Speeches for Men

Description
The only channel that was created solely for men.

Subscribe to my main channel
@brotherfigureforyou

Subscribe to my other channels

@speakforwomen

@brandingbybffu

@fitbybffu

@bffuenglish
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 7 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 8 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year, 6 months ago

1 year, 10 months ago

ယောင်္ကျားတစ်ယောက် ဘဝမှာသာမန်ထက်ပိုပြီးအောင်မြင်ဖို့
ဆိုရင် သူ့မှာ

(၁) လိုချင်တာမရခဲ့တဲ့ ငယ်ဘဝရှိ
ဖို့လိုတယ်

(၂) ကလေးဘဝမှာ ကျန်မာရေးခြူခြာပြီး အနိုင်ကျင့်ခံ
အလှောင်ပြောင်ခံခဲ့
ရဖို့လိုတယ်။

(၃) လိုတာထက်ပိုပြီး ဂရုမစိုက်
အလိုမလိုက်တတ်တဲ့ မိဘတွေရဲ့
လက်ထဲမှာ ကြီးပြင်းခဲ့
ဖို့လိုတယ်။

(၄) သူဘယ်လောက်ပဲကြိုးစား
ကြိုးစား အစပိုင်းမှာ ကျရူံးဖို့
လိုတယ်။ ဒါမှလည်း အောက်သက်ကျေပြီး အောင်မြင်မူရဲ့ ဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိ
လိမ့်မယ်။

(၅) သူ့နှလုံးသားကို စုတ်ပြဲသတ်
သွားအောင်ချေမွဖျက်စီးသွားမယ့်မိန်းမတစ်ယောက်
ရှိဖို့လိုတယ်။

(၆) ဘဝကပေးတဲ့ နာကျင်မူတွေကြောင့် စွဲလမ်းမူတွေအောက်မှာ
မပျက်စီးသွားအောင် ကိုယ့်ကိုကို
ထိန်းချုပ်နိုင်တဲ့ သံမဏိလို
မာကြောတဲ့ စိတ်ဓာတ်မျိုး
ရှိဖို့လိုတယ်။

@speakformen
@brotherfigureforyou

1 year, 12 months ago

ယောင်္ကျားတစ်ယောက်ဟာ
ဘဝမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့
အနိုင်ရအောင် ကြိုးစားဖို့လိုတယ်

ဘာ့ကြောင့်လဲဆိုတော့
ဘဝမှာ အရူံးသမားဖြစ်သွားတဲ့
ယောင်္ကျားတစ်ယောက်နားမှာ
ဘယ်သူမှနေချင်မှာမဟုတ်ဘူး။

ဘယ်သူကမှလည်း စာနာ
သနားပြီး ကူညီမှာမဟုတ်ဘူး။
ကယ်တင်မှာမဟုတ်ဘူး။
မင်းကို ကယ်တင်နိုင်တာ
မင်းတစ်ယောက်ပဲရှိတယ်။

ဒါ့ကြောင့် မင်းဟာ
ယောင်္ကျားတစ်ယောက်ဆိုရင်
ဆင်ခြေတွေပေးမနေဘဲ
မင်းလုပ်နိုင်တာမှန်သမျှ
အကုန်လုပ်ပါ။
မင်းရဲ့ အရည်အချင်းတွေကို
အမြဲတမ်းဖြည့်နေပါ။

@speakformen
@brotherfigureforyou

2 years ago

မင်းရဲ့ဘဝမှာ အမေ
နှစ်ယောက်မလိုဘူး

Relationship တစ်ခုမှာ
ကိုယ့်ရဲ့ ချစ်သူမိန်းကလေးက

ကိုယ့်ကို ဂိမ်းတွေညဉ့်နက်တဲ့အထိ မစော့ဖို့
ဆေးလိပ်တွေ အများကြီး
မသောက်ဖို့
အမေတစ်‌ယောက်လို
ဆုံးမနေရတယ်ဆိုရင်
အဲ့ဒီ relationship ဟာ
တစ်ခုခုတော့ လွဲနေပြီ။

ဘာ့ကြောင့်လဲဆိုတော့
မိန်းမတွေဟာ မိခင်စိတ်
ရှိတယ်ဆိုပေမယ့်
အမေလုပ်ချင်လို့
ချစ်သူရည်းစား
ထားတာမဟုတ်ဘူး။

သူ့ထက် အသက်ငယ်ငယ်ကြီးကြီး သူ့ကို ကလေးတစ်ယောက်လို ဆက်ဆံမယ့် ယောင်္ကျားမျိုး

သူ့ရဲ့ ပြောင်းလဲလွယ်တဲ့
ခံစားချက်တွေကို ကောင်းကောင်း
ကိုင်တွယ်နိုင်တဲ့
ရင့်ကျက်မူ
အပြည့်ရှိတဲ့ အဖေတစ်ယောက်လို ယောင်္ကျားမျိုး
ကိုလိုချင်လို့

ချစ်သူရည်းစား
ထားတာလို့ ပြောနိုင်တယ်။

@speakformen

2 years ago

မင်းရေးတဲ့ ကဗျာတွေကို
သူမ စိတ်မဝင်စားဘူး

အမျိုးသားတချို့ဟာ
အသည်းကွဲပြီးတဲ့နောက်မှာ
ကဗျာဆရာတွေ ဖြစ်သွား
လေ့ရှိတယ်။

သူမရဲ့ အချစ်ကို ပြန်ရလိုရငြား
စာတွေကဗျာတွေရေးပြီး
အသနားခံလေ့ရှိတယ်။

ဒါပေမဲ့ မင်းဘယ်လောက်ထိ
စာသားလှလှလေးတွေ
ရေးပြီး ပို့နေပါစေ
အဲ့ဒီမိန်းကလေးဟာ
မင်း ကို အနှောင့်အယှက်တစ်ခု
လို့ပဲမြင်လိမ့်မယ်။

မင်းသူ့ကို ပြန်ရချင်ရင်
ကဗျာ‌တွေရေး စာအရှည်ကြီးတွေ
ရေးပြီး အချိန်တွေဖြုန်း
မနေသင့်ဘူး။
မင်းကို လေပဲရှိပြီး
လက်တွေ့မှာ အဖြစ်မရှိတဲ့
လူတစ်ယောက်လို မြင်သွား
လိမ့်မယ်။

မင်းရေးတဲ့စာတွေက
ဖတ်လို့ကောင်းလိုက်တာ
သနားစရာကောင်းလိုက်တာ
ဆိုပြီး မင်းဆီကို သူပြန်
လာမှာ မဟုတ်ဘူး။

အဲ့ဒါကြောင့်မင်းရဲ့ ခန္ဓာကိုယ်ကို
မင်းပြန်တည်ဆောက်။
မင်းရဲ့ အလုပ်တွေမှာ
ပြန်ပြီးအာရုံစိုက်။
မင်းအနေနဲ့ အချိန်တွေဖြုန်း
မနေဘဲ လက်တွေ့မှာ
ဘာကောင်လဲဆိုတာ
သက်သေပြနိုင်မှ မင်းဆီကို
သူပြန်လာလိမ့်မယ်။

ဒါမှမဟုတ်လည်း သူ့ထက်
သာတဲ့မိန်းကလေး
တစ်ယောက်ကို‌မင်းရွေးလို့
ရသွားလိမ့်မယ်။

@speakformen

2 years ago

မင်းကို ဘယ်မိန်းကလေးကမှ
သနားလို့ဆိုပြီး ပြန်ချစ်မှာ
မဟုတ်ဘူး

ယောင်္ကျားလေးတစ်ယောက်က
မိန်းကလေးတစ်ယောက်ကို
သနားလို့ဆိုပြီး ချစ်နိုင်ပေမယ့်

ဘယ်မိန်းကလေးကမှ
ယောင်္ကျားတစ်ယောက်ကို
သနားလို့ဆိုပြီး ပြန်ချစ်မှာ
မဟုတ်ဘူး။

မင်းဟာ Relationship ရှိပြီးသား
လူတစ်ယောက်ဆိုရင်လည်း
မင်းကို မင်းကောင်မလေးက
သနားစရာကောင်းတဲ့
လူတစ်ယောက်လို
မြင်လာပြီးတဲ့နောက်ပိုင်းမှာ
မင်းသူ့ကို အနှေးနှင့်အမြန်
ဆုံးရူံးရလိမ့်မယ်။

ဒါ့ကြောင့် မင်းသူ့ကို
မဆုံးရူံးချင်ဘူးဆိုရင်
သူနဲ့စကားပြောတဲ့အခါ
မင်းကိုမင်း သနားစရာကောင်း
တဲ့လူတစ်ယောက်လို
ဘယ်တော့မှ ပုံမဖော်မိစေနဲ့။

မင်းကိုမင်းမိဘတွေက လွဲပြီး
ဘယ်သူမှ မသနားဘူး။
ဘာ့ကြောင့်လဲဆိုတော့
မင်းဟာ ယောင်္ကျား
တစ်ယောက်ဖြစ်နေလို့ပဲ။

@speakformen

2 years ago

အသည်းကွဲခြင်းဟာ မှန်ကန်စွာ
အသုံးချတတ်မယ်‌ဆိုရင် အမျိုးသားတစ်ယောက်ရဲ့
ဘဝကိုတိုးတက်
ပြောင်းလဲစေလိမ့်မယ်

တကယ်တော့အသည်းကွဲခြင်းဟာ အမျိုးသားတိုင်းလိုလို
ကြုံတွေရမယ့် သာမန်ဖြစ်စဉ်
တစ်ခုပဲ။

အထူးသဖြင့် ဘဝကို သုညကို
စရတဲ့အမျိုးသားတွေအနေနဲ့
ပိုပြီး ကြုံတွေ့ရနိုင်တယ်။

ဒါပေမဲ့ အသည်းကွဲခြင်းကို
ကိုယ့်အတွက် အကျိုးရှိစွာ
အသုံးချနိုင်မယ်ဆိုရင်
အဲ့ဒီအချိန်ဟာ ကိုယ့်အတွက်
အဖိုးတန်တဲ့ အချိန်အပိုင်းအခြား
တစ်ခုဖြစ်လာလိမ့်မယ်။

အသည်းကွဲတဲ့အခါ ဝမ်းမနည်းနဲ့။
ဒေါသထွက်လိုက်။
ကိုယ့်ကို စွန့်ပြစ်သွားတဲ့သူ
အပေါ် ဒေါသထွက်လိုက်။
ကိုယ့်ကိုကို
ဒေါသထွက်လိုက်။
ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ်မလုပ်သင့်ခဲ့တဲ့
အမှားတွေ ကိုယ့်ရဲ့
Relationship မှာ
ရှိခဲ့မှာပဲ။
ကိုယ့်ဘက်က အသုံးမကျ
ခဲ့တာတွေလည်း ရှိခဲ့မှာပဲ။

အဲ့ဒီ ဒေါသတွေကို
ကိုယ့်ရဲ့ ခန္ဓာကိုယ်ပိုပြီး
ကြံခိုင်လာဖို့အတွက် အသုံးချ။
ကိုယ့်ရဲ့ အလုပ်‌တွေပိုပြီး
တိုးတက်လာဖို့အတွက်
အသုံးချ။

နောက်ငါးနှစ်လောက်နေတဲ့
အခါ မင်းကို အသည်းခွဲသွားတဲ့
မိန်းကလေး‌ကိုတောင်
မင်းပြန်ပြီး ကျေးဇူးတင်
နေမိလိမ့်မယ်။

@speakformen

2 years ago

အမျိုးသမီးတွေဟာ
သူတို့ရဲ့ ပြဿနာတွေကို
ဖြေရှင်းပေးနိုင်တဲ့သူတွေဆီမှာပဲ
ကြာကြာ နေချင်တယ်

မင်းဟာ ရုပ်ရည်ဘယ်လောက်
ချောမောနေပါစေ
မင်းဘေးနားက မိန်းကလေးရဲ့
ပြဿနာတွေကို မဖြေရှင်းပေးနိုင်
တော့တဲ့အခါ သူဟာ မင်းအနားမှာ ဆက်နေချင်မှာ
မဟုတ်တော့ဘူး။

သူ့ရဲ့ ပြဿနာတွေကို
မင်းထက်ပိုပြီး ဖြေရှင်းပေးနိုင်တဲ့
လူတစ်ယောက်ဆီရောက်သွား
နိုင်တယ်။

မင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို ရရှိချင်တယ်ဆိုရင် လည်း သူ့ရဲ့ ပြဿနာအများစုအတွက် မင်းမှာအဖြေတွေ
ရှိနေဖို့လိုတယ်။

မင်းဟာ သူ့ထက်ပိုပြီး
intelligent ဖြစ်နေဖို့လိုတယ်။

@speakformen

2 years, 1 month ago

ယောင်္ကျားတစ်ယောက်အတွက်
ဘဝမှာ အရေးအကြီးဆုံးက
အထီးကျန်ခြင်းကို ခုံမင်ဖို့ပဲ

ယောင်္ကျားတွေဟာ
မိန်းမတွေလိုမျိုး သူငယ်ချင်း
အချင်းချင်း ခဏခဏ
တွေ့စရာမလိုဘူး။

မလိုအပ်ဘဲ အပျော်အပါး
အတွက် ခဏခဏ
အပြင်မထွက်သင့်ဘူး။

လိုင်းသုံးတဲ့အခါမှာလည်း
မလိုအပ်ရင်ဘယ်သူနဲ့မှ
စကား‌မပြောဘဲ
‌ကိုယ့်အလုပ်ကို ပိုအာရုံစိုက်
လုပ်ဖို့ လိုတယ်။

ယောင်္ကျားတစ်ယောက်ဆိုတာ
တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်
တိတ်ဆိတ်တဲ့ message box
တွေကို ခုံမင်နေဖို့လိုတယ်။

ဘာ့ကြောင့်လဲဆိုတော့
ယောင်္ကျားတစ်ယောက်ဟာ
မိန်းမတစ်ယောက်လိုမျိုး
လူ‌တွေ ရဲ့ attention ကို
လိုအပ်နေမယ်ဆိုရင်
တစ်ယောက်တည်း
မနေတတ်ဘူး ဆိုရင်
သူ့ရဲ့ empireကို ဘယ်အချိန်
တည်ဆောက်မှာလဲ?

@speakformen
@brotherfigureforyou

2 years, 1 month ago

မြင့်တက်လာတဲ့ အမျိုးသား
တွေ ကိုယ့်ကိုကိုသတ်သေမှုနှုန်း

ဒီလဟာ Men Mental Health
Awareness လပါ။
ဒါပေမဲ့ တော်တော်များများ
သိမယ်ထင်မထင်ပါဘူး။

အမျိုးသားတစ်ယောက်အတွက်
စိတ်ကျန်းမာရေးဟာ
တော်တော်လေးကို
အရေးကြီးပါတယ်။

ဘာ့ကြောင့်လဲဆိုတော့
ကမ္ဘာပေါ်မှာ လက်ရှိ
ဖြစ်ပွားနေတဲ့ suicide case တွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ
အမျိုးသားတွေပါ။

ဒါ့ကြောင့် ညီအကိုတွေအနေနဲ့
ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို
လျှစ်လျူမရူထားကြပါနဲ့။

အမျိုးသမီးတွေအနေနဲ့လည်း
ကိုယ့်ကောင်လေး ဒါမှမဟုတ်
ကိုယ့်ရဲ့ အကိုတွေ မောင်တွေမှာ
စိတ်ဓာတ်ကျနေတဲ့ အရိပ်အယောင်တွေ မြင်ရရင်
တစ်ယောက်တည်း
ပြစ်မထားကြပါနဲ့။
ဂရုစိုက်ပေးလိုက်ကြပါ။

@speakformen
@brotherfigureforyou

2 years, 2 months ago

ကိုယ့်ရဲ့ ချစ်သူမိန်းကလေးကို
ကိုယ့်အမေလို မဆက်ဆံမိစေနဲ့

Relationship မှာ ကျွန်တော်တို့
ယောင်္ကျားလေးအများစု
မှားလေ့ရှိတဲ့ အမှားတစ်ခုရှိတယ်။

အဲ့ဒီအမှားက ကိုယ့်ကောင်မလေးကို ကိုယ့်ရဲ့ အမေလို ဆက်ဆံမိနေတာပဲ။

အမှန်တော့ မိန်းမတွေဟာ
သား လိုချင်လို့ ရည်းစားထား
တာမဟုတ်ဘူး။
‌အဖေလို အကိုလို သူ
အားကိုးလို့ရမယ့် လူမျိုး
လိုချင်လို့ ရည်းစားထားတာ။

ကျွန်တော်တို့ သိထားရမှာက
ကိုယ်က ချစ်သူမိန်းကလေးထက်
ငါးနှစ်လောက်ငယ်နေရင်တောင်
သူ့ကို ကိုယ့်ရဲ့ ညီမလေးတစ်ယောက်လိုပဲ ဆက်ဆံသင့်တယ်။

@speakformen

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 7 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 8 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year, 6 months ago