ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

Description
ကချင်ပြည်နယ် ပထမဆုံး သတင်းရုပ်သံ
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

2 weeks, 1 day ago

တနိုင်းခရိုင်အတွင်းက ရွှေမှော်လုပ်ငန်းရှင်များကို ယာယီ ထွက်ခွာကြရန် KIA သတိပေးထားဟုဆို

EPN
တနိုင်း၊ ဒီဇင်ဘာ-၃၁ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းခရိုင်အတွင်း၊ ရွှေ နှင့် ပင်ယင်းမှော်များတွင် လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ ယခုရက်အတွင်း၌ တပ်မတော်နှင့် တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားလာနိုင်ဖွယ်ရှိ၍ တနိုင်းခရိုင်အတွင်းက အမြန်ဆုံးထွက်ခွာပေးကြရန် KIA လက်နက်ကိုင် အဖွဲ့အစည်းက သတိပေးထားကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

"ရွှေမှော်တွေ ပင်းယင်းမှော်ဘက်တွေမှာ လုပ်ငန်းရှင်တွေ သိပ်မရှိကြတော့ဘူးဟုတ်တယ်။ လက်လုပ်လက်စား သမားလောက်ပဲရှိကြတာ။ တပ်နဲ့ KIA ၊ PDF အဖွဲ့တွေ တကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်လာဖို့ အတော်လေး များနေတယ်။ လူသစ်ဆွဲတာတွေ၊ လူဦးရေစစ်ဆေးတာတွေ ခပ်စိပ်စိပ်လုပ်လာတယ်။"ဟု အမည်မဖော်လိုသူ အထက်ပါလုပ်ငန်းရှင်တစ်ဦးက‌ပြောသည်။

မြစ်ကြီးနား-ဖားကန့် လမ်းပေါ်ရှိ KIA တပ်မဟာ (၂) လက်အောက်ခံ အခွန်ကောက်ခံနေသည့် စခန်းတစ်ခုကို ဝါရာဇွတ်ပြည်သူ့စစ်အဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဝင်ရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း၌ KIA ၊ PDF ပူးပေါင်းအဖွဲ့မှ စစ်သည်တချို့သေဆုံးခဲ့ကြောင်းကို The 74 Media ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနမှ ဒီဇင်ဘာ (၁၈) ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး မြစ်ကြီးနား-ဖားကန့် သွားလမ်းပိုင်းတွင် ခရီးသွားပြည်သူများကို လက်နက်ကိုင် နှစ်ဖက်အဖွဲ့အစည်းတို့မှ စစ်ဆေးမှု တင်းကြပ်ခြင်းနှင့် တနိုင်းခရိုင်အတွင်းက ရွှေမှော်၊ ပယင်းမှော်များတွင် လုပ်ကိုင်နေသူများကိုလည်း KIA ၊ PDF ပူးပေါင်းအဖွဲ့မှ အမြန်ဆုံးထွက်ခွာကြရန် သတိပေးထားကြောင်း မြေပြင်သတင်းများအရ သိရသည်။

ရန်ကျော်

2 weeks, 1 day ago

ဗန်းမော်မြို့မှ တိုက်ပွဲရှောင်လိုသော ဒေသခံများအတွက် စတုတ္ထအကြိမ်မြောက်အဖြစ် စစ်ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးသွားမည်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာလ‐၃၁ (၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ တိုက်ပွဲတိမ်းရှောင်လိုသော ဒေသခံများအတွက် ဗန်းမော်ခရိုင်အခြေစိုက် သုညသုခ လူမှုကူညီရေးအသင်းမှ ဦးဆောင်ကာ စတုတ္ထအကြိမ်မြောက်အဖြစ် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးနိုင်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘေးလွတ်ပြောင်းရွှေ့ခဲ့ကြသည့်ဒေသခံအများစုမှာ မန္တလေးဘက်သို့ သွားလာရန်ခက်ခဲမှုများကြောင့် လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် အသက်ကယ် ဇီဝိတဒါနအဖြစ် အခမဲ့ ကူညီဆောင်ရွက်ပေးနေကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဗန်းမော်မှာတိုက်ပွဲတွေဖြစ်တော့ ပိတ်မိတဲ့ ဒေသခံတွေလဲရှိသလို ရွှေကူ ဘက်တွေကို ဘေးလွတ်ရာထွက်ပြေးလာကြတဲ့သူတွေလဲရှိတယ်။ အဲ့ဒီထဲကမှ မန္တလေးဘက်ကို တိုက်ပွဲရှောင်ချင်တဲ့သူတွေအတွက် သွားလာရေးတွေအဆင်မပြေတာတွေရှိတယ်။ ဒီတော့ သူတို့အတွက် အခမဲ့အနေနဲ့ မန္တလေးဘက်ပြောင်းရွှေ့ပေးနေတာဖြစ်တယ်။ အခုဆိုရင် စတုတ္ထအကြိမ်မြောက်ရှိပါပြီ။”ဟု ၎င်းကပြောသည်။

အဆိုပါ စတုတ္ထအကြိမ်မြောက် တိုက်ပွဲရှောင်ပြည်သူများ ပြောင်းရွှေ့မှုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်ထွက်ခွာမှာဖြစ်ကာ ပြောင်းရွှေ့လိုသူများအနေဖြင့် ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းထံသို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်းသိရသည်။

သုညသုခအသင်းအနေဖြင့် ပထမအကြိမ်မြောက်အနေဖြင့် တိုက်ပွဲရှောင်ပြည်သူ (၂၃)ဦး၊ ဒုတိယအကြိမ်မြောက်အနေဖြင့် တိုက်ပွဲရှောင်ပြည်သူ (၁၀)ဦး၊ ပထမအကြိမ်မြောက်အနေဖြင့် တိုက်ပွဲရှောင်ပြည်သူ (၃၁)ဦးကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

2 weeks, 2 days ago

မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ထားရှိမှုများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ လိုက်လံကြည့်ရှု့

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၃၀ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စိမ်းမြဧရာပန်းခြံအတွင်း ဆောင်ရွက်ထားရှိသည့် လုပ်ငန်းအခြေအနေများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ ယနေ့၊ မနက် ၁၀နာရီ အချိန်ခန့်က လိုက်လံကြည့်ရှု့ခဲ့ကြောင်း သိရသည်။

စိမ်းမြဧရာပန်းခြံအတွင်း သာယာလှပစေရေးနှင့် အများသူငှာ စိတ်အပန်းဖြေ ပန်းခြံတို့တွင် အလှပန်းပင်များ၊ မြေယာရှူခင်းများနှင့် လျှောက်လမ်းပြုလုပ်ခြင်းတို့အား လိုက်လံကြည့်ရှူ့ခဲ့ကြောင်း ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြောသည်။

" မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့သာယာလှပစေရေးနဲ့ အများသူငှာ စိတ်အပန်းဖြေစရာ နေရာတွေ ပြုလုပ်ထားတာတွေကို ဒီကနေ့ လိုက်လံကြည့်ရှု့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ် " ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စိမ်းမြဧရာပန်းခြံနှင့် ကလေးကစားကွင်း၊ မြစ်ကြီးနားလေဆိပ်ရှေ့ရှိ မလိခပန်းခြံငယ်၊ Welcome to Myitkyina စာလုံးပုံဖော်ထားသည့် ဆိုင်းဘုတ်နှင့် မေခဥယျာဉ်ငယ်နှင့် ကမ်းနားလမ်းပေါ်တွင် ပန်းခြံငယ်အတွင်း အလှပန်းပင်များ ပုံဖော်စိုက်ပျိုးထားရှိမှု၊ အများပြည်သူ အပန်းဖြေနေရာ တစ်ခုအဖြစ် ပုံဖော်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲသည်။

မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် အလှပန်းစိုက်ခြင်း၊ ကိုယ်လက်လှုပ်ရှာ အားကစားကွင်း ပြုလုပ်ခြင်း၊ ပန်းခြံအတွင်း လျှောက်လမ်းများ ပြုလုပ်ထားခြင်းတို့အား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးမှ တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

ကသစ်

3 weeks ago

မြောက်ကိုရီးယားစစ်သား ၃,၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းသမ္မတ ပြော

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၅

ရုရှားအနောက်ပိုင်း Kursk ဒေသက တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ ဒါမှမဟုတ် ဒဏ်ရာရခဲ့တဲ့ မြောက်ကိုရီးယားစစ်သားစုစုပေါင်း ၃,၀၀၀ ကျော် ရှိတယ်လို့ ယူကရိန်းသမ္မတ ဇလန်ဇကီက ပြောပါတယ်။

အဲဒီကိန်းဂဏန်းကို ယူကရိန်းစစ်ဦးစီးချုပ် Oleksandr Syrskyi က အစီရင်ခံတင်ပြခဲ့တယ်လို့ မစ္စတာ ဇလန်ဇကီ က တနင်္လာနေ့က လူမှုကွန်ရက်ပို့စ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

ယူကရိန်းဟာ Kursk ဒေသမှာ နယ်စပ်ဖြတ်ကျော်ပြီး ထိုးစစ်ဆင်နေပြီး မြောက်ကိုရီးယားစစ်သား ၁၁,၀၀၀ လောက်ကို ရုရှားတပ်ဖွဲ့ဝင်တွေနဲ့အတူ အဲဒီဒေသမှာ ဖြန့်ကျက်ချထားတယ်လို့ ဆိုကြပါတယ်။

မစ္စတာ ဇလန်ဇကီ က "ရုရှားနဲ့ မြောက်ကိုရီးယားတို့ ရာဇ၀တ်မှုကျူးလွန်ဖို့ ပူးပေါင်းဆောင်ရွက်နေတာကို တန်ပြန်ဖို့အတွက် ကမ္ဘာကြီးက ဘာမှ မလုပ်သလောက်နီးပါးပါပဲ။ ဒါက စိတ်မကောင်းစရာပါ" လို့ ရေးသားပြီး နိုင်ငံတကာအနေနဲ့ တုံ့ပြန်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။

မစ္စတာ ဇလန်ဇကီဖော်ပြခဲ့တဲ့ မြောက်ကိုရီးယားစစ်သား ထိခိုက်သေဆုံးမှု အရေအတွက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းထက် သိသိသာသာ ပိုများပါတယ်။

အဲဒီအေဂျင်စီက Kursk ဒေသမှာ ရုရှားအတွက် တိုက်ပွဲဝင်နေတဲ့ မြောက်ကိုရီးယားစစ်သား ၁၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ထပ် စစ်သား ၁,၀၀၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီအေဂျင်စီက ပြောပါတယ်။

Ref;NHK

3 weeks ago
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)
3 weeks, 1 day ago

ဖားကန့်ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုအတွင်း လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ထားသည့်အမျိုးသား (၂)ဦး၏ ရုပ်အလောင်းတွေ့ရှိ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာလ-၂၄ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယာန်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ယမန်နေ့ ဒီဇင်ဘာလ (၂၃)ရက်နေ့က ရိုက်နှက်သတ်ဖြတ်ကာ စွန့်ပစ်ထားသည့်အမျိုးသား (၂)ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခေါ် တစ်သုံးလုံးလုပ်ကွက်ဟောင်းရှိ ရေကန်အတွင်း ယင်းသေဆုံးနေသည့် အမျိုးသား(၂)ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကာ နှစ်ဦးစလုံးမှာ လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခံထားရသည့်ပုံစံဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်းအနီးအနားရှိဒေသခံတစ်ဦးကပြောသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အဲ့ဒီကန်နားကဖြတ်သွားရင် အပုတ်နံ့တွေရနေတာ။ မနေ့ကမှ အလောင်း (၂)လောင်း ပေါ်လာခဲ့တယ်။ နှစ်ယောက်စလုံးက လက်ပြန်ကြိုးတုတ်ခံထားရပြီး သတ်ဖြတ်ခံထားရတဲ့ပုံစံတွေ့ခဲ့ရတယ်။ ရက်ကြာနေပြီဖြစ်တော့ ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာ ခန့်မှန်းလို့မရတော့ဘူး” ဟု ၎င်းကပြောသည်။

သေဆုံးသူ အမျိုးသားနှစ်ဦးမှာ အသက် (၄၀)နှစ်ခန့် အရွယ်ရှိပြီဖြစ်ကာ မည်သူမည်ဝါဖြစ်ကြောင်းကို တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

လက်ရှိဖားကန့်မြို့နယ်အတွင်း နေရာအများစုနှင့် ကျောက်စိမ်းလုပ်ကွက်များကို KIA နှင့် PDF ပူးပေါင်းအဖွဲ့ဝင်များက ထိန်းချုပ်ထားကာ ရေမဆေးသမားများအပေါ် အခွန်အခ တိုးမြင့်ကောက်ခံမှုများ၊ ညှင်းပန်းနှိပ်စက်ကာ ဖမ်းဆီးမှုများလည်းရှိနေကြောင်း ဖားကန့်မြို့နေ ရေမဆေးကျောက်ရှာဖွေသူများထံမှသိရသည်။

ပန်ပန်

4 weeks ago

ကချင်ပြည်နယ်အတွင်းက ဖရဲသီးစိုက် တောင်သူများ အရှုံးပေါ် ဟုဆို

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ-၁၈ (၂၀၂၄)

ကချင်ပြည်နယ်အတွင်းက ဖရဲသီးစိုက်ပျိုးတောင်သူအများအပြား ယခုနှစ်အတွင်း အရှုံးပေါ်နေကြောင်း ဝိုင်းမော်မြို့နေ တောင်သူတစ်ဦးကဆိုသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်များဖြစ်သည့် ကံပိုင်တည်၊ လွယ်ဂျယ်ဂိတ်များ ဖွင့်လှစ်ထားသော်လည်း တရုတ်ပြည်အတွင်းသို့ တင်သွင်းခွင့်မရ၍ ဖရဲစိုက်ပျိုး တောင်သူအများအပြား အရှုံးနှင့် ရင်ဆိုင်နေရကြောင်း အထက်ပါ တောင်သူတစ်ဦးက ရှင်းပြသည်။

"ဖရဲသီးကတော့ ပေါ်ချိန်ရောက်နေပြီဟုတ်တယ်။ ဒါပေမယ့် တရုတ်ဘက် ကိုပို့လို့ မရတော့ ဈေးကောင်းမရဘူး ဖြစ်နေတယ်။ စိုက်ပျိုးစရိတ်၊ မျိုးစေ့ဖိုး၊ မြေဩဇာဖိုးတွေ ပြန်ရဖို့တောင် မနည်းကို ကြိုးစားနေရတယ်" ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ၍ အချို့သော တောင်သူများမှာ ဖရဲသီးများကို ခူးဆွတ်ရောင်းချရန်အတွက်ကိုပင်ခက်ခဲလျက်ရှိကြောင်း ဗန်းမော်မြို့နေသူတစ်ဦးက ပြောသည်။

"ကျနော်တို့ဒေသက ဖရဲသီးစိုက်ခင်းတွေကတော့ ဒီအတိုင်းထားပြီး စစ်ရှောင်နေရတယ်။ ခူးဖို့လည်း မလွယ်ဘူး။ အခုဆို တိရစ္ဆာန်တွေ စားလို့ တောင်ကုန်နေပြီ။ ဒီနှစ်ကတော့ ဖရဲသီးစိုက် တောင်သူအများကြီး
ရှုံးကြတယ်" ဟု ၎င်းကရှင်းပြသည်။

လက်ရှိ မြစ်ကြီးနားမြို့ပေါ် အတွင်းသို့ အခြားသော မြို့နယ်များက ဖရဲသီးကားများ အဝင်ရှိနေပြီး ဖရဲသီးဈေးနှုန်းမှာ ယခင်နှစ်ကထက် ကျဆင်းနေပြီး ဝယ်ယူစားသုံးသူမှာလည်း နည်းပါးလျက်ရှိကြောင်းသိရသည်။

မိုးကောင်း၊ မိုးညှင်း၊ နမ္မတီး၊ ဟိုပင်၊ ဝိုင်းမော် စသည့်မြို့နယ်များမှ ဖရဲသီးများ မြစ်ကြီးနားမြို့ပေါ်သို့ အဝင်ရှိနေပြီး ဖရဲသီးအလုံးကြီး တစ်လုံးလျင် (၃၀၀၀)ကျပ်၊ အလုံးသေး တစ်လုံးလျင် (၂၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

မြတ်မင်း

4 weeks ago

ရှင်ဗွေယန်မြို့တွင် စက်သုံးဆီစျေးမြှင့်တက်လာခြင်းကြောင့် ကုန်စိမ်းသည်များ စက်ဘီးဖြင့်သာ ရောင်းဝယ်မှုများပြုလုပ်နေရ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာလ-၁၈ (၂၀၂၄)

ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့တွင် စက်သုံးဆီစျေးမြှင့်တက်လာခြင်းကြောင့် ကုန်စိမ်းသည်များ စက်ဘီးကိုအသုံးပြုပြီး ခက်ခဲစွာ ရောင်းဝယ် နေရ‌ကြောင်း သိရသည်။

ဒီဇင်ဘာလအတွင်း စက်သုံးဆီ 92 တစ်လီတာလျှင် ကျပ်နှစ်သောင်းနီးပါးအထိ မြှင့်တက်လာမှုကြောင့် ကုန်စိမ်းသည်များမှာ ဆိုင်ကယ်၊ သုံးဘီးများဖြင့် ဟင်းသီးဟင်းရွက်များအား ရောင်းဝယ်နိုင်ခြင်းမရှိတော့ကာ မိသားစုစားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းစွာ စက်ဘီးနင်းကာ ရောင်းဝယ်နေရကြောင်း ရှင်ဗွေယန်မြို့နေ ကုန်စိမ်းသည်တစ်ဦးထံမှ သိရသည်။

"ဒီလအတွင်းမှာ ဈေးထဲက ဈေးသည် တွေလည်း ပါးလာတယ်။ ရောင်းသူက နည်းလာတာလည်းရှိတယ်။ ဓာတ်ဆီက တစ်လီတာကို နှစ်သောင်းနီးနီးကို တက်လာတော့ သွားရလာရတာနဲ့ ရောင်းဝယ်ရတဲ့အမြတ်နဲ့က မကိုက်ဘူး။ အရှုံးပဲပေါ်နေကြတော့ တစ်ချို့ဆို မသွားဝယ်ကြတော့ဘူး။ ကျွန်မတို့ကျတော့ စက်ဘီးလေးနဲ့ နိုင်သလောက် ဟင်းစိမ်းတွေ သယ်ယူပြီး ရောင်းရတယ်။ အရင်လိုလည်း စက်ဘီးကို မနင်းနိုင်တော့ဘူး။ အဲ့လိုမရောင်းလည်း မိသားစုထဲ ဘာဝင်ငွေမှ မရှိဘူး။ ဒါကြောင့် ပင်ပန်းလည်း ဟင်းတစ်နပ်၊ ထမင်းတစ်နပ်စာကို ရုန်းကန်နေရတာပဲ"ဟု ၎င်းမှ ဆိုသည်။

ယင်းကဲ့သို့ စက်ဘီးဖြင့် ကုန်စိမ်းများအား သယ်ယူရောင်းဝယ်ရာတွင် အချိန်ကုန်ခြင်း၊ ပင်ပန်းစွာသွားလာရခြင်းတို့ရှိသည့်အတွက် ဈေးသည်အများစုမှာ ကုန်စိမ်းရောင်းဝယ်နိုင်ခြင်းမရှိတော့ပဲ မိသားစုအတွင်း စားဝတ်နေရေးခက်ခဲခြင်းများ ကြုံလာရ ကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်း-ရှင်ဗွေယန် သွားလမ်းပိုင်း အချို့နေရာများ ပျက်စီးမှုအား ယနေ့အချိန်အထိ ပြုပြင်နိုင်ခြင်း မရှိသေးသည့်အတွက် အချို့ကားများလည်း ရပ်နားထားကြရကာ ကုန်ပစ္စည်းများအဝင်နည်းခြင်း၊ စက်သုံးဆီများအဝင်နည်းခြင်းတို့ကြောင့် တနိုင်း၊ ရှင်ဗွေယန်မြို့များတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်း၊ ပြတ်လပ်ခြင်းများရှိလာပြီး အခြေခံလူတန်းစားများ အခက်အခဲများစွာရှိနေကြောင်း သိရသည်။

အလင်း

4 weeks ago

တရုတ်နိုင်ငံမှာ ရိုနိုင်ဗိုင်းရပ် ဖြစ်ပွားနေချိန် တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားဖို့ သတိပေး

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈

တရုတ်နိုင်ငံမှာ နိုရိုဗိုင်းရပ်ရောဂါကူးစက်မှု ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားဖို့ တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ထပ်လောင်းသတိပေးထုတ်ပြန်ခဲ့ပါတယ်။

နိုရိုဗိုင်းရပ်ရောဂါ ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရောဂါပျံ့နှံ့မှုကို Zhejiang Road မူလတန်းကျောင်းက အတန်းသုံးတန်းအပါအဝင် ကျောင်းသူကျောင်းသားများ အများအပြား ထိခိုက်ခံရချိန်မှာ စတင်သတိပြုမိခဲ့တာဖြစ်ပါတယ်။

နိုရိုဗိုင်းရပ်ဆိုတာ လူတွေကို အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေ ဖြစ်စေတဲ့ ဗိုင်းရပ်တစ်မျိုးဖြစ်ပြီး အဲဒီရောဂါကို အများအားဖြင့် “အစာအဆိပ်သင့်ခြင်း” (food poisoning) လို့လည်း ခေါ်ကြပါတယ်။

ဒီဗိုင်းရပ်ဟာ ကူးစက်မြန်ပြီး လူအများအပြားကို တစ်ပြိုင်နက်တည်း ရောဂါဖြစ်စေနိုင်တဲ့အထိ အန္တရာယ်ရှိပြီး အဓိကအားဖြင့် ညစ်ညမ်းတဲ့ အစားအစာနဲ့ ရေ၊ ဗိုင်းရပ်ပါဝင်တဲ့ အစားအစာ ဒါမှမဟုတ် မသန့်ရှင်းတဲ့ ပင်လယ်စာတွေကနေ ကူးစက်နိုင်ပါတယ်။

ကူးစက်မှုဟာ ကိုဗစ်ရောဂါနဲ့ အနည်းငယ်ဆင်တူပြီး ဗိုင်းရပ်ပိုးရှိတဲ့ မျက်နှာပြင် ဒါမှမဟုတ် ရောဂါဖြစ်ပွားနေတဲ့သူ၊ အရာဝတ္ထုတွေကို ထိတွေ့ပြီးတဲ့နောက်မှာ မိမိရဲ့ ပါးစပ် ဒါမှမဟုတ် မျက်နှာကို ပြန်ကိုင်မိရင် ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေကတော့ ရောဂါပိုးဝင်ပြီး (၁၂) နာရီကနေ (၄၈) နာရီအတွင်းမှာ စတင်ပေါ်လာတတ်ပြီး အဓိက လက္ခဏာတွေကတော့-ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖျားခြင်း နဲ့ ခေါင်းကိုက်ပြီး ကိုယ်လက်တွေ မအီမသာ ဖြစ်နိုင်ပါတယ်။

များသောအားဖြင့် ဒီရောဂါဟာ ရက်အနည်းငယ်အတွင်း သက်သာသွားတတ်ပေမယ့် အားနည်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာဆိုရင် ရေဓာတ်ခန်းခြောက်ပြီး ဆေးရုံတက်ရတဲ့အထိ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အစာမစားခင်၊ အိမ်သာသုံးပြီးတိုင်း၊ ပြီးတော့ မျက်နှာကို မကိုင်ခင်မှာ လက်ကို ဆပ်ပြာနဲ့ ရေကိုသုံးပြီး အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောခြင်းနဲ့ အသား၊ အသီးအရွက်နဲ့ အစားအစာတွေကို သန့်ရှင်းစွာဆေးကြောပြီး ကောင်မွန်စွာချက်ပြုတ်စားကြဖို့ ကျန်းမာရေးဝန်ထမ်းတွေက အကြံပြုထားပါတယ်။

Ref; ThaiNation

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago