Channel News Independent(CNI)

Description
Offical Telegram account of Channel News Independent (CNI)
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 2 months ago
KIA-NUG နှင့်မိတ်ဆွေဖွဲ့ရန် မစဉ်းစားဆိုသောစာက SNA ကို အပုတ်ချခြင်းဟု …

KIA-NUG နှင့်မိတ်ဆွေဖွဲ့ရန် မစဉ်းစားဆိုသောစာက SNA ကို အပုတ်ချခြင်းဟု ပြော

CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉

KIA- NUG နှင့် မိတ်ဆွေဖွဲ့ရန် စဉ်းစားမည်မဟုတ်ဟု ဆိုသည့်စာကို ကသာမြို့အတွင်း ဖြန့်ဝေနေခြင်းက မိမိတို့ကို အပုတ်ချခြင်းဖြစ်သလို ပြည်သူလူထု အထင်မြင်လွှဲမှားအောင် လုပ်ခြင်းဖြစ်သည်ဟု ရှမ်းနီအမျိုးသားများတပ်မ တော်(SNA)၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့အတွင်းမှာ KIA-NUG နှင့် မိတ်ဆွေဖွဲ့ရန် စဉ်းစားမည်မဟုတ်ကြောင်း စာများကို SNA အသွင်ယူ၍ ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

Website တွင်ဖတ်ရန်-----https://cnimyanmar.com/index.php/political-2/politics-local/26367-kia-nug-sna

1 year, 2 months ago
Channel News Independent(CNI)
1 year, 2 months ago
ထိုင်းမှာ လုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ ဘာတွေဆွေးနွေးလဲ

ထိုင်းမှာ လုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ ဘာတွေဆွေးနွေးလဲ

CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ထိုင်းနိုင်ငံက ကမကထပြုလုပ်၍ မြန်မာ့အရေး ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က ဘန်ကောက်မြို့ မှာ ကျင်းပခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒုဝန်ကြီးများ၊ အကြံပေးများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။

မြန်မာကိုယ်စားပြု အနေဖြင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းပြခဲ့ကြောင်း သိရသည်။

Website တွင်ဖတ်ရန်---------https://cnimyanmar.com/index.php/political-2/politics-local/26364-2024-12-19-14-15-38

1 year, 3 months ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ပြဿနာ AA မဖြေရှင်းနိုင်ဟု ပြော

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ပြဿနာ AA မဖြေရှင်းနိုင်ဟု ပြော

CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ရှိသော ဒုက္ခသည်ပြဿနာများအား AA အနေဖြင့် ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ)၅ ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် မောင်တောမြို့တစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း AA မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/26228-aa-51

1 year, 3 months ago
ပါတေးကို အာဆင်နယ် အလွတ်နဲ့ဆုံးရှုံးရဖွယ်ရှိ

ပါတေးကို အာဆင်နယ် အလွတ်နဲ့ဆုံးရှုံးရဖွယ်ရှိ

CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ပါတေးနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှု ပြုလုပ်တာမှာ ရပ်တန့်သွား ခဲ့တာကြောင့် အလွတ်နဲ့ ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

၂၀၂၀ ခုနှစ်က အသလက်တီကို အသင်းကနေ ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ပါတေးဟာ အာဆင်နယ် အသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာပါ။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/local-news-2/local-sport/26227-2024-12-13-07-27-00

Source: Metro

1 year, 3 months ago
TikTok ၏ အယူခံကို ပယ်ချရန် အမေရိကန်တရားရေးဝန်ကြီးဌာန တိုက်တွန်း

TikTok ၏ အယူခံကို ပယ်ချရန် အမေရိကန်တရားရေးဝန်ကြီးဌာန တိုက်တွန်း

CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃

အမေရိကန်တွင် TikTok ကို ပိတ်ပင်မည့်ဥပဒေအား ယာယီဆိုင်းငံ့လိုသည့် TikTok ၏ မိခင်ကုမ္ပဏီဖြစ်သော ByteDance ၏ အရေးပေါ် အယူခံဝင်မှုကို ငြင်းပယ်ရန် တရားရေးဝန်ကြီးဌာနက အမေရိကန်အယူခံတရားရုံးကို ဒီဇင်ဘာ ၁၁ ရက်က တိုက်တွန်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်တွင် ဧပြီလက ထုတ်ပြန်ခဲ့သည့် ဥပဒေအရ TikTok ၏ မိခင်ကုမ္ပဏီဖြစ်သည့် ByteDance အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် မတိုင်မီ TikTok အက်ပလီကေးရှင်းကို တရုတ်မဟုတ်သည့် ကုမ္ပဏီတစ်ခုထံ ရောင်းချရန် ပြဋ္ဌာန်းထားသလို ရောင်းချခြင်းမရှိပါက အမေရိကန်တွင် TikTok ကို ပိတ်ပင်မည်ဟု ဖော်ပြထား သည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/26226-tiktok-7

Source: ရိုက်တာ

1 year, 3 months ago

ဒီမိုကရေစီနဲ့ဖက်ဒရယ်နိုင်ငံအတွက် လူငယ်တွေက အရေးကြီးတယ်

CNI Interview

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဟု အားလုံးက လက်ခံထားကြသည်။

ထို့နောက် မြန်မာ့နိုင်ငံရေးတွင် ဥပဒေပိုင်းဆိုင်ရာ နားလည် တက်ကျွမ်းသူများ လိုအပ်လာသလို ပညာရေးနှင့် လူငယ်များသည်လည်း အရေးကြီးလာကြောင်း ထောက်ပြကြသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးကို ရန်ကုန်တက္ကသိုလ်မှာ ဥပဒေဘွဲ့လွန်ရယူသည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က CNI သတင်းဌာနမှ တွေ့ဆုံမေးမြန်းထားသည်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/exclusive-interview-2/26064-2024-12-05-10-04-20

1 year, 3 months ago
NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး

NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး

CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ၍ ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပနေခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှ ၆ ရက်အထိ ဆွေးနွေးမည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများဘက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ မှတ်ပုံတင် ကျထားသော ပါတီများဖြစ်ပြီး ပါတီ ၅၁ ပါတီတက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့တွင် အိန္ဒိယဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုသော အချက် ၂ ချက်ကို ဆွေးနွေးကြကြောင်း၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ရွေးကောက်ပွဲနှင့် လုံခြုံရေး၊ အထွေထွေ တို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/26063-nspnc-22

1 year, 3 months ago
ဝေါ်လ်ကာကို ပြန်လည်ခေါ်ယူဖို့ ရှက်ဖီးယူနိုက်တက် စိတ်ဝင်စား

ဝေါ်လ်ကာကို ပြန်လည်ခေါ်ယူဖို့ ရှက်ဖီးယူနိုက်တက် စိတ်ဝင်စား

CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅

ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းမှာ ကစားနေတဲ့ အကယ်ဒမီထွက် ဝေါလ်ကာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၆ ကြိမ် ရယူထားနိုင်ခဲ့တဲ့ ဝေါလ်ကာဟာ ဒီရာသီမှာ ပုံစံ ကောင်းတွေ ပျောက်ဆုံးနေပြီး ရုန်းကန်နေရတာပါ။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/local-news-2/local-sport/26060-2024-12-05-07-26-54

Source: Goal

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago