ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 10 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 1 year, 1 month ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 1 year, 2 months ago
Havana (2023)
Havana (2023)
မှုခင်းဇာတ်လမ်းကို ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးပါဦးမယ်
အစိုးရရှေ့နေ အီဂျောင်မင်းဟာ အထက်ကနေ အမှုတစ်ခုကိုတာဝန်ပေးလို့ အဲအမှုလိုက်ရှေ့နေဖြစ်လာပါတယ်..
အမှုက ခင်ပွန်းဖြစ်တဲ့သူကို အိပ်နေတဲ့အချိန်မှာ ဇနီးသည်ကသတ်လိုက်တယ်လို့ စွပ်စွဲထားပါတယ်
ရှုပ်ထွေးတဲ့အမှုကို ရဲတွေဘက်ကလည်း လုပ်ဆောင်တာပေါ့လျော့တာရယ်၊
အမှုစစ်က တရားခံပါလို့ တစ်ထစ်ချယုံထားတဲ့အတွက် အမှုလိုက်တဲ့ရှေ့နေကတော့ မလွယ်ကြောပါပဲ
ဒီအမှုမှာ ဇနီးဖြစ်တဲ့သူက တကယ်ပဲ တရားခံလား
တခြားအလှည့်အပြောင်းတွေရှိဦးမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာပါ
Havana ဆိုတဲ့ နာမည်နဲ့ ဘာဆိုင်သွားသလဲဆိုတော့
ဇာတ်လမ်းအစမှာပဲ ဟာဗာနားဆိုတဲ့ နာမည်ဝှက်နဲ့ ရှေ့နေဆီကို သက်သေတွေ ပို့ပေးနေရာကနေ အစပြုလာတဲ့ နာမည်ဖြစ်ပါတယ်
Thriller Crime ဇာတ်လမ်းကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ကြည့်ဖို့ညွှန်းပေးပါရစေနော်
Starship Troopers (2008)
Starship Troopers (2008)
မားစ်ဂြိုလ်ပေါ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ပိုးကောင်တွေကို သုတ်သင်ဖို့စေလွှတ်ခြင်းခံရတဲ့
လက်နက်ကိရိယာတွေတပ်ဆင်ထားတဲ့ကင်းလှည့်တပ်စုတစ်စုအကြောင်းပါ…
ထိုတပ်စုဟာ ပညာသင်ယူလေ့လာနေဆဲတပ်စုတစ်စုဖြစ်ပြီးတော့
တကယ်တမ်း အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ အတွေ့ကြုံများတဲ့ တပ်စုတစ်စုလို
မားစ်ဂြိုလ်ပေါ်ကိုစေလွှတ်ခြင်းခံခဲ့ရပါတယ်…
တိုက်ပွဲအတွေ့ကြုံမရှိတဲ့အပြင် တကယ်တမ်းပိုးကောင်တွေနဲ့ရင်ဆိုင်လာရတဲ့အခါ
ထိုလူငယ်တပ်စုဟာအမှားမှားအယွင်းယွင်းတွေဖြစ်ကုန်ကြပါတယ်….
အားလုံးကလည်း မားစ်ဂြိုလ်ပေါ်မှာထိုတပ်စုကို သေဆုံးသွားကြပြီလို့လည်းယူဆကြပါတယ်..
ဒါကြောင့် အာကာသပိုင်ဗိုလ်ချုပ်ကနေ ထိုမားစ်ဂြိုလ်ကိုအပြီးတိုင်ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်..
လူငယ်တပ်စုဟာ မားစ်ဂြိုလ်ပေါ်ကနေများပြားလှတဲ့ ပိုးကောင်တွေကိုအချိန်မှီဖယ်ရှားပြီးတော့
သူတို့နေထိုင်ရာ ယာဉ်ဆီကို အမြန်ဆုံးပြန်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်….
Animation ကြိုက်သူများအတွက်ကတော့ ရုပ်ထွက်ပီပြင်တဲ့ Animation ကားဖြစ်တဲ့အပြင်
ဇာတ်လမ်းသဘောအရပါ ကောင်းမွန်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်…..
Laththi (2022)
============
"Laththi" ဆိုတဲ့အိန္ဒိယဇာတ်ကားကောင်းလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ မူရူဂန်နန်သန်ဟာ ရိုးသားတဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ ဇနီးဖြစ်သူနဲ့အတူ သားလေးတစ်ယောက်ကိုပျိုးထောင်ရင်း
အေးအေးချမ်းချမ်းနေနေတဲ့သူဖြစ်ပါတယ် မူရူဂန်နန်သန်ဟာ အကြောင်းကိစ္စတစ်ခုကြောင့်အလုပ်ကရပ်နားခံရပြီး အိမ်မှာပဲအမြဲနေနေရတာပေါ့
ဒီလိုနဲ့တစ်ရက်မှာတော့ အရင်တုန်းက အထက်လူကြီးတစ်ယောက်ရဲ့အကူအညီနဲ့ အလုပ်ရပ်နားခံရတာကို ရုတ်သိမ်းလိုက်ပြီး အလုပ်ပြန်ဝင်ဖို့ဖြစ်လာခဲ့ပါတယ်
အလုပ်ပြန်ဝင်ပြီးမကြာခင်မှာပဲ မူရူဂန်နန်သန့်ကိုကူညီပေးခဲ့တဲ့အထက်လူကြီးဟာ သူ့သမီးကို နှောင့်ယှက်ပြီးအရှက်ရအောင်လုပ်ခဲ့တဲ့ လူဆိုးတစ်ယောက်ကို
ဖမ်းဆီးထားပြီး သူ့ကိုရိုက်နှက် ပညာပေးနိုင်ဖို့အတွက် မူရူဂန်နန်သန်ရဲ့အကူအညီကိုလိုကြောင်းပြောလာခဲ့ပါတယ်
မူရူဂန်နန်သန်လည်းအထက်လူကြီးရဲ့အမိန့်ဆိုတော့ မငြင်းဆန်နိုင်ဘဲ သူ့သဘောအတိုင်းလိုက်လုပ်ပေးခဲ့ပါတယ် ပြီးတော့မှ သူရိုက်နှက်ခဲ့တဲ့
သူဟာနာမည်ကြီးလူမိုက်ခေါင်းဆောင်တစ်ယောက်ရဲ့သားဖြစ်နေတာကို သိခဲ့ရပြီး မူရူဂန်နန်သန်နဲ့ သူတို့မိသားစုရဲ့အသက်အန္တရာယ်ကို စိုးရိမ်လာရတော့တာပေါ့
မူရူဂန်နန်သန်တစ်ယောက် ဒီအကြပ်အတည်းကနေ ဘယ်လိုရုန်းထွက်သွားမလဲ သူ့မိသားစုကိုဘေးကင်းအောင်စောင့်ရှောက်နိုင်ပါ့မလားဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်
Shinjuku Incident (2009)
ဂျက်ကီချမ်းရဲ့အကောင်းဆုံးဇတ်ကားတွေထဲက တစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်
ပရိတ်သတ်တောင်းဆိုမှုလည်းအတော်များတဲ့ကားလေးပါပဲ ဂျပန်နိင်ငံမှာတရားမဝင်အလုပ်လာရောက်လုပ်ကိုင်ကြတဲ့တရုတ်လူမျိူးတွေရဲ့ဒုက္ခဆင်းရဲရောက်ပုံကိုရိုက်ကူးပြထားတာပါ
တရုတ်လူမျိူးတို့ရဲ့အနိမ်ခံဘဝယာကူဇာဂိုဏ်းများရဲ့ အနိင်ကျင့်နိပ်စက်ပုံများကိုမင်းသားကြီး ဂျက်ကီချမ်းကကောင်းမွန်သေသပ်စွာသရုပ်ဆောင် ထားပါတယ်
မိမိရဲ့လူမျိုးတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက် ယာကူဇာဂိုဏ်းထဲဝင်အနစ်နာခံပြီးသရုပ်ဆောင်ထားတဲ့ ဂျက်ကီချမ်းရဲ့ဇတ်ကောင်ဟာအလွန်သနားစရာကောင်းသလို လေးစားစရာလည်းကောင်းပါတယ်
တရုတ်တွေနဲ့ဂျပန်ယာကူဇာဂိုဏ်းတို့ရဲ့တိုက်ပွဲရယ်အဲဒီခေတ်အခါကဂျပန် နိင်ငံရဲ့ယာကူဇာတွေရဲ့အရှိန်အဝါကိုထင်ရှားစွာမြင်ရမယ့်ဇတ်ကားပါပဲ
ဒီဇတ်ကားကိုပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်
တစ်ကားဆိုတစ်ကားပီပြင်အောင်ရိုက်ကူးနိင်တဲ့ဂျက်ကီချမ်းရဲ့ဇတ်ကား ကောင်းတွေထဲကတစ်ကားဖြစ်တဲ့ဒီဇတ်ကားကိုကျွန်တော်တို့ပရိတ်သတ်တွေအတွက်တင်ဆက်လိုက်ရပါတယ်
Movie Link ?
https://t.me/khanthtookyaw25/2137
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 10 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 1 year, 1 month ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 1 year, 2 months ago