ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 Tage, 14 Stunden her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 Monate her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 Monate, 1 Woche her
“နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း"
နိုဝင်ဘာ ၂၂ (မြန်မာစံတော်ချိန် ည ၇ – ၉ နာရီ)
အကြမ်းမဖက် လူထုလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး၏ မူလဘူတ အခြေခံလှုပ်ရှားမှုကြီး ဖြစ်သည်။ အချိန်ကာလတခု ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုကြီးအတွင်း ပါဝင်နေကြသည့် မျိုးဆက်အသီးသီးအကြား မတူညီသည့် ချဉ်းကပ်မှုပုံစံဖြင့် ပါဝင်မှုများအား စုစည်း၍ ပိုမိုအားကောင်းသည့် လှုပ်ရှားမှုကြီးအသွင်သို့ အရှိန်မြှင့်တင်ရန် အချိန်အခါလည်း ကျရောက်နေပြီ ဖြစ်သည်။
လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။
လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။
လူထုလှုပ်ရှားမှု ရက်သတ္တပတ် လှုပ်ရှားမှု ဒုတိယနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၂ ရက်တွင် စစ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ ယနေ့တိုင် လှုပ်ရှားသက်ဝင်နေဆဲဖြစ်သည့် လူထုလှုပ်ရှားမှု (Civil Resistance) ကို ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား "နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း" ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဆွေးနွေးမှုအား PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
#လူထုလှုပ်ရှားမှုရက်သတ္တပတ်
#ငုံ့မခံနဲ့တုန့်ပြန်
အရေးတော်ပုံ အောင်ရမည်။
အီဂျစ်နိုင်ငံရဲ့ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုကို ၁၉၁၄ ခုနှစ်မှစတင်ခဲ့ကာ ၁၉၁၉ အီဂျစ်တော်လှန်ရေးအဖြစ် အထွတ်အထိပ်သို့ ရောက်စေခဲ့တဲ့ နိုင်ငံတစ်ဝန်းလုံးပါဝင်လှုပ်ရှားမှုကြီး ဖြစ်ပွါးခဲ့တယ်။ အဲ့ဒိ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုကြီးအတွင်း ခရစ်ယာန်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းများသာမက အမျိုးသမီးများကိုပါ အကြီးအကျယ် ဆန့်ကျင်ဆန္ဒပြမှုများတွင် ပါဝင်လာစေခဲ့တယ်။ လူထုအားနှင့် ကြိုးပမ်းမှုကြောင့်သာ အီဂျစ်နိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ပါတယ်ခင်ဗျာ။
တောင်ကိုရီးယားတိုင်းပြည်ဟာ အရပ်သားအာ
ဏာရှင် ဆန်မန်ရီး ၊ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး၊ ဗိုလ်ချုပ်ကြီး ချန်ဒူးဝှမ်တို့၏ လက်အောက်ကို နှစ်ပေါင်း ၄၀ ကြာမြှင့်စွာ ကျရောက်ခဲ့ရတယ်။တစ်တိုင်းပြည်လုံး ဆင်နွဲကြသော ၁၉၈၇ ဒီမိုကရေစီ အရေးတော်ပုံကြီး၏ အောင်မြင်မှုများကြောင့် တောင်ကိုရီးယား တိုင်းပြည်ဟာ အခုလို ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ရောက်ရှိနိုင်အောင် စတင်ပြီး ခြေလှမ်းလှမ်းခွင့် ရရှိပါတော့တယ်။
ကျနော်တို့ မြန်မာပြည်တွင်လည်း ၁၉၈၈တွင် ဖြစ်ပွားခဲ့သော ဒီမိုကရေစီအရေးတော်ပုံကြီးကိုပဲ ပမာပြုပြောရလျှင် (မဆလ) တစ်ပါတီ အာဏာရှင်စနစ်ကို ပြည်သူများက ဆန့်ကျင်တွန်းလှန် ဖြိုချနိုင်ခဲ့တယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် လူထုဟာ ဖိနှိပ်မှုဟူသမျှကို ငြိမ်ခံမနေပဲ လူထုရဲ့ “အား” နဲ့ ပြန်တွန်းလှန်ရမယ့်အချိန်၊ ပြိုင်တူရုန်းထရမယ့်အချိန်ဟာ များမကြာမီဆိုက်ရောက်လာပါတော့မယ်။ လူထုရဲ့”အား”ဆိုတာ ကိုယ်လွတ်ရုန်းခြင်းရဲ့ ဆန်ကျင်ဘက် ပြိုင်တူရုန်းခြင်းသာလျှင် ဖြစ်ပါတယ်။
ရန်ကုန်မှာပြန်ဆုံဖို့ ရန်ကုန်လူထုကသာ ဖန်တီးနိုင်သလို မန္တလေးမှာပြန်ဆုံဖို့ မန္တလေးလူထုကသာ ဖန်တီးနိုင်မှာဖြစ်ပါတယ်။လူထုဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမယ့်အချိန်ရောက်နေပါပြီ။ဘယ်သူ့ကိုမှအားကိုးနေလို့မရပါဘူး။ယခုဖြစ်ပေါ်နေတဲ့ စစ်အုပ်စုရဲ့ မတရားတဲ့ ဖိနှိပ်မှုတွေကို လူထုအားနဲ့သာ ဆန့်ကျင်တိုက်ပွဲဝင်ပြီးရပ်တန့်နိုင်မှာပဲဖြစ်ပါတယ်။ လူထုအားကို ဘယ်နွားမှတားလို့မရပါဘူး။
လရိပ်
ဒဂုံတက္ကသိုလ်
▪️လူထုရဲ့ ”အား”
လာမယ့် ၈လပိုင်း ၁ရက်နေ့ဆိုရင် ရာဇပလ္လင်ပေါ် ခွေးတက်ထိုင်နေတာ ၃နှစ်ခွဲတိတိ ပြည့်ပြီပဲဖြစ်ပါတယ်ခင်ဗျာ။တော်လှန်ရေးအင်အားစုတွေပြောနေကြသလိုပဲ ဒီနေ့ပွဲဟာ လူထုပါမှ နိုင်မယ့်ပွဲပါ။ ဒီ၃နှစ်ခွဲတာ ကာလမှာ လူထု ”အား” နဲ့ မောင်းနှင်ခဲ့လို့သာ/လူထုအားနဲ့ တောင့်ခံထားလို့သာ ဒီတော်လှန်ရေးဟာ ဆက်လက်ရွေ့လျားနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကနေ့ တော်လှန်ရေးဟာ လူထုမပါရင် ဘာမှဖြစ်လာစရာမရှိပါဘူး။ ဆိုတော့ လူထုဟာ အခုဖြစ်ပျက်နေတဲ့အခြေအနေတွေ(မီးပျက်၊ရေပျက်၊ဆန်စျေး၊ဆီစျေးမိုးထိအောင်ထိုးတက်နေတဲ့ကုန်စျေးနှုန်းကြီးမြင့်ခြင်းတွေ)နဲ့ လုံးဝ နေသားကျသွားလို့မရပါဘူး။
လူကြီးမင်းတို့ခေါင်းအေးအေးနဲ့ သေချာပြန်စဉ်းစားကြည့်စေလိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၉/၂၀ တုန်းက ကုန်စျေးနှုန်းတွေနဲ့ အခုကုန်စျေးနှုန်းတန်ဖိုးဟာ တရိပ်ရိပ်နဲ့ မသိမသာတက်လာနေတာ ၃ဆလောက်ရှိနေပါပြီ။ လက်ဖက်ထမင်း တစ်ပွဲ ၈၀၀တန်ဟာ ပြီးခဲ့တဲ့နှစ်မှာ၁၆၀၀ဖြစ်နေပြီး ဒီကနေ့မှာ ၂၅၀၀/၃၀၀၀ပေးပြီးစားရတဲ့အခြေအနေတွေနဲ့ ချိန်ထိုးပြီးကြည့်ကြည့်ပါ။
လွန်ခဲ့တဲ့ ၂၀၁၉/၂၀ကာလမှာ လူကြီးမင်းတို့အနေနဲ့ နေ့ရောညပါ လျှပ်စစ်မီးထိန်ထိန်ငြီးပြီး နေခဲ့ကြတယ်။ အခုအချိန်မှာတော့ တစ်နေ့တစ်နေ့ (ဒီနေ့က ၅နာရီပျက်မှာ ဒီနေ့က ၁နာရီပျက်မှာ)ကို ပူပန်ခဲ့ကြရတဲ့ဘဝတွေကနေ အခုဆိုရင် လာချိန် ပျက်ချိန်တောင်မမှန်တော့ပဲ လာချင်လာ ပျက်ချင်ပျက်ဆိုတဲ့အချိန်ရောက်လာခဲ့ပြီ။ ဒီအချိန်မှာ (မယားငယ်ပေး ပေးနေတဲ့) လာချိန်ပျက်ချိန်မှန်တယ်ဆိုတဲ့ အခြေနေမျိုးကို ပြန်တောင့်တ မက်မောမနေပဲ ဟိုးအစကနဦး လျှပ်စစ်မီးထိန်ထိန်ငြီးခဲ့တဲ့ဘဝတွေနဲ့ ပြန်ချိန်ထိုးကြည့်ဖို့လိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဟာ ဒီလို မယားငယ်ပေး ပေးနေတဲ့ စစ်အုပ်စုရဲ့အလိုကျ ဒီအခြေအနေတွေပေါ်မှာနေသားကျသွားလို့ (လုံးဝ)မရပါဘူး။
ဒီလိုအထွေထွေ အကျပ်အတည်းတွေကြားထဲက ခေါင်းမဖော်နိုင်တဲ့ လူထုဟာ စစ်အုပ်စုရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့အတွက်စစ်မှုထမ်းဥပဒေ(ဝါ)စစ်အုပ်စုရဲ့ မတရားတဲ့အစီအမံတွေကို ထပ်ပြီးတော့ ခါးစည်းခံနေကြရပါတယ်။ ဒီ မေလနဲ့ဂျွန်လ မှာဆိုရင်စစ်အုပ်စုရဲ့ မတရားတဲ့လူဖမ်းပွဲတွေ ဆက်တိုက်ဆိုသလို ကျယ်ကျယ်လောင်လောင် ကြားလာရတော့မှာပဲဖြစ်ပါတယ်။ နိုင်ငံရေး ၊စီးပွါးရေး၊လူမှုရေး အားလုံးဟာ လူထုကို မှီတည်နေရတယ်။ဆိုကြပါစို့။
ခုလတ်တလော ဖြစ်ပေါ်နေတဲ့ စစ်အုပ်စုရဲ့ ပြည့်သူ့စစ်မှုထမ်းဥပဒေ(ဝါ)စစ်အုပ်စုရဲ့ မတရားတဲ့ အစီအမံကိုပဲ ကြည့်မလား။စစ်ရေးအရ အဖက်ဖက်က လဲပြိုနေတဲ့ စစ်အုပ်စုရဲ့အင်အားကိုဖြည့်တင်းဖို့အတွက် အခြေခံကျတဲ့ ဖြေရှင်းနည်းတစ်ခုဖြစ်တဲ့ စစ်မှုထမ်းဥပဒေ(ဝါ) စစ်အုပ်စုရဲ့ မတရားတဲ့အစီအမံတစ်ခု ပေါ်ပေါက်လာတယ်။ ဒီအစီအမံကို အကောင်ထည်ဖော်ဖို့အတွက် လူထုရဲ့”အား” လိုအပ်လာတယ်။ဒါကြောင့်သာ မတရားတဲ့ ဖမ်းစီးမှုတွေ ပေါ်တာဆွဲတဲ့ပြဿနာတွေအပါအဝင် တခြားတခြားသော စစ်သားစုဆောင်းမှုဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်လာရတယ်။
ဒီအချက်ကိုကြည့်ခြင်းအားဖြင့်လည်း လူထုမှာ “အား”တစ်ခုရှိတယ်ဆိုတာကိုမြင်သာစေတယ်။
အဲ့ဒိရှိနေတဲ့ “အား”ကို ရုပ်လုံးပေါ်လာဖို့အတွက် လူထုကိုယ်တိုင်က မိမိတို့ရဲ့ လိုအပ်ချက်တွေကို သိရှိနားလည်နေဖို့လိုပါတယ်။ မိမိတို့ရဲ့လိုအပ်ချက်ဆိုတဲ့နေရာမှာ အိမ်ရှင်မတစ်ယောက်ရဲ့ ကုန်စျေးနှုန်းကြီးမြင့်မှု ပြဿနာထက် နိုင်ငံတော်သမ္မတ ဘယ်သွားတယ် ဘယ်လာတယ်က အရေးမကြီးသလို၊ စီးပွါးရေးလုပ်နေရတဲ့ လူတစ်ယောက်အတွက် စက်သုံးဆီစျေးကြီးမြင့်မှု လျှပ်စစ်မီးပြတ်တောက်မှုတွေထက် USက ဘယ်လိုနိုင်ငံခြားရေးPolicyနဲ့ တရုတ်ကို ဆော်နေပြီဆိုတာတွေက အရေးမကြီးသလိုကို နားလည်နေရမယ်။စစ်အုပ်စုရဲ့ မတရားတဲ့ဖိနှိပ်မှုတွေကို ရေလည်ကြေညက်နေမှသာ ကိုယ့်ရဲ့ရှိနေတဲ့”အား”ကို မြင်သာလာစေမယ်။
လတ်တလောဖြစ်နေတဲ့ အထွေထွေအကြပ်တည်းကနေ လွတ်မြောက်ရေးအတွက် ဖြေရှင်းကြတဲ့အခါမှာ ပြည်ပထွက်ခြင်း၊ နယ်မြေဘက်သွားခြင်း စတဲ့ ဖြေရှင်းနည်းတွေအပြင် လူငယ်တွေအနေနဲ့ ကျောင်းပြန်တက်ရင် ဒီအခက်ခဲကနေ ကျော်လွှားနိုင်မယ်ဆိုပြီးမျှော်လင့်ကြတယ်။ အခုတောင် ပြည့်ပထွက်ခွါအလုပ်လုပ်ခွင့်တွေပိတ်ပင်လိုက်ပြီ။ကျွန်တော်တို့ရသင့်တဲ့အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေရပါပြီ။ စစ်အုပ်စုဟာ အင်မတန်ဥာဏ်ကောင်းပြီး ဥာဏ်နီဥာဏ်ထွက်တဲ့ အစုအဖွဲ့တစ်ခုပါ။ဆိုတော့ အထက်မှာပြောခဲ့သလို တဖြည်းဖြည်းနဲ့ ဂျပန်မူလီလို ကြပ်လာတဲ့အခြေအနေတွေကို လူထုအနေနဲ့ နေသားကျမသွားဖို့လိုပါတယ်။
ဒီအထွေထွေအကျပ်အတည်းတွေကြောင့် အသက်ရှုကြပ်နေတဲ့ လူထုဟာ ဒီအချိန်မှာ အသက်ရှုရပ်ပြီး သေဖို့ပဲ ကျန်ပါတော့တယ်။
ဒီအထွေထွေအကျပ်အတည်းတွေကို ကျော်လွှားဖို့ ရေရှည်ဖြေရှင်းခြင်းနည်းနာဟာ လူထုကိုယ်တိုင်ကနေပဲ ဆင်းသက်လာပါလိမ့်မယ်။
လူထုအုံကြွတော်လှန်မှုဖြင့် အာဏာရှင်နဲ့ အာဏာရှင်စနစ် ယန္တယားကိုပါ တစ်စမကျန် ဖျက်သိမ်းပစ်ဖို့လိုပါတယ်။လူထုကိုယ်တိုင်ပါဝင်ဆင်နွှဲတဲ့ လူထုအုံကြွတော်လှန်မှုတွေကသာ အာဏာရှင် (လူ ပုဂ္ဂိုလ်)နှင့် အာဏာရှင်စနစ် (ယန္တယား)ကိုပါ တစ်စမကျန် ချေမှုန်းသုတ်သင်ပစ်ရလိမ့်မယ်။ အနီးအဝေးသမိုင်းမှာ အာဏာရှင်များ မရှုမလှ ဇာတ်သိမ်းသွားခဲ့သည်မှာ ယုံတမ်းစကားမဟုတ် တကယ့်လက်တွေ့ဖြစ်ပါတယ်။
◾လူထုတစ်ရပ်လုံးနှင့် သက်ဆိုင်သည်။
လွန်ခဲ့သော ၁၉၄၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ပြည်သူ့တပ်မတော် နှင့် လူမျိုးစုအဖွဲ့အစည်းများဖြင့် စုစည်းထားသော " ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် " မှ ဦးဆောင်ပြီး ကျွန်တော်တို့၏ အမျိုးသားညီညွှတ်မှုကို ပြသ၍ ဖက်ဆစ်ဂျပန်ကိုစတင်တိုက်ထုတ်ခဲ့ကြတဲ့ ထို့နေ့အား " ဖက်ဆစ်တော်လှန်ရေးနေ့ " ဟု သတ်မှတ်ခဲ့ကြသည်။
တော်လှန်ရေး ဟူသော စာလုံး (၃)လုံးသည် လမ်းပေါ်တက် သပိတ်မှောက် ဆန္ဒပြခြခြင်း တစ်ခုတည်းမဟုတ်ဘဲ " မတရားမှု ဟူသမျှကို ဆန့်ကျင်တွန်းလှန်ခြင်း " ဟု အဓိပ္ပာယ် သတ်မှတ်နိုင်သည်။ ကျွန်တော်တို့သည် တော်လှန်ရေး စတင်ရာတွင် ရဲရင့်မှု၊ သစ္စာရှိမှု၊ သတ္တိရှိမှု၊ ဇွဲရှိမှု စသည့် ကြိုးစားအားထုတ်မှုများ ရှိမှသာလျှင် တော်လှန်ရေး အောင်မြင်နိုင်မည်ဖြစ်သည်။ ထို ကြိုးစားအားထုတ်မှုမရှိလျှင် ကျွန်တော်တို့ စတင်သည့် တော်လှန်ရေးသည် မုချ ကျရှုံးလိမ့်မည် ဖြစ်သည်။
ကျွန်တော်တို့ နွေဦးတော်လှန်ရေး စတင်ပြီး ယခုအချိန်ကာလတွင် ကျွန်တော်တို့၏ ကြိုးစားအားထုတ်မှုတို့ကြောင့် စစ်ကောင်စီမှ အဖက်ဖက် ယိုယွင်းပျက်စီးမှုများ ဖြစ်ခဲ့သည်။ အဓိက ပျက်စီးသောအရာသည် ၄င်းတို့၏ စစ်သည် အင်အားများသာ ဖြစ်သည်။ ထိုပျက်ဆီးမှုအား စစ်ကောင်စီမှ ပြုပြင်ရန်အတွက် ပြည်သူလူထုအား စိတ်ဆင်းရဲမှုများစွာဖြစ်စေသည့် " စစ်မှုထမ်း ဥပဒေ " အား ကြေငြာချက်ထုတ်ခဲ့သည်။
စစ်မှုထမ်း ဥပဒေ ကြေငြာပြီး နောက်ပိုင်း ယခုအချိန်တွင် ရပ်ကွက်တိုင်း၊ ကျေးလက်တိုင်း၏ အုပ်ချုပ်ရေး ရုံးများတွင် အသက် ၂၄ မှ ၃၀ အထိ လူငယ်များအား စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်နေကြသည်။ ထိုသို့ မဲနှိုက်ခြင်းသည် တစ်ကြိမ်တစ်ခါတည်းမဟုတ်ဘဲ ကြိမ်ဖန်များစွာဖြင့် အသက် ၂၄ မှ ၃၀ လူငယ်များကုန်သည် အထိ မဲနှိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအချိန် မိမိမပါဝင်သော်လည်း နောက်အကြိမ်တွင် ပါဝင်လာလိမ့်မည် ဖြစ်သည်။ ထို့ကဲ့သို့ပင် အသက် ၂၄ မှ ၃၀ လူငယ်များကုန်လျှင် အသက် ၃၀ မှ ၃၅ လူငယ်၊ ထို့နောက် အသက် ၁၈ မှ ၂၄ လူငယ်များ ပါဝင်လာမည် ဖြစ်သည်။ ထို့သို့ မဲနှိုက်ခြင်းသည် ၄င်းတို့ ထုတ်ပြန်ချက်အရ အသက် ၁၈ မှ ၃၅ အထိ လူငယ်များ သာမက ထိုလူငယ်များအတွက် စိတ်ပူပန်လျှက်ရှိသည့် အုပ်ထိန်းသူများ အနေနှင့်လည်း သက်ဆိုင်သော အကြောင်းအရာ ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့ လူထုတစ်ရပ်လုံးသည် စစ်ကောင်စီ၏လုပ်ရပ်အား အာဏာဖီဆန်ခြင်းမှ တပါးအခြား မရှိတော့ပေ ဖြစ်သည်။ အာဏာဖီဆန်ခြင်းသည် သပိတ်မှောင် ဆန္ဒပြခြင်း တစ်ခုတည်း မဟုတ်ဘဲ ၄င်းတို့ပြောသည့် စကားတိုင်း " မလုပ်ဘူး၊ မသွားဘူး " ဟု သတ္တိရှိရှိ ငြင်းဆိုခြင်း ဖြစ်သည်။ ထို့နောက် ကျွန်တော့်အနေဖြင့် " နွားကွဲလျှင် ကျားစွဲမည် " ဟူသော စကားပုံအား ရေးသားလိုပါသည်။ ထိုကဲ့သို့ပင် တစ်ဦးတစ်ယောက်တည်းမှ အာဏာဖီဆန်လျှင် အကြမ်းဖက် စစ်ကောင်စီ၏ မတရားအကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခြင်းအား မုချခံရမည်ဖြစ်သည်။ သို့သော် " တစ်ယောက်ထိလျှင် အကုန်လုံးနှင့် ငြိမည် " ဆိုသည့်အတိုင်း ပြည်သူလူထု၏ စည်းလုံးမှုဖြင့် အာဏာဖီဆန် မည်ဆိုလျှင် မည်သည့်အရာမျှ ကျွန်တော်တို့အား အန္တရာယ်ပြုနိုင်ခြင်း မဟုတ်ပေ။ ထိုကြောင့် ကျွန်တော်တို့ ပြည်သူလူထု တစ်ရပ်လုံး စိတ်ခွန်အား ၊ လူထုတစ်ရပ်လုံး၏ အင်အား တို့ဖြင့် တိုက်ပွဲဝင်လျှင် အာဏာရှင်စနစ် အမြစ်ပြတ် သည်အထိ ကျရှုံးလိမ့်မည်ဖြစ်ကြောင်း အလေးအနက် ရေးသားလိုပါသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 Tage, 14 Stunden her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 Monate her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 Monate, 1 Woche her