{CALVUS} Knowledge Sharing for Burmese

Description
Channel Date. 20.3.2024
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 5 months, 2 weeks ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 5 months, 3 weeks ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 4 months ago

4 months, 2 weeks ago

"မှာတမ်း"

မမနွယ်ရေ
ဒီတစ်ခါတော့
ပထမအကြိမ်အဖြစ်
ကြီးမြင့်မှုကို ခဝါချလို့
လူငယ်ဆန်ဆန်ခေါ်ပါရစေ
"နွယ်"။

မင်းလုပ်ရပ်တွေ
မှန်ကန်ခဲ့ပါတယ်နွယ်
ကိုကိုယ်တိုင်ကလည်း
မေတ္တာကိုတစ်ယောက်တည်းမှ
မပေးချင်မိတာကိုး။

ကို့ကြောင့်နာကျင်ခဲ့ရရင်လည်း
တောင်းပန်းပါတယ်
ကို့ကြောင့်ပျော်ရွှင်ခဲ့ရရင်လည်း
ဝမ်းသားပါတယ် နွယ်။

အတိတ်မှာ ပုံရိပ်တစ်ခုဟာ
ဆေးစက်တွေဘယ်လိုဘဲကျန်ခဲ့ကျန်ခဲ့
နောက်ဆုံးအနေနဲ့
လွမ်းချင်းချလို့ တမ်းတပါရစေ။

အခုချိန် လီယိုနာဒို ဗင်ချီသာ
အသက်ရှိသေးရင် မင်းအပြုံးကိုဆွဲဖို့
စက္ကူဖိုးအတွက် မိုနာလီဆာပန်းချီကို
ရတဲ့ဈေးနဲ့ရောင်းမှာ သေချာတယ်။

ဗင်းဆင့်ဗန်ဂိုးကတော့
အားလူးစားသူများအစား
မင်းအပြုံးကိုဆွဲလည်း
သူနာမည်ကျော်မှာဘဲ။

နွယ်ရေ
ပန်းပွင့်တွေလှတယ်ဆိုတာ
မင်းနှုတ်ခမ်းပါးရဲ့ ဆယ်ပုံတစ်ပုံစာ။

ကိုဒီလိုတမ်းတနေချိန်မှာ
မင်းဥယျာဥ်အသစ်ရဲ့စကားကြောင့်
မင်းလည်းပျော်နေလောက်မှာပါ နွယ်။

ရာသီတွေအပြောင်းအလဲမှာ
ဂရုစိုက်ပါလို့ မှာချင်ပေမယ့်
အရာမထင်မှာဆိုးလို့
ရင်ထဲကစကားကို
လေထဲမှာဘဲဖျောက်လိုက်ပါ့မယ်။

မင်းဆံပင်တွေတိုသွားလား။
လက်သည်းတွေရှည်လာလား။
ကျန်းမာရေးကောင်းရဲ့လား။
တစ်ခါတလေကျတွေးမိတယ်
ကို့မှာစိတ်ပူပိုင်ခွင့်မှ မရှိတော့တာဘဲ။

နွယ်ရေ
တစ်ခါတစ်လေကျ
မင်းရင်လာဖွင့်တာ
မင်းကို့ဆီလာငိုတာ
မင်းကို့ဆီ...
အင်း.... အကြောင်းပြချက်တစ်ခုကြောင့်
ပြန်ရောက်လာမလားလို့ မျှော်မိသား။

အရာတစ်ချို့ကြောင့်
မင်းအပြုံးလေးတွေ
မြင်ခွင့်ရတဲ့အခါ
ဘာမှမဆိုင်တော့ပေမယ့်
ကို့မှာတစ်ရက်  အသက်ရှည်စေခဲ့တယ်။

တစ်ခါတစ်လေ
ဒေါသကြောင့် မင်းဆူပူတဲ့အခါ
မင်းစိုးရိမ်ပေးတာမျိုးကလည်း
အနာကို ပိုသက်သာစေပြန်ရော။

ထားလိုက်ပါ ထားခဲ့လိုက်ပါ
ကတိသစ္စာတွေကို
အလွတ်ကျက်ပြီးတဲ့နေ့
မင်းကိုပြန်တောင်းပန်ပါ့မယ်။

(ထိုနေ့မှစ၍ မမနွယ်သည် အကျွန့်ရင်မှ
ထာဝရထွက်ခွာသွားလေသည်)

#DaungNyo
#ဒေါင်းညို

4 months, 2 weeks ago

"မင်းကျင့်တရားဆယ်ပါး"

ပြောသာပြောရတာ
ငါကိုယ်တိုင်လည်း
သူတော်ကောင်းမဟုတ်ဘူးကွ။

#ဒေါင်းညို

4 months, 2 weeks ago
4 months, 2 weeks ago

အဝတ်အစားအသစ်ဝယ်ရာမှာ ဆရာကျတဲ့သူတို့ အကြံပြုထားတဲ့ Fashion Tips လေးတွေ

အဝတ်အစားအသစ်ဝယ်တဲ့အခါ အမှားယွင်းလေးတွေ များတတ်တာဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် အဝတ်အစားအသစ်ဝယ်ရာမှာ ဆရာကျတဲ့သူတို့ အကြံပြုထားတဲ့ Fashion Tips လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) အွန်လိုင်းကနေ လေ့လာပါ

ဖက်ရှင်အတွဲအစပ်တွေအကြောင်း သိပ်မသိသေးတဲ့ သူတွေအနေနဲ့ ပထမဆုံးလုပ်နိုင်တာက အွန်လိုင်းကနေ လေ့လာတာပါပဲ။ အရင်ကတော့ Fashion မဂ္ဂဇင်းတွေ ကက်တလောက်တွေကနေ လေ့လာကြပေမယ့် ယနေ့ခေတ်မှာတော့ အွန်လိုင်းကနေပဲ အလွယ်တကူ လေ့လာလို့ရနေပြီဖြစ်ပါတယ်။

ဒါကြောင့် အဝတ်အစားမဝယ်ခင်မှာ ကိုယ့်ရဲ့ ပုံစံနဲ့ လိုက်မယ့် အဝတ်အစားပုံစံတွေ ၊ ဖက်ရှင်အတွဲအစပ်လေးတွေကို အွန်လိုင်းကနေ အရင်ဆုံးလေ့လာကြည့် သင့်ပါတယ်။

(၂) နေရာစုံဝတ်နိုင်မယ့် ဖက်ရှင်မျိုးရွေးပါ

အဝတ်အစားဝယ်တဲ့အခါ စဉ်းစားရမှာတစ်ခုက ဘယ်နေရာမဆိုဝတ်လို့ အဆင်ပြေမယ့် ဖက်ရှင်မျိုးကို ရွေးချယ်ဝယ်ယူဖို့ပါပဲ။ တစ်ခါဝတ်ပြီး ချောင်ထိုးရမယ့် တစ်ပွဲတိုးဖက်ရှင်တွေကို တက်နိုင်သလောက်ရှောင်ကြဉ်ပါ။

ကိုယ့်ရဲ့ နေစဉ်ဘဝမှာ အမြဲတမ်း ချဝတ်လို့ကောင်းမယ့် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျစေမယ့် ဖက်ရှင်မျိုးကိုပဲ ဦးစားပေးရွေးချယ်သင့်ပါတယ်။

(၃) မှန်ကန်တဲ့ဆိုဒ်ကို ရွေးချယ်ပါ

သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်ဆင်နိုင်ဖို့ဆို ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက်တိကျတဲ့ အဝတ်အစားဆိုဒ်ကို ရွေးချယ်ဖို့လိုပါတယ်။ အင်္ကျီတစ်ထည်ဟာ သေးလွန်း ၊ ကြီးလွန်းနေရင် ကိုယ့်ရဲ့ ဖက်ရှင်အသွင်အပြင်ကို ထိခိုက်စေပြီး ဆွဲဆောင်မှုလျော့ကျစေမှာပါ။

(၄) တစ်ဆိုင်ထဲက မရွေးပါနဲ့

အဝတ်အစားဝယ်တဲ့အခါ တစ်ဆိုင်ထဲကိုပဲ ဝင်ကြည့်ပြီး ဒါကြိုက်တယ် ဒါယူမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ သေချာအချိန်ပေးပြီး ရွေးပါ။ ကိုယ်လိုချင်တဲ့ ပုံစံ ၊ ဒီဇိုင်း ၊ ကာလာကို မဝယ်ခင်ကတည်းက စဉ်းစားထားဖို့လိုပြီး ဆိုင်ရောက်တဲ့အခါမှာ လိုချင်တဲ့ပုံစံနဲ့ထပ်တူကျမယ့် အဝတ်အစားမျိုး သေချာလေးရွေးပါ။

ရောင်းတဲ့သူရဲ့ အကြံပြုချက်ကို အရမ်းကြီး မလိုက်ရောပါနဲ့။ ကိုယ်လိုချင်တဲ့ ဖက်ရှင်ပုံစံကိုပဲ သေချာရွေးပါ။ ဒီဆိုင်မှာမရနိုင်ဘူးဆို နောက်တစ်ဆိုင်ပြောင်းပြီး ရွေးကြည့်ပါ။ အဝတ်အစားဝယ်တယ်ဆိုတာ စိတ်ရှည်ဖို့လိုသလို ရှာရင်ရှာနိုင်သလောက် ကိုယ်နဲ့ပိုအဆင်ပြေတာ ရနိုင်ပါတယ်။

ကိုယ်ကအပြင်ထွက်ဝယ်ရတာလဲအဆင်မပြေဘူး အလုပ်လဲများတဲ့သူဆို အဝတ်အစားdesign အသစ်အဆန်းလေးတွေလဲကြိုက်တယ်ဆိုရင် cmမှာ onlines shop channel တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
အဲ့ channelကနေအဝတ်အစားတွေကိုယုံကြည်စိတ်ချစွာမှာယူလို့ရပါတယ်ခင်ဗျာ
#forward_only

4 months, 3 weeks ago

``မာယာနွံ´´

ချစ်မိတာဟာ
ကို့ကိုယ်ကိုသေကြောင်းကြံစည်မှုဘဲ။

လိင်ကွဲတွေ သစ္စာဖောက်တယ်
ကို့လူချင်း ကိုယုံမိတယ်
ကျွန်ယုံတစ်ဖက်ကန်း
သားသမီးယုံစုံလုံးကန်းတဲ့
ငါ့မှာသုံးခါပြန်ကန်းခဲ့ရတယ်။

မြတ်နိုးမိလို့
ကိုယ်တိုင်ပန်ဆင်ဖို့
ကိုယ်တိုင်ခူးခဲ့တဲ့ပန်းငယ်ဟာ
မှတပါးလက်ထဲမှာ
ပြုံးရွှင်ချင်ရှာတယ်။
တစ်ခါ နှစ်ခါ သုံးခါ
သွားတော့ ပန်းကလေးရေ
အဆိပ်ကိုကြိုက်တဲ့ မင်းကတော့
မင်းထိုက်နဲ့မင်းကံဘဲ။

ကျွတ်ပြီဟဲ့ လွတ်ပြီ
လွတ်ပြီဟဲ့ ကျွတ်ပြီ
ဆရာဇော်ဂျီလိုညည်းလိုက်ချင်ရဲ့
ငါနဲ့မတန်တဲ့ ပန်းမာလာ
ကို့အုတ်ဂူ ကိုဆောက်တော့လေ။

ရွှေရွှေချင်းထပ်ပါရစေ
ငွေနဲ့ရွှေ မရောချင်ပါဘူး
ရွှေပန်းလေးရေ
မင်းကငွေကိုကြိုက်တော့လည်း
သွားလေတော့ သွားလေတော့
အလိမ်အညာ
မာယာနွံထဲဆင်းလေတော့။

မင်းလည်းနွံထဲမှ
ကျွံနေပြီမဟုတ်လား
ပန်းကလေးရေ။
ယောက်ျားတွေရဲ့
မာယာနွံပေါ့။
ငါလည်းနွံထဲမှာ
ကျွံနေပြီ ပန်းကလေးရေ
မင်းမူပိုင် မာယာနွံလေ။

နောင်တစ်ခါ ပြန်လာချင်ရင်
အိမ်ဝကခြေသုတ်ခုံမှာ
မင်းရဲ့သစ္စာမဲ့မှုကို
ချန်ထားခဲ့ပါ။
ဘုရားခန်းကစာအုပ်စင်မှာ
အကြင်သူသည်စာအုပ်ရှိတဲ့
ယူဖတ်လှည့်ပါ။

သစ္စာရဲ့တန်ဖိုး
ချစ်ခြင်းတရားရဲ့
တရားခံအစစ်ကို
ရှာသွားခဲ့ရင်တော့
ရွှေရွှေချင်းထပ်လှည့်ပါ။

#Daung Nyo
#ဒေါင်းညို

-LGBTများကို ဦးစားပေးထားပါကြောင်း

4 months, 3 weeks ago

ကိုယ်နဲ့ ရင်းနှီးတဲ့
လူတစ်ယောက်ဆီကနေ ပိုက်ဆံချေးကြည့်လိုက်။

ရှိလျှက်နဲ့ မရှိဘူးဆိုပြီး ပြောရင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်။
ယုံကြည်မှုရှိအောင် တည်ဆောက်ဖို့လိုသေးတယ်ဆိုတာ။

ရှိလည်းရှိတယ် ချေးလည်းချေးတယ်ဆိုရင် သင့်တင့်တဲ့ ယုံကြည်မှုရနေပြီ။

သူဆီမှာ အလွယ်တကူမရှိဘူး။ သူများဆီကခနယူပြီးတော့ ပြန်ချေးတာဆိုရင်တော့ အဲ့ဒိလူဟာ ငွေကြေးနဲ့ပတ်သက်လာရင် အလွန်ကိုယ်ကျင့်တရား ကောင်းတဲ့ အဆင့် ယုံကြည်မှု့ရတဲ့အဆင့် သိက္ခာရှိတဲ့အဆင့်ထဲ ရောက်နေပါပြီ။

ပိုက်ဆံချေးတိုင်း ပိုက်ဆံမရှိလိုတော့ မဟုတ်ပါဘူး။ လူတွေက အချင်းချင်း ပါးစပ်ကသာ ဖွင့်မပြောတာ။

ဘယ်သူဟာ ဘယ်လောက်ထိ ယုံကြည်မှုပေးလို့ရတယ် ဘယ်သူကဘယ်လောက်ပဲ ယုံကြည်မှု့ပေးလို့ရတယ်ဆိုတာ သူတို့ရဲ့မသိစိတ်ထဲမှာ ရှိပြီးသားပါ။

ယုံကြည်မှု့ရှိဖို့အတွက် ရိုးသားမှုက အဓိကမကျပါဘူး။ ယုံကြည်ထိုက်အောင်နေတတ်တဲ့ အရည်အချင်းနဲ့ ကိုယ်ကျင့်တရားကသာ အဓိက ကျတာပါ။

လူတွေမှာ စိတ်ကောင်းရှိပါတယ်။
အဲ့ဒိစိတ်ကောင်းနဲ့ တန်တဲ့ အရည်အချင်းမိမိမှာ ရှိအောင်လုပ်ရင် လူတွေက အလိုလို ယုံကြည်မှု့ပေးတာပါ။

#Knowledge

7 months, 3 weeks ago

"နှုတ်ဆက်တေး"

ယနေ့မှစ၍
သံသရာအဆက်ဆက်
ကမ္ဘာပျက်သည်အထိ
မတွေ့မိအောင် နေပါ့မယ်
သံသရာမှာ
အကြောင်းတိုက်ဆိုင်ခဲ့ရင်လည်း
မျက်နှာလွှဲခဲ့ပါ့မယ်။

ဇွဲနပန်းနဲ့ ကြိုးစားခဲ့မှုတွေကို
အသိအမှတ်ပြုလှည့်ပါ။
နောင်လူကမချစ်တော့ရင်
ရစ််ဘီးလို နောက်ပြန်လှည့်ပါ။
ဒီရင်ခွင်တံခါးမှာ အမြဲတမ်း
ကြိုနေပါ့မယ်။

ဆွေးတမြေ့မြေ့နဲ့
လွမ်းခဲ့တဲ့သူပါ။
နောင်တစ်ချိန်
လမ်းမှာဆုံခဲ့ရင်
မုတ်ဆိတ်မွှေးထူထူ
ဆံပင်ရှည်ရှည်နဲ့သူကိုတွေ့ရင်
ကိုဆိုတာတော့ မှတ်မိမယ်
ထင်ပါတယ်။
အဲ့အခါကျ မင်းသားသမီးတွေကို
လက်ညှိုးထိုးပြီး ပြလိုက်ပေါ့။
အဲ့တာအချစ်ရူးကြီးဆိုပြီး။

ချစ်လို့မှားခဲ့တာတွေကို
စိတ်ဒဏ်ရာအမှတ်နဲ့
မသတ်မှတ်စေလိုပါ။
ကို့ကြောင့်ကိုကိုယ်တိုင်
ပျိုးခဲ့တဲ့ပန်းတစ်ပွင့်
ညှိုးသွားခဲ့ရင်
ရင်ကျိုးရမယ်ပါ့။

#ဒေါင်းညို
#DaungNyo

7 months, 4 weeks ago

ကျွန်တော်တို့ စာပေရိပ်မြုံအသင်းမှကြီးမှူး၍ သီတင်းကျွတ်အခါသမယ ၌ "ကဗျာများဖြင့် ထွန်းညှိအလှဆင်ခြင်း" ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။

စည်းကမ်းချက်များ
သီတင်းကျွတ်အခါသမယနှင့်ဆိုင်သောကဗျာများဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရမည်။

ကိုယ်တိုင်ရေးကဗျာသာဖြစ်ရမည်။

ကဗျာပြိုင်ပွဲ၀င်ကြေးအား
ကျပ်ငွေ၁၀၀၀သတ်မှတ်ထားပြီး
ထိုပြိုင်ပွဲ၀င်ကြေးငွေအားလုံးအား
အနိုင်ရရှိသူများကို ဆုအဖြစ်ပေးအပ်မည်ဖြစ်ပါသည်။
(စာပေရိပ်မြုံအသင်းမှ တစ်ပြားတစ်ကျပ်မျှ သုံးမည်မဟုတ်ပါကြောင်း)

အနိုင်ရရှိသူနှစ်ဦး ရွေးချယ်မည်ဖြစ်ပြီး

တစ်ဦးမှာ ပရိတ်သတ် voting ဖြင့်ဖြစ်ပြီး
တစ်ဦးမှာ အကဲဖြတ်အဖွဲ့၀င်များ၏ ရွေးချယ်မှုဖြင့် ဖြစ်ပါကြောင်း။

အငြင်းပွားဖွယ်အကြောင်းကိစ္စပေါ်ပေါက်လာပါက အကဲဖြတ်ဒိုင်များ၏ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါကြောင်း။

#ထက်အရုဏ်

စာမူများကို မနက်ဖြန် စတင်လက်ခံမည်ဖြစ်ပြီး

@chiconeco
ထံပေးပို့နိုင်ပါသည်။
၁၈ရက်နေ့တွင် voting သိမ်းဆည်းပြီး
ရလဒ်များကို ၁၉နေ့တွင်ထုတ်ပြန်မည်ဖြစ်သည်။

8 months, 1 week ago

"မင်းကြီးလာရင်ဘာလုပ်မှာလဲ?" ဆိုတဲ့မေးခွန်းအတွက်သေချာတဲ့အဖြေရှိလား?❗️**

လူတော်တော်များများကတော့ဒီအခက်တွေ့စေတဲ့မေးခွန်းကို သေချာမဖြေနိုင်ကြပါဘူး
ကြီးလာမှမဟုတ်ဘူး အခုလက်ရှိတောင်ဘာလုပ်ရမှန်းမသိတဲ့သူတွေရှိပါတယ်..

အဲ့တာဘာလို့လဲဆိုတော့သေချာတဲ့ရည်မှန်းချက်ပန်းတိုင်မရှိလို့ပါပဲ...

ရေတိုပန်းတိုင်ဖြစ်ဖြစ်ရေရှည်ဖြစ်ဖြစ် ရည်မှန်းချက်ထားခြင်းက Personal growth/ professional Growth အတွက်ပထမဆုံး အရေးကြီးတဲ့နေရာကနေပါ၀င်နေပါတယ်..

ရည်မှန်းချက်ရှိရင်တောင်အကောင်အထည်ဖော်တဲ့နေရာမှာ အခက်တွေ့နိုင်ပါသေးတယ်..

အဲ့တော့ခိုင်မာတဲ့ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုချမှတ်ရမလဲ?ဘယ်လိုအကောင်အထည်ဖော်မလဲ?

S.M.A.R.Tနည်းလမ်းကိုနားလည်ထားရင်တော့မင်းဘ၀ပန်းတိုင်တွေကိုချမှတ်ပြီး အကောင်အထည်ဖော်တဲ့နေရာမှာ အေးဆေးဖြစ်သွားပါဘီ။ ??

SMART ဆိုတာက
S- Specific
M- Measurable
A- Achievable
R- Relavant
T- Time-bound စတာတွေဖြစ်ပြီး
Goals ချမှတ်တဲ့နေရာမှာ လုံး၀အသုံး၀င်တဲ့ framework တစ်ခုဖြစ်ပါတယ်..

1.Specific??

တိကျပြတ်သားတဲ့ ရည်မှန်းချက်တွေချမှတ်ပါ..
ဥပမာ-"ငါ weight ကျချင်တယ်" ဆိုပြီးရည်မှန်းချက်ချမဲ့အစား "ငါတစ်ပတ် ၄ရက်ပြေးမယ်/ တစ်ပတ် ၃ ရက် လေ့ကျင့်ခန်းလုပ်မယ်" ဆိုပြီး တိကျတဲ့ပန်းတိုင်တွေချမှတ်ရမှာဖြစ်ပါတယ်။ Action ပါ၀င်တဲ့ goal တွေဖြစ်ပါတယ်။

2.Measurable??

တိုင်းတာမှုပြုလုပ်ပါ။ ပန်းတိုင်ကိုဦးတည်ပြီး အလုပ်လုပ်တဲ့နေရာမှာ ရည်မှန်းချက်ငယ်လေးတွေကို တိုင်းတာပြီး သတ်မှတ်ခွဲခြားရမှာပါ။
ဥပမာ- ကိုယ့်လက်ရှိရည်မှန်းချက်က စာမေးပွဲမှာအမှတ်ကောင်းဖို့ ဆိုရင် နေ့အလိုက် ဒီနေ့တော့ ဒီတစ်ခန်းအပြတ်ဖြတ်မယ် ဆိုတာမျိုးဖြစ်ပါတယ်

3.Achievable??

ကိုယ့်ရဲ့ goal က အကောင်အထည်ဖော်နိုင်တဲ့ လက်တွေ့ကျတဲ့ goal ဖြစ်ဖို့လည်းလိုပါတယ်.. လက်တွေ့မကျတဲ့ပန်းတိုင်တွေက မနိုင်၀န်ထမ်းသလိုဖြစ်တတ်ပြီး စိတ်လျော့အားပျက်မှုတွေပါဖြစ်နိုင်ပါတယ်။ (သူပြန်မချစ်မှာသိရက်နဲ့ရှေ့ဆက်တိုးသလိုပေါ့ ???)
ဖြစ်နိုင်တဲ့Goal ချမှတ်ရာမှာ ကိုယ့်မှာရှိတဲ့ resources,abilitiesနဲ့ limits တွေကိုထည့်သွင်းစဥ်းစားပြီး ချမှတ်ရမှာဖြစ်ပါတယ်..
လက်ရှိအချိန်မှာမဖြစ်နိုင်သေးတဲ့ကြီးမားတဲ့ goals တွေထားတာက စိတ်ရှုပ်ထွေးစေပြီး စတင်ဖို့အတွက်လည်း၀န်လေးစေတတ်ပါတယ်..

4.Relevant??

ကိုယ့်ရဲ့ ယုံကြည်ချက်၊ ဦးစားပေးလိုမှု၊ ရေရှည်အကျိုးကျေးဇူး စတာ တွေထည့်သွင်းစဥ်းစားပြီး အဲ့အချက်တွေနဲ့ ဆီလျော်ကိုက်ညီတဲ့ Goal တွေကိုချမှတ်ပါ...
ကိုယ့်ကိုယ်ကိုယ်"ဘာလို့ဒီပန်းတိုင်ကငါ့အတွက်အရေးကြီးတာလဲ?/ရမဲ့အကျိုးကျေးဇူးတွေကဘယ်လိုအထောက်အကူပြုမှာလဲ?"စတဲ့မေးခွန်းတွေကိုသုံးသပ်ကြည့်ပါ

5.Time-bound??

Deadlines (အပြီးသတ်ရမဲ့အချိန်)ချမှတ်ပါ။"ဒီကိစ္စကို ဒီအချိန်အတွင်းပြီးအောင်လုပ်မယ်" ဆိုပြီး အချိန်ကန့်သတ်ထားရမှာဖြစ်ပါတယ်..အဲ့လိုအချိန်တစ်ခုသတ်မှတ်လိုက်ခြင်းကအဲ့အလုပ်အပေါ်အာရုံစိုက်မှုနဲ့ဖြစ်ထွန်းမှုကောင်းစေပြီးကိုယ်ချမှတ်ထားတဲ့ Goal ကိုလျင်လျင်မြန်မြန်ရရှိနိုင်မှာဖြစ်ပါတယ်...
ဒီနေရာမှာလည်းဖြစ်နိုင်တဲ့အချိန်ကိုပဲသတ်မှတ်ပါ။1နာရီလုပ်ရမဲ့အလုပ်ကို 15 နဲ့အပြီးလုပ်ချင်တာ၊ 15 မိနစ်နဲ့ပြီးတာကို 1နာရီတောင်အချိန်ယူတာမျိုးတွေမလုပ်ပါနဲ့။

SMART နည်းလမ်းကိုသေချာအသုံးပြုနိုင်မယ်ဆိုရင် သေချာတဲ့ Goal တွေချမှတ်နိုင်ပြီး အကောင်အထည်ဖော်တဲ့နေရာမှာလည်း ပိုလွယ်ကူသွားမှာဖြစ်ပါတယ်။?
သတိထားရမှာက အခြေအနေကိုလိုက်ပြီး ကိုယ်ရဲ့ပန်းတိုင်တွေကိုအမြဲ ပြန်လည်သုံးသပ် ချိန်ညှိနေဖို့လိုပါတယ်..
အောင်မြင်မှုတိုင်းအတွက်လည်းကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူဖို့ အောင်ပွဲခံဖို့သတိရပါ။

ဒီ methodကိုသုံးပြီး ကျွန်တော်နဲ့တူတူ self improvement journey ကြီးမှာအကောင်းဆုံးတွေဖြစ်အောင်ဖန်တီးလိုက်ပါ။✅️**@DreyTheOldman9

10 months, 1 week ago

Introvert တစ်ယောက်နဲ့
ဘယ်လိုမျိုးပေါင်းသင်းဆက်ဆံရမလဲ

1. နားထောင်ကောင်းသူ ဖြစ်ပါစေ။

Introvert တွေက စကားပြောနည်းသလို စကားပြောပြန်ရင်လဲ သူတို့ပြောခဲ့တဲ့ စကားတွေကို စိတ်ပူအတွေးလွန်တတ်တာကြောင့် သူတို့ပြောတာတွေကို ဂရုတစိုက်နားထောင်ပြီး သူတို့ရဲ့အတွေးတွေကို လေးစားတန်ဖိုးထားကြောင်း ပြပေးရပါမယ်။

2. Private Time ပေးပါ။

Introvert တစ်ယောက်က တစ်ကိုယ်တည်းနေရတာ နှစ်သက်သလို တစ်ကိုယ်တည်းနေဖို့အချိန်လဲ လိုအပ်ပါတယ်။ကိုယ်နဲ့အဆက်မပြတ် စကားပြောဖို့၊အဆက်မပြတ် အတူရှိနေဖို့ ဖိအားသွားမပေးပါနဲ့။

3. Open-Ended Question တွေကို အသုံးပြုပေးပါ။

Open-Ended Question ဆိုတာ Yes or No ပဲ ဖြေရတဲ့မေးခွန်းမျိုး မဟုတ်ပဲ အမေးခံရတဲ့သူကို ပိုပြီးဝေမျှလာအောင် လမ်းကြောင်းပေးတဲ့
မေးခွန်းမျိုး ဖြစ်တယ်။ ဥပမာ
တစ်ခုခုကိုကြိုက်လား ဆိုတဲ့မေးခွန်းထက်
ဘာလုပ်ရတာကြိုက်လဲ ဆိုတဲ့မေးခွန်းမျိုး ဖြစ်တယ်။

သာမန်လူတွေအတွက်ကတော့ ပုံမှန်အတိုင်းလဲ အဆင်ပြေပေမယ့် Introvert တွေအတွက်ကတော့ Open-Ended Question တွေက ပိုပြီးအလုပ်ဖြစ်ပါတယ်။

4. Written Communication ကိုအသုံးပြုပါ။

အများစုသော Introvert တွေက
Face to Face ပြောဆိုဆက်ဆံတာ၊ ဖုန်းပြောတာတွေမှာ သူတို့ပြောချင်တာကို ပြောဖို့၊ အတွေးတွေကို ဖော်ပြဖို့ အခက်အခဲရှိတာကြောင့် ရုပ်မမြင် အသံမကြားရတဲ့ Texting ကိုသာ အသုံးပြုပေးပါ။ သူတို့ကို ပိုပြီးသက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

5. စိတ်ရှည်သည်းခံပြီး နားလည်မှုရှိပါ။

Introvert တွေက သာမန်လူတွေထက် ကိုယ့်အပေါ် ပွင့်လင်းလာဖို့ အချိန်ပိုကြာနိုင်ပါတယ်။အဲ့ဒါကြောင့် စိတ်ရှည်သည်းခံဖို့ လိုပါမယ်။သူတို့ပြောမပြချင်တဲ့ အကြောင်းအရာတွေကိုလဲ ပြောပြလာအောင် အတင်းဖိအားမပေးပါနဲ့။

6. တိတ်ဆိတ်တဲ့နေရာကိုသာ ရွေးပါ။

Introvert တွေအတွက် အဆင်မပြေဆုံးက လူများတဲ့နေရာ ဆူညံတဲ့နေရာတဲ့နေရာတွေပါပဲ။Introvert တစ်ယောက်နဲ့အတူ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ တွေ့တာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့တွေ့တာပဲဖြစ်ဖြစ် ရှိခဲ့ရင် တိတ်ဆိတ်အေးချမ်းပြီး လူရှင်းတဲ့နေရာကိုသာ ရွေးချယ်ပါ။

7. လိမ်တာညာတာမျိုးတွေ မလုပ်ပါနဲ့။

Introvert တစ်ယောက်ကိုလိမ်မယ်ဆို
ပိပိရိရိလိမ်နိုင်မှ လိမ်ပါ။

ပိပိရိရိမလိမ်တတ်ပဲ လိမ်မယ်ဆိုရင်တော့ အကုန်ပေါ်သွားသိသွားပါလိမ့်မယ်။အများစုသော Introvert တွေက တော်တော်များများကို သတိထားမိပါတယ်။ ထုတ်မပြောကြရုံပါပဲ။
လိမ်လိုက်တာကဘာမှ ကြီးကြီးမားမားကိစ္စ မဟုတ်တောင် သူတို့အတွက်တော့ အထင်လွဲစရာ ကြီးကြီးမားမား ဖြစ်သွားပါလိမ့်မယ်။

For building relationship with introverts.

#AdminSteven

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 5 months, 2 weeks ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 5 months, 3 weeks ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 4 months ago