ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 2 weeks, 4 days ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 4 weeks ago
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ် ကျေးမှုအ မွေအ နှစ်စာရင်းဝင်အဖြစ် ဝင်ရောက်ခဲ့သည့်အတွက် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျေးဇူးတင် ++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ ၆ ရက်
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ် ကျေးမှုအ မွေအနှစ်စာရင်းဝင်အဖြစ် ဝင်ရောက်ခဲ့သည့်အတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးသူများအား သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျေးဇူးတင်ကြောင်း ထုတ်ပြန်သည်။
ယင်းတွင်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်မှ (၇)ရက်နေ့အထိ ပါရာဂွေးသမ္မတနိုင်ငံ၊ အာဆွန်စီယွန် မြို့တွင် ကျင်းပပြု လုပ်သည့် (၁၉)ကြိမ်မြောက် "Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage” အစည်းအဝေးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက် စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဆုံးဖြတ် ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေး အတွက် အဓိက ပါဝင်ကူညီပံ့ပိုးပေးခဲ့သော ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် ဦးဆောင်သည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အားလည်း ကောင်း၊ ဝိုင်းဝန်းအားဖြည့် ဆောင်ရွက်ပံ့ပိုး ပေးခဲ့ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ပုဂံအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့၊ ပုဂံမြို့ အာနန္ဒာ မြတ်စွာဘုရားကြီး ၏ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ ဗိုလ်တထောင်မြို့နယ်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီအစည်း အရုံး၊ မြန်မာနိုင်ငံပန်းပုအစည်းအရုံး၊ ဝိသာခါဖောင်ဒေးရှင်း၊ TMW Enterprise Limited၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်(ရန်ကုန်)၊ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ ဝေဒသုတေသ န အဖွဲ့၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး စောင့်ရှောက်ရေးအဖွဲ့ (ဗဟန်းမြို့နယ်)၊ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ မြင့်မြတ်သူစေတနာ သွေးလှူရှင်အသင်း၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းနှင့် အသင်းအ ဖွဲ့များ၊ ကူညီပံ့ပိုးသူများ အားလုံးတို့အားလည်းကောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် လိုအပ်သည့် သင်္ကြန်မှတ်တမ်းများနှင့် နောက်ခံစကားပြော ပံ့ပိုးကူညီ ဆောင်ရွက်ပေးသော ပြန်ကြားရေး ဝန်ကြီးဌာနနှင့် Living Myanmar Media Group အားလည်းကောင်း၊ အဆိုပြုစာတွဲ များတင်သွင်းရာတွင် လိုအပ်သည့် ဘာသာပြန်ဆို ဆောင်ရွက်ပေးခဲ့သော ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပြင်သစ်ဘာသာ ဌာနအားလည်းကောင်း၊ အဆိုပြု စာတွဲတင်သွင်းရေးအတွက် သတင်းနှင့်နည်းပညာ အချက် အလက် များ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသည့် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံး ဝန်ထမ်းများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများအား လည်းကောင်း၊ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကိုစတင်ခဲ့ကြသည့် ပုဂံခေတ်ကာလမှ ယနေ့အထိ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြသည့် မြန်မာ ပြည်သူ၊ ပြည်သားအပေါင်း တို့အားလည်းကောင်း ဤစာဖြင့်ဖော်ပြရာတွင် မပါဝင်ခဲ့သော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ ကူညီဆောင်ရွက် ပေးသူများ အားလုံးတို့ကိုလည်းကောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အထူးပင်ကျေးဇူး ဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ဟု ဖော်ပြထားသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဒီဇင်ဘာလ - ၆ ရက်
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၊ အနော် ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါသင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း မှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင် တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်း များ၏ မိဘဆွေမျိုးများနှင့်ဖိတ်ကြား ထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သင်တန်းဆင်းအရာ ရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲ တက်ရောက်လာကြသူများ နှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်း များဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေမှုကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။
အာဆီယံ ဘောလုံးအဖွဲ့ချုပ် ၃၁ ကြိမ်မြောက် ကွန်ဂရက်သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
++++++++++++++++++++++++++++
နိုဝင်ဘာလ ၂၉ ရက်
လာအိုနိုင်ငံက ဗီယန်ကျင်းမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၁ ကြိမ်မြောက် အာဆိယံ ဘောလုံး အဖွဲ့ချုပ် ကွန်ဂရက် 31st Ordinary Congress of the ASEAN Football Federation (AFF) အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကိုယ်စားလှယ်အဖွဲ့တက်ရောက် လျက်ရှိသည်။ MFF ကိုယ်စားလှယ်အဖွဲ့တွင် ဥက္ကဋ္ဌ ဦးဇော်ဇော်၊အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေ အတွင်းအရေးမှူး ဦးထွန်းထွန်းအောင်တို့ ပါဝင်ပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအဖွဲ့ဝင် မဲပေးရွေးချယ်ခြင်း၊ ၂၀၂၃ AFF ဘက်ဂျတ် အားအတည်ပြုခြင်း၊အာဆီယံဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြိုင်ပွဲများနှင့် အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယနေ့ ကျင်းပသည့် AFF Ordinary Congress တွင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီဝင် အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ရွေးချယ်ခန့်အပ်ခံရသည်။ ဦးပြည့်ဖြိုးတေဇသည် ၂၀၂၆ ခုနှစ်အထိ အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF Council Member အဖြစ် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။
Crd-MFF
(၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး(25th ASEAN Chiefs of Army Multilateral Meeting - 25th ACAMM)သို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခြင်း
++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ နိုဝင်ဘာလ ၂၂ ရက်
ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပပြုလုပ်သည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး(25th ASEAN Chiefs of Army Multilateral Meeting - 25th ACAMM) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်စားတက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၁ ရက် : Mabalacat Hilton Clark Sun Valley Resort (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသော အာဆီယံကြည်းတပ်ဦးစီး ချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက “Strengthening Partnership and Camaraderie Towards Regional Stability” ခေါင်းစဉ်နှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကာ နေ့လယ်ပိုင်းတွင် အစည်းအဝေးပြီးဆုံးခဲ့သည်။ အစည်းအဝေးအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီးမောင်မောင်အေး သည် အာဆီယံကြည်းတပ် ဦးစီးချုပ်များနှင့် အတူပူးတွဲ သတင်းစာရှင်းလင်းပွဲ သို့တက်ရောက်ခဲ့သည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်း တပ်ဦးစီးချုပ်ဖြစ်သူ Gen Mao Sophan ၊ ထိုင်းဘုရင့် တပ်မတော်၊ လက်ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk ၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido ၊ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Maj. Gen Phanseng Bounphan ၊ ဘရူနိုင်းဘုရင့် တပ်မတော်၊ ကြည်းတပ် ဦးစီးချုပ် Bri. Gen Haji Mohammad Shanonnizam bin Sulaiman ၊ တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲများ အပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ညနေပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဇနီးတို့သည် ဖိလစ် ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido နှင့် ဇနီးတို့တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်း အနားသို့ အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့်ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ တက် ရောက်ခဲ့ ကြသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 2 weeks, 4 days ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 4 weeks ago