Myanmar Basic Education Home

Description
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago
Myanmar Basic Education Home
1 year, 1 month ago
အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၂/၂၀၂၅)
၁၃၈၆ ခုနှစ်၊ ပြာသိုလဆုတ် ၄ ရက်နေ့
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်)

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း)
နှင့်စပ်လျဉ်း၍ အများပြည်သူသို့ အသိပေးတင်ပြခြင်း"

#NUG #NUGMOE #BECA #Grade12

1 year, 1 month ago
''နာဂနှစ်သစ်ကူးနေ့''

''နာဂနှစ်သစ်ကူးနေ့''
(ဇန်နဝါရီ ၁၅ ရက်)

သူငယ်ချင်းတို့ရေ
ဒီနေ့ ဇန်နဝါရီလ (၁၅) ရက်နေ့က အိမ်အိမ်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ နာဂလူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။

🎯 နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်ကို အရင်က ရွာအလိုက်ကျင်းပခဲ့ကြပြီး ၁၉၅၇ မှာ မြို့နယ်အဆင့်နဲ့ ၁၉၉၀ ပြည့်နှစ်မှာ နာဂမျိုးနွယ်စုအကြီးအကဲတွေရဲ့ ညှိနှိုင်းတိုင်ပင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ် ။ ပွဲတော်အတွင်းမှာလည်း “အာဟေး၊ အာဟေး” ဆိုတဲ့ မြန်မာဘာသာအရ “ကောင်းချီးမင်္ဂလာရှိပါစေ” ဆိုတဲ့ စကားနဲ့ နာဂလူမျိုး ညီအစ်ကိုမောင်နှမများက ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး ပျော်ရွှင်စွာဆင်နွှဲလေ့ ရှိကြပါတယ်။

အိမ်အိမ်က ဒီနေ့မှာကျရောက်တဲ့ "နာဂနှစ်သစ်ကူးနေ့" ကို ဂုဏ်ပြုရင်း အိမ်အိမ်တို့နဲ့အတူ တရားမဝင်စစ်ကောင်စီရဲ့ ဆိုးယုတ်တဲ့စနစ်ဆိုးကို လက်တွဲတော်လှန်နေကြတဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်။

#NUG #MOENUG #MBEH
#HomeBasedLearning
#MyanmarBasicEducationHome
#နာဂနှစ်သစ်ကူးနေ့

1 year, 3 months ago
1 year, 3 months ago

"မေးခွန်းနမူနာပုံစံ"
BECA (စနစ်ဟောင်းဒသမတန်း)

၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း BECA (စနစ်ဟောင်းဒသမတန်း) နောက်ဆုံးအကြိမ် အတွက် ကြိုတင်လေ့လာနိုင်မည့် ဘာသာစုံ Sample Question ဖြစ်ပါသည်။

BECA Public FAQ Telegram Link >>
https://t.me/BECApublicFAQ

မေးခွန်းနမူနာပုံစံ Link >>
https://t.me/BECApublicFAQ/176

တွင် Download ရယူနိုင်ပါ‌ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

#NUG #NUGMOE #BECA

1 year, 3 months ago
"BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် ၏ Registration …

"BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် ၏ Registration ပိတ်သိမ်းရန်ကာလ (၁) ရက်အလို ကြိုတင်အသိပေးနှိုး‌ဆော်ခြင်း"

၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်းဒသမတန်း) နောက်ဆုံးအကြိမ် ဖြေဆိုခွင့်လျှောက်ထားခြင်းကာလသည်
(၄.၁၀.၂၀၂၄) ရက်နေ့ မှ (၁၀.၁၁.၂၀၂၄) ရက်နေ့ အထိ ဖြစ်ခြင်းကြောင့်
လျှောက်ထားနိုင်သည့်ကာလ (‌၁) ရက်သာ ကျန်ရှိတော့ပါကြောင်း ထပ်မံကြိုတင်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

စနစ်ဟောင်းဒသမတန်းအတွက် နောက်ဆုံးအကြိမ်ကျင်းပသည့် BECA Registration ကာလဖြစ်သည့်အတွက် (၁၀.၁၁.၂၀၂၄) ‌ရက်၊ ည(၁၂) နာရီ နောက်ဆုံးထား၍ Registration Form ဖြည့်သွင်းနိုင်ကြပါရန် ကြိုတင်အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

BECA Registration လျှောက်ထားရမည့် Link >> (https://mes.moeedu.org)

#NUGMOE
#BECARegistration
#BasicEducationCompletionAssessment
#MBEH
#MyanmarBasicEducationHome

1 year, 3 months ago
"BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် ၏ Registration …

"BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် ၏ Registration ပိတ်သိမ်းရန်ကာလ (၅) ရက်အလို ကြိုတင်အသိပေးနှိုး‌ဆော်ခြင်း"

၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်းဒသမတန်း) နောက်ဆုံးအကြိမ် ဖြေဆိုခွင့်လျှောက်ထားခြင်းကာလသည်
(၄.၁၀.၂၀၂၄) ရက်နေ့ မှ (၁၀.၁၁.၂၀၂၄) ရက်နေ့ အထိ ဖြစ်ခြင်းကြောင့်
လျှောက်ထားနိုင်သည့်ကာလ (၅) ရက်သာ ကျန်ရှိတော့ပါကြောင်း ထပ်မံကြိုတင်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

စနစ်ဟောင်းဒသမတန်းအတွက် နောက်ဆုံးအကြိမ်ကျင်းပသည့် BECA Registration ကာလဖြစ်သည့်အတွက် (၁၀.၁၁.၂၀၂၄) ‌ရက်၊ ည(၁၂) နာရီ နောက်ဆုံးထား၍ Registration Form ဖြည့်သွင်းနိုင်ကြပါရန် ကြိုတင်အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

BECA Registration လျှောက်ထားရမည့် Link >> (https://mes.moeedu.org)

#NUGMOE
#BECARegistration
#BasicEducationCompletionAssessment
#MBEH
#MyanmarBasicEducationHome

1 year, 3 months ago
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၂၉/၂၀၂၄)
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၅) ရက်နေ့
(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်)

"ဝမ်းနည်းကြောင်းသဝဏ်လွှာ"

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက် ညအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေး သည် တပုန်းကျေးရွာနေအိမ်၌ ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေသူ ဆရာနှင့် သူ၏မိသားစုအား ယခုကဲ့သို့ တရားလက်လွတ် ရက်ရက်စက်စက် မတရားသတ်ဖြတ်ခံရခြင်းအမှုနှင့်ပတ်သက်၍ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး အသေးစိတ်မှတ်တမ်းတင်လျက် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှု ရရှိနိုင်ရန် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကတိပြုပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

1 year, 3 months ago
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၂၈/၂၀၂၄)
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်နေ့
(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်)

"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း)
ဖြေဆိုခွင့် လျှောက်ထားနိုင်မည့်ကာလ ရက်တိုးမြှင့်ကြောင်း အသိပေးကြေညာခြင်း"

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago