Why Pay for Entertainment? Access Thousands of Free Downloads Now!

အမွှေစိန်

Description
အမွှေစိန်လေးလာပြီနော် မသိတဲ့သတင်းမရှိစေရ အကုန်မွှေပြီပဲ ဟက်ဟက်
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago

2 days, 4 hours ago
အမွှေစိန်
2 days, 15 hours ago

ရခိုင်အတွက် သတင်းပေးပိုလိုပါက 👉🏿👉🏿👉🏿 @mcoinfo2023 ကို နှိပ်ပြီး ပေးပိုလိုရပါပြီ

2 days, 15 hours ago

ယနေ့ မောင်တောတိုက်ပွဲမရှိပါ
ဘူးသီးတောင် နစ်နေရာဖြစ်ပွားခဲ့ပါတယ်။
အမ်း ကဇူးကိုင်းနားက တပ်စခန်းကို AA အဖွဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိခဲ့ကြောင်း ကြားသိရပါတယ်။
#MinChitOo

1 week, 2 days ago

BBC နဲ့ ထွန်းမြတ်နိုင်နဲ့ နောက်ဆုံးအင်တာဗျူးထားတာကို
နားသာထောင်ကြည့်တော့
ရခိုင်ပြည်သူတွေက “အိမ်တွေကတော့ ပြာကျသွားပြီ
ဒါကြောင့် အပစ်မရပ်ဖို့ပဲလိုတယ် လွတ်မြောက်ရင်ရပြီ
တိုက်စရာရှိတာတိုက်ပါဆိုပြီး” AA ကိုပြောတယ်ဆိုပဲ
ဘယ်ပြည်သူကပြောတာလဲ….
“ကိုယ်ဖဲကိုယ်ချိုးပြီး ဂျိုကာ ကိုယ့်အိမ်ကျအောင်ဝေ” ဆိုသလို
AA လော်ဘီတွေ လိုင်းပေါ်ရေးနေတာတွေ ဖတ်ပြနေတယ်
ဘယ်အရပ်သားမှ ကိုယ့်အိမ်ပြာကျခံပြီး မတိုက်ခိုင်းဘူး

ပြည်သူလူထုထောက်ခံမှုရနေတယ်ဆိုပြီး ပြောတယ်
မယုံရင်စစ်တမ်းကောက်ကြည့် စစ်ပွဲကိုထောက်ခံတဲ့ပြည်သူ ၂၅ % ရှိရင်ကံကောင်း
သေချာတာတစ်ခုကတော့ အလုံးစုံဒုက္ခရောက်နေလို့
AA ကိုမုန်းနေတဲ့ ရခိုင်ပြည်သူကတော့ ၇၅ % နှုန်းကျော်နေပြီ
ဒါကြောင့်လည်း AA သိမ်းထားပါတယ်ဆိုတဲ့ မြို့တွေမှာမနေဘဲ
ရန်ကုန်၊ မန္တလေးတို့ကို နည်းလမ်းပေါင်းစုံနဲ့ပြေးနေကြတာ
တစ်နိုင်ငံလုံးဖြစ်နေတာမို့ ရခိုင်တွေလည်း ဒုက္ခခံကျတဲ့
တစ်နိုင်ငံလုံးမှာဖြစ်တာက ကွက်ကျားမိုးပဲဖြစ်တာ
အခုပြာကျတဲ့မြို့တွေပြာကျသွားပြီ သူပြန်လုပ်ပေးနိုင်တဲ့အခြေအနေရှိလား ဆိုတာ Video မှာသာ နားထောင်ကြည့်
တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကနေထွက်ပြေးခဲ့ရတဲ့ပြည်သူတွေ
ဘယ်တော့ပြန်လာရမလဲမေးကြည့် ရေရေရာရာဘာမှမရှိ
အုပ်ချုပ်ရေးလည်ပတ်နိုင်ဖို့ဆိုတာ ဝေလာဝေး
မူးယစ်ဆေးဝါးကိစ္စမေးတော့လည်း ဘာမှမဆိုင်တဲ့ ရခိုင်ပြည်သူအကြောင်းပြောပြီး ဝေလေလေလုပ်သွားတယ်၊ အထုတ်အထည်နဲ့မိတာကိုတောင် ဝန်ခံမှုဆိုတာမရှိ
သူတို့ခေါင်းစဉ်ပြထားတဲ့ ရက္ခိတအိမ်မက်ဆိုတာလည်း မသေချာ
သေချာတာတစ်ခုကတော့ သူဖော်ဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်စစ်ပွဲတွေက
စစ်ဘေးဒုက္ခမျိုးစုံခံစားနေရတဲ့ ရခိုင်ပြည်သူတွေအတွက် အကျိုးတစ်ခုမှမရှိခဲ့ဘူး

သူမိသားစုနဲ့ AA အဖွဲ့အပေါ်ပိုင်းတွေကောင်းစားဖို့ပဲဆိုတာ မြင်ရလိမ့်မယ်
#MinChitOo
https://t.me/minchitoo989989/32281

Telegram

Min Chit Oo

BBC နဲ့ ထွန်းမြတ်နိုင်နဲ့ နောက်ဆုံးအင်တာဗျူးထားတာကို နားသာထောင်ကြည့်တော့

1 week, 2 days ago
အမွှေစိန်
1 week, 2 days ago
အမွှေစိန်
2 weeks, 4 days ago

ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၂၂ / ၄ / ၂၀၂၄)

'ဘူးသီးတောင်)

ဝါးခုပ်ချောင်း တောင်ဘက်တွင် အကြမ်းဖက်မှုများပြုလုပ်ရန် ရောက်ရှိနေသည့် AA အကြမ်းဖက်အဖွဲ့အား တပ်စစ်ကြောင်းများမှ လက်နက်ကြီးပစ်ကူ/လေကြောင်း ပစ်ကူများဖြင့် တိုက်စစ်ဖွင့် လိုက်လံရှင်းလင်း တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်း သိရှိရပြီး နယ်မြေခံတပ် ၅၆၅ တပ်အား စည်ပင်သာယာရွာမှနေ၍ ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် AA အကြမ်းဖက်အဖွဲ့ရှိရာနေရာအား လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း သိရှိရသည်။

(သံတွဲမြို့)

သံတွဲမြို့အတွင်း အကြမ်းဖက်မှုများပြုလုပ်ရန် မြို့မြောက်ဘက် မီတာ ၁၆၀၀၀ ခန့်အကွာတွင်ရောက်ရှိနေသည့် AA အကြမ်းဖက်အဖွဲ့အား တပ်စစ်ကြောင်းများမှ တိုက်စစ်ဖွင့် သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၃ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

(မောင်တော)

ယနေ့နံနက် ၁၁ နာရီခန့်က မောင်တော ၆ မိုင် အနီး အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် AA အကြမ်းဖက်အဖွဲ့အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ချေမှုန်းခဲ့ကြောင်းသိရှိရသည်။

အဆိုပါနေရာများမှလွဲ၍ ကျန်နေရာများတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
https://t.me/minchitoo989989

2 weeks, 4 days ago
[#BreakingNews](?q=%23BreakingNews)

#BreakingNews
AA အကြမ်းဖက်အဖွဲ့မှ ဘူသီးတောင်မြို့မှ မွတ်ဆလင် အယောက် (၁၀၀)ကျော်အား စစ်သင်တန်းပေးရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား
================================
ဧပြီလ ၂၂ ရက်၊ VOM

AA အကြမ်းဖက်အဖွဲ့မှ ယခုလ ဧပြီလ ၁၆ ရက်နေ့ နှင့် ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြိုနယ်ရှိ မွတ်ဆလင်ကျေးရွာများမှ ရွာသားများအား အစည်းအဝေး မတက်မနေရ ခေါ်ယူပြီး “AA အဖွဲ့အတွင်း လူများအရေးပေါ်လိုနေတာကြောင့် ရွာများရှိ မွတ်ဆလင်လူငယ်များ မဝင်မနေရဝင်ရမည်ဖြစ်ကြောင်း၊ မဝင်သည့်ရွာအား မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း” AA စစ်ကြောင်းမှူးဆိုသူမှ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ထိုသို့ပြောဆိုသော်လည်း ဝင်ရောက်သူမရှိသဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၉ရက်နေ့က နေကြာဆေရွာမှ ၅၀ ဦးခန့်၊ မောင်နုရွာမှ ၁၅ ဦဲးခန့်၊ တောင်ဘဇာ/ ငန်ရမ်းချောင်း/ မီး‌ကျောင်းဇိးရွာ/ ရွာသစ် စသည် ကျေးရွာများမှ ၃၅ ဦးခန့် စုစုပေါင်း အယောက် ၁၀၀ ကျော်အား ကြိုးများဖြင့် တုတ်ကာ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် သွားကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

2 weeks, 4 days ago

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘူးသီးတောင်မြို့ရှိ ယာယီတိုက်ပွဲရှောင်စုရပ်များမှ အိမ်ထောင်စုဝင်များအား ဆန်အိတ် ၁၀၀၀ ထောက်ပံ့ပေးအပ်

April 22, May Yu Htar Nay

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီတိုက်ပွဲရှောင်စုရပ်နေရာများ ဖြစ်သော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(ရွာသစ်)တို့တွင် ခေတ္တနေထိုင်လျက်ရှိသော ယာယီတိုက်ပွဲရှောင်အိမ်ထောင်စုဝင်များအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပေးပို့ထောက်ပံ့သည့် ဆန်အိတ် ၁၀၀၀ ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်တပ်နယ်မှ တာဝန်ရှိသူများက ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယာယီတိုက်ပွဲရှောင်စုရပ်နေရာ၌ စုစုပေါင်း အိမ်ထောင်စု ၉၅၅ စုအတွက် အိမ်ထောင်စု ၁ စုလျှင် ဆန်အိတ် ၁ အိတ်နှင့် ၁ ပြည်နှုန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယာယီတိုက်ပွဲရှောင်စုရပ်နေရာရှိ အိမ်ထောင်စု ၇၈၅ စုအတွက် ဆန်အိတ် ၈၂၀ အိတ်၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ယာယီတိုက်ပွဲရှောင်စုရပ်နေရာရှိ အိမ်ထောင်စု ၁၀၇ စုအတွက် ဆန်အိတ် ၁၁၃ အိတ်နှင့် အခြေခံပညာ မူလတန်းလွန်ကျောင်း(ရွာသစ်) ယာယီတိုက်ပွဲရှောင်စုရပ်နေရာရှိ အိမ်ထောင်စု ၆၃ စုအတွက် ဆန်အိတ် ၆၇ အိတ်၊ စုစုပေါင်း ဆန်အိတ်ပေါင်း ၁၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
https://t.me/newsmayyu/11918

Telegram

May Yu Htar Nay

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘူးသီးတောင်မြို့ရှိ ယာယီတိုက်ပွဲရှောင်စုရပ်များမှ အိမ်ထောင်စုဝင်များအား ဆန်အိတ် ၁၀၀၀ ထောက်ပံ့ပေးအပ် ====================== April 22, May Yu Htar Nay

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘူးသီးတောင်မြို့ရှိ ယာယီတိုက်ပွဲရှောင်စုရပ်များမှ အိမ်ထောင်စုဝင်များအား ဆန်အိတ် ၁၀၀၀ ထောက်ပံ့ပေးအပ်
3 weeks, 4 days ago

AA အကြမ်းဖက်အဖွဲ့မှ ပလက်ဝဒေသရှိ ချင်းလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက် အကြမ်းဖက်နေမှု

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago