးဆိုရင် မပြောတာ ကောင်းတယ်။
ကျနော့အနေနဲ့လည်း မသိတာကို သိအောင် ရှင်းပြလို့ မရဘူး။
မရှင်းပြရင် ဒီဘက်က နစ်နာမယ်။ ရှင်းပြရင် ဟိုဘက်က နစ်နာမယ်။
ခင်ဗျားတို့က လေနဲ့ ရင်းရတာ။ ဟိုမှာက အသက်နဲ့ ရင်းရတာ ။ မတူဘူး..
တချို့ ရှင်းပြလို့ မရတဲ့ အမှန်တရားတွေ ရှိတယ်။
ရှင်းပြရင် ခင်ဗျားတို့ပဲ နစ်နာမယ်။ ခင်ဗျားတို့က လေနဲ့ အာချောင်နေကြတဒ့သူဆိုတော့ သိပ်မသိသာဘူး။
နောက်တခုက ခင်ဗျားတို့က စကားပြောတဲ့သူကို အရမ်းသဘောကျတယ်။
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘာအသံမှ မထွက်ပဲ အလုပ် လုပ်နေတဲ့သူဆို
စောက်ဖက်တောင် မလုပ်ကြဘူး။ အဲဒီ ေ-စ-ာက်-ကျင့် ဒိနေ့ထိလည်း မပြင်ကြသေးဘူး။
အသံကြောင့် ဖားသေမယ်ဆိုတဲ့ ဥပမာကို လေးလေးနက်နက် တွေးစေချင်တယ်။
မရှိခဏ
မုဆိုး
Liveလွှင့်ပြီး ရှင်းပြမလို့ပဲ
ဦးနှောကိတခြမ်းနဲ့ လူတွေက အတန်းရှင်း ယူတယ်ပြောမှာ မကြိုက်လို့ စာရေးပြီး
ပြောရခြင်းဖြစ်တယ်...
နေမျိုးဇင် မသိတာတွေ အများကြီး။
ပြည်ပရောက် ရွေ့ပြောင်းအလုပ်သမားများရဲ့ စကစထံ အခွန်ဆောင်ရတဲ့ ကိစ္စ အရင်ပြောပြမယ်..
အခွန်စတင်ပြဠာန်းလိုက်တဲ့အချိန်မှာ ပြည်ပမှာ ရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ
ဖြစ်န်ုင်ရင် အခွန်မဆောင်ကြဖို့ ကျနော်ကိုယ်တိုင်လည်း တိုက်တွန်းခဲ့တယ်။ ဒါပေမယ့် အခွန်ဆောင်ကြတဲ့သူတွေကို အဆင့်နိမ့်တဲ့ နိုင်ငံသားဆိုပြီး မသက်မှတ်ခဲ့ဘူး။
ဖြစ်န်ူငရင် အခွန်မဆောင်ကြဖို့ပဲ တိုက်တွန်းစေချင်တယ်။တချို့ပါစ်ပို့ သက်တမ်းတိုးကြရတဲ့သူတွေ အခွန်မဆောင်လို့ မရတဲ့ အခြေအနေနဲ့ ကြုဲနေရတယ်။ အမှန်တကယ်ဆို ဒီကိစ္စက NUGရဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီး အလုပ်သမားရေးရာ ဝန်ကြီးတွေက ဖြေရှင်းပေးရမှာ ဖြစ်တယ်။ သဲတမန်နည်းတွေနဲ့ပေါ့
စကစ ဘက်က ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေစီကနေ အခွန်ကို ဘယ်လိုကောက်လည်း ကျနော်ပြောပြမယ်။ တိတိကျကျ ပြောမှာနော်....
မြန်မာနိုင်ငံကနေ တရားဝင် ပြည်ပကို ထွက်လာတဲ့ လူစာရင်းအတိအကျ MOUမှာ အကုန်ရှိတယ်။ ပြည်တွင်းမှာ ရှိတဲ့ အေဂျင်စီတွေကနေတဆင့် ဘယ်စက်ရုံမှာ လူဦးရေ ဘယ်လောက်ကအစပေါ့။
စကစ ဘယ်လိုလုပ်လည်းဆိုရင် ပြည်တွင်းမှာရှိတဲ့ အေဂျင်စီ ကုမ္မဏီတွေကို အကုန် ထိန်းချုပ်လိုက်တယ်။ ပြီးရင် အေဂျင်စီတေံအကုန်လုံးစီကနေ ကိုယ့် ကုမ္မဏီက ပို့ထားတဲ့ အလုပ်သမားတွေကို စာရင်းကောက်ဖို့ သက်ဆိုင်ရာ နိုင်ငဲတွေစီ အေဂျင်စီ ဝန်ထမ်းတွေကို အကုန်လွှတ်တယ်။ သူတို့ခိုင်းတာ မလုပ်ရင် ကုမ္မဏီကို ချိတ်ပိတ်ပြီး လူကိုပါ အရေးယူတယ်။ စကစ ဘက်က လျီု့ဝှက်စီစဉ်နေတဲ့ ကိစ္စတွေနော်....
အေဂျင်စီတွေက သက်ဆိုင်ရာနိုင်ငံတွေကို သွားပြီး သူတို့ကုမ္မဏီနဲ့ အလုပ်သွင်းပေးထားတဲ့ လူစာရင်းနဲ့ လူ အတိအကျ ရှိ မရှိ စာရင်းကောက်တယ်။ ဥပမာ စက်ရုံတစ်ခုမှာ လွန်ခဲ့တဲ့ ဘယ်နနှစ်က လူဘယ်လောက် အလုပ်သွင်းပေးထားတယ် ဆိုပါတော့ ..
အဲဒီလူတွေ အတိအကျ အဲ့စက်ရုဲမှာ ရှိ မရှိ။ စက်ရုံက ထွက်ပြေးသွားတာ ဘယ်နှစ်ယောက် ဘယ်သူ ဘယ်ဝါကအစ လက်ရှိ ဘယ်လောက်ကျန်ရှိသေး အဆုံးပေါ့။
အကုန် စာရင်းကောက်ပြီးပြီဆိုရင် ကိုယ့်ရဲ့ လစာထဲကနေ အေဂျင်စီတွေက မအလ တောင်းတဲ့ အခွန်က်ု ဖြတ်ပြီးမှ အလုပ်သမား လစာကို ရှင်းပေးတယ်။ တချို့ဆို သူတို့ အခွန်ဆောင်နေရမှန်းတောင် မသိရှာကြဘူး။ အေဂျင်စီနဲ့ လုပ်ငန်းပိုင်ရှင်နဲ့ ညှိနှိုင်းပြီး
လစဉ် လစဉ် လူတစ်ဉီးမှာ ဘယ်လောက်ဆိုတာ အခွန်က ဖြတ်တောက်ပြီးသား။
ဒီလိုဖြတ်တောက်တာ ထိုင်းန်ူင်ငံမှာ ပိုတောင်ဆိုးသေး။ မလေးရှားမှာလည်း ဒီတိုင်းပဲ။
မဖြတ်တောက်ခံရသေးတဲ့ သူတွေကတော့ အေဂျင်စီတွေ စာရင်းကောက်မှာ မပြီးသေးလို့ အခွန်မဆောင်ရသေးတာပဲ ရှ်တယ်။
ဒီလိုအခြေအနေမှာ ဒီရွေပြောင်းအလုပ်သမားတွေကို တဆင့်နိမ့်တဲ့ နိုင်ငံသားတွေလို့ သတ်မှတ်လို့ မရဘူး။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလည်းဆိုတာက အဓိက ကျတယ်။ ( ဖြေရှင်းပုဲ ဖြေရှင်းနည်း ကျနော်တို့မှာတော့ နည်းလမ်းရှိတာပေါ့။ ထားလိုက် )
ကိုယ်မသိတဲ့ အကြောင်းအရာတွေပေါ်မှာ တဖက်သက် မပြောတာကောင်းတယ်။
လက်ရှိတော်လှန်ရေးမှာ ထောက်ပံ့နေတာ ပြည်ပအင်အားက ၇၅%လောက် ရှိတယ်။
အဲလောက်တော့ တွေးစေချင်တယ်။ အဲဒါတောင် လူအကုန် မပါသေးဘူး။ ပြည်ပရောက် မြန်မာန်ုင်ငံသားတွေရဲ့ ၂၅%လောက်ပဲ ပါဝင်ကြသေးတယ်။။ မပါဝင်ကြတဲ့သူတွေ အများကြီး။ မပါဝင်ကြသေးတဲ့ သူတွေ ပါဝင်လာအောင် ကျနော်တို့ ဘယ်လို စည်းရုံးရမလည်း ဒါတွေကို တွေးပြီး အကောင်အထည်ဖော်ရမှာဖြစ်တယ်။
အဓိက ပြောချင်တာက အခွန်ကိစ္စ..
နိုင်ငံခြားရေးရာဝန်ကြီး၊, ပြည်ထဲရေးဝန်ကြီးနဲ့ အလုပ်သမားရေးရာဝန်ကြီးတွေက သက်ဆိုင်ရာနိုင်ငံတွေနဲ့ သံတမန်နည်းလမ်းသုံးပြီး ဘယ်လ်ုဖြေရှင်းမလည်း အဓိကကျတယ်။ ကျနော်တို့အနေနဲ့ဆို သက်ဆိုင်ရာနိုင်ငံတွေနဲ့ သံတမန်နည်းကို သုဲးပြီး
သက်ဆိုင်ရာနိုင်ငံတွေမှာ NUG ရုံး ဖွင့်လို့မရသေးရင်တောင်မှ NUGရုံး ဖွင့်ထားပြီးတဲ့ နိုင်ငံတွေမှာ အွန်လိုင်းကဖြစ်ဖြစ် ပါစ်ပို့သက်တမ်းတိုးပြီး အခွန်ငွေရှာလိုက်မယ်။
ေ-ခွး-မ-သားကို အခွန်ပေးမယ့်အစား ကိုယ့်အစိုးရကို ပေးမှာပေ့ါ။ ပြည်ပရောက် အလုပ်သမားတွေအတွက်လည်း အဆင်ပြေတယ်။ ပါစ်ပို့လည်း အသိမ်းမခံရတော့ဘူး။ အခုဆို သက်တမ်းတိုးရင် ပါစ်ပို့အသိမ်းခံရမှာ စိုးရိမ်နေကြတဲ့ ပြည်ပထောက်ပို့တွေ အများကြီး။ ပါစ်ပို့အသိမ်းခံရမှာကြောက်ပြီး သက်တမ်းမတိုးပဲနေတဲ့ တော်လှန်ရေးကို ကူနေကြတဲ့သူတွေထဲမှာ သက်ဆိုင်ရာ နိုင်ငံရဲ့ ဖမ်းစီးခြင်းကို ခဲရပြီး ထောင်ကျသွားတဲ့ သူ ပြန်ပို့ခံလိုက်ရတဲ့သူတွေလည်း အများကြီး။ အမှန်တကယ် ဒါတွေကို ဖြေရှင်းရမှာ။
ထောက်ပို့ဆိုတာ တော်လှန်ရေးရဲ့ ရေသောက်မြစ်ပဲ။
တဆငိ့နိမ်း န်ုင်ငံသားတွေလို့ စော်ကားတာ မကြိုက်ဘူးဗျာ
မရှိခဏ
မုဆိုး
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 20 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 2 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 3 months, 2 weeks ago