Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

𝑵𝑶𝑳𝑨𝑵 {𝑹𝒆𝒗𝒊𝒆𝒘𝒔}

Description
Welcome to Nolan!(A Noble Place)

Leave = ban🍾


Channel (Re)Start Date: Oct.18.2023
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 16 hours ago

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 3 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

2 weeks, 3 days ago

ဒီဇာတ်လမ်းက အိမ်နဲ့ဝေးကွာနေတဲ့သူတွေ မွန်းကြပ်နေတဲ့သူတွေ ဖတ်သင့်တယ်။ စဖတ်လိုက်တဲ့အချိန်မှာပဲ " ကြည်ညွှန်း family " ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ချင်လိုက်တာလို့ ခံစားလိုက်ရတယ်။

သားသမီးတွေ ဘယ်လောက်ပဲ မွေးထားပါစေ ဘယ်သူ့ကိုတော့ သာစေ ဘယ်သူ့ကိုတော့ နာစေလို့သဘောမထားဘဲ တစ်ညီတည်းချစ်ပေး အလိုလိုက်ပေးရမယ်လို့ ဦးကြည်ညွှန်းက ဆုံးမသွားတယ်။ ဒီနေရာမှာ ပြင်ပလောကမှာ မရရှိတဲ့ နွေးထွေးမှူတို့ ရရှိမယ်ဖြစ်သည်။

ဦးကြည်ညွှန်းရဲ့ပဲ့ကိုင်ရှင် ဒေါ်ခင်ခင်မျိုးဆွေ..
သားသမီးငါးယောက်လုံးကိုလိမ္မာအောင် ထိန်းကြောင်းနိုင်တဲ့ အာဂမိခင်ဆိုလည်းမမှားပေ။
သားသမီးတွေကို လိုရာပုံရောက်အောင် ပဲ့ပြင်သွားတာကလည်း လေးစားအတုယူဖွယ်ရာ ဖြစ်လေသည်။ ကျွန်တော်တို့သာဆိုရင် ဘယ်လိုထိန်းရမည်လည်းဆိုတဲ့ သွန်သင်ခြင်းကိုပဲ သွပ်သွင်းပေးသွားတာမလို့ ဒါကိုဖတ်ပြီး ကျိန်းသေကြီးမဟုတ်ရင်တောင် လိမ္မာလာမယ်ဆိုတာကို ပြောရဲပါတယ်။

အစ်ကို " လို့ခေါ်တတ်တဲ့ so sweet လေးက မိသားစုရဲ့ တစ်ဦးတည်းသော သားဖြစ်ပြီး အစ်မတွေကြားမှာ ရှင်သန်ခဲ့ရပေမဲ့ သန်မာတယ်။ ယုံကြည်ချက်တွေရှိတယ် ဒီလိုတွေဖြစ်အောင်လည်း ကြည်ညွှန်းမိသားစုက ပျိုးထောင်ခဲ့တယ်။ ဝမ်းနည်းစရာဆိုတာ ရှောင်ပြေးစရာမလိုဘူးလို့ ပြောတတ်တဲ့ so sweet လေးက ကျွန်တော်တို့စာဖတ်သူတွေကိုပါ နှစ်သိမ့်မှူတစ်ခုပေးနိုင်တယ်ဆိုတာ ကိုယ်တွေ့ခံစားခဲ့ရပါတယ်။

မထင်မှတ်ပဲ ဗီယက်နမ်မှာ တွေ့ဆုံမှူက အမှတ်တရတွေဖန်တီးခဲ့တဲ့အပြင် ကျွန်တော်တို့ကိုပါ ဗဟုသုတရစရာ လည်ပတ်စရာတွေအဖြစ်ကိုပါ တဖြည်းဖြည်းနဲ့ဆွဲခေါ်သွားတယ်။ ဖတ်ရတာ ရိုးအီမသွားဘဲ ဗီယက်နမ်မြို့ကိုပဲ စာထဲကနေ စပ်စုနိုင်ပေသည်။ ဒါ့အပြင် so sweet တို့ရဲ့ ချစ်စရာကောင်းပုံကိုလည်း အသဲတယားယားဖြစ်ဦးမှာပါ။ သေချာတာကတော့ ဖတ်နေချိန်မှာ တိမ်တိုက်တွေလို အပြုံးတွေချိုနေပါလိမ့်မယ်။

မျက်မှောင်တွေကျုံ့ထားတဲ့ ငြိမ်းအေးအိမ်ကတော့ သိပ်ကိုမာနကြီးပါသတဲ့။ သို့ပေသိ so sweet တစ်ချက်ချွဲတာနဲ့ ချက်ချင်းအလိုလိုက်တဲ့ထိ ချစ်ပေးပါတယ်။ မောင်နှမသားခြင်းမရှိသူ မာနသိပ်ကြီးသူကတော့ သူစိမ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ငိုကြွေးရလောက်တဲ့အထိ ၆ နှစ်ငယ်တဲ့ကောင်လေးအပေါ်မှာ နစ်မွန်းသွားပါတယ်။

နောက်ပိုင်းတွေမှာ ကြည်ညွှန်း family ကြီးနဲ့ ငြိမ်းအေးအိမ်က ဘယ်လိုနှစ်ပါးသွားကြမလဲ။ ငြိမ်းအေးအိမ်ကိုရော လက်ခံပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းလေးနဲ့ စီးမြောကြတာပေါ့ဗျာ။

#Van
#review
#blfic
https://www.wattpad.com/story/326331927?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=jeonhaeun9597

Wattpad

Match Made In Clouds

Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအ...

ဒီဇာတ်လမ်းက အိမ်နဲ့ဝေးကွာနေတဲ့သူတွေ မွန်းကြပ်နေတဲ့သူတွေ ဖတ်သင့်တယ်။ စဖတ်လိုက်တဲ့အချိန်မှာပဲ " ကြည်ညွှန်း family " ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ချင်လိုက်တာလို့ ခံစားလိုက်ရတယ်။
2 weeks, 4 days ago
𝑵𝑶𝑳𝑨𝑵 {𝑹𝒆𝒗𝒊𝒆𝒘𝒔}
2 weeks, 4 days ago
114 - ရစ်ပတ်နှောင်တွယ် မောင့်ထံဝယ်

114 - ရစ်ပတ်နှောင်တွယ် မောင့်ထံဝယ်
82 - Hate you too love much

24နာရီအတွင်း cbလာပေးပါ

#wine

2 weeks, 5 days ago
3 weeks ago

**𝚄𝚗𝚝𝚒𝚝𝚕𝚎𝚍 𝙳𝚘𝚌𝚞𝚖𝚎𝚗𝚝

༻﹡﹡﹡﹡﹡﹡﹡༺**

ငွေကြေးမချမ်းသာလာခင်၊ LGBTQ ကို လူအများက လက်သင့်မခံလာခင်ကတည်းက သတ္တိရှိရှိနှင့် လက်တွဲခဲ့ကြသည့် အဂ္ဂါနှင့်မိုးသောက် တို့နှစ်ဦး။ ပြည့်စုံလာပါမှ တဖြေးဖြေးဝေးကွာကြတော့မည်တဲ့။

ပြတ်ဆဲကြတော့မည့် စုံတွဲတွေကြားက အမှတ်တရများကို ပြန်တူးဖော်ကာ အချင်းချင်းညှိနှိုင်းကာ ပြန်လည်အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် Back To Love ဆိုသည့် အစီအစဉ်လေးဟာ တခြားအတွဲများကိုပြန်ပြီးပြေလည်စေခဲ့သကဲ့သို့ သူ့၏ Founder ဖြစ်သည့် အဂ္ဂါနှင့် မိုးသောက်တို့နှစ်ဦးကိုရော ပြန်လည်ပြေလည်စေမည်လား။

အောင်မြင်လာတာနဲ့အမျှ များပြားလာတဲ့တာဝန်တွေ၊ အလုပ်လုပ်ရချိန် ပိုပြီးများလာ‌တာတွေဟာ အကြောင်းပြချက်ရေရေရာရာမရှိဘဲ ပြတ်စဲနေကြတဲ့ စုံတွဲများရဲ့ အဓိကလက်သည်လို့ပြောနိုင်မယ်လို့ထင်ပါသည်။

ဖိအားတွေ၊တာဝန်တွေထမ်းနေရင်းကြားက ချစ်ရသူကိုအချိန်မပေးနိုင်တဲ့အခါ ကတောက်ကဆတွေဖြစ်လာမည်။ တစ်ဖက်လူရဲ့အမြင်မှာလည်း မိမိကိုအချိန်မပေးဘဲ အလုပ်ချည်းဆက်တိုက်လုပ်နေသည့် ချစ်သူကို ကြာလာတော့ အမြင်မကြည်ကာ သေးသေးလေးကအစ အပြစ်မြင်လာလိမ့်မည်။

ဤသို့ ဤသို့ သေးသေးကလေးတွေစုပြုံလာသည့်အခါတွင် အဆုံးစွန်ဖြစ်တဲ့ ပြတ်စဲကြသည့် အဆင့်ထိပါ‌ရောက်လာကြလိမ့်မည်။

ထိုအခါမျိုးတွင် BTL အစီအစဉ်လေးကဲ့သို့ ဖြတ်သန်းခဲ့ဖူးသည့်နေ့ရက်များ၊ မှတ်ဉာဏ်ထဲ စွဲထင်နေသည့် အမှတ်တရများကို ပြန်လည်တွေးကြည့်ကာ တကယ်ပဲ ဒီလိုပြတ်သားလိုက်မှာလား ဆိုသည်ကိုပြန်တွေးကြည့်ပြီး၊ ဤကဲ့သို့ အေးစက်နေသည့် အခြေအနေတွင် နှစ်ဦး နှစ်ဖက် စုံတွေ့ကာ မိမိအတွက် မည်သည်က အဆင်မပြေ‌ဖြစ်နေကြောင်း၊ ဘယ်အရာကိုစိတ်ခုနေကြောင်း ပွင့်ပွင့်လင်းလင်းဖြေရှင်းရမည်လို့ ဖတ်နေရင်း အတွေးထဲပေါ်လာမိပါသည်။
အလျင်စလိုဆုံးဖြတ်ခြင်းဟာ အဆိုးများကိုသာ ဦးတည်သွားတတ်ကြောင်းကိုလည်း သိလိုက်ရ‌ပါသေးသည်။

စိတ်ကောက်နေသည့် ဇာတ်ညွှန်းရေးဆရာလေးအား မသိမသာတစ်ဖုံ၊ ‌သိသိသာသာတစ်ဖုံနှင့် ပြန်ချော့နေသည့် ဒါရိုက်တာကြီးတို့ရဲ့ဇာတ်လမ်းကလေးဟာ တွေးရင်တွေးနိုင်သလောက် ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်လာနိုင်သလို၊ ပေါ့ပေါ့ပါးပါးကြိုက်တတ်တဲ့သူတွေအတွက်လည်း စာရေးဆရာမ၏ သေသပ်ပြေပြစ်သည့်ရေးဟန်က ပေါ့ပေါ့ပါးပါးနှင့် ဆွဲခေါ်သွားပါလိမ့်မည် ဟုပြောရင်း Review လေးကိုနိဂုံးချုပ်လိုက်ပါတယ်ရှင်...။

Link: မြတ်နိုးရာသို့ဦးတည်ချီသော Page မှာ ဝယ်ဖတ်လို့ရပါတယ်

#Amora
#Review
#OneShot
#Untitled_Document

4 weeks ago

လွန်ခဲ့တဲ့သုံးရက်က Green Apple ချန်နယ် 9လပြည့်နဲ့ Nolan ရဲ့6လပြည့်ဆိုတာ မေ့သွားတာ အပြစ်လား😭

#wine

3 months, 2 weeks ago

[သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး]

(တစ်ပိုင်းတစ်ပိုင်းကို တိုတိုလေးနဲ့ပါ ဇာတ်ကောင်နှစ်ယောက်ပဲပါပီး နာမည်မမှတ်မိ ဘာသာပြန်မဖတ်ချင်ဘူးဆိုတဲ့သူတွေအတွက် ကွက်တိပါ🍓)

ဝူးထုန်ပင်လေးဟာ ကလေးပေါက်စလေးတစ်ခုသူ့ကို လာကန်လိုက်ချိန်တွင် ဝိဉာဉ်ရှိလာခဲ့သည်။

သူ သူသေမည့်အချိန်ကို စောင့်နေချိန်တွင် လူသားပေါက်စလေးတစ်ယောက်က သူ့ကို ကယ်တင်ခဲ့တယ်။ထိုသူ သူ့ကို ကယ်ပေးရခြင်းမှာ သူ့၏ခြေထောက်အောက်မှာရှိတဲ့ အဖိုးကြောင့်သာဖြစ်ပါသည်။

ထိုကောင်လေးသည် နေ့တိုင်းသူဖြစ်ပျက်ခဲ့သည့်ကိစ္စများကို လာရောက်ပြောပြတတ်သည်။အားရပါးရလည်း ငိုကြွေးတတ်ပါသေးသည်။

သူ ရှင်းလျဲ့ကို နှစ်သိမ့်ပေးချင်သည်။ဖက်ထားချင်သည်။သူတစ်ယောက်ထဲ မဟုတ်တော့ဘူးလို့ပြောပြချင်သည်။ရှင်းလျဲ့သည် သူ့ကို ထုန်ဟု အမည်ပေးခဲ့‌သည်။

အရွယ်ရောက်လာတာနှင့် သူတို့တွေ့ရတဲ့အချိန်တွေ နည်းလာသည်။ထို့နောက် သူတို့မတွေ့ရတဲ့အချိန် ၁၀နှစ်တိတိပင်ဖြစ်သွားသည်။

တစ်နေ့တွင် ထုန်သည် လူသားအဖြစ်ပြောင်းသွားကာ ရှင်းလျဲ့ကို ရှာဖို့ထွက်လာခဲ့တော့သည်။

https://www.wattpad.com/story/281617688

#wine
#review

(လက်ပါသူများ ရီအက်ပေးရန်!)

Wattpad

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳

Novel Title : It's Really Hard to be a Tree / 做树真的好难 / သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး/သစ္ပင္ျဖစ္ရတာ တကယ္လြယ္မေနဘူး Origi...

[သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး]
3 months, 3 weeks ago

Unသွားလို့ epubနဲ့pdf fileပဲရှိတော့မယ်🥹

3 months, 3 weeks ago

--Hate Speech Of Alpha--

***"ခင်ဗျားနားလည်တဲ့အချစ်ကိုဘယ်လိုဖော်ပြလဲမသိပေမဲ့ကျုပ်နားလည်တဲ့အချစ်ကိုဖော်ပြရမယ်ဆိုရင် Mount Everest ပဲ"

"ဧဝရက်တောင်ပေါ်တက်ကြတဲ့သူတွေကဘာလို့ဒီလောက်အန္တရာယ်များတာကိုတက်ကြတာလဲ။ဒီလောက်အန္တရာယ်များပြီးအဆုံးသတ်မရှိတဲ့အရာကိုလုပ်ကြတာကိုတကယ်နားမလည်ခဲ့ဘူး။ဒါပေမဲ့ခင်ဗျားကြောင့်ကျုပ်နားလည်ခဲ့တာရှောင်းကျန့်"

"ရှောင်းကျန့်ကိုကို ကိုချစ်ရတာကအန္တရာယ်အများဆုံးပဲ။ဘဝမှာချစ်လို့ချစ်မှန်းမသိခဲ့ဘူး။အမှားအယွင်းတစ်ခုလည်းဖြစ်သွားနိုင်တယ်။ဒါပေမဲ့သေချာတာတစ်ခုရှိတယ်ရှောင်းကျန့်ကိုကိုလို့ခေါ်တဲ့ခင်ဗျားက ကျုပ်ရဲ့Mount Everst"***

☯ ☯ ☯ ☯ ☯

ဝမ်ရိပေါ်ဟာ သူတို့တစ်အိမ်လုံးရဲ့အချစ်ခံလေးဖြစ်ကာ တစ်နေ့ ရှောင်းကျန့်‌ဆိုသော သူ့အဖေ အချစ်ဦးရဲ့သား ရောက်လာချိန်တွင် အရာအားလုံးပြောင်းလဲသွားလေသည်။

ဒါပေမယ့် ဝမ်ရိပေါ်မသိခဲ့တာက အရာအားလုံးက ဟန်ဆောင်ထားတယ်ဆိုတာပါပဲ..

ရှောင်းကျန့်သည် ဝမ်ရိပေါ်ကို တိတ်တခိုးချစ်မိနေသော်လည်း ဝမ်ရိပေါ်ပြောလေ့ရှိသော ငါက ယောင်္ကျားလေးတွေကို ဘယ်တော့မှမလုပ်ဘူးဆိုသော စကား‌တွင် သူ၏မျှော်လင့်ချက်များပျောက်ဆုံးခဲ့လေသည်။

ဝမ်ရိပေါ်သည် ယောင်္ကျားလေးအိုမီဂါတွေကို မုန်းသည် သို့သော် ထိုလူကိုတော့..

နှလုံးသားလွန်ဆွဲပွဲတစ်ခုတွင် မည်သူက အနိုင်ရမည်လော?..ရှောင်းကျန့်လား သို့မဟုတ် ဝမ်ရိပေါ်လား...

#wine
#review

3 months, 3 weeks ago

အစားကောင်းလေးတွေက ငါ့ကိုနာမည်ကြီးစေတယ်

ရှဲ့ယန် ရိုက်ကူးရေးလုပ်နေစဉ်တွင် မတော်တဆမှု တစ်ခုကြုံတွေ့ရကာ သူနှင့်နာမည်တူ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခဲ့လေသည်။

သူကူးပြောင်းသွားသော ကမ္ဘာသည် ABO World ဖြစ်နေပြီး သူသည်လည်း omega တစ်ယောက်ဖြစ်နေခဲ့သည်။

သူကူးပြောင်းလာခဲ့သော ဂလက်တစ်အင်ပါယာအစွန်အဖျားက မာဒိုလို့ခေါ်သည့် အပန်းဖြေဂြိုလ်တစ်ခုတွင် ယာဉ်တစ်ခုပျက်ကျလာကာ ထိုယာဉ်အတွင်း အင်ပါယာရဲ့အိမ်ရှေ့စံမင်းသားပါလာပြီး အိမ်ရှေ့စံမင်းသားမှ ထိခိုက်လာကာ အတိတ်မေ့သွားခဲ့သည်။

သူဝင်ထားတဲ့ခန္ဓာကိုယ်က ဘာဖြစ်နေမလဲ??
အိမ်ရှေ့စံမင်းသားက အတိတ်ကို ပြန်သတိရသွားရင်ကော ဘာတွေဆက်ဖြစ်လာမလဲဆိုတာ....

https://www.wattpad.com/story/258758430?utm_source=android&utm_medium=link&utm_content=share_reading&wp_page=reading_list_details&wp_uname=ThawHtinAung

(Review စုတ်ချာနေတာသည်းခံပေးကြပါ😆)

#wine
#reivew

Wattpad

အစားကောင်းလေးတွေက ငါ့ကိုနာမည်ကြီးစေတယ် - Complete

Delicious Food Got Me Famous Across the Galaxy (Myanmar Translation) - Complete Credit to Original Author - 我靠美食火遍银河系 b...

အစားကောင်းလေးတွေက ငါ့ကိုနာမည်ကြီးစေတယ်
We recommend to visit

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 16 hours ago

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 3 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago