မျက်မှောက်ရေးရာ သတင်းအဖြာဖြာ✍

Description
နေ့စဉ်ပြည်တွင်းသတင်းများ
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

11 months, 3 weeks ago
မြေပြင်မှာတော့ PDF တပ်ခွဲ ၃ ရဲ့ ဒုတပ်ရင်းမှူး …

မြေပြင်မှာတော့ PDF တပ်ခွဲ ၃ ရဲ့ ဒုတပ်ရင်းမှူး သေပြန်ပြီ

11 months, 3 weeks ago
အကြမ်းဖက်BNRA တပ်ရင်း ၃ မှ အောင်ကိုဝင်း သေဆုံး...

အကြမ်းဖက်BNRA တပ်ရင်း ၃ မှ အောင်ကိုဝင်း သေဆုံး...

11 months, 3 weeks ago

စစ်တွေမြို့၏အရှေ့ဘက်၊ဝါးဘိုရွာရှိ ရန်သူ့ Jammer နေရာအား Drop Bomb ချတိုက်ခိုက်ဖျက်ဆီးမှုမှတ်တမ်း video file (၂.၃.၂၀၂၅)

1 year, 1 month ago

ကဲ သတင်းထူးပါခင်ဗျာ။
ပန်ဆယ်လို ၊အောင်ကြည်ညွန်းတို့အကြောင်းကို ဖော်ချလိုက်တဲ့ စင်္ကာပူက ဒေါ်အိုင်ရင်း.....

1 year, 1 month ago
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူတွင် NUG ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ …

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူတွင် NUG ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရကြောင်းသိရပါသည်။

ကန့်ဘလူမြို့နယ်၊ ရေရှင်အုပ်စု၊ တင်ငုတ်ကြီးကျေးရွာက (NUG) ခန့် အုပ်ချုပ်ရေးမှူးတယောက်ကို ဇန်နဝါရီ ၆ ရက် မနက် ၆ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မျက်နှာဖုံးစွပ်ပြီး ဆိုင်ကယ်နှင့်ရောက်ရှိလာတဲ့ လူ ၂ ဦးက ပစ်သတ်သွားကြောင်းသိရပါသည်။

ဒေသခံရွာသားတွေ၏ပြောကြားချက်အရတော့ ကိုယ့်အချင်းချင်းထဲကပဲ သတ်ဖြတ်သွားကြောင်းသိရသလို ဒေသခံတဦး၏ ပြောကြားချက်ကတော့ ငွေကြေးဝေစု ခွဲမပေးတာ ဖြစ်နိုင်ကြောင်း သိရပါသည်။

သတ်ဖြတ်ခံရသူဟာ အုပ်ချုပ်ရေးမှူး ဦးငွေသိန်းဖြစ်ပြီး သူ့ရဲ့နေအိမ်အတွင်းမှာ သတ်ဖြတ်ခံရတာဖြစ်ကြောင်းသိရသလို လာသတ်သူတွေကို ရဲဘော်အချင်းချင်းဆိုပြီး ဇနီးဖြစ်သူက လက်ဘက်ရည်တောင် ဖျော်တိုက်လိုက်သေးကြောင်းသိရပါသည်။

1 year, 1 month ago
ဖြူဖြူတွေက သူဟာသူ အရင်ကတည်းကလည်း ဒီပုံစံအတိုင်းပန်းပန်တယ် ၇၆ ကို …

ဖြူဖြူတွေက သူဟာသူ အရင်ကတည်းကလည်း ဒီပုံစံအတိုင်းပန်းပန်တယ် ၇၆ ကို နှစ်လုံးထီထိုးဆိုပြီး မယ်တော်ဟောင်စုပရုတ်ဆီးကိုကြော်ငြာတယ်။ဟောင်စုဆိုတာက တရုတ်ဆေးနာမည် ဆေးပရုပ်ဆီကို ဆိုလိုတာဖြစ်တယ်။ ဒါကို ဖြူဖြူထွေးကို အပုတ်ချတိုက်ခိုက်ချင်နေတဲ့သူက ဦးကိုကိုကြီးရဲ့ လူယုံတ‌ယောက်က ထိုင်နိုင်ငံကနေစပြီး ဖွလိုက်တော့ NUG အုပ်စုက သံယောင်လိုက်ပြီး Social mediaကနေစတင်တိုက်ခိုက်ကြတော့သလို ဖြူဖြူထွေးရဲ့ အသက်အန္တရာယ်ကိုပါခြိမ်းခြောက်လာကြတယ်။ငါနှင့်မတူငါ့ရန်သူဆိုပြီး သဘောထားတိုက်ခိုက်ကြတယ်။
ပြောတော့ ဒီမိုကရေစီတိုက်ပွဲဖော်ဆောင်နေတာဆို
အခုတော့ ဒီမိုကရေစီခြိမ်းခြောက်ခံနေရတဲ့ ဖြူဖြူထွေးရဲ့ ဘဝ။

ဒီနိုင်ငံမှာ ဖြူဖြူထွေလို ပရဟိတလုပ်နိုင်တဲ့သူပြိုင်ဖက်ရှားအမျိုးသမီးတယောက်ကို ခေါင်စဉ်ရှာပြီး တိုက်ခိုက်နေတာဟာ အင်မတန်အောက်တန်းကျတဲ့လုပ်ရပ်ဆိုတာ ပြောချင်တယ်။

စိတ်အခံတွေမကောင်းကြရင်ဖြင့်
အနာဂတ်ဘဝတွေ မကောင်းနိုင်ဘူး။ဘာ့ကြောင်းအနာဂတ်ဘဝ ကံမကောင်းနိုင်ရတာလည်းဆိုရင် လုပ်ရပ်က အားကုသိုလ်လုပ်ရပ်ဖြစ်နေလို့ပါပဲ

1 year, 1 month ago

ကားတားပြီးလူကိုဖမ်းခေါ်သွား

ဒီနေ့ (ဇန်နဝါရီ -၄)
ညနေ ၅:၃၀ နာရီခန့်က
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊
ကန်ကောက်ရပ်ကွက်၊ မြို့ပတ် လမ်း၊၃၃×၃၄ လမ်းထောင့်ရှိ The wood စားသောက်ဆိုင်အနီး၌
ပုသိမ် ကြီးမြို့နယ်၊နန်းဦးလွင်ကျေးရွာ၊၁၉လမ်းရှိ စတားပါဝါ စက်သုံးဆီ
အရောင်းဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦး
ဆိုသူအားအမည်မသိ အမျိုးသား ၅ဦးမှ
ဦးထွန်းလင်းနိုင်ဦး မောင်းနင်သည့် မော်တော်ယာဉ်အား တားဆီးကာ
ကားပေါ်မှဆွဲခေါ်၍ ၎င်းတို့စီးနင်းလာသည့် အနက်ရောင်ကားပေါ်သို့ တင်ဆောင်ကာ မြို့ပတ် လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်သွားခဲ့ကြောင်း

အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားသူများအား  သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရှိရ။

1 year, 1 month ago
မျက်မှောက်ရေးရာ သတင်းအဖြာဖြာ✍
1 year, 1 month ago
ဖြူဖြူထွေးပန်းပန်တဲ့ပုံစံက အရင်ကလည်း ဒီအတိုင်းပဲပန်းပန်ခဲ့သူပါ။

ဖြူဖြူထွေးပန်းပန်တဲ့ပုံစံက အရင်ကလည်း ဒီအတိုင်းပဲပန်းပန်ခဲ့သူပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှုနဲ့ ထောင်ကျတာပါ။အကြမ်းဖက်လူသတ်နေတဲ့ PDFတွေလုပ်ရပ်နဲ့လည်း မဆိုင်ပါဘူး။အဂတိအမှုဆိုတာ နိုင်ငံတော်က လွတ်ငြိမ်းပေးပြီး ပြန်လွှတ်လို့ရတဲ့အမှုပါ။လူသတ်၊ဓားပြတိုက်၊ဆက်ကြေးတောင်းနေတဲ့ PDFတွေလို ဒေါ်အောင်ဆန်းစုကြည်စုက ကျူးလွန်ထားသူမဟုတ်တဲ့အတွက် အချိန်ကျရင် ပြန်လွတ်လာပါလိမ့်မယ်။
PDF တွေက တလမ်း
ဒေါ်အောင်ဆန်းစုကြည်က တလမ်း
လမ်းချင်းမတူပါဘူး။
ဒါလေးသိထားရင် OKပါတယ်။

1 year, 1 month ago

ကြောင်းအမျိုးမျိုးကြောင့်နေရာဒေသအသီးသီးသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်

(ပြည်တွင်း) ဇန်နဝါရီ  ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကိုလွှဲပြောင်းရယူခဲ့ရသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ DCS လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကိုမလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့ သောကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။

၂။ ၎င်းတို့အနေဖြင့် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့၏ ထုတ်ပြန်ခဲ့သည့်အာဏာရှင်ဆန် သည့်ထုတ်ပြန်ချက်၊ ပြောကြားချက် တို့အပေါ်တွင်လည်း ထပ်မံစိုးရိမ်လျက်ရှိပြီးရောက်ရှိရာနေရာများ၌လည်း လုံခြုံရေးအာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ အဆင်မပြေ ခက်ခဲမှုတို့နှင့်ရင်ဆိုင်နေရသဖြင့် မိမိတို့နေရပ်ဒေသအသီးသီးသို့ ပြန်လာလို သည့်ဆန္ဒများဖြစ်ပေါ်နေသည်ကို သတင်းရရှိပါသည်။

၃။ ယခုဖြစ်စဉ်ကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်း ဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက် အဦများအားဖျက်ဆီးမှု၊ (DCS) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့်ထွက်ပြေးတိမ်းရှောင် နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်အထူးသက်ညှာစွာဖြေလျော့ ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

၄။ မိမိနေရပ်ဒေသအသီးသီးမှ စွန့်ခွာတိမ်းရှောင်နေရသူများသည်လည်း မိမိတို့နိုင်ငံသားများဖြစ်သော ကြောင့် ၎င်းတို့အနေဖြင့် တိမ်းရှောင်ရောက်ရှိနေရာများမှ မြန်မာနိုင်ငံရှိ ၎င်းတို့ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ နေရပ်ဒေသအသီးသီးသို့ အကြောင်းအရာတစ်မျိုးမျိုး ဖြင့် ပြစ်မှုကျူးလွန်ထားသူများမှ အပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင် နေရသူများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့ပေးမှုများနှင့်အညီ ပြန်လည် ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပြည်ပ ရောက်နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဟု၌ ထုတ်ပြန်ထားကြောင်း သိရသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago