ကဗျာစာစဉ်

Description
လွမ်းမယ်၊ဆွေးမယ်၊ရေးမယ်၊ဖွဲ့မယ်

Owner{ @kito_sarto }

💗Started date 1/may/2024💗
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year ago

စစ်ဆိုတာ(ကဗျာ)

စစ်ဆို‌တာ အသက်တွေ
ရင်းကြရတယ်
အချစ် ပျောက်ခဲ့တဲ့ စစ်
လူတွေ သေရတဲ့ စစ်
ငိုကြွေးရတဲ့ စစ်
စိတ်တွေ အသဲကွဲထိခိုက်တဲ့ စစ်
စစ်ကြီးအမြန်ဆုံးပပျောက်ပါစေ
စစ်ဆိုတာ ဖြစ်အောင်လုပ်ရတယ်
စစ်ဆိုတာ ပပျောက်ရန်ခက်တယ်
စစ်ပပျောက်ဖို့ စိတ်တွေပြင်ကြဖို့
လိုတယ်

ကိုဝေယံ

1 year ago

(မြန်မာလူမျိုး)

မြန်မာလူမျိုး ဟန်ဆောင်မျိုး
ပွဲစီအောင်တော့ ဗန်ပြတယ်
သာကူးလူများပေါများတော့
အများအတွက်ကူညီမေ့
သွေးစည်းညီညွှတ်အများကူ
ကုသိုလ်တွေလဲယူ
အများအတွက်အသက်စွန့်
သူရဲကောင်းတွေပေါ့
မြန်မာလူမျိုးကူညီသူ
အများတွက်လဲလှူ
ကိုသိုလ်ကောင်းမှု‌များတာကွ
မြန်မာလူမျိုးဗျာ့

-ကိုဝေယံ

1 year ago

လိမ်မှန်သိလည်း
ယုံလိုက်တယ်

မကြားချင်လည်း
နာထောင်ပေးလိုက်တယ်

ပျော်လို့တော့မဟုတ်ဘူး
မခေါ်လို့မရတဲ့
ပက်ဝန်းကျင်တချို့က
အပေါ်ယံလောက်ပဲ
ကောင်းတယ်။

-ကိုဝေယံ

1 year, 2 months ago
ချန်နယ်ရှိ Adms များ အောက်ပါ Gp ကို …

ချန်နယ်ရှိ Adms များ အောက်ပါ Gp ကို join ပေးထားပါ??

https://t.me/+D-kcQ0WnzOg3MzBl

1 year, 2 months ago
*မောင် ဟာ ကျမ မဟုတ်တဲ့

*မောင် ဟာ ကျမ မဟုတ်တဲ့
တခြား အမျိုးသမီးလေး အတွက်ကြောင့်
သူမာနတွေတောင် ချခင်းထားပါရောလား
မောင်ရယ် ချစ်တတ်လိုက်တာ။ ။။

-*စော်နှင်းဝေ

1 year, 2 months ago

ဆူံးရှုံးခဲ့သမျှ အရာရာ‌တွေထဲကမှ
ပြန်အလိုချင်ဆုံး
ဆုတစ်ခုကိုတောင်းပါဆိုရင်လေ
လွန်ခဲ့တဲ့ တစ်ဆယ့်လေးနှစ်က
ထွက်သွားတဲ့ အဘိုးနဲ့
လွန်ခဲ့တဲ့ သုံးလက
ထွက်သွားတဲ့ အဘွားကို ပြန်လိုချင်တယ်။

တစ်ကိုယ်ကောင်းဆန်သလိုဖြစ်ပေမဲ့
ငါ့စိတ်ကို နားလည်ပေးတာ
ငါ့‌ကို ဂရုစိုက်ပေးတာ
အဘိုးနဲ့ အဘွားအပြင် မရှိတော့တာမို့
ပြန်လိုချင်တယ်။

သူတို့နှစ်ဦး သက်ရှိထင်ရှား
ရှိစဉ်တုန်းကလေ
ကျွန်တော့ ဘဝလေးက
သိပ်ကို ပျော်စရာကောင်းခဲ့တာ။

-Thu Thu

1 year, 2 months ago

မြူနှင်းတွေကပဲ ဒီဇင်ဘာကို
သစ္စာဖောက်သလား။
ဒီဇင်ဘာကပဲ မြူနှင်းတွေကို
သစ္စာဖောက်သလား။

သေချာတာကတော့ မိုးဟာ
ဝါဆိုကို သစ္စာဖောက်ပြီး
ဒီဇင်ဘာလမှာ ဖွဲဖွဲကျနေခဲ့တယ်။

ဒီဇင်ဘာမှာ မြူနှင်းအစား
မိုးရေ ဖွဲဖွဲလေးတွေ ကျနေတယ်။

December 6
-Thu Thu

1 year, 2 months ago

ကိုယ့်ကို စိတ်ဒုက္ခပေးခဲ့တာကြီးအတူတူ
ကိုယ် "စာမေးပွဲ"ကိုမုန်းပေမဲ့
ကိုယ်"မင်းလေး"ကိုတော့မမုန်းခဲ့ပါဘူး
အချစ်ရယ်

-မြတ်နိုးသူ

1 year, 2 months ago

"ဧဝရတ်တောင်ထိပ်ပေါ်ကကြည့်ရင်
မမဘာကိုမြင်မလဲ"တဲ့

မေးတက်လိုက်တာကလေးရယ်...

"ကမ္ဘာကြီးရဲ့ဘယ်အရပ်ဒေသကပဲ
ကြည့်ကြည့် မမ မင်းကိုပဲမြင်တယ်"

-ခိုင်

1 year, 2 months ago

ဖုန်းထဲမှာအကြာကြီးမျောမနေပါနဲ့

လူကိုယ်တိုင်တာက တစ်မျိုးပါ။နောက်တစ်မျိုးက သင့် အလုပ်ရူပ်နေတဲ့အချိန်မှာ ဖုန်းတွေကလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။သင့်အတွက် အကြံဉာဏ်အချို့ပေးလိုက်ပါတယ်။ 

-ပထမဆုံးတော့ သင့်ဖုန်းကို အသံသွင်းထားခဲ့ပါဆိုတဲ့ဟာ ထည့်ထားနိုင်ပါတယ်။သင်နားတဲ့ အချိန်မှတုံ့ပြန်နိုင်ပါတယ်။

-ဒါမှမဟုတ် သင် သူတို့ဖုန်းကိုကိုင်လိုက်ပြီး၊သူတို့ ဘယ်သူလဲ သိတာနဲ၊ပြီးမှ ပြန်ဆက်လိုက်မယ်နော် အရေးတကြီးဘာရှိလဲ၊အရေးမကြီးရင် ပြီးမှ ပြန်ဆက်လိုက်မယ်နော်လို့ ပြောနိုင်ပါတယ်။အားနာပြီး အကြာကြီးပြောမနေပါနဲ့။

-သင် ဖုန်းဖြေဖြစ်ရင်တောင် စကားတစ်လုံးနှစ်လုံးဘဲ ပြောပါ။အဲဒါဟာ သင့်မှာ ဒီဘက်မှာ အလုပ်လုပ်နေတယ်၊အရေးကြီးနေတယ်၊အလျင်လိုနေတယ်ဆိုတဲ့ အကြောင်းအချက်ပြခြင်းတစ်မျိုးပါပဲ။

-ဒါမှမဟုတ် သင့်ကို ဖုန်းဆက်တဲ့လူတွေက ဘာလိုချင်လို့ဆက်မှန်းသိရင် သူတို့အပြောကိုစောင့်မနေပါနဲ့။"ငါသိတယ်၊ဒါလေးပြီး နောက်၁၅မိနစ်ဆို မင်းလိုချင်တာ ပို့လိုက်မယ်နော်"ဆိုပြီး ဖုန်းချလိုက်ပါ။သင့်မှာ သူတို့ကို ပေးပြောဖို့အချိန်မရှိပါဘူး။

-Jack-

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago