ဒီဂျစ်တယ်နေ့စဉ်

Description
ဒီဂျစ်တယ်ပေါ်က နေ့စဉ်သတင်းတွေကို ဖော်ပြပေးသွားမယ်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago
ဒီဂျစ်တယ်နေ့စဉ်
1 year, 1 month ago

မြန်မာနိုင်ငံသို့ ရေနံထွက်ကုန်တင်ပို့မှု ရပ်ဆိုင်းရန် ထိုင်း PTT အသင့်ဖြစ်နေ

ဖေဖော်ဝါရီ ၆

ထိုင်းစတော့အိတ်(စ်)ချိန်းစာရင်းဝင် PTT ရေနံနှင့် လက်လီလုပ်ငန်း (OR) က အိမ်နီးချင်းနိုင်ငံအတွင်း လှုပ်ရှားနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာနိုင်ငံထံ ရေနံထွက်ကုန်တင်ပို့မှု ရပ်ဆိုင်းဖို့ ပြင်နေပါတယ်။

OR က ထိုင်းအစိုးရရဲ့ ဖြိုခွင်းမှုကို လိုက်လျောဖို့ အဆင်သင့်ဖြစ်နေပြီး အမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ နယ်စပ်စစ်ဆေးရေးဂိတ် ၅ ခုကနေ ရေနံထွက်ကုန်တင်ပို့မှုကို တားမြစ်ဖို့ တရားဝင် အမိန့်ကို စောင့်ဆိုင်းနေကြောင်း အမှုဆောင်ဒုတိယဥက္ကဋ္ဌ Racha Uthaichan က ပြောပါတယ်။

ရာဇဝတ်မှုတွေ အခြေစိုက်ရာအဖြစ် သံသယရှိတဲ့ ဒေသတွေထံ ရေနံထွက်ကုန်တင်ပို့မှုနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ရပ်တန့်ဖို့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ မှုခင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ နောက်ထပ်အစီအမံတစ်ရပ်ကို NSC က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အတည်ပြုခဲ့ကြောင်း မီဒီယာတွေက ဖော်ပြထားပါတယ်။

PTTOR အနေနဲ့ မြန်မာနိုင်ငံထံ တစ်လကို ဓာတ်ဆီနဲ့ ဒီဇယ်လီတာ ၁၅ သန်းကနေ သန်း ၂၀ အထိ တင်ပို့နေရပြီး ကုမ္ပဏီရဲ့ ဖောက်သည်တွေက မြဝတီ၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းက စက်သုံးဆီဆိုင်တွေထံ ပြန်လည်ရောင်းချပါတယ်။

ကုမ္ပဏီအနေနဲ့ တာ့ခ်ခရိုင် မဲဆောက်မြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)အနီးက နယ်စပ်ဂိတ်ကနေ ရေနံထွက်ကုန်တွေ တင်ပို့တာပါ။

NSC က ဆုံးဖြတ်ချက်ကို အတည်မပြုမီ ရေနံထွက်ကုန်တွေ သယ်ဆောင်လာတဲ့ ကုန်တင်ယာဉ်တွေဟာ ရေနံချက်စက်ရုံတစ်ခုကနေ ထွက်ခွာလာပြီး တံတားဆီ ဦးတည်နေပြီလို့ Racha က ပြောပါတယ်။

အဲဒီကားတွေဟာ မဲဆောက်ခရိုင်အတွင်း စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်နိုင်ခြင်းမရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကာ ဆီသယ်ယာဉ်တွေ စစ်ဆေးရေးဂိတ်ကနေ မထွက်ခွာနိုင်ပါက မိမိတို့ရဲ့ ဖောက်သည်တွေကို ချက်ခြင်းအကြောင်းကြားရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်ကစပြီး ထိုင်း-မြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ တာချီလိတ်၊ ရွှေကုက္ကိုလ်၊ ဘုရားသုံးဆူ အပါအဝင် နေရာ ၅ ခုကို လျှပ်စစ်မီးဖြတ်တောက်ခဲ့ပါတယ်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီဘက်ကတော့ အဲဒီနေရာတွေဟာ ဆက်သွယ်ရေးလိမ်လည်မှုစင်တာတွေ အခြေစိုက်ရာ ဒေသတွေလို့ ပြောကြားထားပါတယ်။

သတင်း - BETV Business

1 year, 1 month ago

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်က မြန်မာနိုင်ငံသံရုံးမှာ သက်တမ်းတိုးဖို့ ထုတ်ပြန်ထားပြီ။

တရား၀င်မဟုတ်တဲ့ လက်ရှိအစိုးရကို ဆန့်ကျင်နေတဲ့သူတွေကို သေချာစိစစ်ပြီးမှ သက်တမ်းတိုးပေးကြဖို့လိုတယ်။

ခိုး၀င်နဲ့ အထောက်အထားမဲ့တွေက အစိုးရကို ပုန်ကန်နေတဲ့ PDF အားပေးတွေပါ။

သူတို့ပါရောပြီး ပွဲစားနဲ့သက်တမ်းတိုးရင် သံရုံးက ၀န်ထမ်းတွေ လုပ်စား၊ ဂွင်ဖန်နေမယ်ဆိုရင် မြန်မာနိုင်ငံထဲက စစ်သည်၊ ရဲဘော်တွေကို သတ်ဖို့ လုပ်ပေးလိုက်တာနဲ့ အတူတူပါပဲ။

အမေရိကန်မှာ ရှိတဲ့သူ အများစုက PDF အားပေးနဲ့ NUG ထောက်ခံတွေပါ။

သံရုဲး၀န်ထမ်းတွေ သစ္စာရှိပေးပါ။

ခိုး၀င်တွေထဲက နိုင်ငံသားပယ်ဖျက်ထားတဲ့
နာမည်ကျော်တွေကိုဖော်ပြပေးလိုက်မယ်။

-အိမ့်ပိုဉ (ခ) ပန်ဆယ်လို
-ကျော်နိုင် (အဖေ)
-

*သူ့တစ်ယောက်တည်းကိုပဲ နိုင်ငံသားပယ်ဖျက်ထားတာပဲရှိသေးတယ်။
သူ့တစ်မိသားစုလုံးကို နိုင်ငံသား မပယ်ဖျက်ရသေးတော့ ဗီဇာ၊ passport လာလုပ်နိုင်တယ်။

-အာဇာနည်မိသားစုနဲ့ သူ့ညီမိသားစု
-ကော်ဘရာနဲ့မိသားစု
-မောင်မောင်အေးနဲ့ မိသားစု
-ရန်ရန်ချမ်းနဲ့ မိသားစု
-ခင်မိုး
-မျိုးရန်နောင်သိမ်း
-မျိုးမြင့်ရန်နောင်
-ဆောင်းဦးလှိုင်
-ကျော်မိုးထွန်း
-ဆာဆာ
-ဇော်ဝေစိုး
-ခါရာ
-အောင်မျိုးမင်း NUG
-လင်းနစ်
-ဒီဂျေဝိုင်း
-ကျော်သီဟ

နိုင်ငံကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်အားပေး ‌လောက်ကောင်တွေကို သိရင် ထပ်ဖြည့်ပေးးကြဦး

Htimyataung

1 year, 3 months ago
ဒီဂျစ်တယ်နေ့စဉ်
1 year, 3 months ago
ဒီဂျစ်တယ်နေ့စဉ်
1 year, 3 months ago

ဘုရားသုံးဆူမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူ ၃ ဦးကို
လက်နက်ကိုင်အဖွဲ့တစ်ခုက ရက်စက်စွာ သတ်ဖြတ်

နိုဝင်ဘာ ၂၁

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ နိုဝင်ဘာလ ၁၉ ရက်
ညနေပိုင်းအချိန်တွင် ဘုရားသုံးဆူမြို့နယ်၊ မက္ကသာကျေးရွာသို့သွားသည့်
လမ်းရှိ ရာဘာခြံတစ်ခုအတွင်း ဓားဒဏ်ရာများဖြင့်
လူ ၃ ဦး အသတ်ခံထားရတယ်လို့ သိရပါတယ်။

အသတ်ခံရသူများက မိသားစုဝင် ၃ ဦးဖြစ်ပြီး
အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ မိခင်ဖြစ်သူ ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်သူနဲ့
အဖိုးဖြစ်သူ ၆၉ နှစ်အရွယ် ဦးရခိုင် (လျှပ်စစ်ဝန်ထမ်း အငြိမ်းစား)
ဖြစ်တယ်လို့ သိရပါတယ်။

အသတ်ခံရသူမိသားစုဝင်များသည် ရခိုင်လူမျိုးဖြစ်ပြီး
ဘုရားသုံးဆူမြို့ အမှတ် (၂) ရက်ကွက်တွင် အနှစ် ၂၀ ကျော်နေထိုင်သူများဖြစ်ကာ
အေးဆေးစွာ နေထိုင်သူများ ဖြစ်တယ်လို့
မြို့ခံများက ဆိုပါတယ်။

အဆိုပါ မိသားစုဝင် (၃) ဦးတို့ကို အမည်မသိလူတစ်စုမှ
ဟွန်ဒါကားတစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့ကာ မက္ကသာကျေးရွာသို့သွားသည့်
လမ်းဘေးတစ်နေရာ၌ သတ်ဖြတ်ခဲ့ပြီး အလောင်းများ
လွှင့်ပစ်ထားသည်ကို လမ်းသွားများက တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

မက္ကသာရွာသည် KNU တပ်မဟာ ၆ မှ လှုပ်ရှားအခြေစိုက်နေသည့်
ရွာကြီး ဖြစ်ပြီး PDF အပါအဝင် လက်နက်ကိုင်များ
လှုပ်ရှားနေသည့် နယ်မြေလည်း ဖြစ်တယ်လို့
သိရပါတယ်။

မြို့ခံများက အသတ်ခံရတဲ့ မိသားစုဝင်များအတွက်
တရားမျှတမှုကို လိုလားနေကြောင်း သိရပါတယ်။

ဒီဂျစ်တယ်နေ့စဉ်

1 year, 3 months ago
ဒီဂျစ်တယ်နေ့စဉ်
1 year, 3 months ago
ဒီဂျစ်တယ်နေ့စဉ်
1 year, 3 months ago
ဒီဂျစ်တယ်နေ့စဉ်
1 year, 4 months ago
ဒီဂျစ်တယ်နေ့စဉ်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago