ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
တိုက်ပွဲသတင်း(ကျွန်းလှ)
နိုဝင်ဘာ ၂၁ ရက်
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့၏ အနောက်မြောက်ဘက်မီတာ ၁၂၀၀၀ ခန့်အကွာ လွှတ်တိုက်ရွာသို့ နယ်မြေရှင်းလင်းစဉ် ၎င်းရွာအနီးသို့အရောက် နေရာ ၂ နေရာမှ အကြမ်းဖက်သူ အင်အား ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။
PDF ကျား ၂ လောင်း
KIA ထုတ် ၆၀ မမ စိန်ပြောင်း ၁ လက်
လက်လုပ်သေနတ် ၄ လက်
လက်လုပ်စိန်ပြောင်း ၂ လက်
လက်လုပ်ဗုံးသီး ၂ လုံး သိမ်းဆည်းရမိခဲ့။
မိမိထိခိုက်မှုမရှိ။
**တိုက်ပွဲသတင်း(ပိန်းဇလုတ်)
နိုဝင်ဘာ ၂၁ ရက်
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုတ်မြို့ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ အကြမ်းဖက်သူအင်အား(စိစစ်ဆဲ) အဖွဲ့က Drone ၂ စီး (၂) ကြိမ် ဗုံးသီး ၈ လုံးဖြုတ်ချတိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့များက Drone Gun ဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
ရန်သူ့ဒရုန်း ၁ စီး သိမ်းဆည်းရမိခဲ့။**
**ညောင်ရွှေမြို့နယ်၊တောင်ခြေမြင်းစခွန့်ကျေးရွာရှိ Inle Princess Hotel သည် ၂၀၂၄ နိုဝင်ဘာလ ၁၅ရက် ည ၇ နာရီခွဲတွင် မီးပုံးပျံပျက်ကြရာမှ မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊မီးသတ်စက်(၄)လုံးဖြင့် ဒေသခံပြည်သူများမှ မီးငြိမ်းသတ်လျက်ရှိကြောင်းသိရသည်။
Hotel သည် Covid ကာလမှ ယနေ့အထိပိတ်ထားသည်ဟုသိရပြီး ချုံများထူထပ်နေသည့်အတွက် အလွယ်တကူမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။**
တောင်ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံကူးလက်မှတ်အတုအပပြုလုပ် သက်တမ်းတိုးပေးနေသူများကို အရေးယူနိုင်ရေး ဆောင်ရွက်နေ
◾ မြန်မာနိုင်ငံကူးလက်မှတ်ကို အတုအပပြုလုပ်ပေးသူများထံ သက်တမ်းတိုးသူများအား Blacklist သွင်း၍ Passport ဖျက်သိမ်း
ကိုရီးယားသမ္မတနိုင်ငံ(တောင်ကိုရီးယား)ရောက် မြန်မာလုပ်သားတွေကိုင်ဆောင်နေတဲ့ နိုင်ငံကူးလက်မှတ်ကို အတုအပပြုလုပ်ပြီး သက်တမ်းတိုးပေးနေသူတွေကို အိမ်ရှင်နိုင်ငံနဲ့ပူးပေါင်းပြီး အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နစကအစိုးရလုပ်ဆောင်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို တောင်ကိုရီးယားနိုင်ငံရောက် NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေပြီလို့ The Voice of Spring ၊ Hlaing Moe Thu ၊ Nay Win Aung စတဲ့ Page တွေ အကောင့်တွေက သက်တမ်းတိုးပေးထားတဲ့ ပုံတွေနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပြီး NUG ရုံးက ဒီလိုသက်တမ်းတိုးပေးနေမှုဟာ တရားမဝင်သလို နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းတွေကို ဖောက်ဖျက်မိတာကြောင့် မိခင်နိုင်ငံနဲ့ အိမ်ရှင်နိုင်ငံတို့က ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနဲ့ စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနဲ့ အမည်မည်းစာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခံရမှာဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်ကို အောက်တိုဘာ ၁၅ ရက်မှာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း အသိပေးထားပါတယ်။
ဒီလိုအသိပေးထားတဲ့ကြားက တချို့သော မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံကူးလက်မှတ်တွေကို တရားမဝင် တံဆိပ်တုံး အတုအပနဲ့ သက်တမ်းတိုးမှု လုပ်ဆောင်နေတာ စိစစ်တွေ့ရှိရတဲ့အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့အနေနဲ့ ဒီ နိုင်ငံကူးလက်မှတ်(Passport) တွေကို ဖျက်သိမ်းတာနဲ့ အမည်မည်းစာရင်း(Blacklist) ရေးသွင်းတာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တရားမဝင် တံဆိပ်တုံး အတုအပပြုလုပ်ပြီး နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးနေသူတွေကို အိမ်ရှင်နိုင်ငံ (တောင်ကိုရီးယား) တရားဥပဒေအရ ထိရောက်စွာ အရေးယူဟန့်တားနိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့် နဲ့နယ်မြေခံအဆင့် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီနေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
◾ Website တွင် ဖတ်ရှုရန်
https://www.mtnewstoday.com/?p=81173
#တောင်ကိုရီးယား #သံရုံး #နိုင်ငံကူးလက်မှတ် #Visa #Passport #NUG #ကိုယ်စားလှယ် #MT #mtnews
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ လှိုင်မြင့်မိုရ်အိမ်ယာမှာနေထိုင်တဲ့ ဦးမင်းဆွေ(ခေါ်) ငါးမင်းဆွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငါးမင်းဆွေအမည် Facebook Account
“ချစ်လှစွာသော မြန်မာများ အေးချမ်းကြပါစေ၊ ကျွန်တော် ငါးမင်းဆွေပါ၊ PDF များနှင့်တွေ့ဆုံညှိနှိုင်းပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းစေရမည်။
ပုံ/ဗိုလ်ချုပ်မှူးကြီး ငါးမင်းဆွေ
———
“စစ်ဗိုလ်ချုပ်မှူးကြီးတဲ့ သူ့လက်ထပ်အောင်ပွဲရတဲ့စစ်ပွဲတစ်ပွဲမှ မရှိဘူး”
———
“အစ်ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့လုပ်တတ်ပါတယ် တစ်သောင်းတန်တွေရိုက်ထုတ်ပြီးတော့”
————
“ကိုရည်မွန်က တစ်ဖြည်းဖြည်းနဲ့ နေပြည်တော်ကို ရောက်လာတော့မယ် အစ်ကိုလှိုင်”
————-
“အစ်ကိုလှိုင်က တစ်ရုတ်က ပြန်လာ ရင်တော့ တစ်ကယ်ကြမ်းတော့မှာလို့ ယူဆမိပါတယ်”
————-
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်တမ်းဓါတ်ပုံတွင် ၎င်း၏မျက်နှာအား Photoshot ဖြင့်ပြောင်းလဲထားရှိသည့် မှတ်တမ်းပုံများ၊ Photoshot ဖြင့်လှောင်ပြောင်ထားသည့် ဓါတ်ပုံများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ဓာတ်ပုံများနှင့်အတူ လွှင့်တင်ခြင်း၊ရေးသားမှုများပြုလုပ်ခြင်း များပြုလုပ်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် (ပ)၂၇၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ -က အမှုဖြင့်အရေးယူအမှုဖွင့်လှစ်ထားသော အမှတ်(၂၇)ဗိုလ်ချုပ်လမ်း၊ ဖက္ကလိပ် ကျေးရွာ၊ ကျိုက်ထိုမြို့နယ်တွင်နေထိုင်သည့် ဆားလုပ်ငန်းလုပ်ကိုင်သူ ငါးမင်းဆွေ(ခ)ဦးမင်းဆွေ(၆၇)နှစ်(ဘ)ဦးထွန်းငြိမ်းအား ဖမ်းဆီးအရေးယူထားကြောင်းသိရ။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago