♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

Description
News Channel
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

3 weeks, 5 days ago

🔴စမ်းချောင်း

ဧည့်စစ်

မုန့်လက်ဆောင်းကုန်းမြောက်ရပ်ကွက် ရတနာသိင်္ခလမ်း တိုက် 44ဝန်းကျင်တွင် စစ်ခွေး ရဲခွေး ထွေအုပ် လဝက အုပ်ကြီး ခွေးအင်အား ၁၀ကောင် ၁၅ကောင်ဝန်းကျင်ခန့် ဧည့်ဝင်စစ်နေ
*
10:30 PM
@SanchaungScout

3 weeks, 5 days ago

*🟠 သင်္ဃန်းကျွန်း ဦးစံဖေဘက် ခြေရှုပ်*

ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်ရှိ အုပ်ချုပ်ရေးမှုးရုံး၌ စစ် DC ၁ စီး၊ ရဲထောင်ကား ၁ စီး ရောက်ရှိနေပီး ရုံးထဲတွင် အကြမ်းဖက် စစ်သား ရဲသား အင်အား ၂၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။ ရပ်ကွက်ထဲ ဧည့်စစ်ဝင်မည်ဟု ခန့်မှန်းရသည်။

19 Dec 2024
#RangoonScoutNetwork

3 weeks, 5 days ago

မြောက်ဒဂုံ

၃၆ နှင့် ၃၇ ရပ်ကွက်ကြား မန္တလေးလမ်းနှင့် လောပိတလမ်းထောင့်တွင့် ရဲမှူးဟောင်း တစ်ကောင် ပိုက်ဆံအိတ်အလုခံရ၍ ရခများ ခြေရှုပ်နေကြောင်းသိရသည်။

8:10PM
Source @NEinformer

1 month ago

🔻မောင်တောမြို့သိမ်း
တိုက်ပွဲရဲ့ ပဲ့ကိုင်ရှင်🔻

မောင်တောတိုက်ပွဲမှာအာရက္ခတပ်တော်က လက်နက်ကြီးတွေကို ပေါပေါသီသီအသုံးပြုသွားတာကို တွေ့ရတယ် ။ ဒါတွေကို ပစ်ခတ်ဖို့ ဘယ်သူကလေ့ကျင့်ပေးသလဲဆိုတာကို သိချင်နေတဲ့သူတွေအတွက်
ဖြေပေးလိုက်ပါတယ်။

❤️ဗိုလ်မှူးအောင်မြင့်စိုး❤️

ဗိုလ်မှူးအောင်မြင့်စိုးဆိုတာဟာ -
၂၀၁၈ မှာ အာရက္ခတပ်တော်ထံကို ဘက်ပြောင်းလာတဲ့စစ်ကောင်စီတပ်သားစစ်စစ်ပါ
ပြန်တမ်းဝင်အမှတ် ကြည်း(၄၀၇၉၉)
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၄၇) ။
အမှတ် (၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း ၊
အမှတ် ( ၇၃)သံချပ်ကာ စစ်ဆင်ရေး ကွပ်ကဲမှုဌာန ၊
အမှတ် ( ၅၃၁)တင့်ကားတပ်ရင်း စတဲ့ ဌာနတွေမှာ ၂၀၀၅ ကနေ
၂၀၁၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး
၂၀၁၈ ခုနှစ်မှာဘဲ အာရက္ခတပ်တော်ထံ ဘက်ပြောင်းလာခဲ့သူဖြစ်ပါတယ်။

..❤️သာလီစွလေ သာစွလေ..❤️

1 month ago

မှော်ဘီမြို့နယ်၊ သန္ဓပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု ပျူစောထီး ၃ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းဆွဲခိုက်တိုက်ခဲ့ရာ ပျူစောထီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း Operation Flame (OF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမပေါ်တွင်ရှိသော အကြမ်းဖက်စစ်တပ် လက်ပါးစေပျူစောထီးများ အခြေချထားသော သန္ဓေပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းများအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးရဲဘော်များ ဘေးကင်းကြောင်း သိရှိရသည်။

"အဝေးထိန်းမိုင်း ၂လုံးဖောက်ခွဲခဲ့ပါတယ်။ ပျူစောထီး ၃ကောင် ထိခိုက်မှု ရှိနိုင်ပါတယ်။ မိုင်းခွဲပြီးတဲ့နောက် လုံခြုံရေး တင်းကျပ်နေပြီး စစ်ကားတွေ ဖောက်ခွဲရေးနေရာကို ချက်ချင်း ရောက်လာခဲ့ပါတယ်" ဟု Operation Flame (OF)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မှော်ဘီမြို့နယ်မှ ကင်းထောက်လုံခြုံရေးအဖွဲ့များကလည်း ယမန်နေ့ ည ၇ နာရီဝန်းကျင်အချိန် မှော်ဘီမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က လုံခြုံရေးအတွက် ဂိတ်ချ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့မှု မှန်ကန်ကြောင်း အတည်ပြု ပြောဆိုကြသည်။

မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မိုင်းဖောက်ခွဲသည့် စစ်ဆင်ရေးကို Operation Flame (OF)မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညပိုင်း စစ်တပ်နှင့်ရဲများက နေအိမ်များသို့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

1 month ago

ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်သို့ မင်းအောင်လှိုင် တက်ရမည်ဖြစ်၍ လုံခြုံရေး ကင်းပုန်းဝပ်ရန်အတွက် လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်အခမ်း အနားသို့ မင်းအောင်လှိုင် တက်မည်ဖြစ်၍ စစ်တပ်က လုံခြုံရေး ကင်းပုန်းဝပ်ရန်အတွက် လမ်းဘေးခွေး မှန်သမျှကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်လျက်ရှိကြောင်း ပြင်ဦးလွင် မြို့နယ်စည်ပင်အရာရှိတစ်ဦးနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ယခု ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်သို့ စစ် တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်း ပွဲများ တက်ရောက်ခဲ့ပြီး ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် အခမ်းအနားသို့လည်း တက် ရောက်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒီဇင်ဘာဆန်းပိုင်းမှစတင်ပြီး ပြင်ဦးလွင်မြို့တွင်းနှင့် မြို့ပြင်များတွင် စစ်တပ်က ကင်းပုန်းများ ဆက်တိုက် ချ ထားကြောင်း၊ လုံခြုံရေးတိုးမြှင့်ရာတွင် ကင်းပုန်းဝပ်ရန် အနှောင့်အယှက်ဖြစ်စေမည့် ခွေးလေခွေးလွင့်များကို အဆိပ်ချ ရှင်း လင်းရန် စစ်ရုံးက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

" ဒီဇင်ဘာ တစ်လလုံး လူကြီး(မင်းအောင်လှိုင်) ခရီးစဉ်ရှိတဲ့အတွက် ခွေးလေ ခွေးလွင့်တွေကို လုံခြုံရေး ကင်းပုန်းဝပ်ရာမှာ အနှောင့်အယှက်မဖြစ်စေဖို့ အဆိပ် ပစ် ရှင်းလင်းဖို့ နယ်မြေတပ်ရင်းကနေ စာထုတ်ပါတယ်။ အဲဒါကြောင့် စီမံချက်နဲ့ ရှင်းလင်းနေရပါတယ်" ဟု ပြင်ဦးလွင်မြို့နယ်စည်ပင်အရာရှိတစ်ဦးက ရှင်းပြသည်။

ပြင်ဦးလွင်ဒေသပြည်သူတချို့လည်း မင်းအောင်လှိုင်ခရီးစဉ်အတွက်ဟုဆိုကာ ပြည်သူ့စစ်များ၊ စည်ပင်ဝန်ထမ်းများ၊ စစ်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ပြင်ဦးလွင်မြို့တစ်ဝန်းတွင် ညပိုင်း အဆိပ်ခတ်ထားသော အမဲတုံးများပစ်၍ ခွေးလေ ခွေးလွင့်များ ရှင်းလင်းကြောင်း၊ နံနက်အစောပိုင်းတွင် စည်ပင်သာယာကားများဖြင့် ခွေးလေ ခွေးလွင့်အသေများကို နေ့စဉ် ရက်ဆက် ရှင်းလင်းနေကြောင်း သိရှိရသည်။

" သူသွားမယ့် လမ်းတစ်လျှောက် ခွေးတွေ ရှင်းတာအပြင် ကင်းပုန်းဝပ်တာတွေ အနှောင့်အယှက်မဖြစ်အောင်ဆိုပြီး အဆိပ်ခတ် အမဲတုံးတွေ လိုက်ချပြီး ခွေးတွေ ရှင်းနေတာ။ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာလည်း စည်ပင်၊ရဲနဲ့ ပြည်သူ့စစ်တွေက ခွေးတွေကို အဆိပ် လိုက်ချတယ်။ လမ်းတွေပေါ်မှာတော့ ခွေးတွေလည်း သေနေကြတယ်။ ဘုန်းကြီးကျောင်းက မွေးထားတဲ့ ခွေးတွေလည်း သေကုန်ကြတာ။ လူတင်မကဘူး ခွေးတွေပါ ဒုက္ခပေးနေတာ။ ခွေးတွေပါ မကျန်အောင်ဒုက္ခ ပေးနေတာ" ဟု ပြင်ဦးလွင် ဒေသပြည်သူတစ်ဦးက ဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲတက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားကြောင်း၊ ယမန်နေ့ ပြင်ဦးလွင်တွင် ၎ မင်းအောင်လှိုင် လုံခြုံရေးအတွက် လမ်းများ ပိတ်ဆို့ထားခဲ့ကြောင်း သိရှိရသည်။

ပြင်ဦးလွင်ရုက္ခဗေဒ ဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် သို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် တက်ရောက် လျာထားကြောင်း၊ လုံခြုံရေးဆိုင်ရာ အခြေအနေများရှိပါက မင်းအောင် လှိုင် ပွဲတက်မည့် ရက် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း တပ်သ တင်းရင်းမြစ်တစ်ခုက ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ရှုံးမှုများကြောင့် မင်းအောင်လှိုင်အပေါ် အမျိုးသားရေးအစွန်းရောက်များနှင့် စစ်လော်ဘီများက ညံ့ဖျင်း သော ခေါင်းဆောင်အဖြစ် အပြင်းအထန် ဝေဖန်မှုများရှိနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပွဲတက်မပြတ်ဘဲ အခမ်းအနားများသို့ တက်ရောက် ဖွင့်လှစ် လှည့်လည်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- ဒီဇင်ဘာလ ၁၂ ရက်နေ့ စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်။

1 month, 1 week ago

စလင်းတွင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် တရားခံ ဦးစံ ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ဦးစီးခုံရုံးအဖွဲ့နှင့် ဥပဒေရုံးအဖွဲ့က သေဒဏ်ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၅

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် တရားခံ ဦးစံ ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ဦးစီးခုံရုံးအဖွဲ့နှင့် ဥပဒေရုံးအဖွဲ့က သေဒဏ်ချမှတ်လိုက်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေအတွင်း အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် အသက် ၄၂ နှစ်အရွယ် ဦးစံ ဆိုသူကို တော်လှန်ရေး တပ်ဖွဲ့များက ၇၂ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ်၊ သရက်တောတိုက်နယ်၊ ဂုန်ညှင်းနွယ်ကျေးရွာတွင်နေထိုင်သော တရားခံ ဦးစံသည် မုဒိမ်းမှု ကျူးလွန်ပြီးနောက် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်၍ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ပုဒ်မ – ၃၇၆/ ၃၀၂ (က) တို့ဖြင့် အမှုဖွင့် အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်ထားသော တရားခံ ဦးစံကို စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးယန္တရားအဓိကအကောင်အထည်ဖော်လည်ပတ်ဆောင်ရွက်လျှက်ရှိသော ဆရာမ Heineken (ဥပဒေရေးရာတာဝန်ခံ-ပူးတွဲ)၊ စလင်းပကဖ တာဝန်ခံ M4 (ပအဖ-ဒုတာဝန်ခံ)၊ ထောက်လှမ်းရေး- သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Aung San တို့မှ ဦးစီးခုံရုံးဖွဲ့ပြီး ဥပဒေရုံးအဖွဲ့များနှင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

သေဒဏ်ချမှတ်ခြင်း ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အဖွဲ့အစည်းတစ်ခုမှ ဆရာမ Heineken ကို ဦးတည် တိုက်ခိုက်ရေးသားထားခြင်းများ လုပ်ဆောင်ခဲ့ပြီး ယင်းအဖွဲ့အစည်းကို မည်သည့်တာဝန်ခံများနှင့် ဖွဲ့စည်းထားပြီး မည်သည့်အလုပ်များ လုပ်ဆောင်နေသည်ကိုမသိရှိရကြောင်း၊ စလင်းမြို့နယ်အတွင်း ဖြစ်ပျက်သွားသည့် ဆိုးရွားလှသည့် လူသတ်မုဒိမ်းမှုပင် အာရုံမထားဘဲ ဂုန်ညှင်းနွယ်ရွာပင် ရောက်ရှိခြင်းမရှိဘဲ ထိုကဲ့သို့ ကန့်လန့်တိုက် တိုက်ခိုက်နေမှုကို ရှုံ့ချကြောင်းနှင့် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ပြည်သူလူထု လိုလား တောင်းဆိုချက်များအရ ပြည်သူလူထု အရေးကိစ္စမှန်သမျှကို ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ပြောဆိုထားသည်။

1 month, 1 week ago

ကျွန်းလှတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၂၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးပူးပေါင်း၍ ၂ ပတ်ကြာ စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ ၂၀၀၀၀ နီးပါးစစ်ဘေးရှောင်နေကြရပြီး စစ်တပ်ဒရုန်းများ၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှစကာ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း အင်အား ၂၀၀ ခန့်သည် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

"ပြည်သူတွေက ၂ ပတ်ကျော်လောက်ဆိုတော့ ခက်ခဲတာပေါ့။ ရိက္ခာကအစ တနိုင်တပိုင်ယူကြတာဆိုတော့ ရေရှည်မှာ စားဝတ်နေရေးခက်ခဲလာတာပေါ့။ တောထဲတွေပဲ နေကြရတာပေါ့။ တဲထိုးဖို့လည်း မလွယ်တဲ့အတွက်။ စစ်တပ်ရဲ့ မီးရှို့လိုက်တဲ့ အိမ်ခြေအရေအတွက်က အတည် ပြုလို့မရသေးဘူး" ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ကျွန်းလှမြို့မှ ကံပေါက်ရွာ ပျူစောထီးရွာသို့ ရောက်ရှိလာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းက ကုက္ကိုကုန်းရွာကို ၆၀ မမ ဗုံးသီးများသုံး၍ ဒရုန်းသုံး တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာတိုက်နယ်ဆေးရုံ၌ စတင်တပ်စွဲထားခဲ့ကြောင်း၊ ကုက္ကိုကုန်းနှင့်အနီးတဝိုက်ရှိ ကျေးရွာများကို ဂျက်ဖိုက်တာသုံး၍ နိုဝင်ဘာ ၂၀ ရက်နေ့ နှစ်ကြိမ်၊ ၂၁ ရက်နေ့ နှစ်ကြိမ်၊ ၂၂ ရက်နေ့ Mi-35 ဖြင့် နှစ်ကြိမ်၊ ၂၄ ရက်က Mi35 ဖြင့် လေးကြိမ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူစစ်တပ်က ဒရုန်းသုံး တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းက နှစ်ပတ်ကြာလှည့်လည်စစ်ကြောင်းထိုးစဉ် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ခံသည်ဟုဆိုကာ ကုက္ကိုကုန်းကို တစ်ကြိမ်၊ မဒေါင်၊ လွှတ်တိုက်နှင့် ဆွဲလှဲရွာတို့ကို နှစ်ကြိမ်စီ၊ စုစုပေါင်း ခုနစ်ကြိမ်တိတိ စီးနင်း မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြောင်း၊ ယင်းအပြင် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူလုယက်ခြင်းများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

"စစ်ကြောင်းထိုးပြီးရင် ရွာတွေမှာရှိတဲ့ ပစ္စည်းတွေ အကုန်သယ်တယ် ကားကြီး ကားငယ်နဲ့။ အင်တိုင်းကို စစ်ကြောင်းထိုးတုန်းကလည်း အဲဒီလိုပဲ လုပ်သွားတယ်။ အိမ်ကောင်းရင် မီးမရှို့တော့ဘဲ အိမ်ထောင်ပရိဘောဂက အစသယ်ပြီး ပျဉ်တို့ဘာတို့က ဖျက်ယူတာဆိုတော့ ပြည်သူတွေ စပါးရိတ်သိမ်းချိန်မှာ တမင်းသက်သက် ပြည်သူပိုင်ပစ္စည်တွေ လုယက်ချင်လို့ စစ်ကြောင်းထိုးတဲ့ သဘောမျိုးလို့ ပြောလို့ရတယ်" ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့အတူ ကျွန်းလှမြို့နယ်၊ ဆည်အနီးအနားရှိ ကျေးရွာအများစုမှာ ရွှေနှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများက စီးပွားရေး ပြေလည်ကြကြောင်း၊ အိမ်များ၌ တစ်နှစ်စာ ဆန်/ဆီအား သိုလှောင်ထားလေ့ ရှိကြောင်း၊ ယခုမှာ သီးနှံရိပ်သိမ်းချိန်ဖြစ်ကာ ဒေသခံများလက်၌ ရွှေနှင့် ငွေကြေး ရှိချိန်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးများက ယခုကဲ့သို့စစ်ကြောင်းထိုး မီးရှို့ကာ လုယက်ခြင်း ဖြစ်ကြောင်း၊ ယင်းလုယက်ရရှိသည့် ပြည်သူပိုင် ပစ္စည်းများဖြင့်ပင် အချို့သော ပျူစောထီးများ၏ မိသားစုများမှာ ရွှေ၊ ငွေစုဆောင်းနိုင်ခြင်းနှင့် တိုက်ကဲ့သို့သော နေအိမ်ဆောက်လုပ်နိုင်မှုများပင် ရှိလာကြောင်းလည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရှိရသည်။

လက်ရှိတွင် လုယက်ထားသည့် တန်ဖိုးကြီးပစ္စည်းများကို ကံပေါက်ကျေးရွာ ပျူအထိုင်စခန်းများသို့ ကားများဖြင့် သယ်ဆောင်ကာ ဝေစုခွဲ ရယူနေခြင်းများရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင် ပျူစောထီးများ၏ စစ်ကြောင်းထိုးမှုကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ တောင်ယာဆိပ်၊ ကန့်ဘလူမြို့နယ်မှ လက်ခုပ်ပင်ရွာ၊ ကောလင်းမြို့နယ်အတွင်းမှ ရွာသစ်၊ အောင်ချမ်းသာ၊ ပေတပင် စသည့် ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၂၀,၀၀၀ နီးပါး စစ်ရှောင်နေကြရကြောင်း သိရှိရသည်။

1 month, 1 week ago

ရခိုင်ပြည်၊ အမ်းမြို့ဘက်သို့ ဦးတည်သော စစ်တပ်ရိက္ခာတင်ကား ၃ စီးနှင့် ငဖဲတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၃ ဦးသေဆုံးပြီး စစ်ကား ၂ စီးပျက်စီးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၅

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်တွင် ရခိုင်ပြည် အမ်းဘက်သို့ ဦးတည်နေသော အကြမ်းဖက်စစ်တပ်ရိက္ခာတင်ကား ၃ စီးနှင့် ငဖဲမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ် စွန်တက်ရွာနှင့် လင်းတဲ ရွာအကြား အင်အား ၅၀ ခန့်ပါဝင်သော စစ်ကောင်စီ၏ ရိက္ခာစစ်ကား ၃ စီးကို PRA-Magway တပ်ဖွဲ့က ခြုံခိုမိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ကျော် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်သား ၉ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ရိက္ခာကား ၂ စီးလည်း ရှေ့ဆက်မရ တော့သည် အထိ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

"ရိက္ခာကား ၃ စီးကတော့ ပဒါန်းဘက်ကနေ အမ်းဘက်ကို ဦးတည်ထားတာ။အမ်းက ဘယ်ကိုသွားမလဲ။ ဘယ်အထိသွားမလဲတော့ မသိဘူး။ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တာပါ" ဟု PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက် နေ့ကလည်း ငဖဲမြို့နယ်၊ ဘုံးဘောရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၉ဝ ပါ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁၄ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကူရောက်ရှိ လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခေတ္တပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

"ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို တက်လာတဲ့ ဦးတည်လာတဲ့စစ်ကြောင်းပါ။ အဲဒီအချိန်မှာ ကျနော်တို့ လုံခြုံရေးကင်းတွေနဲ့စတွေ့တယ်။ တိုက်ပွဲဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်" ဟု PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ-အမ်း) မှ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီတပ် ပြေးများကိုလည်း PRA-Magway မှ ကင်းပုန်းချပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိရာ ထိတွေ့တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာနှင့် ဒီဇင်ဘာ ပထမပတ် အတွင်း စစ်ကောင်စီ၏ အင်အား ၅၀ နီးပါးကို ချေမှုန်း နိုင်ခဲ့ပြီး လက်နက်ငယ် ၈ လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင် များကိုလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း ၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေဖြင့် မိမိတစ်ဖွဲ့ချင်းဖြင့် သော်လည်းကောင်း၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍သော်လည်းကောင်း ချမှတ်ထားပြီးသော စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

"နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ပထမပတ်အတွင်းမှာ စစ်သား ၅၀ ကို ကျနော်တို့ ချေမှုန်းနိုင်ခဲ့ပါတယ်" ဟု PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

4 months, 1 week ago

​နေပြည်​တော် ⚠️

1:20am ( 9 Sep)

​နေပြည်​တော် လေတပ်မှ Jet Fighter (1)စီး â€‹â€‹â€‹â€‹â€‹â€‹á€á€ąá€Źá€„á€şá€˜á€€á€şá€žá€­á€Żá€ˇ á€•á€ťá€śá€á€€á€şá‹ ​

⚠️ ရခိုင် ချင်း မ​ကွေး ကရင်နီ ပဲခူး ကရင် သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_InfoBot

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago