BhiLatt Platform

Description
Welcome To BhiLatt Channel 🤍
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 8 months, 2 weeks ago

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated 2 months, 2 weeks ago

2 months, 3 weeks ago
BhiLatt Platform
2 months, 3 weeks ago

ကဲ Game Session လေးတွေ၊ Activity Session လေးတွေနဲ့အတူ Monday Returned BhiLatt Conversation Club လေးကလည်းပြီးသွားပြန်ပါပြီ။ သူ့စိတ်ကိုတော့မခန့်မှန်းနိုင်ခဲ့ပေမဲ့ Game Session လေးက Couples လေးတွေကိုတော့ခန့်မှန်းနိုင်ခဲ့ကြမယ်ထင်ပါတယ်နော်။ 😝

Date session လေးလည်းပါတာမလို့ Relationships ဆိုတဲ့ Topic လေးအတိုင်း လှပကောင်းမွန်တဲ့ Relationships လေးတစ်ခုစတင်နိုင်မဲ့ သူလေးတွေတွေ့ခဲ့ကြရဲ့လား။ တကယ်လို့ မတွေ့နိုင်ခဲ့ကြတဲ့သူလေးတွေကလည်း အပတ်တိုင်းလာ Join ရင်တွေ့လာနိုင်တာမို့ နောက်အပတ်လည်းလာ Join ဖို့ခေါ်ချင်ပါတယ်။

ဪ..ဒါနဲ့ ဘာ Sessions လေးတွေထည့်ချင်လဲဆိုတာကိုလည်း Comment လေးမှာပြောသွားကြပါအုံးနော်။
————————————————————————
Well, Monday Returned BhiLatt Conversation Club has ended with not only a Game Session but also an Activity Session. Even though you couldn’t guess his mind, I hoped you got the right couples in the Game Session. 😝

As the Topic, a Date Session was included, is there anyone who would love to start a good, beautiful Relationship? If you couldn’t find one, there will be more chances if you join every week, that’s why we would like to invite you to join us next week.

Awe... Please tell us in the Comment what kind of session you guys are looking for?

#BhiLatt_Platform
#Monday_Returned_Club
#Content_by_Phoo_Lae
#Graphic_by_NgonPhoo
#Translated_by_NgonPhoo

2 months, 3 weeks ago
***♥️*** ရင်သားကင်ဆာ သိကောင်းစရာ ***♥️***

♥️ ရင်သားကင်ဆာ သိကောင်းစရာ ♥️

ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်များသော ကင်ဆာရောဂါများထဲမှ တစ်ခုဖြစ်သည်။ အကြမ်းအားဖြင့် အဆိုပါ ရင်သားကင်ဆာ ဖြစ်ပွားမှုတွင် (၉၉%) မှာ အမျိုးသမီးများဖြစ်ပြီး (၀.၅%) မှ (၁%) ထိ အမျိုးသားများ တွေ့ရသည်။ စောစီးစွာ သိရှိပြီး ကုသမှုခံယူခြင်းသည် အောင်မြင်စွာ ကုသနိုင်ခြေကို မြင့်မားစေသည်။

⚠️ ရင်သားကင်ဆာ အန္တရာယ်အများဆုံးဖြစ်နိုင်ခြေများ ⚠️

- အရက်သောက်ခြင်း
- မိသားစုတွင် ရင်သားကင်ဆာရှိသူများ ရှိခြင်း (မျိုးရိုးလိုက်ခြင်း)
- ဓါတ်ရောင်ခြည်ထိထားခြင်
- လှုပ်ရှားမှုနည်းခြင်း၊ အဝလွန်ခြင်း
- အသက်ကြီးလာခြင်း
- ဟော်မုန်း ပြောင်းလဲမှုများ (ဥပမာ- ရာသီစလာတဲ့ အရွယ်စောသူများ၊ သွေးဆုံးချိန် နောက်ကျသူများ၊ ကိုယ်ဝန်မရှိသူများ)

🛑 ရင်သားကင်ဆာ၏ လက္ခဏာများ 🛑

- ရင်သားအရေပြားအရောင်ပြောင်းလဲလာခြင်း
- ရင်သားအရေပြားလိမ္မော်ခွံ ကဲ့သို့ ပုံသဏ္ဍာန်ပြောင်းလဲခြင်း
- ရင်သားအရေပြား ချိုင့်ဝင်ခြင်း
- နို့သီးခေါင်းပုံသဏ္ဍာန်ပြောင်းလဲလာခြင်း
- နို့သီးခေါင်းမှသွေးထွက်ခြင်း
- ရင်သားတွင် သို့မဟုတ် ချိုင်းအောက်တွင် အဖုအကျိတ် စမ်းမိခြင်း
- ရင်သား အရွယ်အစားနှင့် ပုံသဏ္ဌာန် ပြောင်းလဲလာခြင်း (သာမန်အားဖြင့် ရင်သားနှစ်ဖက် မညီညာပါက ပြောင်းလဲမှုများကို ဂရုစိုက်‌ပေးပါ။)
- ရင်သားတွင် ယားယံခြင်းနှင့် အနီကွက်များ ပေါ်လာခြင်း

🔎 မိမိရင်သားကို ကိုယ်တိုင်စမ်းသပ်နည်း 🔍

- မှန်ရှေ့အလင်းရောင်ကောင်းစွာရသောနေရာတွင် ကြည့်ရှုစစ်ဆေးပါက ပုံမှန်မဟုတ်သော ပြောင်းလဲမှုရှိလျှင် ပိုတွေ့နိုင်ပါသည်။ ထိုင်၍ (သို့) လဲလျောင်း၍ စမ်းသပ်စစ်‌ဆေးပါ။ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် လက်သုံးချောင်းရဲ့ဖဝါးပြင်ကိုသုံးပြီး မိမိရင်သားအနှံ့ တစ်ပိုင်းပြီးတစ်ပိုင်း ဖိစမ်းပါ။ ရင်သားတစ်ခုလုံး၊ ချိုင်းအထိ အကျိတ်များရှိမရှိ သေချာစွာ စစ်ဆေးပါ။ ကိုယ်တိုင်စစ်ဆေးခြင်းဖြင့် တွေ့ရှိနိုင်သည်။

💪 ကာကွယ်နိုင်သော နည်းလမ်းများ 💪

- ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
- ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်း
- ဟင်းသီးဟင်းရွက်များ စားသုံးခြင်း
- အရက်သောက်ခြင်းကို လျှော့ချခြင်း
- ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း
- ကိုယ်တိုင်စစ်ဆေးခြင်းကို ပုံမှန် ပြုလုပ်ခြင်း
- နှစ်စဉ် ဆရာဝန်နှင့် ပြသခြင်း

💊 ရင်သားကင်ဆာ ကုသနည်း 💊

- ခွဲစိတ်ကုသခြင်း (ကင်ဆာဆဲလ်များ ခွဲစိတ်ဖယ်ရှားဖို့ ခွဲစိတ်မှုကတော့ မဖြစ်မနေလုပ်ရမှာပါ။)
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
- ဆေးဝါးများဖြင့် ကုသခြင်း

ကုသမှုခံယူပြီးနောက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြန်လည်ပြသခြင်း စသဖြင့် ရင်သားကင်ဆာရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ကြမှာပါ။ ရင်သားကင်ဆာရောဂါမှ ကင်းဝေးကြပါစေ။

ယခု Post တွင်ဖော်ပြထားသော ဓာတ်ပုံနှင့် Content စာသားများသည် BhiLatt Platform ၏ မူပိုင်ဖြစ်ပါ၍ ပြန်လည်ကူးယူဖော်ပြလိုပါက BhiLatt team ဆီမှ ခွင့်ပြုချက်တောင်းယူပါရန် မေတ္တာရပ်ခံပါသည်

BhiLatt ရဲ့ Telegram Channel မှာလည်း အခုလိုဗဟုသုတရစရာတွေကို စဉ်ဆက်မပြတ် တင်ပေးနေတာဖြစ်လို့ Channel လေးကို Join ထားပေးကြပါဦး။

https://t.me/BhiLattPlatform

#BhiLatt_Platform
#Breast_Cancer
#Content_by_HtarHtar
#Graphic_by_Heather

5 months, 2 weeks ago
“အိမ်တွင်းပဋိပက္ခများ”

“အိမ်တွင်းပဋိပက္ခများ”

အိမ်တွင်းပဋိပက္ခ ဆိုတာဘာလဲ။ ⁉️

အိမ်တွင်းပဋိပက္ခ ဆိုတာက မိသားစုဝင်တစ်ဦးနှင့်တစ်ဦးကြားမှာ အမြင်မတူညီမှု၊ သဘောထားကွဲလွဲမှု၊ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အိမ်တွင်းပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ?️?

အိမ်တွင်းပဋိပက္ခတွေဖြစ်ပေါ်လာရတဲ့ အဓိကအကြောင်းအရင်းတွေကတော့-

၁။ ငွေကြေးပြဿနာအခက်အခဲများ ??
မိသားစုစားဝတ်နေရေးအတွက် ငွေကြေးအလုံအလောက်မရရှိခြင်း၊ အိမ်အသုံးစရိတ်မညီမျှခြင်းတို့က မိသားစုပဋိပက္ခကိုဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။

၂။ အလုပ်ပင်ပန်းခြင်းနှင့် စိတ်ဖိစီးမှုများ ?
မိမိတို့ရဲ့ ကိုယ်စီအလုပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေဟာ တစ်ခါတစ်ရံ မိသားစုအပေါ်ပုံကျသွားတတ်ပြီး မိသားစုဝင်အချင်းချင်းကြားတွင် အဆင်မပြေမှုများကို ဖြစ်ပေါ်လာစေပါတယ်။

၃။ ရိုသေလေးစားမှုမရှိခြင်း ?‍♀?️
မိသားစုဝင်တွေကြားထဲမှာ တစ်ဦးနှင့်တစ်ဦး ရိုသေလေးစားမှုရှိမှသာ ပျော်ရွှင်သာယာသော မိသားစုဘဝကိုအတူတကွ ဖန်တီးနိုင်မှာဖြစ်တဲ့အတွက် ဒီအချက်ကလည်း အင်မတန်အရေးကြီးပါတယ်။

အခုကတော့ မိသားစုတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ပဋိပက္ခတွေရဲ့အကြောင်းအရင်းအချို့ကို ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ ?

တိန်တိန်လေးတို့အနေနဲ့ရော မိသားစုတွေနဲ့ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေရှိရင် Comment မှာ Sharing လုပ်ပေးလို့ရပါတယ်ဗျ။ ?

ဒီရက်ပိုင်း VPN အခက်အခဲလေးတွေကြောင့် Facebook ဝင်မရတဲ့ ဘိလပ်ရဲ့ တိန်တိန်လေးတွေ အခုလိုဗဟုသုတရမဲ့ အကြောင်းအရာလေးတွေနဲ့ အခြားသော Activity လေးတွေလွတ်မသွားရအောင် BhiLatt Telegram Channelလေးကို Joinထားဖို့ မမေ့ပါနဲ့နော်။✌?

Telegram Channel Link
https://t.me/bhilatt_platform

ယခု Post တွင်ဖော်ပြထားသော ဓာတ်ပုံနှင့် Content စာသားများသည် BhiLatt Platform ၏ မူပိုင်ဖြစ်ပါ၍ ပြန်လည်ကူးယူဖော်ပြလိုပါက BhiLatt Team ဆီမှ ခွင့်ပြုချက်တောင်းယူပါရန် မေတ္တာရပ်ခံပါသည်။

#BhiLatt_Platform
#Sharing
#Family_Problems
#Content_by_Kyi_Phyu
#Graphic_by_May_June_Kue

5 months, 2 weeks ago
BhiLatt Platform
5 months, 2 weeks ago
BhiLatt Platform
5 months, 2 weeks ago
“LGBTQIA+” ဆိုပြီး ပြောပြောနေကြပေမဲ့ အဲဒီစကားလုံး ပေါ်ပေါက်လာပုံကိုရော သိပြီးကြပြီလား***❓***

“LGBTQIA+” ဆိုပြီး ပြောပြောနေကြပေမဲ့ အဲဒီစကားလုံး ပေါ်ပေါက်လာပုံကိုရော သိပြီးကြပြီလား

LGBTQIA+ ရဲ့အစဆိုရင်တော့ Homosexuality ဆိုတဲ့စကားလုံးက ကနဦးလို့ဆိုရမှာပါပဲ။ ၁၉ရာစု (၁၈၆၂ ဝန်းကျင်) မှာ German Lawyer & Writer တစ်ဦးဖြစ်ပြီး Gay လို့လည်းယူဆရတဲ့ Karl Heinrich Ulrichs က “Urning” (ယောက်ျားချင်းနှစ်သက်သူ) ဆိုတဲ့ စကားလုံးကို စတင်အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးက အလျင်အမြန်ပဲ Journalist Karoly Maria Kertbeny ပြန်လည်တီထွင်ခဲ့တဲ့ “Homosexuality” (လိင်တူနှစ်သက်ခြင်း) ဆိုတဲ့ ဝေါဟာရနဲ့ အစားထိုးပြောင်းလဲသွားပါတယ်။ Kertbeny က “Heterosexuality” (ဆန့်ကျင်ဘက်လိင်နှစ်သက်ခြင်း) နဲ့ “Bisexuality” (ယောက်ျားရောမိန်းမရောနှစ်သက်ခြင်း) ဆိုတဲ့ ဝေါဟာရတို့ကိုပါ တီထွင်ခဲ့ပါသေးတယ်။ ??‍♀️

ဒီလိုနဲ့ ၁၉၆၀ ခုနှစ်နှောင်းပိုင်းမှာ “Gay” ဆိုတဲ့ ဝေါဟာရက လိင်တူချစ်သူတွေကို ရည်ညွှန်းတဲ့ တခြားဝေါဟာရတွေကို ကျော်လွန်ပြီး Popular Term တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Feminist Movements နဲ့ Lesbian Activism တွေကလည်း အရှိန်အဟုန်ရလာပြီး Lesbian Women တွေကို အသိအမှတ်ပြုလာခဲ့ကြပါတယ်။ ?
၁၉၉၀ ခုနှစ်ဝန်းကျင်မှာ Lesbian, Gay, Bisexual တို့ရဲ့ ဆက်နွယ်မှုတွေက LGB ဆိုတဲ့ အတိုကောက်စကားလုံးလေးကို ဦးတည်လာပြီး ကျယ်ပြန့်စွာ လက်ခံလာခဲ့ကြပါတယ်။ ဒါပေမဲ့ Transgender ဆိုတဲ့ Term ကို လက်ခံဖို့တော့ အချိန်အတော်ကြာခဲ့ပါတယ်။ Trans တွေက သမိုင်းကြောင်းတစ်လျှောက် တည်ရှိခဲ့ကြပေမဲ့ Transgender ဆိုတဲ့ ဝေါဟာရကတော့ ၁၉၆၀ ခုနှစ်လောက်မှ အစပြုလာခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၀၀ ခုနှစ်ပိုင်းမှာ Transgender Term ကလည်း LGBT Rights Movement တွေမှာ ပါဝင်လာပြီး ကျယ်ပြန့်လာခဲ့ပါတယ်။ ?

LGBTQIA+ က Q (Queer) ကတော့ ၁၉၁၀ ခုနှစ်လောက်တုန်းက Heteronormative Society က မဟုတ်တဲ့လူတွေကို စတင်ရည်ညွှန်းအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ပိုင်းမှာတော့ Queer Term ကို Gay Rights Movements တွေမှာ အကျယ်တဝင့်သုံးလာခဲ့ကြပါတယ်။ “Q” က Queer အပြင် Questioning ဆိုတဲ့ ကိုယ့်ရဲ့ Gender or Sexual ကို ရှာဖွေနေဆဲသူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့လည်း လက်ခံကြပါတယ်။ ?

LGBTQIA+ က (+) Plus Sign ကတော့ ကျယ်ပြန့်တဲ့ အမျိုးမျိုးသော Gender Identifications & Sexual Identities တွေကို ရည်ညွှန်းပြီး “I” (Intersex) နဲ့ “A” (Asexual) ဆိုပြီး LGBTQ နောက်မှာ ထပ်မံထည့်သွင်းလာခဲ့ပါတယ်။ အခုထိတော့ LGBTQIA+ လို့ဆိုကြပေမဲ့ နောက်ပိုင်းမှာ လူသားတွေရဲ့ Gender Expression နဲ့ Sexual Identity တွေကို ဖော်ပြဖို့ များစွာသောစကားလုံးတွေ ပေါ်ပေါက်လာကြဦးမှာ ဧကန်မုချပါပဲ။ ‼️

ယခု Post တွင်ဖော်ပြထားသော ဓာတ်ပုံနှင့် Content စာသားများသည် BhiLatt Platform ၏ မူပိုင်ဖြစ်ပါ၍ ပြန်လည်ကူးယူဖော်ပြလိုပါက BhiLatt Team ဆီမှ ခွင့်ပြုချက်တောင်းယူပါရန် မေတ္တာရပ်ခံပါသည်

BhiLatt Platform ရဲ့ Update တွေကို တိန်တိန်လေးတို့မလွတ်သွားရလေအောင် BhiLatt ရဲ့ Telegram Channel လေးကိုလည်း Join ထားကြပြီး အမြဲစောင့်မျှော်ကြည့်ရှုပေးကြပါဦးဗျ။ ??
BhiLatt Telegram Channel
https://t.me/bhilatt_platform

#BhiLatt_Platform
#Sharing
#LGBTQIA+
#Content_by_Htet
#Graphic_by_YinMon

5 months, 2 weeks ago
BhiLatt Platform
5 months, 2 weeks ago
ဘဝမှာ အရေးကြီးဆုံးက မိသားစုဆိုတဲ့သူလေးတွေရှိလား?***?***

ဘဝမှာ အရေးကြီးဆုံးက မိသားစုဆိုတဲ့သူလေးတွေရှိလား??

မိသားစုဆိုတာ ဘဝမှာ ကိုယ်နဲ့ ပထမဦးဆုံးထိတွေ့ဆက်ဆံခွင့်ရတဲ့သူတွေပေါ့။ မိသားစုကြောင့် အောင်မြင်သွားတဲ့သူတွေရှိသလို မိသားစုကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့သူလေးတွေရှိခဲ့ကြမှာပါ။ ?

ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ မိသားစုဆိုတဲ့အကြောင်းလေးကို ဆွေးနွေးကြည့်ရအောင်။ မိသားစုဆိုတာ ဘယ်လိုမျိုးလဲ၊ လူငယ်တွေနဲ့ မိသားစုကြားက ပဋိပက္ခတွေကရော ဘာတွေလဲ၊ Healthy Family တစ်ခုဖြစ်အောင် စိတ်ကိုဘယ်လိုပြင်ဆင်ထားသင့်လဲဆိုတာတွေကို ကျွန်တော်တို့ အတူတူဆွေးနွေးကြမယ်။ ကိုယ့်ရဲ့ Breakout Room Partner ဆီက English Speaking Skill အပြင် မတူညီတဲ့ အတွေးအခေါ်နဲ့အတွေ့အကြုံတွေကိုပါ လေ့လာကြမယ်။ ?

အခမဲ့ဘိလပ်စကားဝိုင်းလေးမှာ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ အသက်အရွယ် မရွေး၊ English Beginner Level ကစပြီး ပါဝင်ဆွေးနွေးလို့ရတဲ့အပြင် အင်္ဂလိပ်စကားပြောထွက်လာဖို့ Volunteer တွေကလည်း ထပ်ပြီးတွဲခေါ်ပေးဦးမှာဆိုတော့ ဘာမှစိုးရိမ်စရာမလိုတော့ပါဘူး။ အခုပဲ Page Messenger မှာ Register တင်လိုက်တော့နော်။ ?

? Topic : Family
Date & Time
10.11.2024 (Sun) – 1:00 to 3:00 PM
11.11.2024 (Mon) – 6:00 to 8:00 PM
? Platform : Zoom

? Registration Form က သောကြာနေ့ည (၁၀) နာရီအထိပဲ ဖွင့်မှာမလို့ အမြန်ဆုံးလာရောက် စာရင်းသွင်းထားဖို့တော့ လိုမယ်နော်။ ?

? VPN အခက်အခဲကြောင့် Messenger ဝင်လို့မရရင်လည်း အောက်မှာပေးထားတဲ့ Telegram Channel မှာ လာရောက်စာရင်းသွင်းလို့ရပါတယ်ဗျ။ ✌?

Telegram Channel
https://t.me/bhilatt_platform

………………………………………………………..

Is there anyone whose family is the most important thing in life? ?

Family is the first group of people that we interact with in life. There are people who have been succeeded because of their family, while others are also people who have been hurt because of their family. ?

Let's discuss "family" for this week. We will discuss together what a family is, what are the conflicts between youth and their families, and how we should prepare our mind for a healthy family. You will learn English Speaking Skill as well as different ideas and experiences from your Breakout Room Partner. ?

In Free BhiLatt English Conversation Club, people of all ages, regardless of race, any religions, genders can participate in this discussion. It also starts from English Beginner Level, and volunteers will be available to help you speak English. So, don't worry. Register now on Page Messenger. ?

? Topic : Family
Date & Time
10.11.2024 (Sun) – 1:00 to 3:00 PM
11.11.2024 (Mon) – 6:00 to 8:00 PM
? Platform : Zoom

?The registration form will only be opened until Friday night (10pm), so please register as soon as possible. ?

?If you can't access Messenger due to VPN issues, you can also register to the Telegram Channel. ✌?

Telegram Channel
https://t.me/bhilatt_platform

#BhiLatt_Platform
#Invitation
#Content_by_YinMon
#Graphic_by_Hoshi
#Translated_by_Naw_Eh

5 months, 2 weeks ago

ဒီနေ့ Monday Returned BhiLatt Conversation Club လေးကတော့ ပျော်ပျော်ရွှင်ရွှင်လေးနဲ့ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ?

Facilitator လေးတွေနဲ့အတူ ကခဲ့ရလို့လည်း ပျော်ခဲ့ကြမယ်လို့ ထင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ Partners တွေနဲ့အတူ Speaking လေ့ကျင့်ခဲ့ရလို့ English Speaking တွေလည်း တိုးတက်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။ ?‍♀️

ဒီအပတ်မှာ မပါဝင်လိုက်ရတဲ့သူတွေကလည်း မနက်ဖြန်အင်္ဂါနေ့မှာတင်မယ့် Topic အသစ်မှာ ပါဝင်လို့ရတာမလို့ ပြန်လည်ဆုံတွေ့ကြမယ်နော်။

_________

Today’s Monday Returned BhiLatt Conversation Club is happily ended. ?

We hope you enjoy for dancing with facilitators. And, we hope that your English Speaking skill improved because of practicing with your partners. ??‍♀️

Let’s meet again on Tuesday with a new Topic for those who did not participate in this week.

#BhiLatt_Platform
#Returned_Club
#Content_by_ZinYu
#Graphic_by_Hsu_Thinzar
#Translated_by_YinMon

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 8 months, 2 weeks ago

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated 2 months, 2 weeks ago