Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

🍿𝗡𝗶𝗰𝗸𝗲𝗹𝗼𝗱𝗲𝗼𝗻 𝗰𝗶𝗻𝗲𝗺𝗮 🍿

Description
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2009_bot
Advertising
We recommend to visit

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2009_bot

Last updated 1 month, 2 weeks ago

GLS channel ကကြိုဆိုပါတယ်
Gl long /short, manhwa/manga တွေကိုစိတ်ကြိုက်ဖက်နိုင်ပါတယိ
ဖက်နေတဲ့ manhwaလေးပျောက်သွားရင်လဲpin postလေးထဲရှာဖက်လို့ရပါတယ်နော်
ဖက်ချင်တဲ့manhwaများရှ်ိရင်လဲမင်မင့်ကိုလာ‌ေပြာနိုင်ပါတယ်နော် @Stavi572

Channel creat..... November 5✨

Last updated 1 month, 1 week ago

1 month, 2 weeks ago
**Warm Bodies (2013)

**Warm Bodies (2013)

➪➪➪➪➪➪➪➪➪➪➪➪➪➪

လူ့ဦးနှောက်တွေစားတဲ့ Zombieတစ်ကောင်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့ ။

Zombieတစ်ကောင်ဖြစ်တဲ့ Rဟာ သူရဲ့တစ်နေ့တာကို စွန့်ပစ်ခံမြို့က လေဆိပ်ပျက်ထဲမှာ ဟိုဟိုဒီဒီလျှောက်သွားရင် ကုန်ဆုံးလေ့ရှိပါတယ် ။

သူ့မှာ Mဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။အဓိပ္ပါယ်မဲ့နေတဲ့ သူ့ဘဝထဲကို ဝင်လာတဲ့သူက JulieJulieနဲ့သူ့သူငယ်ချင်းတစ်စု Rတို့နေတဲ့ မြို့ပျက်ထဲမှာရှိတဲ့ ဆေးဝါးတွေကို ယူဖို့ အထက်ကအမိန့်ပေးခံရတယ်။

Julieတို့လည်း အဆောက်အအုံဟောင်းတစ်ခုက ဆေးဝါးတွေကို သယ်နေတုန်း Rတို့ Zombieအုပ်စုနဲ့တိုးတဲ့အခါ. Zombieဖြစ်နေတဲ့ Rဟာ Julieရဲ့ချစ်သူကို သတ်ပစ်ပြီး သူ့ရဲ့ ဦးနှောက်ကို စားလိုက်တယ် ။

ဒီနေရာမှာ လှည့်ကွက်တစ်ခုက သေသူရဲ့ ဦးနှောက်ကိုစားလိုက်တဲ့အခါ သေသူရဲ့မှတ်ဉာဏ်တွေကို zombieက ခံစားနိုင်တယ်ဆိုတာ။

Julieချစ်သူ့ရဲ့ မှတ်ဉာဏ်တွေကတစ်ဆင့် Rဟာ Julieအပေါ် ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားလိုက်ရတယ် ။ ဒီလိုနဲ့ zombieတွေ လက်ထဲ ဒုက္ခရောက်နေတဲ့ Julieကို Rတစ်ယောက် ကယ်ဖို့ဖြစ်လာတယ် ။

📝🎭 Movie link ⬇️t.me/actionmoviemmsub/339 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

1 month, 2 weeks ago
**Along with the Gods (1+2)

**Along with the Gods (1+2)

ဒါရိုက်တာ ကင်ယုံဟွာက ကာတွန်းဆရာ ဂျိုဟိုမင်ရဲ့ဝက်ဘ်ကာတွန်းစီးရီးကို အသက်သွင်းရိုက်ကူးပြီး ရုပ်ရှင်ကိုနှစ်ပိုင်းခွဲဖြန့်ချိမှာဖြစ်ကာ ဒုတိယပိုင်းကို ၂၀၁၈ မွာ ထုတ်လုပ်မယ်လို့ ဆို ပါတယ်။ တစ်ယောက်ထဲမှာ ဂန်ရင်းက ခေါင်းဆောင်ဖြစ်ပြီး လူသားတွေ ပေါ် ခင်မင်ကြင်နာစိတ်ရှိပါတယ်။လူတစ်ယောက်ယောက် သေဆုံးပြီဆိုရင် မရဏနိုင်ငံကို သွားဖို့ အစောင့်အရှောက်တွေ အတူလိုက်ပါလေ့ရှိပြီး သေဆုံးသူ ဟာ လူ့ပြည်လား၊ ငရဲလား၊ ကောင်းကင်ဘုံလား ဆက်ြသားရ မယ့်နေရာအတွက် ၄၉ ရက်အ တွင်းမှာ အဆင့်ခုနစ်ဆင့် ဖြတ် သန်းစစ်ဆေးခံရမှာပါ။မီးသတ်သမားလေးဂျာဟုန် အဖို့ ဂန်ရင်းနဲ့အဖွဲ့ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားရပြီး လမ်း တစ်လျှောက် ထူးဆန်းတာတွေ ဆက်တိုက်ကြုံရပါတယ်။ ဂ်ာ ဟုန် သွားရမယ့်ဘုံအတွက် စစ် ဆေးခံရတဲ့ အဆင့်တွေကိုလည်း အထူးပြုလုပ်ချက်တွေနဲ့ တင် ဆက်ထားလို့ ဆန်းဆန်းပြားပြား ရှုစားရမှာပါ။ဂျာဟုန်က ရိုးသားအပြစ် ကင်းတာကြောင့် ကောင်းမွန်ရာဘ၀ကို ပြန်ရောက်ဖို့ ဂန်ရင်းတို့က ကြိုးစားကာကွယ်ပေးပါတယ်။

📝🎭 Movie link 👇t.me/fantasymoviemmsub/41 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

1 month, 2 weeks ago
**Ayla: The Daughter of War (2017)

**Ayla: The Daughter of War (2017)

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဖြစ်ရပ်မှန် စစ်နောက်ခံရုပ်ရှင်ကားတစ်ခုကို တင်ပေးလိုက်ပါတယ်

တောင်မြောက်ကိုရီးယား စစ်ပွဲမှာ ကူညီဖို့ရောက်လာတဲ့တူရကီတပ်ရဲ့ တပ်ကြပ်ကြီး ဆူလီမန်ဟာ တိုက်ပွဲထဲမှာ တစ်ယောက်ထဲကျန်နေခဲ့တဲ့ ကိုရီးယားကလေးမလေးတစ်ယောက်ကို ကယ်တင်လာခဲ့တယ်

ကလေးလေးက စကားလည်းမပြောနိုင်၊ နာမည်လည်း မသိတာမို့ အိုင်လာလို့ပဲ နာမည်ပေးခဲ့လိုက်ပါတယ်..အိုင်လာဆိုတာ လရောင်လို့ အဓိပ္ပါယ်ရတဲ့ တူရကီစကားလေးပါပဲ

စစ်ပွဲတစ်လျှောက်လုံး အသက်ဘေးကြားထဲကနေ ကလေးလေးကိုစောင့်ရှောက်ခဲ့တဲ့ တူရကီစစ်သားနဲ့ သူ့ကို အဖေလို့ပဲထင်နေတဲ့ အိုင်လာလေးရဲ့ ဘဝဇာတ်လမ်းပါပဲ

နည်းမျိုးစုံနဲ့ မခွဲရဖို့ ကြိုးစားခဲ့ပေမယ့် တူရကီကို ပြန်ရတော့မယ့် အချိန်ရောက်လာတဲ့အခါ ဆူလီမန်ဟာ အိုင်လာကို ပြန်လာတွေ့ပါ့မယ်လို့ ကတိပေးထားခဲ့တယ်

ဆူလီမန်က ပြောခဲ့တယ်..အဖေဆိုတာသားသမီးကို ပေးတဲ့ ကတိကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသက်ရှင်နေတာပါတဲ့..ကြည့်ရင်းနဲ့ ငိုခဲ့ရတဲ့ ကားလေးမို့ ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်

မျက်ရည်ခိုင်မှကြည့်ပါ🖤

📝🎭 Movie link ⬇️t.me/actionmoviemmsub/337 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

1 month, 3 weeks ago
**မှောင်ခိုဈေးကွက် (潜行)I Did It My Way …

**မှောင်ခိုဈေးကွက် (潜行)I Did It My Way 2024 ရုပ်ရှင်

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဇာတ်လမ်းအကျဉ်း

နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဟာ ယခင်ကမကြုံခဲ့ဖူးတဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရပြီး နက်နဲပြီးရှုပ်ထွေးတဲ့ အွန်လိုင်းမှောင်ခိုဈေးကွက်တွေကတစ်ဆင့် မမြင်နိုင်တဲ့စစ်ပွဲတစ်ခုဟာ ဟောင်ကောင်မြို့ကြီးမှာ ဖြစ်ပွားလျက်ရှိပါတယ်

တိုင်ဖွန်းသတိပေးချက်သတင်း ထုတ်လွှင့်ခဲ့ပြီးနောက် မှောင်ခိုဝက်ဘ်ဆိုဒ်ပေါ်မှာ ရောင်းချဖို့ အဆင်သင့်ဖြစ်နေတဲ့ စိတ်ကြွဆေးလေးတန်ဟာ လေပြင်းမုန်တိုင်းရဲ့ အကာအကွယ်နဲ့ ဟောင်ကောင်မြို့ထဲကို ဝင်ရောက်လာခဲ့‌ပေမဲ့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့ပါတယ်

အဖြစ်အပျက်အားလုံးရဲ့ နောက်ကွယ်မှာတော့ ဘယ်သူမှထင်မထားတဲ့ ခပ်အေးအေး ရှေ့နေတစ်‌ယောက်ဖြစ်တဲ့ Lin Zhe Nan ဆိုသူရှိနေပါတယ်

အွန်လိုင်းမှောင်ခို ဖောက်ကားရောင်းဝယ်မှုကြောင့် အရင်းနှီးဆုံးညီအကိုနဲ့ အချစ်ဆုံးဇနီးသည်ကို တစ်ယောက်ပြီးတစ်ယောက် ဆုံးရှူံးလိုက်တဲ့ Lin Zhe Nan ဟာ လုံးဝကို ရူးသွပ်သွားခဲ့ပြီး တစ်လောကလုံးကို ပြန်ပေးဆပ်ခိုင်းဖို့

📝🎭 Movie link ⬇️https://t.me/trendingworld15/130 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

1 month, 3 weeks ago
**Universal Soldier: Day of Reckoning (2012)

**Universal Soldier: Day of Reckoning (2012)

ဂျွန်ဟာ အတတိမေ့ ကိုမာ á€›á€ąá€Źá€‚ဍကိုခလစဏး နေရသူ တယောက်ဖြစ်ပြီး သူ ဒီရောဂါကို ခံစားရတဲ့ အကြောင်းအရင်းက
တော့ သူ့မိန်မနဲ့ သမီးဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာအသတ်ခံခဲ့ရပြီး သူကိုယ်တိုင်လဲ ဦးခေါင်းကိုထိခိုက်ခံခဲ့ရလို့ပဲဖြစ်ပါတယ်

ဂျွန်တို့ မိသားစု ဘာလို့ ဒီလို အတိုက်ခိုက်ခံခဲ့ရတာလဲ
ဂျွန်ကကော အရင်က ဘာတွေများ လုပ်ခဲ့တာလဲ

ဂျွန်က á€€á€ąá€Ź သူ့ရဲ့ အတိတ်ဖြစ်ရပ်တွေကိုဖော်ထုတ်ပြီး
မိန်းမ နဲ့ သမီး အတွက် ကလဲ့စားချေနိုင်မှာလားဆိုတာကိုတော့ .....

📝🎭 Movie link ⬇️https://t.me/actionmoviemmsub/311 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

1 month, 3 weeks ago
**Midway (2019)

**Midway (2019)

သမိုင်းဖြစ်ရပ်မှန် စစ်ကားတစ်ကား တင်ပေးထားပါတယ်။ဒီရုပ်ရှင်ဟာ မစ်ဝေးတိုက်ပွဲအကြောင်းပါပဲ၊ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ၆ လအကြာမှာ ဖြစ်ပွားခဲ့တာပါပဲ

ပစိဖိတ်စစ်မျက်နှာမှာ ကြီးစိုးထားတဲ့ ဂျပန်ရေတပ်ကြီးကို အရေးနိမ့်စေခဲ့ပြီး ချိန်ခွင်လျှာပြောင်းလဲ စေခဲ့တဲ့ တိုက်ပွဲတစ်ခုပါပဲ

ဒီတိုက်ပွဲမှာသာ အမေရိကန်ရှုံးခဲ့ရင် အနောက်ကမ်းရိုးတန်းအသိမ်းခံရပြီး ဆီရာတယ်ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိလိုမြို့ကြီးတွေပါ ကျသွားနိုင်တဲ့အခြေအနေ ဖြစ်လာခဲ့မှာပါ

ဒါကို ထောက်လှမ်းရေးအဖွဲ့နဲ့ အင်အားနည်းနေတဲ့ ရေတပ်လေတပ်ပူးပေါင်းပြီး ဂျပန်တွေကို ပြန်တိုက်နိုင်ခဲ့တာပါပဲ၊ စစ်ကားကြိုက်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ

📝🎭 Movie link ⬇️https://t.me/trendingworld15/124 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

2 months ago
**Over the Moon (2020)

**Over the Moon (2020)

IMDb Rating – 7.0/10

တရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများ သိကြမှာပါ။

ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေးကလည်း ယုံကြည်သူပါ။

ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကိုလက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။

ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့အဖေကို အပြစ်တင်နေခဲ့ပြီး

ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကိုတားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

📝🎭 Movie link ⬇️https://t.me/cartoon_mmsub1/4644 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

2 months ago
**Oh My Ghost ( 1 to …

Oh My Ghost ( 1 to 4 ) (မြန်မာစာတန်းထိုး)*😍*😳** ➪➪➪➪➪➪➪➪➪➪➪➪➪➪

အားလုံးသိကြတဲ့ ထိုင်းဟာသ သရဲဇာတ်ကား😂😂

ဂျန်ဂျမား vibeလိုမျိုးပြန်ရမဲ့ဒီကားက ဇောက်ထိုးခြောက်မဲ့အခန်းတွေရောအတည့်ခန်းတွေပါပါမှာမို့Horror စစ်စစ်မှကြိုက်ပါတယ်ဆိုသူများအတွက် ရှယ်ဖြစ်နေမှာပါ

လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက... ရက်စက်ကြမ်းကြုတ်တဲ့အရှင်မတစ်ပါးရှိတယ်
သူမခံတပ်မြို့ဆီဘယ်ယောကျာ်းသားမှမကပ်ရဲလောက်အောင်ကြမ်းတဲ့သူပေါ့
ဒါပေမဲ့အဲဒီခေတ်မှာ သူမကအရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရပြီး သူမရဲ့ကျိန်စာနဲ့အတူ
ဝိဉာဉ်ကလည်းမကျွတ်လွတ်ဘဲ သွေးကြွေးဆပ်ဖို့ ယနေ့ခေတ်ထိတိုင်အောင်ရှိနေလေတယ်

မျက်မှောက်ခေတ်မှာတော့...ဘုရင်မသွေးကြွေးဆပ်ရမဲ့လူကလူပြန်ဝင်စားလာခဲ့ပါတယ်
သူကတော့ ဇာတ်လမ်းတွေရေးပြီး ပရိုဂျူဆာလိုက်ရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေတာပါ
ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီကရန်ငြှိုးတွေ အကြေဆပ်ရမဲ့အချိန်ရောက်လာပြီး
ဘုရင်မဝိဉာဉ်နိုးထလာခဲ့ချိန်မှာတော့....ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲအပြေးဒေါင်းကြည့်လိုက်ပါရှင်

🎬ချန်နယ်အရင် join ပါ👇https://t.me/+RjQjGzVLCx1hZDll😍*ကြည့်ရန်နှိပ်ပါ*⬇️**https://t.me/c/1817799467/38

2 months ago
**The Revenant (2015)*******😍***** **ကောင်းပေ့ဆိုတဲ့ ရုပ်ရှင်တွေကိုမှ အနှစ်ကျကျသရုပ်ဆောင်တတ်တဲ့ …

The Revenant (2015)*😍 *ကောင်းပေ့ဆိုတဲ့ ရုပ်ရှင်တွေကိုမှ အနှစ်ကျကျသရုပ်ဆောင်တတ်တဲ့ Leonardo ဆိုတဲ့ ဘဲကြီးကိုတော့ ရုပ်ရှင်ချစ်သူတွေအဖို့ မသိကြတဲ့လူ မရှိလောက်ပါဘူး ကလေးသရုပ်ဆောင်ဘဝထဲကနေ ခုချိန်ထိလဲ သူရိုက်ခဲ့တဲ့ကားတွေကို ကြည့်ရင် သိသာပါတယ် မင်းသားကြီး Tom Hanks နဲ့ တွဲရိုက်ထားတဲ့ Catch Me If You Can ကိုပဲ ကြည့်မလား ၊ သမိုင်းတစ်လျောက်အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ Titanic ရုပ်ရှင်ကိုပဲကြည့်မလား ဘယ်ဇာတ်ကားမဆို အကောင်းဆုံးလုပ်ပြသွားတာတွေကြောင့်လဲ Leonardoဟာ Hollywood ရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်နေတာ မဆန်းပါဘူး ဒါပေမဲ့လဲ ဘယ်လောက်ပဲကောင်းကောင်း သူ့အတွက် Oscar ဆိုတဲ့ အရာကြီးက အလှမ်းဝေးနေခဲ့ပါတယ် Leoရဲ့ Oscar အိမ်မက်ရှည်ကြီးကို အဆုံးသတ်စေခဲ့တာကတော့ 2015က ထွက်ရှိခဲ့တဲ့ The Revenant ဆိုတဲ့ ဒီရုပ်ရှင်ပါပဲ အော်စကာဆုတွေနဲ့ တစ်လွဲလွဲနေတဲ့ Leo ဟာဒီဇာတ်ကားနဲ့အတူ Best Actor ဆု ကို ရရှိခဲ့ပြီးတဂယ့်ကိုမမေ့နိုင်တဲ့အခိုက်အတန့်တခုပါပဲ Survival / Action အမျိုးအစားဖြစ်ပြီး အန္တရာယ်များတဲ့နှင်း‌တောကြီးထဲ အသက်ရှင်ဖို့ကြိုးစားရုန်းကန်နေခဲ့ရတဲ့ Hugh Glassဆိုတဲ့ ဇာတ်ကောင်နဲ့ Leonardo ကို မြင်တွေ့ရမှာပါ*✔️ 📝*🎭 Movie link ⬇️https://t.me/trendingworld15/88 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

2 months, 1 week ago
**" Man Suang " (2023)

**" Man Suang " (2023)

ချာတျာအဖြစ် Mile Phakphum
ခမ်အဖြစ် Apo Nattawin

ဇာတ်လမ်းအကျဉ်း

လက်ရှိနန်းစံနေတဲ့ ရာမာဘုရင်ရဲ့ နန်းတက်ကာလလည်း ကုန်ဆုံးတော့မယ် အသစ်တက်မယ့် ဘုရင်ခံသစ်လည်း မရွေးရသေးတဲ့အချိန်ကာလဆိုတော့ မင်းညီမင်းသားတော်ဝင်မျိုးနွယ်တွေ နောက်ကွယ်က မှူးကြီးမတ်ရာတွေ သူဌေးသူကြွယ်‌တွေ ကိုယ်စီအင်အားစုလို့ အာဏာရရေးအတွက် အာပြိုင်နေကြချိန်ပေါ့။ နိုင်ငံတကာကုန်သွယ်ရေးအဆက်အသွယ်ရှိသူတွေကလည်း လက်နက်မှောင်ခိုသွင်းဖို့လုပ်ပြီး ပုန်ကန်ဖို့ ပြင်ဆင်နေကြပါသတဲ့။ ဒီလိုတွေထဲမှာ ဖရာဝစ်ချီအန်းဒေ့နဲ့ မန်ဆူအန်ပြဇာတ်အဖွဲ့ပိုင်ရှင် သခင်ချန်တို့လည်း အပါအဝင်ပေါ့။

ခမ်ဟာ ရုပ်ရည်ချောမောပြေပျစ်တဲ့ ကချေသည်တစ်ယောက်၊ နန်းတွင်းက တော်ဝင်အကအဖွဲ့မှာပါဝင်ချင်ပေမဲ့ ကိုယ်တိုင်ကဇာတ်နိမ့်မျိုးရိုးဖြစ်တာကြောင့် အိပ်မက်နဲ့အလှမ်းဝေးနေသူတစ်ဦး၊ သူ့ရဲ့ချောမောတဲ့ရုပ်ရည်ထက် သူ့ရဲ့အနုပညာကို အသိမှတ်ပြုတာခံချင်နေတဲ့ အိပ်မက်တွေနဲ့လူငယ်လေးတစ်ယောက်ပေါ့။ ဒီလိုနဲ့ မှူးမတ်တစ်ယောက်ရဲ့တူဖြစ်တဲ့ သခင်မူအန်းကို ဖျော်ဖြေရင်း အဆင့်တွေတက်မလိုဖြစ်နေချိန်မှာ

📝🎭 Movie link ⬇️https://t.me/moviekabar2005/335 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

We recommend to visit

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2009_bot

Last updated 1 month, 2 weeks ago

GLS channel ကကြိုဆိုပါတယ်
Gl long /short, manhwa/manga တွေကိုစိတ်ကြိုက်ဖက်နိုင်ပါတယိ
ဖက်နေတဲ့ manhwaလေးပျောက်သွားရင်လဲpin postလေးထဲရှာဖက်လို့ရပါတယ်နော်
ဖက်ချင်တဲ့manhwaများရှ်ိရင်လဲမင်မင့်ကိုလာ‌ေပြာနိုင်ပါတယ်နော် @Stavi572

Channel creat..... November 5✨

Last updated 1 month, 1 week ago