ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006
Last updated 6 days, 4 hours ago
Onii-chan ရဲ့ Channel ခွဲလေးတွေလည်း Join ထားပေးကြပါအုန်းဗျ။
Link - @onichantranslations
Last updated 2 weeks, 2 days ago
Queen of tears ထဲက ဟုန်းဟယ်အင်းပြောတဲ့
Dialogue တစ်ကြောင်းလေ
“ ငါအတွက်တော့အချစ်ဆိုတာ နှစ်ယောက်အတူတူ အမြဲချစ်ခင်ကြင်နာပြပြီးပျော်ရွှင်နေတာမျိုးမဟုတ်ဘဲ ၊တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်း မုန်းလွန်းလို့ သေမလို ဖြစ်နေရင်တောင် ပစ်မသွားတာက အချစ်ပဲ”တဲ့
ကိုယ် အရင်ရည်းစားနဲ့ပြတ်တဲ့နေ့တုန်းက ကိုယ့်အချစ်ဆုံးသူငယ်ချင်းကိုပြောဖြစ်တဲ့စကားတစ်ခွန်းရှိတယ်။ “တကယ်လို့လေ ငါသာရည်းစားသစ်ထပ်ထားပြီး အဲ့ရည်းစားနဲ့ပါ ထပ်ကွဲသွားရင်တော့ ငါ လမ်းမှာပခုံးချင်းတိုက်မိတဲ့လူနဲ့ယူလိုက်တာဖြစ်ဖြစ် ၊တစ်ဘဝလုံး တစ်ယောက်တည်းနေသွားတာဖြစ်ဖြစ် လုပ်တော့မယ်”လို့။
ဘာလို့ဆို ဒီတစ်ခေါက်လမ်းခွဲဟာဘာမှကို မခံစားရဘဲ ခွဲခွါခြင်းကို ယဉ်ပါးလာသလို ခံစားရလို့ ။
အသဲကွဲရတာ အခုနောက်ပိုင်းငှက်ပျောသီအခွံနွှာစားရသလိုပဲဆိုတဲ့စကားက ဟာသအဖြစ်ပြောတာဆိုပေမဲ့ ကိုယ်ဟာခွဲခွါခြင်းကို ဘယ်လောက်တောင်မှယဉ်ပါးလာခဲ့တာလဲ
ဒီလိုကနေ တဖြေးဖြေးချစ်ခြင်းမေတ္တာကို အလေးမထားတတ်တော့မှာကိုဆိုးတယ်။ ဝေးသွားလည်းကိစ္စမရှိတော့ပါဘူးလို့ တွေးမိလာမှာကိုဆိုးတယ်
အချစ်သစ်ဟာ အမြဲတွေ့နေရဦးမှာလို့ တွေးမိမှာကို ဆိုးတယ်။ ခွဲခွါခြင်းကို မကြောက်ရွံတော့ရင် ချစ်ခြင်းမေတ္တာကိုဖမ်းဆွဲမထားမိတော့မှာကိုဆိုးလာလို့
နောက်ပိုင်းတော့အချစ်ဆိုတာ အချင်းချင်း အပြန်အလှန် ဖမ်းဆွဲထားဖို့ပဲ စိတ်ကုန်နေရင်တောင်၊ဆိုးသွမ်းနေရင်တောင် ၊ငြီးငွေ့နေရင်တောင် မိသားစုတွေလို ရန်ဖြစ်လိုက်သောင်းကျန်းလိုက် အော်ဟစ်လိုက်နဲ့ အချိန်တန် ဒီလောကထဲမှာ ဒီနှစ်ယောက်ကတော့ တစ်ယောက်အတွက်တစ်ယောက်ရှိနေပေးမှာမျိုးပေါ့။
အခြေအနေတွေခြားလို့ ၊ရေမြေတွေခြားလို့ ၊ပြဿနာအမျိုးမျိုး အကြောင်းပြချက် အမျိုးမျိုးနဲ့ အချင်းချင်း လွှတ်ချလိုက်မှာမဟုတ်ဘဲ ။ ရန်တွေဖြစ် ပြဿနာတွေတက်ပြီး တစ်ယောက်နဲ့တစ်ယောက် သေမလောက်ငြီးငွေ့နေတာတောင် ၊ အားမလိုအားမရဖြစ်နေတာတောင် ငါ့အတွက်တော့ ဒီလူဟာ ဒီ့ဘဝမှာ ဒီကမ္ဘာကြီးပေါ်မှာ အမြဲအတူတူရှိနေပေးရမယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့။
အချစ်မှာလေ တတိယလူကိစ္စကလွဲရင် ကျန်တာတွေအားလုံးကို ခွင့်လွှတ်ပေးလို့ရတယ်၊ပြုပြင်စောင့်ဆိုင်းပေးလို့ရတယ်။ ဘာပဲဖြစ်ဖြစ် အသက်ကြီးလာတော့ အချစ်ဆိုတော့ အပြန်အလှန် လွှတ်မချတာဘဲ
လမ်းခွဲစကားပြောပြီး ထမင်းစားဖို့ လာခေါ်တာ
အားမလိုအားမရဖြစ်လွန်းလို့သေမလိုဖြစ်နေပေမဲ့
ပြဿနာတိုင်းလိုက်ဖြေရှင်းပေးတာ
အချစ်ဟာ အိမ်ပဲ
လူတွေဟာ အိမ်မှာနေရတာ ငြီးငွေ့တယ်မွန်းကျပ်တယ်လို့ထင်ကြပေမဲ့ ဘဝမှာ ရှင်သန်ရင်းပင်ပန်းလာရင် အိမ်ကိုပဲ ပြန်လာကြတာမဟုတ်လား
ချစ်လျက်နဲ့လမ်းခွဲကြတယ်ဆိုတာအပိုတွေ
ချစ်ရင် ဖမ်းဆုပ်ထားရမှာပေါ့
အပြန်အလှန် ဆွဲထားရမှာပေါ့
ပိုပြီးကြိုးစားခဲ့ရမှာပေါ့
သတ္တိကြောင်တဲ့စကားတွေ ၊တလွဲမာနတွေမထားဘဲနေခဲ့ရမှာပေါ့။ အဲ့လိုမဟုတ်ရင်တော့ ချစ်တယ်ဆိုတာ စကားအခွံပဲ ။ ဒီလောက်ခက်ခဲတဲ့လောကကြီးမှာ တစ်ယောက်တည်းရှင်သန်ခိုင်းလိုက်တာက ဘယ်လိုလုပ်ချစ်တာ ဖြစ်တော့မှာလဲ ။ ဒါကြောင့် လမ်းခွဲပြီးရင် ဘယ်တော့မှပြန်မလာခဲ့ဖို့ပြောတာပေါ့။
အရင်အရှေ့၁ပိုင်းမှာKornကိုအထင်လွဲခဲ့မိလို့ခွင့်လွှတ်ပါ?အခုလိုမျိုးချစ်တတ်ပြီးကတိတွေပေးထားတာမှန်းမသိခဲ့သလိုအခုလိုစိမ်းစိမ်းကြီးဖြစ်နေမှန်းလည်းမထင်ခဲ့မိလို့ပါ ငါ့သားလေးtonklaကိုစိတ်ဒုက္ခပေးနေပြီဆိုပြီး ရဲသားကြီးနဲ့သဘောတူလိုက်မိလို့လည်းခွင့်လွှတ်ပါ
#Astilbe ?
ကိုယ့်ကိုယ်ကိုယ်ယုံကြည်သင့်တယ်ကလေး ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်အဓိက ကစိတ်၁ခုပါပဲ လူတိုင်းတူနိုင်တာမှမဟုတ်တာနော်ကိုယ်မတော်တဲ့အချက်ကသူများတွေတော်နိုင်တာလည်းရှိသလိုသူများတွေမလုပ်နိုင်တဲ့အရာတွေကကိုယ့်ဆီမှာတော်နေတာလုပ်နိုင်နေတာလည်းရှိမှာပဲလေနော် လူတိုင်းကမပြည့်စုံနိုင်ဘူးလေကိုယ်ကသာသူများတွေတော်လိုက်တာငါကဘာမှလည်းမဟုတ်ပါဘူးကိုယ့်ဘက်ကအမြင်နဲ့တွေးနေနိုင်ပေမဲ့အဲ့၁ဖက်လူမှာလည်းလိုအပ်ချက်တွေဆိုတာရှိနေနိုင်တာပါပဲ ကိုယ့်ကိုယ်ကိုယ်သူများနဲ့အရမ်းလိုက်နှိုင်းမိနေပြီးသူများကိုပဲထိုင်အားကျနေပြီးကိုယ်လုပ်နိုင်တာပဲမသိဘဲကိုယ့်ဟာကိုယ်စိတ်ဓာတ်ကျပြီးစိတ်ညစ်နေရင်ကိုယ်မသိတဲ့တော်ပြီးသားအချက်တွေပါမပေါ်ထွက်လာဘဲနေသွားလိမ့်မယ်နော် ကိုယ့်ကိုယ်ကိုယ်ပြန်ချစ်ကြည့်ပြီးကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ကြည့်ပါဦးကလေးရေ ကလေးက ကလေးထင်ထားတာထက်အများကြီးပိုတော်ပြီးပိုလုပ်နိုင်တဲ့အဖိုးတန်လူသားလေးဖြစ်နေတယ်ဆိုတာသိရဲ့လား သူများတွေကိုလိုက်ကြည့်ပြီးဂရုစိုက်နေမဲ့အစားသူများတွေကသာကိုယ့်ကိုကြည့်ပြီးအားကျရတဲ့လူအဖြစ်နေနိုင်အောင်အခုကစပြီးပြောင်းလဲတော့နော်အတွေးတွေကအစ မဟုတ်တာတွေမတွေးနဲ့confidenceရှိချင်ရင်ကိုယ်ကိုယ်တိုင်ကိုယ့်စိတ်ကိုအရင်ပြင်ကြည့်နော်
#Astilbe ?
ရခိုင် သင်္ဘောသီးထောင်း ဒါမျိုးပါးပါးထောင်းစားရင် အရသာ တစ်မျိုးလေးကောင်းတယ်
ဗမာသင်္ဘောသီးသုပ်ကျ ခြစ်ပြီး သုပ်တာ ရခိုင်သုပ်ကျ
မချစ်ဘူး ကိုယ်ကဘယ်လောက်ချစ်ချစ်လေ သူမှမချစ်ပဲ
သူများက မချစ်ချင်တာကို အတင်းချစ်ခိုင်းလို့မရဘူး
သူ မချစ်ချင်တာကလဲ ရှင်းတယ် မင်းဖြစ်နေလို့ကိုမချစ်တာ
အဓိကက မင်းဖြစ်နေလို့ကို မချစ်တာကွာ
crd
#JoNquIL☘
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006
Last updated 6 days, 4 hours ago
Onii-chan ရဲ့ Channel ခွဲလေးတွေလည်း Join ထားပေးကြပါအုန်းဗျ။
Link - @onichantranslations
Last updated 2 weeks, 2 days ago