PSLF/TNLA News

Description
This is PSLF/TNLA News Official Channel.
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 year ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 1 year, 1 month ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 11 months, 3 weeks ago

1 year ago
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီးနှင့် Y-12 လေယာဥ်ကို …

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီးနှင့် Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်

နောင်ချို၊ ဖေဖော်ဝါရီလ ၁၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခမ်းမှ လက်နက်ကြီးနှင့် Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နောင်ချိုမြို့နယ်အတွင်းရှိ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊  ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာတို့ကို ဖေဖော်ဝါရီလ ၁၅ရက်တွင်  တောင်ခမ်းစခန်းမှ ခမရ (၄၀၆)၊ တပ်ရင်း (၃၅၄)နှင့် တပ်ရင်း (၉၀၂)တို့မှ လက်နက်ကြီး အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

ထိုနောက် နေ့လယ် (၂း၀၃)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် နာဆွေကျေးရွာအတွင်း ဗုံး (၃၈)လုံး လာရောက်ကြဲချခဲ့ပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀)ရက်တွင် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံး (၂၀)ခန့် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့်ဒေသခံ (၅)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

1 year ago

ကွတ်ခိုင်တွင် ရေချောင်းအနီး အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ကွတ်ခိုင်၊ ဖေဖော်ဝါရီလ ၁၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၅)နယ်မြေ၊ ကွတ်ခိုင်မြို့ သာယာကုန်းရပ်ကွက်ရှိ ရေချောင်းအနီးတွင် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။

အဆိုပါရုပ်အလောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် တွေ့ရှိခဲ့ပါသည်။ ထိုအမျိုးသားသည် အသက် (၃၅)နှစ်အရွယ် ဦးပြုံးချိုဆိုသူဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲရာမှ သေဆုံးသွားခဲ့သည်။

၎င်းရုပ်အလောင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အုပ်ချုပ်ရေးဌာနနှင့် လူမှုကူညီရေးအသင်းများ သွားရောက်သယ်ဆောင်ခဲ့ပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လအတွင်းလည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တရားဥပဒေသစိုးမိုးရေးတပ်ဖွဲ့မှ ကွတ်ခိုင်ခရိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၁၅)ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦး ဖမ်းဆီးနိုင်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

1 year ago

ကွတ်ခိုင်မြို့တွင် ဖယောင်းတိုင်ထွန်းထားရာမှ စာသင်ကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွား

ကွတ်ခိုင်၊ ဖေဖော်ဝါရီလ ၁၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၁)တွင် တအာင်းပြည် ပညာရေးကောင်စီ (TLEC) အ.မ.က (၅)ကျောင်းတွင် ဖယောင်းတိုင်ထွန်းထားရာမှ စာသင်ကျောင်းမီးလောင်သွားခဲ့သည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက် ညသန်းခေါင် (၁၂း၁၀)နာရီအချိန်တွင် စာသင်ကျောင်းအဆောင်တွင် ခိုလုံနေသည့် အသက် (၅၇)နှစ်အရွယ် တားကျော်ဟိန်းသည် ညအိပ်နေချိန်တွင် ဖယောင်းတိုင်ထွန်းထားပြီး အပြင်သွားနေစဥ် မီးစတင်လောင်ကျွမ်းသွားခဲ့သည်။

ထိုမီးလောင်နေသည့် ကျောင်းသည် စုစုပေါင်း ပစ္စည်းဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်ငွေပေါင်း (၅၀)ကျပ် မီးလောင်ဆုံးရှုံးသွားခဲ့သည်။ မီးလောင်နေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မီးသတ်တပ်ဖွဲ့မှ သွားရောက် မီးငြိမ်းသတ်ပေးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်လည်း ကွတ်ခိုင်မြို့ ရပ်ကွက် (၄)နေရာတွင် ဦးနော်ဆိုင်းသည် ရေအားလျှပ်စစ်ကို သွားပြင်နေစဥ် နေအိမ်မီးလောင်သွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

1 year, 2 months ago
PSLF/TNLA News
1 year, 2 months ago
PSLF/TNLA News
1 year, 2 months ago

ကွတ်ခိုင်မြို့နယ်တွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ကွတ်ခိုင်၊ ဒီဇင်ဘာလ ၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ မူဆယ်နှင့် နမ့်ဖက်ကာအကြား ပန်ဂျရောပ့်ကုန်းအဆင်းတွင် ပြောင်းဖူးအိတ်များတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဥ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၅ရက်တွင် နံနက် (၁၁:၃၀)နာရီအချိန်တွင် နမ့်ဖတ်ကာမှ  မိုင်းယု (၁၅၀)မိုင်သို့ ပြောင်းဖူးအိတ်များတင်ဆောင်လာသည့် (၁၂)ဘီးကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဘေးရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်သွားခဲ့သည်။

အဆိုပါကားတိမ်းမှောက်မှုတွင် ယာဥ်မောင်းသည် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးက မျက်နှာနှင့် ဦးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ထိုနေရာတွင် အကွေ့အကောက်များပြီး ကုန်းအဆင်းဖြစ်သောကြောင့် မော်တော်ယာဥ်များ မကြာခဏ တိမ်းမှောက်မှုဖြစ်ပွားလျက်ရှိသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

1 year, 2 months ago
PSLF/TNLA News
1 year, 2 months ago
PSLF/TNLA News
1 year, 2 months ago

တအာင်းထီ၏ (၁၈)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား မိုးမိတ်မြို့နယ်မှ ဆွတ်ခူး

မိုးမိတ်၊ဒီဇင်ဘာလ (၂)ရက်

တအာင်းပြည် ပညာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းထီ၏ (၁၈) ကြိမ်မြောက် အမြင့်ဆုံး သိန်း ၅၀၀ ဆုအား တအာင်းပြည် မိုးမိတ်မြို့နယ်၊လက်ခုတ်ပင်ကျေးရွာတွင် နေထိုင်သည့် မသီရီသန္တာကိုမှ ဆွတ်ခူးရရှိသွားသည်။

(၁၈) ကြိမ်မြောက် ထီဖွင့်ပွဲအား တအားပြည် တစ်နေရာတွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး တအာင်းပြည်ပညာရေးကောင်စီ - TLECမှ ဦးဆောင် ဖွင့်လှစ်သည်။

(၁၈)ကြိမ်မြောက် သိန်း(၅၀၀)၏ ဂဏန်းသည် အက္ခရာ C - 17241 ဖြစ်ကာ သိန်း (၅၀၀)ဆုအပြင် သိန်း(၁၀၀) ဆု (၂) ဆု၊ သိန်း(၅၀)ဆု (၂)ဆု၊ သိန်း (၃၀) ဆု(၃) ဆု၊ (၁၀) သိန်းဆု (၅) ဆု၊ (၅) သိန်းဆု (၁၀) ဆု၊(၂)သိန်းဆု (၃၀) နဲ့
သွပ်(၆)ဆု စုစုပေါင်း(၅၉)ဆု ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၇)ကြိမ်မြောက်၏ သိန်း ၅၀၀ ဆုအား နမ့်ခမ်းမြို့နယ် မန်စပ်အုပ်စု မန်စပ်‌ကျေးရွာ ဦးယိုင်စိုးမှ အက္ခရာ(C-38522) ဖြင့် ဆွတ်ခူးရရှိသွားသည်။

ယခုလအတွင်း ဒေသခံပြည်သူများသည် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် စား၀တ်နေရေးကြပ်တည်းပြီး ထီရောင်းအား ယခင်လထက် ကျဆင်းလာသည်။

ထိုကြောင့်နို၀င်ဘာလအတွင်း ထီရောင်းရငွေမှ ပညာရေးရန်ပုံငွေအတွက် ကျပ်သိန်း(၃၀၀)သာ ပေးအပ်ထောက်ပံ့နိုင်ခဲ့သည်။

တအာင်းထီသည် တအာင်း‌ပြည်မှ စာသင်ကျောင်းများအတွက် ပညာရေးရန်ပုံငွေ ရှာဖွေထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လတွင် စတင် ဖွင့်လှစ်ခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တအာင်းပြည်အတွင်း စာသင်ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိသည့် မြို့နယ် (၁၀) မြို့နယ်ထက်မနည်း ရှိနေခဲ့ရာ ယခုနှစ် ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် တအာင်းပြည် ပညာရေးကောင်စီမှ ကျောင်းပေါင်း (၅၀၀)ဝန်းကျင် ဖွင့်လှစ်ပေးထားသည်။

စာသင်ကျောင်းများအတွက် လိုအပ်သည့် ရန်ပုံငွေနှင့် ဆရာ/ဆရာမ (၂၅၀၀)ကျော်အတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီ ရောင်းရသည့် ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်အနယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ ‌ပညာရေးအား ကူညီလိုလျှင် တအာင်းထီအား ထိုးပေးကြရန် လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

1 year, 3 months ago
အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါးပျံလွန်ပြီး …

အင်းဝိုင်းကျေးရွာတွင်  စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါးပျံလွန်ပြီး ပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရ

နောင်ချို၊ နိုဝင်ဘာလ ၂၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ၊ နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါးပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရရှိသည်။

ဖြစ်စဉ်တွင် နိုဝင်ဘာလ ၂၄ရက်နေ့ ည (၈း၀၀)နာရီအချိန်တွင် အင်းဝိုင်းကျေးရွာပေါ်  စစ်ကောင်စီတပ်မှ လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့နယ်တွင် နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံ(၁၈)ဦး သေဆုံးပြီး (၃၄)ဦး ထိမှန်ဒဏ်ရာရသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 year ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 1 year, 1 month ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 11 months, 3 weeks ago