Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

ဆင်ဖြူရှင်

Description
သတင်းထူးများကို အချိန်နဲ့ တပြေးညီ တင်ဆက်သွားမည်
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

1 month, 3 weeks ago

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ အ-ထ-ကကျောင်းအတွင်း၌ ပြည်သူ ၃၇၆ ဦး ရက်ပေါင်း ၈၆ ရက်အထိ ပိတ်မိဆဲ

န-စ-ကအစိုးရ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာရှိ တပ်စခန်းလက်နက်ချရန် KIA ဆော်သြနေ

#PeopleMedia #KyawSoeOo

1 month, 3 weeks ago

ပဲခူးတိုင်း၊ လက်ပံတန်းမှာ PDF လက်ချက်နဲ့ ရဲဝန်ထမ်း၏ မိဘ၊ ကျောင်းဆရာမအပါအဝင် ၅ ယောက် သေဆုံး ရပြန်

W ယာဉ်များကို ခွင့်ပြုထားမှုမရှိ၊ တွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူမယ်လို့ ပြည်ထဲရေဝန်ကြီးဌာန ပြောဆို

#PeopleMedia #KyawSoeOo

1 month, 4 weeks ago
မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာ …

မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းထဲမှာ NUG ဩဇာခံ ပအဖအဖွဲ့တွေ အစည်းအဝေးလုပ်နေတုန်း ဗုံးကြဲခံလိုက်ရတာကြောင့် ပအဖအဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး CDM ကျောင်းဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်...ဒီလိုမျိုး နေရာ အတိအကျ အချိန်အတိ ဗုံးကြဲနိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး...အတွင်းသတင်းပေးရှိလို့သာ တိတိကျကျ ဗုံးကြဲနိုင်တာဖြစ်ပါတယ်...ဘာပဲပြောပြော သတင်းပေးတဲ့သူကို ကျေးဇူးတင်ရမှာပါပ....

2 months ago

ယာဉ် မီးလောင်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိသူ နှစ်ဦးကို ယာဉ်လိုင်းကုမ္ပဏီက ကျပ်တစ်သိန်း ထောက်ပံ့

နေပြည်တော်မှာ ရင်သားတိတ်ကပ်ပြီး ကပြခဲ့သူနှင့် ပွဲစီစဉ်သူကို ဖမ်းဆီးထား

လောက်ကိုင်မြို့ရှိ ဗမာပိုင် နေအိမ်များကို ဖယ်ရှားမှု လျော်ကြေးမပေးလျှင် မိုးကုတ်၊ မန္တလေး၊ ရန်ကုန်ရှိ ကိုးကန့်ပိုင်ဆိုင်မှုများကို တုန့်ပြန်မည်

လိုင်ဇာမြို့ရှိ KIA ဥက္ကဋ္ဌနေအိမ်နဲ့ အုပ်ချုပ်ရေးရုံးကို တပ်မတော်ဗုံးကျဲ

#PeopleMedia #KyawSoeOo

2 months ago

-
ရေတာရှည်မြို့နယ်တွင်  အကြမ်းဖက်အုပ်စု PDF က သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ အမျိုးသမီး ၁ ဦးသေဆုံး
-================================================================
၂၀၂၄ ၊ မတ် ၁၁

ယမန်နေ့ မတ်လ ၁၀ ရက် ည ၁၀နာရီအချိန်တွင်  -

တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျွန်းတောစု ကျေးရွာနေ ဒေါ်ခင်စိုးရီ (၄၄)နှစ် ဗမာ/ဗုဒ္ဓ ဈေးရောင်း (ဖ)ဦးသန်းမောင် သည် နေအိမ်တွင်မိသားစုများနှင့်အတူရှိနေစဉ် အကြမ်းဖက်အုပ်စု PDF အင် အား ၄ ဦးသည် ရွာတောင်ဘက် တောစပ်မှ သေနတ်(စိစစ်ဆဲ)ကိုယ်စီဖြင့်ရောက်ရှိလာကာ မိသားစုဝင်များအား နေအိမ် ကြမ်းပြင် ပေါ်တွင်မှောက်ခိုင်းထားပြီး ဒေါ်ခင်စိုးရီ အား နေအိမ်အပြင်သို့ခေါ်ပြီး သေနတ်(စိစစ်ဆဲ)ဖြင့် ၂ ချက် ပစ်ခတ်သဖြင့် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့်သေဆုံးသွားကြောင်း သတင်းရရှိသည်။
#Vital

2 months ago

-
တပ်ကုန်းမြို့နယ်တွင် အကြမ်းဖက်PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ကျောင်းအုပ်ဆရာကြီး ၁ ဦး သေဆုံး
==================================================================
၂၀၂၄ ၊ မတ် ၁၁

ယမန်နေ့ မတ်လ ၁၀ ရက် ညနေ ၂နာရီ ၄၅ မိနစ်အချိန်တွင် -

ဉတ္တရခရိုင် တပ်ကုန်းမြို့နယ် မမစ(တပ်ကုန်း)၏ အနောက်ဘက် ၃၀ မိုင်ခန့်အကွာ တပ်ကုန်းမြို့နယ် တုံးချိုကျေးရွာနေ တုံးချိုမူ/လွန်ကျောင်းအုပ်ကြီး ဦးဇင်မိုးထွန်း (၃၆)နှစ်အား မကွေးတိုင်း ဒေသကြီး မြို့သစ်မြို့နယ် အကြမ်းဖက်အုပ်စု PDF အဖွဲ့မှ အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ခေါင်းဆောင် ကျော်သူစိုး(ခ)ကျော်ကြီး(စိစစ်ဆဲ) ကျောက်အိုးကျေးရွာ နတ်မောက်မြို့နယ်ပါ အင်အား ၈ ဦးခန့်က သေနတ် ဖြင့်လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

အဆိုပါ သတင်းအရ စုံစမ်းခဲ့ရာ-

အသတ်ခံရသည်မှာမှန်ကန်ကြောင်း အခင်းဖြစ်စဉ်အချိန်က တုံးချို(အနောက်)ကျေးရွာနေ ဦးကျော်ဇေယျ၏နေအိမ်သို့ ဦးဇင်မိုးထွန်း ရောက်ရှိနေချိန် အကြမ်းဖက်အုပ်စုမှ ဦးဇင်မိုးထွန်း အားဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာလယ်လမ်းမပေါ် အရောက် သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်းသိရှိရ၍ ပူးပေါင်းလုံခြုံရေးအဖွဲ့မှသွားရောက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Vital

2 months ago

ကချင်ပြည်နယ် တိုက်ပွဲသတင်း(မတ် ၇)

ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ၊မိုးမောက်မြို့နယ် ၊မြို့သစ်ကြိုးတံတားနှင့်မခွယ်ကျေးရွာရှိ အမတ(၃၇၀ )ရင်းကို အကြမ်းဖက် KAI PDF တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ အလားတူ ယနေ့နံနက်တွင် ဒေါ့ဖုန်းယန်မြို့နယ် ၊ခေါက်ဆင့်ကျေးရွာနှင့်ခယာကျေးရွာတို့တွင်လည်း အကြမ်းဖက် KIA PDF အဖွဲ့တို့ကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်
-ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်၊မြို့သစ်ကျေးရွာရှိ ခမရ(၃၂၀)တပ်ရင်းနှင့်မိုင်းခတ်ကျေးရွာရှိခမရ(၃၈၇)တပ်ရင်းတို့တွင်လည်း အကြမ်းဖက်KIA PDF အဖွဲ့တို့ကြားတိုက်ပွဲများပြန်းထန်လျှက်ရှိပါကြောင်း၊ ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်၊မြို့သစ်ကျေးရွာရှိ ခမရ(၃၂၀)တပ်ရင်းနှင့်မိုင်းခတ်ကျေးရွာရှိခမရ(၃၈၇)တပ်ရင်းတို့တွင်လည်း အကြမ်းဖက်KIA PDF အဖွဲ့တို့ကြားတိုက်ပွဲများပြန်းထန်လျှက်ရှိကြောင်းနှင့်  မိုးမောက်မြို့ပေါ်ရှိခမရ (၄၃၇)ရင်း၏အခြေအနေမှာလည်း
စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း
-မိုးမောက် မြို့နယ်နွယ်လမ်းးကျေးရွာရှိခမရ(၄၃၈)တွင်လည်းလာရောက်တိုက်ခိုက်လျှက်ရှိကြောင်းသိရှိရပါသည်။

ဗန်းမော်မြို့မင်းလှရပ်ကွက်ရှိအမြောက်တပ်မှ ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်‌ကူလျက််ရှိပါကြောင်းသိရပါသည်။

https://t.me/positiveanglenews

2 months ago

Mar 6

ရခိုင်မှာ AA ရဲ့ထိုးစစ်ကို ခုချိန်ထိ
မဟန့်တားနိုင်သေး တဲ့အပြင်
၅၅၀ တပ်ရင်းကို ပါ ထပ်ပေးလိုက်ရပြန်တယ်။
ပုဏ္ဏားကျွန်း ၅၅၀ တိုက်ပွဲမှာ တပ်မှူးတပ်သားတွေ
ဟာ  ယခင်တပ်တွေလို သူရဲဘောကြောင်စွာ
အလွယ်တကူလက်နက်မချကြပဲ
သေတဲ့အထိ သူရဲကောင်းပီသစွာ
ရွပ်ရွပ်ချွံချွံခုခံ သွား ကြတာကိုမြင်ရတယ်။
ရမ်းဗြဲ  နဲ့ကျောက်ဖြူ  ကို လေယဥ်နဲ့
စစ်အားအားဖြည့် နိုင်ပြီး မြေပြင်လမ်းကြောင်း
ဖြစ်တဲ့တောင်ကုတ်ဘက်မှာတော့
စစ်ကူယဥ်တန်းဟာ  မိုင်းခွဲပြီးခြုံခိုတိုက်ခိုက်ခြင်း
ခံလိုက်ရတယ်။
AA ရဲ့ထိုးစစ်ဟာ ပြင်းထန်လာဖို့ပဲရှိတဲ့အတွက်-
အချိန်ရရင်  ရသလို ဖြစ်နိုင်တဲ့နည်းလမ်းများစွာနဲ့-
ရခိုင်ဖက်ကို စစ်ကူ  ပို့စေချင်တယ်။

ကရင်ဖက်ကိုကြည့်ရင် တပ်မဟာ ၆ လဲသိပ်လှုပ်နိုင်တဲ့
အနေအထားကိုမမြင်ရဘူး
တပ်မဟာ  ၄  ကတော့  PDF တွေနဲ့ပေါင်းမှ -
ချောင်တဲ့စခန်း  ဝင်ကြိတ်တာ
BGF အသွင်ပြောင်း ဗိုလ်ချစ်သူ
တပ်တွေဟာလည်း
​ပကတိ အရှိတရားအရ  အင်အားနဲလှတယ်။
ကိုယ်တိုင်ကလည်း စစ်မတိုက်ချင်တော့တဲ့အဖွဲ့။
KNU တပ်မဟာ ၇  က နေမြဲ
တပ်မဟာ ၃  လည်း PDF
နဲ့ပေါင်းမှ ခြေပြနိုင်တယ်။

မွန်က အင်အားစုတုန်း

TNLA  နဲ့
ရှမ်းဖက်မှာတော့  တပ်တွေ
ထပ်ဖြန့်ထားရတယ်။
ကလေး PDF
AA  /  KIA   နဲ့   ကယား ဖက်မှာပဲ
ပြင်းထန်တဲ့ တိုက်ပွဲတွေရှိတယ်
AA  ကိုကူနေတာ  ယော PDF တွေနဲ့ ချင်းလက်နက်ကိုင်
KIA  ကိုကူနေတာက  စစ်ကိုင်း PDF
ကလေးဖက်မှာ တပ်+ ပြည်သူ့စစ်နဲ့
ကာထားနိုင်တယ်။

လွိုင်ကော်ဖက်မှာတော့
ဒီကနေ့
လွိုင်ကော်မြို့   သိမ်းဖို့ကြိုး  စားနေတဲ့
KPLA  တွေ
လက်နက်ကြီးဒဏ်အတော်ခံ
လိုက်ရတယ်။

video   ဖိုင် ဖွင့်ကြည့်။
The  voice of  karenni   media    က
ဒီကနေ့ လွိုင်ကော် မှာတပ်မတော်က
ပြည်သူ့အိုးအိမ်
တွေရမ်းသမ်းပစ်နေပါတယ်လို့  အော်ချက်
ထုတ်နေတဲ့လက်နက်ကြီး
ဘယ်သူတွေအပေါ်ကျသလဲလို့🤗🤗🤗

ချုပ်လိုက်ရင်
မထိန်းနိုင်တဲ့   နယ်မြေတွေသည်
ရခိုင်က  AA  နဲ့   KIA  ပဲကျန်မယ်  ။
AA  ကို ဘယ်လို နည်းနဲ့ပဲရရ
ရတဲ့နည်းနဲ့အမှောက်သိပ်

နိုင်ရင်  ကျန်ဒေသက  လက်နက်ကိုင်တွေဖြုံသွားမှာ
သေချာတယ်။

AA  က   မွန်    /  ချင်း  /ယောနဲ့ စစ်ကိုင်းတိုင်း
ထဲက  PDF  တွေ ရဲ့ ဆရာ
ကရင် / ကိုးကန့်  / TNLA တွေရဲ့
မိတ်ဆွေ
KIA   ရဲ့တပည့် ။

KIA ထက် AAက  အန္တရာယ်ပိုများတယ်။
AA ကိုမထိန်းနိုင်ရင် စစ်ကိုင်း
အပါအဝင်ကျန်ဒေသ
တွေပါ ထိန်းနိုင်ဖို့ခက်မယ်။

ဒါ့ကြောင့်ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်

👉 AA   ကိုအမှောက်သိပ်။

#MinLwin
#SQ🇲🇲

2 months ago

မတ်လ (၇)ရက်နေ့ ကနီ **

(၆)ရက်နေ့ ညမှာ တပ်မတော်လေက ပစ်ကူကို ည(၉)နာရီခွဲထိပစ်ကူပေးပါတယ် ။

(၇)ရက်နေ့မနက်စောစော(၅)နာရီခွဲမှာ လေကြောင်းပစ်ကူထပ်ပေးပါတယ်။

ကနီမှာ ရှိနေတဲ့ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ နိုင်ငံတော်အပေါ် သစ္စာရှိမှုတွေကြောင့် ကနီမြို့လေး ရန်သူ့လက်ထဲ မကျရောက်သေးပါဘူး။

မျှော်လင့်ထားသလို လက်နက်ခဲယမ်းနဲ့စစ်ကူအမြန်ရောက်ရှိလာခဲ့ရင် စစ်ကိုင်းPDF ရဲ့ သင်္ချိုင်းအဖြစ် ကနီမြို့ဟာ ပြောင်းလဲ သွားနိုင်ပါတယ်။

အကြမ်းဖက်တွေရဲ့ အခြေနေကတော့ ထုံးစံအတိုင်း....
ကနီမြို့ထဲကို အညာပဒက် PDF တွေကို ရှေ့ကဝင်ခိုင်းပြီးအသေခံခိုင်းထားပါတယ်။သေရင် အညာပဒက်တွေပဲ သေပြီး အခြေနေကောင်းရင် KIA က အချောင်အောင်ပွဲခံဖို့ စောင့်နေကြပါတယ်။ ဒါလည်း သခင်းအားရအောင် ကျွန်ပါးဝပြအုံးမယ့် အညာပဒက်တွေရဲ့ ဝဋ်ကြွေးတစ်ခုပါ။

ရန်သူအလောင်း(၅)လောင်း(၅)လက်ရရှိထားပါပြီ။ထွေအုပ် ရဲစခန်း လုံးဝမကျသေးပါဘူး။

(၇)ရက်နေ့မနက်မှာ
ရေလည်ကျွန်းပြည်သူ့စစ်ရွာကို ရန်သူဘက်က Drop Bombတွေ လာချနေပါတယ်။

သဇင်ဦး(ရွှေဆည်သူ)**https://t.me/Thazinoo969

4 months ago

ရှမ်းမြောက်ဒေသ စစ်ပွဲအခြေအနေများနှင့်ပတ်သက်၍ သဘောထားကြေညာချက်

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်
စာအမှတ် ။ ။ ၁/မ.မ.ရ.သ/၂၀၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို တည်တံခိုင်မြဲအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်ဖြစ်သည်။ သို့သော် ယခုအချိန် ကာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်ပသြဇာခံ ပြည်တွင်းအကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူအုပ်စုများမှ လမ်းတံတား၊ အဆောက်အဦ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်း၊ ဘုရားကျောင်း ကန် စေတီပုထိုးများကို ဖျက်စီးခြင်း၊ နိုင်ငံဝန်ထမ်းများနှင့် ရဟန်းရှင်လူ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များပါ သေကြေပျက်စီး ဆုံးရှုံးအောင် လုပ်ဆောင်နေခြင်း၊ တပ်မတော်တပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခြင်း၊ ရဲကင်းစခန်းများကို တိုက်ခိုက်သိမ်းစည်းခြင်းများ ဖြစ်ပေါ်နေသည့်အခြေအနေတွင် အချိန်နဲ့ တပြေးညီ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်သည့် အင်အားအကူအညီများ ပြည့်စုံလုံ လောက်စွာ  ပို့လွှတ်ပေးခြင်းဖြင့် အမြန်ဆုံး အမြစ်ဖြတ်ခြေမှုန်းတိုက်ခိုက် ကာကာကွယ်စောင့်ရှောက်ပေးဖို့ တိုက်တွန်း တောင်းဆိုသည်။

ရှမ်းမြောက်ဒေသစစ်ပွဲများတွင် အိမ်နီးချင်းတရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို အဓိက အလေးထားကာ လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်အုပ်စုများအတွက် အကာအကွယ်မပြုဘဲ မိမိတို့ အိမ်နီးချင်းနှစ်နိုင်ငံရှိ ပြည်သူများ၏ ကောင်းကျိုးကို အလေးထားကာ အစိုးရနှစ်ရပ် ပူးပေါင်း၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိုသာ ရှေးရှုဆောင်ရွက်သင့်ပါသည်။ လက်နက်ကိုင် သောင်းကျန်း သူများကို လက်နက်ခဲယမ်းများ ရောင်းချပေးခြင်း၊ ကူညီပံ့ပိုးခြင်းများ မပြုလုပ်ရန် တိုက်တွန်းတောင်း ဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့၊ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ပြည်ထဲရေး ဝန်ကြီးဌာန) တို့မှ မိမိတို့၏ လက်အောက်ခံ တပ်ရင်း တပ်မအသီးသီးတို့အား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အမျိုးသားအကျိုးစီးပွားအတွက် (အကြမ်းဖက် ပြည်ဖျက် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းအုပ်စုများ မပါ) မြန်မာနိုင်ငံတော်၏ မြေပုံ မပျက်စီး မယုတ်လျှော့စေအောင် ထိရောက်လျင်မြန်သော တုန့်ပြန်မှုမျိုးဖြင့် လုပ်ဆောင်ပေးနိုင်ရန် တိုက်တွန်းတောင်းဆိုသည်။

ထို့နောက် လက်ရှိ ရှမ်းမြောက်ဒေသ စစ်ပွဲသတင်းများနှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများ၏ မမှန်မကန် ရေးသားဖော်ပြခြင်းများကြောင့် ပြည်သူများကြားတွင် ထင်ယောင်ထင်မှား မဖြစ်ပေါ်စေရန်နှင့် စိုးရိမ် သောက မဖြစ်ပေါ်စေရန် မှန်ကန်သော သတင်းထုတ်ပြန်ချက်များအား အချိန်နှင့်တပြေးညီ ပြည်သူများ သိရှိနားလည်အောင် ထုတ်ပြန်ကြေညာပေးနိုင်ရန် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းကျိုးကို လိုလားသော ရဟန်းရှင်လူပြည်သူများကိုယ်စား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) မှ သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago