Aung Shinn(အောင်ရှင်း)

Description
Politics , Healthcare
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 11 months, 1 week ago

5 months, 2 weeks ago
Aung Shinn(အောင်ရှင်း)
5 months, 2 weeks ago
အရာရာဟာ ကိုယ်စိုက်တဲ့အတိုင်း

အရာရာဟာ ကိုယ်စိုက်တဲ့အတိုင်း
ကိုယ်တိုင်ပြန်ရိတ်သိမ်းရတာပဲ။

အဲ့တုံးက CDM လုပ်ခိုင်းခဲ့သူတွေ ပြည်သူလူငယ်တွေကို အသေခံဆန္ဒပြခိုင်းခဲ့သူတွေ သူတို့ သားသမီးတွေကိုတော့ အသေခံနိုင်ဖို့ဝေးစွ နောက်ကျမှာစိုးလို့ နိုင်ငံခြားမှာကျောင်းထားကြတာတွေ့ရတော့ ငရဲတွေကြီးလိုက်တာပဲ တွေးမိတော့တယ်။

အောင်ရှင်း

5 months, 2 weeks ago
Aung Shinn(အောင်ရှင်း)
5 months, 2 weeks ago
ဗန်းမော်တိုက်ပွဲမှာ KIA တွေအထိနာတဲ့သတင်းကိုတော့ အတော်များများသိလောက်ပါပြီ။ KIA က …

ဗန်းမော်တိုက်ပွဲမှာ KIA တွေအထိနာတဲ့သတင်းကိုတော့ အတော်များများသိလောက်ပါပြီ။ KIA က ထုံးစံအတိုင်း သူတို့ လုပ်နေကျ အကွက်တွေအတိုင်း အထိနာတဲ့သတင်းတွေ Social Media ပေါ်တက်မလာအောင်လို့အလောင်းကောက်တဲ့စနစ် နဲ့ လက်စလက်နမကျန်အောင် လုပ်နေကြတယ်။ ဒီအကြောင်းကိုလည်း အရင်က…

5 months, 2 weeks ago

ဗန်းမော်တိုက်ပွဲမှာ KIA တွေအထိနာတဲ့သတင်းကိုတော့ အတော်များများသိလောက်ပါပြီ။

KIA က ထုံးစံအတိုင်း သူတို့ လုပ်နေကျ အကွက်တွေအတိုင်း အထိနာတဲ့သတင်းတွေ Social Media
ပေါ်တက်မလာအောင်လို့အလောင်းကောက်တဲ့စနစ်
နဲ့ လက်စလက်နမကျန်အောင် လုပ်နေကြတယ်။
ဒီအကြောင်းကိုလည်း အရင်က ခဏခဏ ဖော်ပြပြီးဖြစ်ပါတယ်။

ဒီမှာ တစ်ခု သတိထားမိလာတာ ခု ဗန်းမော်မှာ ခံလိုက်ရတဲ့ KIA တွေဟာ အလောင်းတွေအတော်များများကျန်ခဲ့တာပဲ။ ကျန်တဲ့အလောင်းတွေက PDF/KIA ဆိုတဲ့ တံဆိပ်ပါတဲ့ ယူနီဖောင်းတွေနဲ့ အတူတွေ့ရတဲ့ ဗမာ တွေပါ။

အတူတူတိုက်ပြီး သေရတာချင်းအတူတူတောင် ကချင်လူမျိုး KIA အလောင်းကိုပဲကောက်ပြီး ပုံထဲကအတိုင်းမြှုပ်နှံပေးပေမယ့် ဗမာ PDF အလောင်းတွေကိုတော့ကျီးထိုးထိုးခွေးစားစားပစ်ထားခဲ့လိုက်တာပါပဲ။

အခုပုံထဲမှာမြင်တွေ့ရတာကိုကြည့်လိုက်ရင် မှတ်တိုင်အသစ်တွေ ၅၀ ကျော်ရှိပြီး အသင့်တူးထားတဲ့ကျင်းတွေကလည်း ဆယ်ကျင်းကျော်ရှိတာကိုတွေ့ရပါတယ်။ ဒါတောင်လူနဲ့ကွယ်နေတဲ့ တိုင်တွေ မပါသေးဘူး မြုပ်ဖို့လုပ်နေတဲ့အလောင်းက ၂ လောင်းက တပ်ရင်းမှူးအဆင့်ရှိတဲ့ခေါင်းဆောင်ပိုင်းဖြစ်တယ်လို့ သိရပါတယ်။ အနည်းဆုံး ၆၀ ကျော် လောက်ပဲ

Social Media မှာတော့ ဗန်းမော်ကတပ်ရင်းဌာနချုပ်တွေကို သိမ်းပြီးပါပြီလို့ သတင်း အတု တွေနဲ့ဝါဒဖြန့်ပြီး ခေတ်သစ်တို့လို အဆိပ်သင့်မီဒီယာတွေမှတစ်ဆင့် လံကြုတ်သတင်းတွေ နေ့စဉ်တင်နေတာကိုစာတတ်တဲ့ပြည်သူတိုင်းကသိတယ်။

ဒီလိုဖြစ်စဉ်မှန်တွေကို KIA ခိုင်းသမျှရှေ့တန်းကအသေခံတိုက်ပေးနေတဲ့ အညာကနီပိန်း PDF တွေကမသိတာတော့စိတ်မကောင်းစရာပါပဲ
ဝမ်ပေါင်နိုင်ငံထူထောင်ဖို့ တိုက်ပွဲဝင်နေတဲ့ ဂျိန်းဖောမျိုးနွယ်တွေအတွက် အညာက PDF တွေကဘုမသိဘမသိနဲ့ဝင်တိုက်ပေးနေတာတွေ သေပေးနေရတာတွေ အတော်များနေပါပြီ

KIA ထိန်းချုပ်နယ်မြေထဲက ဗမာတွေဆိုလည်း ဘယ်လိုခွဲခြားဆက်ဆံခံနေရလဲဆိုတာ သေသွားတဲ့ PDF လေးတွေသိခဲ့ရင်ကောင်းမှာ။
ဒီလိုပဲ ထစ်ကနဲရှိ ပြည်ပကဒေါ်လာစားတွေမြှောက်ပေးတာကို အဟုတ်မှတ်ပြီး နယ်စပ်ပြေး သူပုန်ထဲဝင် ဖို့ လုပ်နေကြတဲ့ လူငယ်တွေလည်း နားလည်ကြရင်ကောင်းမှာပါပဲ။

အောင်ရှင်း

5 months, 2 weeks ago

အထင်လွဲ စော်ကားခံရတာတွေ အတွက်
ဘာမှပြန်မရဘူးဆိုရင်တောင်
တစ်ရက်ကို ခြေလှမ်းတစ်သောင်းလောက် အနည်းဆုံးလျှောက်ပေါ့

မိုက်ရိုင်း အနိုင်ကျင့် ခံခဲ့ရတာတွေ အတွက်
ဘာမှပြန်မလုပ်နိုင်ဘူးဆိုရင်တောင်
တစ်ရက်ကို အနည်းဆုံး ဆယ်မိနစ်လောက် တရားစထိုင်ကြည့်ပေါ့

နက်နဲ သန့်ရှင်းတဲ့ ဗုဒ္ဓ တရားတော် တွေ
နားမလည်နိုင်သေးလည်း ကိစ္စမရှိဘူး
ကိုယ်တို့ အလောင်းတော်မင်းသား မှာခဲ့တာရှိတယ်

ခေါင်းကို အမြဲတမ်း အေးနေအောင်ထား
ခြေထောက်ကို အမြဲတမ်း နွေးနေအောင်ထား
ဗိုက်ကို အမြဲတမ်း ဆာနေအောင်ထားတဲ့

တပါးသူ နဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် ဒုက္ခမပေးတဲ့ လူနေမှု ပုံစံကိုပဲ
ဘဝတစ်လျှောက်လုံး သယ်သွားဖို့ကို
ကိုယ်လည်း ကြိုးစားနေတယ်
မင်းလည်းကြိုးစား‌ နေထိုင်ဖို့ ကိုယ်မျှော်လင့်တယ်

ကိုယ့်နည်းကိုယ်ဟန် နဲ့
သီးခြားကမ္ဘာ ကိုယ်စီမှာ
ကောင်းခြင်းဆိုးခြင်းတွေကို
ကိုယ်တို့ ရင်ဆိုင် လက်ခံနေရပေမယ့်
အတူတူကြိုးစား ရင်ဆိုင်နေထိုင် ဖို့ရာကျတော့

အချစ်ရယ် . . .

တည့်တည့်ကြီး စီးဆင်းသွားတဲ့ မြစ်ဆိုတာ ရှားပါတယ် ။

#ကျော်နွမ်း

5 months, 2 weeks ago

ဘဏ်ဓားပြတိုက်တဲ့ ဖြစ်စဉ်တစ်ခုမှာ ဓားပြကနေအော်ပြောလိုက်တယ် အားလုံး ငြိမ်ငြိမ်နေကြ. ပိုက်ဆံ ဆိုတာ အစိုးရပိုင်တာ အသက်ဆိုတာ မင်းတို့ပိုင်တာ. ဘဏ်ထဲမှာရှိတဲ့ လူတွေ အားလုံးဟာ မြန်မြန်ဆန်ဆန်ပဲ ကြမ်းပြင်ပေါ်ကို ဝပ်လိုက်ကြပါတယ်။
သမားရိုးကျ ပြောမယ်ဆိုရင်တော့ ခုခံချင်တဲ့ စိတ်တွေ ဘဏ်ဝန်ထမ်းတွေမှာ ရှိပါလိမ့်မယ် ဒါပေမယ့် ဓားပြတိုက်တဲ့လူ ပြောလိုက်တဲ့ စကားကြောင့် လူတွေ မြန်မြန်ဆန်ဆန် ကြမ်းပြင်ပေါ် ဝပ်ကျသွားတယ်.

#ဒါကိုအတွေးအခေါ်တွေပြောင်းလဲပြစ်လိုက်တဲ့နည်းလို့ခေါ်ပါတယ်.

###############

အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ကတော့ မပေါ်တပေါ် မြူဆွယ်သလို ပုံမျိုးနဲ့ စားပွဲပေါ်မှာ လှဲနေပါတယ်တဲ့။
အဲဒီအချိန်မှာ ဓားပြက အဲဒီအမျိုးသမီးကို အော်ပြောလိုက်တယ်
သိက္ခာရှိရှိနေစမ်းပါ. ဒါဓားပြတိုက်နေတာ မုဒိန်းကျင့်နေတာ မဟုတ်ဘူး
အဲဒါကို Professional ဆန်တယ်. လို့ခေါ်ပါတယ် #ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုပဲအောင်မြင်အောင်အာရုံစိုက်တာမျိုးပေ့ါ

#################

နောက်တော့ ဓားပြတွေ အိမ်ပြန်ရောက်သွားကြတယ်။
အဲဒီမှာ MBA ဘွဲ့ရ ဓားပြ လူငယ်တစ်ယောက်က ခြောက်တန်းပဲ အောင်တဲ့ အသက်ကြီးဆုံး ဓားပြကြီးကို ပြောတယ်

အစ်ကိုကြီး ငါတို့ ပိုက်ဆံတွေ ဘယ်လောက် ရခဲ့သလဲဆိုတာ ရေတွက်ကြည့်ရအောင်

အဲဒီမှာ အသက်ကြီးတဲ့ ဓားပြက ပြန်ပြောတယ်
မင်းတော်တော် သောက်သုံးမကျတာပဲ ဒီလောက် ပိုက်ဆံတွေ အများကြီးကို ရေဖို့ ဘာလို့ အချိန်တွေ အများကြီး အကုန်ခံနေမှာလဲ
ဒီည TV သတင်းကို စောင့်ကြည့်လိုက် ငါတို့ ဘဏ်ကနေ ပိုက်ဆံ ဘယ်လောက် ယူလာတယ်ဆိုတာ သတင်းမှာ ကြေငြာလိမ့်မယ်

#အဲဒါကိုအတွေ့အကြုံလို့ခေါ်ပါတယ်
#ယနေ့မျက်မှောက်ခေတ်မှာအတွေ့အကြုံဟာဘွဲ့လက်မှတ်တွေထက်ပိုပြီးအရေးကြီးပါတယ်

#################

ဓားပြတွေဘဏ်ကနေ ဓားပြတိုက်ပြီး ပြန်သွားတဲ့ အချိန်မှာ ဘဏ်မန်နေဂျာနေ ကြီးကြပ်သူကို လှမ်းပြီး ပြောတယ်. ရဲတွေ မြန်မြန်ခေါ်ဖို့ပါ

ဒါပေမယ့် ကြီးကြပ်သူက မန်နေဂျာကို ပြန်ပြောပါတယ်..
နေဦး ဘဏ်ထဲက ဒေါ်လာ ဆယ်သန်းကို ငါတို့ဘာသာ ငါတို့ ခိုးထားရအောင် နောက်ပြီးတော့ ငါတို့ အရင်က အလွဲသုံးစား လုပ်ထားလို့ ကုန်သွားတဲ့ ဒေါ်လာ သန်း ခုနစ်ဆယ်ကိုလည်း တစ်ခါတည်း ပေါင်းထည့်လိုက်တာပေ့ါ

အဲဒါကိုတော့ ချော်လှဲရောထိုင်လို့ ခေါ်ပါတယ် #အကျပ်တည်းတစ်ခုကိုကိုယ့်ရဲ့အခွင့်အရေးအဖြစ်ပြောင်းလည်းအသုံးချလိုက်တာပါ.

#################

ကြီးကြပ်သူက ဘာပြောလဲဆိုတော့
ဒီလို သာ လတိုင်း ဘဏ်ဓားပြ လာတိုက်နေရင်တော့ သိပ်ကောင်းမှာပဲ
ဒါကတော့ ပျင်းရိငြီးငွေ့စရာ ဒါမှမဟုတ် ဘေးကြပ် နံကြပ် ဖြစ်နေချိန်မှာ.. အပြောင်အပျက် ပြောလိုက်တာပါ

#ဘဝမှာတကိုယ်ရေပျော်ရွင်မှုဆိုတာအလုပ်ထက်ပိုပြီးအရေးကြီးပါတယ်.

#################

နောက်နေ့ရောက်တော့
TV သတင်းမှာပါလာတယ်. ဘဏ်ဓားပြတွေဘဏ်ကနေ ဒေါ်လာ သန်းတစ်ရာ ယူသွားကြတယ်တဲ့လေ

ဓားပြတွေက သူတို့ ယူလာတဲ့ ပိုက်ဆံတွေကို အကြိမ်ကြိမ် အပြန်ပြန်လှန်လှန် ရေတွက်ကြည့်တော့ သူတို့ ယူလာတဲ့ ပိုက်ဆံက ဒေါ်လာ သန်းနှစ်ဆယ်ပဲရှိပါတယ် အဲဒီမှာ ဓားပြတွေက တော်တော်လေး ဒေါသထွက်သွားတယ်

ငါတို့က အသက်နဲ့ ရင်းပြီး ဓားပြတိုက်တာ ဒေါ်လာ သန်းနှစ်ဆယ်ပဲရတယ် ဘဏ်မန်နေဂျာကတော့ လက်ဖျောက်လေး တစ်ချက်တီးလိုက်တာနဲ့ သန်းရှစ်ဆယ်ရသွားတယ် ပညာတတ်တဲ့လူက သူခိုးထက်သာလွန်ပြီး ပိုကောင်းတယ်

ဘဏ်မန်နေဂျာကတော့ ဘဏ်ဓားပြတိုက်မှုကို စဉ်းစားရင်း ပြုံးနေပါတယ်. ဘာဖြစ်လို့လဲဆိုတော့ အစုရှယ်ရာတွေထဲမှာ သူရှူံးခဲ့တဲ့ ပိုက်ဆံတွေဟာ ဘဏ်ဓားပြတိုက်ခံရတဲ့ စားရင်းထဲကို ထည့်လိုက်ရလို့ပါ

ကဲ ဒီပုံပြင်မှာ တကယ့် ဓားပြက ဘယ်သူပါလဲ..?ဒို့တိုင်းပြည်မှာရော ဒီလိုပညာတတ်သူခိုးတွေမရှိနိုင်ဘူးလား?

#crd_to_owner
#နော်ဂဲလယ်ထူး (စာပေပရဟိတ)

5 months, 2 weeks ago
Aung Shinn(အောင်ရှင်း)
5 months, 2 weeks ago
AA အကြမ်းဖက်သောင်းကျန်းသူတွေဆီကိုပို့ဆောင်မယ့် ဆေးဝါးတွေကို အောင်လံမှာဖမ်းမိတယ်လို့ဆို

AA အကြမ်းဖက်သောင်းကျန်းသူတွေဆီကိုပို့ဆောင်မယ့် ဆေးဝါးတွေကို အောင်လံမှာဖမ်းမိတယ်လို့ဆို

(မှုခင်း) ဖေဖော်ဝါရီ ၄

ရခိုင်လက်နက်ကိုင် AA အကြမ်းဖက်အဖွဲ့တွေကိုပို့ဆောင်မယ့် ဆေးဝါးတွေကို အောင်လံမြို့ တရော်ကုန်းရပ်ကွက် ၊ ကမ်းနားလမ်း သရက်_အောင်လံ ကူးတို့ဆိပ်အနီးက ပွဲရုံတစ်ခုမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

AA အကြမ်းဖက်အဖွဲ့တွေဆီကိုပို့ဆောင်မယ့် ဆေးဝါးတွေကို မကွေးတိုင်းဒေသကြီး အောင်လံမြို့ကနေ မင်းတုန်းမြို့ကို ရေကြောင်းကသယ်ယူနေသယ်ယူပို့ဆောင်နေသူတစ်ဦးနဲ့ ကွင်းဆက်တရားခံတွေကို ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

မင်းတုန်းမြို့မှာ ဆေးဝါးဝယ်ယူမှုကိုကန့်သတ်ထားတာကြောင့် အောင်လံမြို့မှာဝယ်ယူပြီး မင်းတုန်းမြို့ကိုပို့ဆောင်ကာ အဲ့ဒီကတဆင့် အကြမ်းဖက်သောင်းကျန်းသူတွေဆီကို ထပ်မံပို့ဆောင်နေတာဖြစ်တယ်လို့ PAN ရဲ့သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“ကျွန်တော်တို့ကြားတာက မင်းတုန်းဘက်က......

Webpage >>...
https://positiveanglenews.com/2025/02/04/aa-အကြမ်းဖက်သောင်းကျန်းသ-7/

VK Link>>...
https://vk.com/wall-220066330_10610

Telegram»...
https://t.me/positiveanglenews

#PAN

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 11 months, 1 week ago