ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

Description
ကျွန်းလှ ကန့်ဘလူ သတင်း အပါအဝင် ကျန်အရေးကြီး သတင်းများကို တင်ပေးမည်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago

1.2.2025/12:20pmကန့်ဘလူ ၆၀၀၆ မှ ထွက်လာသော စစ်‌ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၀၀ ခန့်သည် ကား ၃ စီးဖြင့် ကျွန်းလှဘက်သို့ဦးတည်ထွက်ခွါနေကြောင်းသိရသည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

1 year, 1 month ago

30-1-25/3:10PM ကန့်ဘလူ ၆၀၀၆ မှ ထွက်လာသော ၁၂ ဘီးကားတစ်စီးဖြင့် စစ်ကောင်စီအင်အား ၅၀ ခန့် နတ်အင်းရွာသို့ ရောက်ရှိနေကြောင်းသိရသည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

1 year, 1 month ago

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီဘက်မှ ပြည်သူ ၁၀၀ ခန့်အား အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေ။

ဇန်နဝါရီ ၂၉၊၂၀၂၅။

ဇန်နဝါရီ ၂၉ ရက်နေ့ မနက်တွင် ဇီးကုန်းမြို့ပေါ်ရပ်ကွက်များ၊နဂါးပေါ်ရွာနှင် ပုပ္ပါးရွာတို့မှ ပြည်သူ ၁၀၀ ခန့်အား စစ်ကောင်စီတပ်ဖွဲ့၊ပျူနှင့် ကန့်ဘလူမြို့နယ် ရဲမှူးအပါအဝင် ရဲများမှ အင်အားအလုံးအရင်းဖြင့် အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေကြောင်း မြေပြင်သတင်းပေးပို့ချက်များအရသိရသည်။
ယနေ့မနက်တွင် ကန့်ဘလူမြို့မှ မြို့နယ်ရဲမှူးအပါအဝင် ယူနီ‌ဖောင်းအစုံအင်အားအပြည့် ရဲကား ၃ စီးဖြင့် ဇီးကုန်းမြို့သို့ရောက်ရှိခဲ့ပြီး၊ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ၎င်းတို့သည် ဇီးကုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်၊ပျူစောထီးများနှင့် ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်များအား အတင်းအဓမ္မလိုက်လံဖမ်းဆီးခဲ့သည်။ထို့နောက်နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ၎င်းစစ်ကောင်စီတပ်၊ပျူနှင့်ရဲပူးပေါင်းအဖွဲ့သည် နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာအတွင်းသို ကားများဖြင့်ဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူများအား အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး ဇီးကုန်းသကြားစက်သို့ ကား ၄ စီးဖြင့် ခေါ်ဆောင်သွားကြောင်းသိရသည်။

“မနက်၉ နာရီကျော်မှာ ဇီးကုန်းတစ်မြို့လုံး ရှုပ်ယှက်ခတ်နေတာ အင်အားအလုံးအရင်းနဲ့ပေါ်တာဆွဲတာ၊အဲ့ဒါတင်မကဘူး၊ဇီးကုန်းနဲ့ကပ်လျက်က နဂါးပေါ်နဲ့ ပုပ္ပါးရွာတွေဘက်မှာ ထပ်ဆွဲတာ ဘယ်ဆီကဘယ်နှစ်ယောက်ဆိုတာ အတိအကျမသိသေးပေမယ့် ဖမ်းခံရတာ ၁၀၀ လောက်ရှိတယ်လို့ ပြောကြတယ်။အစက ဇီးကုန်းသကြားစက်ခေါ်သွားတယ်၊အဲ့ဒီကနေ ကား၄ စီးနဲ့ ဇီးကုန်းဘက်ပြန်ခေါက်တယ်လို့သိရတော့ ကန့်ဘလူ ၆၀၀၆ ကို တန်းပို့မလားမသိဘူး၊သားသမီးပါသွားတဲ့ မိဘတွေတော့ အရူးတပိုင်းဖြစ်နေတယ်၊ပိုက်ဆံတတ်နိုင်တဲ့သူကတော့ ရွေးလို့ရမလားပေါ့ဗျာ၊မတတ်နိုင်တဲ့သူကတော့ ဘာတတ်နိုင်မလဲ ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝက မရူးရုံတမယ်ပဲ” ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။

ကန့်ဘလူမြို့နယ် အတွင်း ပျူခေါင်းဆောင်ဝါသဝနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ကြီးများမှဦးဆောင်၍ စစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများအား ဇန်နဝါရီ ၁၅ ရက်နေ့မှစ၍ ကျေးရွာတချို့နှင့် မြို့ပေါ်ရပ်ကွက်များတွင် အားတက်သရောလုပ်ဆောင်ခဲ့ကြသည်ကို ကန့်ဘလူမြို့ ဗျူဟာမှူးပင် မသိရှိခဲ့ကြောင်းကြားသိရသည်။“သူတို့အချင်းချင်းလဲ သိပ်မတည့်ကြဘူ၊ အဲ့ကိစ္စ ဗျူဟာမှူးက တအားစိတ်ဆိုးတာ ခင်ဗျားတို့လုပ်နေတာမြို့ပေါ်လူလဲ ကုန်နေပြီ၊ပိုက်ဆံရချင်လို့ ဇွတ်လုပ်နေကြတာ၊ခင်ဗျားတို့သားသမီးတွေကျ စစ်မှုထမ်းမထည့်ဘဲ အဝေးပို့ထားတာ မသိဘူးထင်နေလား” ဟု မြို့ပေါ်အုပ်ကြီးတွေကို ဆူပူကြိမ်းမောင်းခဲ့ကြောင်းလည်း အတွင်းသတင်းတခုမှ ကြားသိရသည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

1 year, 3 months ago

1:04PM ကန့်ဘလူ6006မှ Mi17 တစ်စီးမြောက်ဘက်ဦးတည်ပျံသန်း။

1 year, 3 months ago
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)
1 year, 3 months ago

နှစ်ပတ်ကြာ စစ်ကြောင်းထိုးမှုအတွင်း ကျွန်းလှပြည်သူ ၂၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ခန့်က နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ ၂၀,၀၀၀ နီးပါးမှာ နှစ်ပတ်ကြာသည်အထိ စစ်ဘေးရှောင်နေကြရသည်။
နိုဝင်ဘာ ၂၀ ရက်က ကျွန်းလှမြို့မှ ကံပေါက်ရွာ ပျူစောထီးရွာသို့ ရောက်ရှိလာသည့် ယင်းစစ်ကြောင်းသည် ကုက္ကိုကုန်းရွာအား ၆၀ မမ ဗုံးသီးများသုံး၍ ဒရုန်းသုံး တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာတိုက်နယ်ဆေးရုံ၌ စတင်တပ်စွဲထားခဲ့သည်။ ယင်းရွာသည် ၂၀၁၅ ခုနှစ် ရွေးကောက်ခံ ကြံ့ခိုင်ရေးအမတ် ဦးကျော်ညွန့်၏ ဇာတိရွာလည်း ဖြစ်သည်။ ၎င်းအပြင် ကုက္ကိုကုန်းနှင့်အနီးတဝိုက်ရှိ ကျေးရွာများအား ဂျက်ဖိုက်တာသုံး၍ နိုဝင်ဘာ ၂၀ ရက်က နှစ်ကြိမ်၊ ၂၁ ရက်က နှစ်ကြိမ်၊ ၂၂ ရက်က Mi-35 ဖြင့် နှစ်ကြိမ်၊ ၂၄ ရက်က Mi35 ဖြင့်လေးကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး ဒရုန်းသုံး တိုက်ခိုက်မှု၌ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ရသည်။
ထို့နောက် နှစ်ပတ်ကြာ လှည့်လည်စစ်ကြောင်းထိုးစဉ် တော်လှန်ရေးတပ်ဖွဲ့များအား ထောက်ခံသည်ဟုဆိုကာ ကုက္ကိုကုန်းအား တစ်ကြိမ်၊ မဒေါင်၊ လွှတ်တိုက်နှင့် ဆွဲလှဲရွာတို့အား နှစ်ကြိမ်စီ၊ စုစုပေါင်း ခုနစ်ကြိမ်တိတိ စီးနင်း မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့်အပြင် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူလုယက်ခြင်းများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်ခဲ့သည်။ မြေပြင်သတင်းများအရ ယင်းလုယက်ထားသည့် တန်ဖိုးကြီးပစ္စည်းများအား ကံပေါက်ကျေးရွာ ပျူအထိုင်သို့ ကားများဖြင့် သယ်ဆောင်ကာ ဝေစုခွဲ ရယူနေခြင်းများ ရှိသည်ဟု သိရသည်။
လက်ရှိ စစ်ရှောင်နေကြရသည့် အပြစ်မဲ့ပြည်သူ ၂၀,၀၀၀ နီးပါးမှာ ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ တောင်ယာဆိပ်၊ ကန့်ဘလူမြို့နယ်မှ လက်ခုပ်ပင်ရွာ၊ ကောလင်းမြို့နယ်အတွင်းမှ ရွာသစ်၊ အောင်ချမ်းသာ၊ ပေတပင် စသည့် ကျေးရွာ ၁၂ ရွာမှ ဖြစ်ကာ ဆောင်းတွင်းကာလ၌ပင် အိုးအိမ်စွန့်၍ ဘေးလွတ်ရာ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
ကျွန်းလှမြို့နယ်၊ ဆည်အနီးအနားရှိ ကျေးရွာအများစုမှာ ရွှေနှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများက စီးပွားရေး ပြေလည်ကြကြောင်း၊ အိမ်များ၌ တစ်နှစ်စာ ဆန်/ဆီအား သိုလှောင်ထားလေ့ ရှိကြောင်း၊ ယခုမှာ သီးနှံရိပ်သိမ်းချိန်ဖြစ်ကာ ဒေသခံများလက်၌ ရွှေနှင့် ငွေကြေး ရှိချိန်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးများက ယခုကဲ့သို့စစ်ကြောင်းထိုး မီးရှို့ကာ လုယက်ခြင်း ဖြစ်ကြောင်း၊ ယင်းလုယက်ရရှိသည့် ပြည်သူပိုင် ပစ္စည်းများဖြင့်ပင် အချို့သော ပျူစောထီးများ၏ မိသားစုများမှာ ရွှေ၊ ငွေစုဆောင်းနိုင်ခြင်းနှင့် တိုက်ကဲ့သို့သော နေအိမ်ဆောက်လုပ်နိုင်မှုများပင် ရှိလာကြောင်းလည်း မြေပြင်သတင်းပေးပိုချက်များအရ သိရသည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ဓာတ်ပုံ#နိုဝင်ဘာ ၁၇ ရက်နေ့တွင် လေကြောင်းပစ်ခံရသည့် လိပ်ဆင်းတောင်ရွာမှတ်တမ်း
၄-၁၂-၂၀၂၄

1 year, 3 months ago

1-12-2024/11:55AMကန့်ဘလူ 6006မှ Mi17 တစ်စီး မြောက်တက်

1 year, 3 months ago

1-12-2024/11:19AM မုံရွာနမခမှ Mi 17 တစ်စီး အရှေ့မြောက်ဦးတည်ပျံသန်း

1 year, 3 months ago

24-11-24/4:00PMနမခ တက် Mi-35 တစ်စီးဖြင့် ကျွန်းလှမြို့နယ် မြောက်ခြမ်း တစ်နေရာအား As ပြုလုပ်

1 year, 3 months ago

24-11-24/3:26PMနမခမှ Mi-35 တစ်စီး အရှေ့မြောက်ဦးတည်ပျံသန်း။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago