Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

တောင်ပေါ်သား(Channel)

Description
အကြမ်းဖက်မှုဆန့်ကျင်ရေး
အမျိုးသားရေးအင်အားစု
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago

5 days, 16 hours ago

((လူသားနှင့်အဒိန္နာဒါန))

ဓမ္မဓရဆရာတော်ဒေါက်တာအရှင်ကုမာရ
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

5 days, 17 hours ago

အိုးမဲ့အိမ်မဲ့တွေ များပြားလာတဲ့
အမေရိကန်မှာ ဒေါ်လာတစ်သန်းတန်
ဇိမ်ခံအိမ်ကြီးဝယ်ယူနိုင်ခဲ့တဲ့ ခွက်ခေါက်
မယ်တော်ကြီး😬

5 days, 18 hours ago
တောင်ပေါ်သား(Channel)
1 week, 5 days ago

((ဘုရားဆင်းတုတော်များနှင့်
လူတွေလွဲမှားနေတဲ့ ယုံကြည်
ကိုးကွယ်မှု))

ပါချုပ်ဆရာတော်ဘုရားကြီး
🌻🌻🌻🌻🌻🌻🌻🌻🌻🌻
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

1 week, 5 days ago

ထို့ပြင် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်းကြီးများအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ယနေ့အထိ ဓာတ်အားလိုင်း တာဝါတိုင်များအား ၇၁ ကြိမ် ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ပေါင်း ၈၉ တိုင် ပြိုလဲပျက်စီးခဲ့ကာ ဓာတ်အားခွဲရုံကြီးငါးရုံ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်နိုင်မှုမရှိဘဲ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရသော်လည်း ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ် ရရှိစေရေးအတွက် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ရာ တာဝါတိုင်ပေါင်း ၄၉ တိုင်အား အစားထိုး ပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် ၄၀ ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

1 week, 5 days ago

■ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်းတို့ကြောင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ပြီး ရန်ကုန်သို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်း/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်း ခွဲဝေဖြန့်ဖြူးနေရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန ထုတ်ပြန်

ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ ဆည်များ၌ ရေပြည့်ဝစွာ မရရှိခြင်းတို့ကြောင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်း ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားသည် ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၏ တပ်ဆင်စက်အင်အား ၃၂၂၈ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၏ တပ်ဆင်စက်အင်အား ၃၆၃၈ ဒသမ ၃၆၄ မဂ္ဂါဝပ်၊ ကျောက်မီးသွေးစက်ရုံနှစ်ရုံ၏ တပ်ဆင်စက်အင်အား ၁၃၈ မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ခြောက်ရုံ၏ တပ်ဆင်စက်အင်အား ၁၈၀ မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏ စက်တပ်ဆင်အင်အားသည် ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်အထိ ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ လိုအပ်ချက်သည် နှစ်စဉ် ကိုးရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း ၅၄၄၃ မဂ္ဂါဝပ် လိုအပ်သော်လည်း တပ်ဆင်အင်အားအတိုင်း စက်များစွမ်းအားပြည့် မောင်းနှင်နိုင်ပါက လုံလောက်မှုရှိကြောင်း၊ သို့ရာတွင် လက်ရှိကာလ၌ ရွှေကျင် ၇၅ မဂ္ဂါဝပ်၊ ဘီလူးချောင်း (၁)၊ (၂)၊ (၃) တို့မှ ၂၄၈ မဂ္ဂါဝပ် နှင့် သဖန်းဆိပ် ၃၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အား ၃၅၃ မဂ္ဂါဝပ် အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုးသည် ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိနိုင်မှုသည် လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုသည်လည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပြီး စုစုပေါင်းစက်များ၏ တင်ဆင်အင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် ၇၉၉ မဂ္ဂါဝပ်ခန့် အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား ၆၃၈၅ ဒသမ ၄၆ မဂ္ဂါဝပ်မှ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့ရာတွင် ၂၀၂၃ ခုနှစ် မုတ်သုံရာသီတွင် ပုံမှန်မိုးရွာသွန်းမှုအောက်တွင် ဆက်လက်ရှိနေ၍ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်း၊ ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျမီကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင်သိုလှောင်ထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ ရရှိမှုတို့အား ထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု အချိုးအစားအပေါ် အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်းအား အချိုးကျခွဲဝေပို့လွှတ်ခဲ့ပြီး သုံးစွဲသူပြည်သူများ အဆင်ပြေစေရန်အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်းအခြားအလိုက် ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတစ်ရံ သတ်မှတ်ကြိမ်နှုန်းအောက်ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟိုဓာတ်အားကွပ်ကဲရေးဌာနမှ အရေးပေါ်ဝန်အားလျော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ခြင်းများကို ပြုလုပ်ရခြင်းကြောင့် ပုံမှန်ခွဲတမ်းအရ ရရှိမည့် ဓာတ်အားရရှိချိန်အတွင်း တိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောင်ချိန်သည် ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

3 weeks ago

ဖုန်းဘေနဲ့ ကြည့်ရတဲ့သူတွေအတွက် အသံသီးသန့် နားဆင်ဖို့ဖြစ်ပါတယ်။
#AungMoeKyaw

3 weeks ago
3 weeks ago

နဝတတက်စကာလတစ်ခုမှာ
ဒီလူတွေကိုချမ်းသာအောင်လုပ်ပေးလိုက်၊ချမ်းသာလာရင်စစ်မတိုက်ချင်မှာမဟုတ်တော့ဘူးဆိုတဲ့အဆိုအမိန့်တစ်ခုကြားမိပါတယ်၊
ဒီအဆိုကမှန်လွန်းသွားတယ်၊
ယခင်ရင်ဆိုင်ဖက်လက်နက်ကိုင်တွေရောစစ်ဖက်ကအချို့ပါစစ်မတိုက်ချင်ကြ​ တော့ပါဘူး။

နှစ်ပေါင်းများစွာညိမ်းချမ်းရေးအတွက်ကျိုးပန်းစီးပွားဖြစ်အောင်ပြန်လှန်ထောက်ကူလက်တွဲနေကြသူတွေခြင်းရုတ်တရက်ပြန်ချကြတိုက်ကြဖို့ကဘယ်လိုမှစိတ်ပါစရာမရှိပါဘူး။
ယနေ့ပြန်လည်ရင်ကြားစေ့ရေးရဲ့
ပြသနာကညိမ်းချမ်းရေးလုပ်ငန်းစဥ်တွေနဲ့လက်နက်ကိုင်ကြီးတွေအခြေကျတည်ညိမ်အဆင်ပြေသွားချိန်မှာ
လက်နက်ကိုင်အခွင့်အရေးကိုရယူလိုကြတဲ့လက်နက်ကိုင်သစ်တွေစဥ်ဆက်မပြတ်ထွက်ပေါ်နေတာပါဘဲ၊
ညိမ်းချမ်းရေးလုပ်ငန်းစဥ်ဟာ လက်နက်ကိုင်တွေကိုထိမ်းချုပ်နိုင်ကောင်းထိမ်းချုပ်နိုင်ပါလိမ့်မယ်၊ လက်နက်ကိုင်ဝါဒကိုတော့မထိမ်းချုပ်နိုင်ရုံမကရေလောင်းမြေသြဇာထည့်ပေးရာကိုရောက်နေတာယနေ့ရဲ့အဖြစ်ပါ။
စစ်တိုက်ချင်ကြတဲ့လက်ပွန်းတတီး
၂ဖက်လက်နက်ကိုင်တွေခြင်းတိုက်ကြရာမှာလမ်းကြောင်းမျိုးစုံသောညှိနှိုင်းမှုတွေရှိလာမှာသေချာပါတယ်၊

ဒီထိတွေ့ညှိနိုင်းမှုအကြားမှာ
မိမိဖက်စစ်အောင်နိုင်ရေးအတွက်ခြုံငုံဖော်နိုင်စွမ်းကသာလက်တွေ့ကြတဲ့စစ်ပုံဖော်မှုဖြစ်ပါလိမ့်မယ်။
စစ်တိုက်မှကိုရမယ့်ပွဲ၊တိုက်ကိုတိုက်ရမယ့်ရန်သူနဲ့ညှိနိုင်းမှုပရိယာယ်ကောင်းကောင်းသုံးရမယ့်ရင်ဆိုင်ဖက်ခွဲခြားနိုင်မှထိရောက်ပါမယ်။
လက်ရှိခေါင်းဆောင်တွေဟာ
ယနေ့စစ်သဘာဝရဲ့ရှုပ်ထွေးပွေလီမှုနဲ့အညီကိုင်တွယ်နေရတယ်ဆိုတာ
တဖြေးဖြေးခြင်းမြင်လာနေရတယ်။

တောင်ပိုင်းမှသည်မြောက်ပိုင်းသို့

မြောက်ပိုင်းကစစ်ပွဲတွေရပ်စဲတည်ညိမ်သွားတာကမြောက်ဖက်ကအိမ်နီးခြင်းကြီးရဲ့အကူအညီနဲ့ဆိုတာတွက်ဆနိုင်ပါတယ်။

သို့သော်ပန်းတိုင်ကအခုပိတ်ဆို့ရပ်တန့်နေတဲ့ကုန်သွယ်လမ်းကြောင်းတွေပြန်ပွင့်မှရောက်မှာ၊အခုအခြေအနေက၂နိုင်ငံစလုံးအတွက်အကျိုးမဲ့စေတဲ့ အနောက်အုပ်စုအကြိုက်အခြေအနေတစ်ခုဖန်တီးမိသားဖြစ်နေတယ်ဆိုတာကိုမိတ်​ဆွေကြီးလည်းမသိမရှိနိုင်ပါဘူး၊
တောင်ပိုင်းမိတ်ဆွေနိုင်ငံရဲလက်တွဲမှုကတောင်ပင်မရည်မှန်းချက်ဖြစ်တဲ့လမ်းကြောင်းတွေပြန်လည်ဖွင့်လှစ်လည်ပါတ်ရေးကိုပိုမိုထိရောက်မြန်ဆန်စေနိုင်မယ့်သဘောရှိနေတာကိုသတိပြုသင့်တယ်ထင်ပါတယ်။

တောင်ပိုင်းရဲ့အခြေအနေနဲ့မြောက်ပိုင်းအတော်ကွာခြားတာသေချာပါတယ်။
သို့သော်မတူညီတာတွေထည်းကတူတာလေးတွေရှာထုပ်နိုင်တာကိုကလေ့လာဆန်းစစ်မှုရဲ့သဘာဝတမျိုးပေဘဲမဟုတ်ပါလား၊မြောက်ဖက်ကမိတ်ဆွေကြီးနဲ့လက်တွဲမှုကိုနောက်တဆင့်မြှင့်တင်ရမယ့်အချိန်ရောက်ပါပြီ၊

အလှည့်အပြောင်းရဲ့အလှည့်အပြောင်း

ရန်သူဟာမြဝတီဖက်မှာသာဦးကျိုးတာမဟုတ်ပါဘူး၊
ရခိုင်ဖက်မှာလည်းထိုးစစ်တန့်သွားခဲ့ပါတယ်။

ကယားဖက်မှာလည်းတန်ပြန်ထိုးစစ်တွေမြင်လာရတယ်။စစ်အထိုင်တစ်ခုပြန်ချနိုင်ခဲ့ပါပြီ။စစ်ရဲ့ရှုပ်ထွေးပေလီမှုတွေနဲ့ဘယ်လိုစခန်းသွားကြမလဲ?
ရေရှည်မဟာဗျူဟာကစစ်တိုက်ဘို့မဟုတ် ဖက်ဒရယ်စံနစ်အောက်မှာမျှဝေကြဖို့ဆိုတာရှင်းပါတယ်။
သိုသော်လက်နက်ဝါဒနဲ့ဒီမိုကရေစီအကြားမျှချေမုန်းတီးရေးနဲ့နိင်ငံရေးအကြားမျှချေChaos State ဖန်တီးမှုနဲ့ပထဝီနိုင်ငံရေးစည်းသားမှုအကြားအားပြိုင်မှုတွေနဲ့လိုက်လျောညီထွေကိုင်တွယ်ရပါဦးမယ်။

လောလောဆယ်အားလုံးလက်ခံထားတဲ့
တောင်းဆိုမှုကတော့

စစ်ကို နိုင်အောင်တိုက်ရမယ်၊
မိမိအင်အားတည်ဆောက်ရမယ်၊
မိတ်ဆွေတွေရဲ့အားကိုယူနိုင်ရမယ်၊
အလှည့်အပြောင်းအားလုံးရဲ့တွန်းအားကဒါတွေပါဘဲ။အခုလမ်းကြောင်းပေါ်ရောက်လာခဲ့ပါပြီ၊အောင်မြင်ပါစေ။

Crd:မောင်ကောင်းရိပ်(23.4.24)

4 weeks ago
တောင်ပေါ်သား(Channel)
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago