ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
နေ့စဉ် "Call of November ကံစမ်းမဲလက်မှတ် လာဝယ်ကြပါဦး"လို့ တကြော်ကြော် မခေါ်ချင်တာတော့ အမှန်ပါ။ ဘာလို့လည်းဆိုတော့ အခြား ဖန်ဒရေးဇင်းအဖွဲ့များစွာကလည်း မဲကမ်ပိန်းတွေပြုလုပ်နေတာကြောင့် ရံဖန်ရံခါမှ ကိုယ်လည်း ထထအော်ဖြစ်ပါတယ်။ အဖွဲ့တိုင်းရဲ့ ကင်ပိန်းတားဂတ်တွေ ပြည့်စေချင်တာကတော့ ရင်ထဲကဆန္ဒပါ၊ ဒါပေမယ့် မိမိကမ်ပိန်းတောင်မှ ၁၁ ရက်အတွင်း ၃၀% လောက်ပဲ ရောင်းချရပါသေးတယ်...😁
▪️ပထမဆုပတ္တမြားစိန်ရံဆွဲသီး
▪️ဒုတိယဆု ချယ်ရီပွင့်ပုံ စိန်လက်စွပ်၊
▪️တတိယဆု BVLGARI Perfume၊
▪️စတုတ်ထဆု Bluetooth speaker၊
▪️အခြားအခြားသော ဆုမဲတွေအပြင်
▪️အင်္ကျီနဲ့အိတ်တွေလည်း ထည့်သွင်းပေးထားပါတယ်။
____
နိုင်ငံအလိုက် လက်မှတ်ဈေးနှုန်း (Ticket prices)
MMK _15,000 ks
USD _ 5 $
SGD _ 7 $
THAI _ 150 Baht
Yen _ 1,000
ဆိုတော့ အားပေးချင်စိတ် ဖြစ်ပေါ်လာတဲ့အခါ ကျွန်တော့် messenger ကို လှမ်းလာခဲ့လိုက်ပါနော်...👇
https://www.facebook.com/share/p/19M3vGcqV7/
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8305
ရှေ့ရက်တွေမှာ ဂယက်မျိုးစုံကြောင့် ကိုယ်တာဝန်ယူထားတဲ့ အလုပ်ကို သေသေချာချာမလုပ်ဖြစ်ခဲ့ဘူး၊ အခုတော့ အာရုံပြန်စိုက်ပါမယ်။ #Call_of_November တန်ဖိုးကြီးရတနာပစ္စည်းတွေနဲ့ အခြားအခြားသော တန်ဖိုးကြီးပစ္စည်းတွေကို မဲတစ်စောင် တစ်သောင်းခွဲကျပ်တည်းနဲ့ ကျွန်တော်တို့တွေဆီမှာ လာရောက်ပါဝင်အားဖြည့်နိုင်ပါတယ်။ ရရှိသမျှ ငွေကြေးတပြားမကျန်ကို တကယ်အလုပ်လုပ်ကိုင်နေသော မြေပြင်အဖွဲ့တွေဆီ ပို့ဆောင်သွားမှာမို့ ကံစမ်းရင်းနဲ့ တခါတည်းကူလို့ရပါကြောင်း။
ဝယ်ယူအားပေးနိုင်မယ့် အကောင့်လင့်ခ်...👇
https://www.facebook.com/share/p/1TBQAgbQsG/
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8304
အခု ကျွန်တော်တို့တတွေ ပြုလုပ်နေတဲ့ ကမ်ပိန်းလေးပါ၊ ဘယ်သူ့ဆီအားပေးရမှန်းမသိဘူးဆိုရင် ကျွန်တော့်ဆီ တိုက်ရိုက်လာရောက် ဝယ်ယူနိုင်သလို၊ Kawa ပေ့ချ်ရဲ့ မူရင်းပို့စ် Comment မှာလည်း ဝယ်ယူအားပေးလို့ရမယ့် အကောင့်တွေကို ကျွန်တော် မန်းရှင်းခေါ်ပေးထားပါတယ်....👇
https://www.facebook.com/share/p/17tbHZAMS9/
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8303
"ရှင်းမယ် လင်းမယ်" ပေ့ချ်အကြောင်း ကျွန်တော်သိထားသလောက် ပြောပြချင်ပါတယ်၊
အပြည့်အစုံကို Facebook မှာ ဖတ်ပါ...👇
https://www.facebook.com/share/p/19gzcDKzJf/
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8300
ကျွန်တော်က ကျွန်တော်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရေးနေပြောနေမှာပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မင်း.. ဒီလိုပြော၊ ဒီလိုရေးဆိုပြီး ကြိုးကိုင်ထားလို့မရပါဘူး။ ကျွန်တော့်စိတ် ကျွန်တော့်ကိုယ်နဲ့သာ စဥ်းစားဆုံးဖြတ်တာမို့ တခါတရံ တချို့လူတွေနဲ့ အတွေးအမြင်မတူတာတွေ ရှိကောင်းရှိနိုင်ပါတယ်။
ကျွန်တော်မှားနေတယ်လို့ထင်မြင်ရင် ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်နိုင်သလို ခင်ဗျားတို့မှားနေရင်လည်း ကျွန်တော့်ဘက်က ထောက်ပြဝေဖန် အကြံပြုနေမှာပါပဲ။ သို့ပေမယ့် အမုန်းတရားမဖက်ရင်တော့ ၂ ဖက်စလုံး အကျိုးဖြစ်စေတာပေါ့။ သူ့အမြင် ကိုယ့်အမြင်ကို ချပြရမှာ မဟုတ်တာကိုအဟုတ်လုပ်ပြီး မပြောဖို့တော့လိုအပ်ပါတယ်။
ကိစ္စတစ်ခုခုကို ကိုယ့်အမြင်နဲ့ကိုယ် သုံးသပ်ရေးသားမိတဲ့အခါ ပါလေရာ လို့ တံဆိပ်ကပ်ချင်လည်း ကပ်ပေါ့။ နေရာတကာလိုက်ပါနေတဲ့ ငပေါတော့မဟုတ်။ လာရိုင်းရင် ပြန်ရိုင်းဖို့ ဝန်မလေးတတ်သူမို့ အဲ့ဒီတစ်ချက်ကိုတော့ သတိပြုပေးစေချင်ပါတယ်။
#အေအန်န်အမ်မ်တီ
Facebook Post...
https://www.facebook.com/share/p/15mRGGMiAT/
Telegram Channel
https://t.me/ANMTarnoldmyotint/8299
ဦးကျော်သက်လင်းဘက်က ကျွန်တော့်ကို "ကြိုဆိုပါတယ် ကိုအာနိုးရေ၊ ရှိတယ်ဗျ..., ဘက်ဒိတ်တွေအတိုင်း ရှိပါတယ်၊ ကျွန်တော် စနစ်မကျတာပါ၊ ဖြည်းဖြည်းတော့ ရှင်းရမှာပေါ့" ဆိုပြီး Reply ပြန်ပေးလာတယ်။ သူ့ရဲ့ အဖြေလေးကို ကျွန်တော်သဘောကျတယ်။ ဘယ်နေရာကို အဓိက သဘောကျသလဲဆိုတော့ "ကျွန်တော် စနစ်မကျတာပါ" ဆိုတဲ့အကြောင်းကိုပါ။ သဘောက ငွေရှင်းတမ်းပို့စ်တချို့ မတင်ဖြစ်တာကြောင့် အခုလို "ရှင်းမယ် လင်းမယ်" ပေ့ချ်ကနေ ထောက်ပြတောင်းဆိုတဲ့ပို့စ် ဖြစ်ပေါ်လာတယ်ဆိုတာ သူ တန်းမြင်ရတာကို။
ကျွန်တော်က "ရှင်းမယ် လင်းမယ်" ပေ့ချ်နဲ့ မည်သို့မှမသက်ဆိုင်ပါ။ အခုကေ့စ်ပို့စ်တောင်မှ အကောင့်ထဲက မိတ်ဆွေတစ်ယောက်လာပြလို့ ဖတ်မိရင်း ထိုပေ့ချ်ရဲ့ တင်ပြတောင်းဆိုပုံကလည်း လမ်းမချော်နေတာကြောင့် ရှဲဖြစ်သွားတာပါပဲ။ တချို့က ဒီပေ့ချ်ကို ကျွန်တော်ကိုင်ထားတယ် ထင်နေကြမှာစိုးလို့ အခုလိုတခါတည်း ပြောပြရခြင်းပါ။
ရှင်းမယ် လင်းမယ် ကေ့ချ်မှ တင်ပြသောပို့စ်...👇 (ထိုပို့စ်ရဲ့ Comment ထဲမှာပဲ မန့်ထားတာပါ)
https://www.facebook.com/share/p/1DvTX8RABv/
ဦးကျော်သက်လင်းကို ကျွန်တော်ကိုယ်တိုင်က အသိအမှတ်ပြု လေးစားရသူတစ်ဦးပါ။ စကားကို ဒဲ့တိုးပြောတတ်ပြီး တော်တော်လေး အရှုပ်အရှင်းကင်းတဲ့သူလို့ သူ့ရဲ့ ဆိုရှယ်အရေးအသားတွေကိုကြည့်ပြီး သုံးသပ်ထားပါတယ်။ အခုကေ့စ်မှာလည်း ချက်ကျလက်ကျလေး ပြန်လည်ဖြေရှင်းနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။
ဒီပို့စ်ရဲ့ ဆိုလိုရင်းက ဦးကျော်သက်လင်းလို လူမျိုးတောင်မှ စနစ်တကျမဖြစ်ခဲ့လို့ မှားသွားတဲ့အမှားကို သူကိုယ်တိုင်မြင်ပြီး ထုတ်ပြောပြတာမို့ ဒီကေ့စ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက်တင်ပြီးတဲ့နောက်ပိုင်း နောက်ထပ်ဒီလိုတွေထပ်မဖြစ်အောင် ဦးကျော်သက်လင်းကပဲ လုပ်ပြသွားပါလိမ့်မယ်။ ဒါကလည်း ကောင်းကျိုးများစွာ ဖြစ်စေပြီး နဂိုကထပ် လူထုက ပိုမိုလေးစားလာဦးမှာပါ။ တချို့တချို့တွေလည်း ဒီအချက်ကို မြင်မိကြပါစေ။
အခုလို "ရှင်းမယ် လင်းမယ်" ပေ့ချ်လိုမျိုး တလရအတွက် ဖန်ဒရေးဇင်းအပိုင်းကို ထောက်ပြပေးမယ့် အဖွဲ့တစ်ခု ပေါ်ပေါက်လာတာက တလရအတွက် ဆိုးကျိုးထက် ကောင်းကျိုးက ပိုများစေပါတယ်။ အသားလွတ်ချည်း အပျက်သဘောနဲ့ ဝေဖန်တာမျိုးမဟုတ်ပဲ ဘောင်ထဲကနေ အချက်အလက်တွေနဲ့ ထောက်ပြတောင်းဆိုတာမို့ ထောက်ပြတောင်းဆိုခံရသော သက်ဆိုင်ရာ ပရိသတ်(ဖန်)တွေအနေနဲ့ ပုဂ္ဂိုလ်စွဲမပြုကြဖို့ လိုအပ်ပါတယ်။ ရှင်းမယ် လင်းမယ် ပေ့ချ်အနေနဲ့ ကျွန်တော့်ကို လာရောက် ထောက်ပြတောင်းဆိုရင်လည်း ကျွန်တော်က ဖြေရှင်းပေးသွားဦးမှာပါ။ ဒါပါပဲခင်ဗျာ၊ အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
#အေအန်န်အမ်မ်တီ
Facebook Post...
https://www.facebook.com/share/p/1GWUWmjYwV/
Telegram Channel
https://t.me/ANMTarnoldmyotint/8298
အခုထွက်ပေါ်နေတဲ့ကေ့စ်နဲ့ပတ်သက်ပြီး ဒါဟာ အချင်းချင်း ကွဲပြဲနေကြတာလို့ မြင်နေရင်တော့ အဲ့ဒီအမြင်က လမ်းလွဲနေပါပြီ။ တကယ့်တကယ်က တလရအမည်ခံပြီး လုပ်စားနေတဲ့သူတွေကို ကိုယ်ကျိုးရှာ outတန်းစားစာရင်းထဲ ထည့်သွင်းပြီး ကျွန်တော်တို့အသွေးအသားထဲကနေ ဖော-က်ထုတ်ပစ်ရမှာပါ။ ဒီလိုဖြစ်နေရင် စကစဘက်က ဝမ်းသာနေမှာပေါ့တဲ့။ ဘာဆိုင်လဲပဲ မေးချင်တော့တယ်။
"တလရ ဘာကြောင့်ကြာနေသလဲဆိုတော့ အခုလိုမစည်းလုံးကြလို့ပဲ၊ တူဖြစ်သူနဲ့ ဦးလေးတောင်မှ တိုင်းသိပြည်သိ ဒီလိုဖြစ်နေမှတော့ စကစဘက်က အားရတာပေါ့"တဲ့။ အဲ့လိုစကားလုံးမျိုး ပြန်ချေပဖို့အတွက် အများကြီးပြောစရာမလိုဘူး၊ အမေစုနဲ့ အောင်ဆန်းဦးကိုပဲကြည့်။ နားလည်လားတော့မသိဘူး။
ဒါက အကွဲအပြဲမှ မဟုတ်တာပဲဗျာ။ တလရ ခရီးပိုတွင်ဖို့ အသားလွတ် အချိန်ကုန်ခံပြီး View လုပ်ပေးနေရတာတွေက တကယ်တမ်းကျတော့ တလရအတွက် ဘာမှအထောက်အကူ ဖြစ်မနေဘူးဆိုတာကို မြင်ကြည့်ပေးဖို့လိုပါတယ်။ တင်ဆက်သမျှကို အန်တာတိန်းမန့် တစ်ခုအဖြစ်သာ ကြည့်နေရင်တော့ ခင်ဗျားတို့တတွေက တလရကို အာသာပြေဂွ-င်းထုနေကြတာပဲ။ ရို-င်းသွားရင် Sorry ဗျာ့။ ဒီထက်ပိုရှင်းစေမယ့်စကားလုံး ကျွန်တော်ရှာမတွေ့လို့။
#အေအန်န်အမ်မ်တီ
Facebook Post...
https://www.facebook.com/share/p/1Bh43JoL7K/
Telegram Channel
https://t.me/ANMTarnoldmyotint/8256
စားစရာဖရဲသီးကိုမှ ကြော-က်တတ်တဲ့ ဆယ်လီကြီးအကြောင်း နည်းနည်း မရှင်းမှာစိုးလို့ ဒီပို့စ်ကို ရေးတင်ပေးတာ။ တလရ ခေါင်းစဥ်တပ်ထားပြီးရင် ရရှိသမျှ ဝင်ငွေအားလုံးက တလရအတွက်ထဲသာ စီးဆင်းရမှာပါ။ အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်း ကျွန်တော်ကတော့ ဒီကနေရရှိတဲ့ငွေတွေက တလရထဲ စီးဆင်းမှာမဟုတ်ပါဘူး၊ ကျွန်တော့်ကိုယ်ကျိုးအတွက်ပဲ သုံးမှာပါဆိုပြီး ပြည်သူကို ဒဲ့ကြေညာလိုက်။ ပြည်သူ (ကြည့်ရှုသူ ပရိသတ်တွေ)က လက်သင့်ခံရင် ကိုယ်ကျိုးအတွက် သုံးပေါ့။ ဒါက ပွင့်လင်းတယ် ကျားဆန်တယ်။
အခုက အဲ့လိုမဟုတ်ဘူး၊ ယူကျု့ချန်နယ်တိုင်းက ငွေတောက်တောက်လဲဝင်တယ်။ အဲ့ဒီချန်နယ်တွေထဲကမှ view သိပ်မများတဲ့ချန်နယ်ကို တလရပြီးတဲ့အထိ လှူထားပါတယ်ပြောပြီး တကယ့်တကယ် View သိန်းချီရှိတဲ့ချန်နယ်က ဝင်ငွေကိုတော့ စော-က်သံမထွက်ဘူး။ ဒေါ်လာ ထောင်နဲ့ချီဝင်နေပြီး ဂုဏ်ပြုမှတ်တမ်းလွှာ တစ်ခုတလေချပြထားတာရှိရင် ကျူပ်ကိုလာပြစ-မ်းပါ။ ရှေ့ရက်လောက်ကမှာ ကေ့စ်တွေတက်မလာခင်လေးတော့ တပ်ဖွဲ့တစ်ခုဆီပဲ ဗန်းပြပို့လိုက်တာ၊ ဒါတောင် တလရအတွက် လှူထားပါတယ်ဆိုတဲ့ ချန်နယ်နာမည်နဲ့ပဲ အလှူပြတာ။ အဲဒီချန်နယ်တောင် ဘာမှ မယ်မယ်ရရမရှိ။
တူဖြစ်သူနဲ့ သောက်ရမ်းအောင်မြင်တဲ့ အစီအစဥ်တစ်ခုလုပ်တယ်၊ သောက်ရမ်း သိန်းချီလူကြည့်များလာတော့ income တွေ ဘယ်ကိုပို့သလဲ တခါမှမသိရတာကြောင့် တူဖြစ်သူက သူနဲ့ထပ်မလုပ်ချင်တော့ဘူး၊ အဲ့မှာ အတ-င်းတွေ စာချူပ်ချူပ်မယ်တွေပြော၊ လက်မှတ်တွေထိုးခိုင်းလို့ တူဖြစ်သူက ငြင်းတော့ ကို-ယ်ထိလ-က်ရောက်တွေ ထလုပ်။ တူဖြစ်သူက ဆေးရုံရောက်။ တော်တော်ကြာတော့ လူထုက အစီအစဥ်ကို မျှော်နေမှန်းသိလို့ တူဖြစ်သူဆီ သွားပြီးညှိနှိုင်း။ တူဖြစ်သူက မလုပ်ချင်တော့ကြောင်းပြောတော့ ဒါကိုမလုပ်ရင် မင်း...ဘာကိုမှ မလုပ်ရဘူးတွေထပြော၊ YouTube တို့ Facebook တို့မှာ တူဖြစ်သူရဲ့မျက်နှာကို ထ-ပ်မြင်ရတာနဲ့ ဘာလု-ပ်မယ်ညာလု-ပ်မယ်တွေ ခြိမ်း၆။ တလရက တလရပဲ၊ အူမ တောင့်မှ သီလစောင့်လို့ရမှာတွေပြော။ ဒီလူ့ဆီက ဒီလိုစကားလုံးတွေ (အသံဖိုင်သက်သေတွေ) ထွက်လာတာ သိပ်တော့မအံ့သြတော့ပါဘူး။ တစ်ခုပဲ..., တလရကိုဗန်းပြပြီး ကိုယ်ကျိုးအတွက် ၉၀%လောက် အသုံးချနေတာကတော့ ချဥ်မိတယ်။ ထပ်လာလိမ့်ဦးမယ်၊ ဒါ... ကျွန်တော် အကြမ်းဖျဥ်းပဲပြောထားတာ။
#အေအန်န်အမ်မ်တီ
Facebook Post..
https://www.facebook.com/share/p/18b49CZPjN/
Telegram Channel
https://t.me/ANMTarnoldmyotint/8255
ကိုစိန်သီး (Sein Thee) နဲ့ မြေလတ်ဒေါင်းပေ့ချ်တို့ လက်ရှိဖြစ်ပွားနေတဲ့ ဂယက်တစ်ခု...
https://www.facebook.com/share/p/14U8b6dacf/
#အေအန်န်အမ်မ်တီ
ပခုက္ကူစစ်ရှောင်ကမ်ပိန်း ငွေရှင်းတမ်း (၃၈ သိန်းနီးပါးရရှိခဲ့)
၂၀၂၄၊ နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ပခုက္ကူစစ်ရှောင်များအတွက် ၃ ရက်အတွင်း ရက်တိုကမ်ပိန်းပြုလုပ်ခဲ့ရာ၊ မိတ်ဆွေ (၅၅)ဦး လာရောက် ပါဝင်ထောက်ပံ့၍ မြန်မာငွေကျပ် ၃,၇၆၃,၇၀၀ (စာဖြင့် - ၃၇သိန်း ၆သောင်း ၃ထောင် ၇ရာ) ကျပ်တိတိလက်ခံရရှိခဲ့ပါတယ်။ ထိုငွေများအား ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) လူသားစာနာတာဝန်ခံ ကိုစိုးထွဋ်ဝင်း ထံသို့ ပို့ဆောင်အပ်နှင်းသွားပါမည်။ ကမ်ပိန်းကာလအတွင်း ပါဝင်ခဲ့သူတစ်ဦးချင်းစီ၏ အမည် (လုံခြုံရေးမထိခိုက်စေသော)နှင့် ငွေအမောက်အတိအကျအား ယခုပို့စ်၏ comment တွင် ဖော်ပြထားပါသည်။ ရက်စွဲအလိုက် ပါဝင်သူ ဦးရေနှင့် ရရှိငွေအမောက်အား အောက်တွင်ဖတ်ရှုနိုင်ပါသည်။
နိုဝင်ဘာ ၁ ရက်နေ့ (၂၁ ဦး) _ ၁,၀၁၈,၀၀၀
နိုဝင်ဘာ ၂ ရက်နေ့ (၁၇ ဦး) _ ၂,၀၄၅,၇၀၀
နိုဝင်ဘာ ၃ ရက်နေ့ (၁၇ ဦး) _ ၇၀၀,၀၀၀
. -------------------------------
Total (၅၅ ဦး) ၃,၇၆၃,၇၀၀ ✅️
ယခု ရက်တိုကမ်ပိန်းနှင့်ပတ်သက်ပြီး ငွေကြေးနှင့် အင်တိုက်အားတိုက် ပါဝင်ခဲ့သူတွေအပြင်၊ ပို့စ်အား ရိချ်ရောက်စေအောင် RCS ဝိုင်းကူလုပ်ပေးသူ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ပခုက္ကူစစ်ဘေးရှောင်တွေကိုယ်စား ကျွန်တော် အေအန်န်အမ်မ်တီ မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။ ။
Facebook Post...👇
https://www.facebook.com/share/p/qN3qb6omponHw9Wk/
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8221
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago