HtayOung(OungMarine)

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

1 month, 1 week ago
(ဒီဇင်ဘာ-၆၊ ၂၀၂၄) ယနေ့ည မောင်တော ဆုတ်ခွာမည်ထင်ရ

(ဒီဇင်ဘာ-၆၊ ၂၀၂၄) ယနေ့ည မောင်တော ဆုတ်ခွာမည်ထင်ရ
..
အမ်း နပခမှာ လားရှိုး ရမခ လိုဖြစ်ရန် နီးကပ်လာ
.
ခဲယမ်းနှင့် လူအင်အားအကန့်အသတ်ရှိနေသောရန်သူကို ရင်ဆိုင်နေရပြီး
..
စစ်ကူ ပစ်ကူနဲ့ ခဲယမ်းအထိုက်အလျောက် ထောက်ပံ့နိုင်ခဲ့တဲ့ တစ်ခုတည်းသော တိုင်းစစိဌာနချုပ်အဖြစ်မှာ
..
မယုံကြည်နိုင်စရာ လက်မခံနိုင်လောက်စရာဖြစ်
..
မြေပြင်အခြေအနေနဲ့ တစ်လွဲစီ လော်နေကြသော ဘောအလွန်မ များ ခင်ဗျား
..
ကိုယ့်ဟာကိုယ်လည်း ပြန်ငုံ့ကြည့်ကြပါ
..
ပါးစပ်နဲ့ ဟိုဒင်း မှားနေကြသလားလို့။ တစ် ထောင် ထောင်နဲ့
..
လူ့အသက်တွေ တိုင်းပြည်တစ်ပြည်မှာ မရှိမဖြစ် လက်နက်ကိုင်အဖွဲ့အစည်းကြီးဖြစ်ကြောင်းသတိရပါ
..
အချက်အလက်မှားတွေနဲ့ လော်ရင် အတုအယောင်ထောက်ခံမှုကိုသာ ရလိမ့်မယ်
..
အလိမ်ပေါ်တဲ့နေ သောက်ရှက် ဗြန်းဗြန်းကွဲရပြီ မှတ်ပါ
..
အစဉ်လေးစားစွာဖြင့် #HtayOung #OungMarine
..
#fyp #myanmarmilitary westerncommend #Rakhine #Ann

1 month, 1 week ago

(ဒီဇင်ဘာ-၅၊ ၂၀၂၄) ဘင်္ဂလားဒေ့ရှ်သည် ပါဝါအင်အားကြီးနိုင်ငံတို့အကြား အလွန်အန္တရာယ်များသည့်အနေ အထားသို့ ရောက်ရှိလာ

ကျွန်တော်တို့ မြန်မာဘာသာစကား အသုံးပြု နိုင်ငံရေးဝေဖန်သုံးသပ်သူများအကြား ဘင်္ဂလားဒေ့ရှ်မှ ရှိတ်ဟာ စီနာ ထွက်ပြေးရတဲ့အတွက် တရုတ်နိုင်ငံမှာ ရုတ်တရက် အခက်တွေ့သွားကြောင်း၊ ဒီအတွက် မြန်မာတိုင်းရင်း သား လက်နက်ကိုင်များကို ထိန်းချုပ်ပြီး နစက အစိုးရကို ဖက်လဲတကင်း ဆက်ဆံခြင်းဖြင့် နိုင်ငံရေး ဂငယ် ကွေ့ အလှည့်အပြောင်းကို ကျင့်သုံးလာခဲ့ရပြီဖြစ်ကြောင်း အလေးအနက် ပြောဆိုနေကြဆဲဖြစ်ပါတယ်။
..
ထိုအချက် မှန်-မမှန်ကို ဘင်္ဂလားဒေ့ရှ်နဲ့ အရင်းနှီးဆုံး အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ အိန္ဒိယသတင်းမီယာများ ရဲ့ဝေဖန်ချက်ကို လေ့လာခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ အဝါမီလိဂ်အစိုးရ ပြုတ်ကျရခြင်းမှာ အမေရိကန်ရဲ့ မွှေ နှောက်မှုပါဝင်ကြောင်း ဟာစီနာရဲ့ မှတ်ချက်စကားကို အိန္ဒိယသတင်းစာတို့က အသားပေးပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး ဆူပူအုံကြွမှုဖြစ်အောင် မွှေနှောက်သူမှာ ဖြစ်စရာရှိလျှင် ပါကစ္စတန်သာ ရှိပြီး၊ အစ္စ လာမ်မာဘတ်ရဲ့ “ဥတုသုံးပါးခံ မိတ်ဆွေကြီး” တရုတ်လည်း ပါဝင်နိုင်ကြောင်း ရေးသားနေကြပါတယ်။ အဲ့ဒီလို ပြောဆိုခြင်းမှာ ယခုနောက်ပိုင်း အိန္ဒိယ-တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်အကြား ဆက်ဆံရေးက သက်သေပြနေ ကြပါ တယ်။
..
ကျောင်းသားများ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်အဟုန်မြင့်တက်လာပြီး လွန်ခဲ့တဲ့ သြဂုတ်လမှာ ၀န်ကြီးချုပ် ဟောင်း ရှိတ်ဟာစီနာအစိုးရ ပြုတ်ကျသွားပါတယ်။ အဲ့ဒီနောက်ပိုင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံ ရေးကလည်း ပိုမိုဆိုးရွားလာခဲ့ပါတယ်။ နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်က ယာယီခေါင်းဆောင်အဖြစ် တာ ၀န်ယူလိုက်တဲ့ နိုင်ငံမှာ တည်ငြိမ်အေးချမ်းအတွက် မျှော်လင့်ချက်များ တိုးပွားလာခဲ့ပေမယ့် အဲ့ဒီအစား လူမျိုး ရေးအကြမ်းဖက်မှုများ မြင့်တက်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူနည်းစုများကို ပစ်မှတ်ထားတဲ့ တိုက် ခိုက်မှုပေါင်း ၂,၀၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း သတင်းဟာ နိုင်ငံတကာအတွက် စိုးရိမ်ပူပန်မှုစရာဖြစ်လာတယ်လို့ နယူးဒေလီအခြေစိုက် NDTV သတင်းအေဂျင်စီ (4 December 2024) က ရေးသားပါတယ်။
..
ဘင်္ဂလားဒေ့ရှ် အစိုးရက ဟိန္ဒူဘုန်းတော်ကြီးများနဲ့ ဟိန္ဒူမီဒီယာသတင်းထောက်များ ဖမ်းဆီးခြင်းကြောင့် တင်း မာမှုများ မြင့်တက်လာပြီး အိန္ဒိယအလံကို ရှုတ်ချခြင်းအပါအဝင် အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှု ဗီဒီယိုများ လည်း လူမှုကွန်ရက်မှာ ပျံ့နှံလာပါတယ်။ ယူနွတ်ရဲ့ ယာယီအစိုးရဟာ ဘင်္ဂလားဒေ့ရှ်လူနည်းစုတို့ရဲ့ နေအိမ် များ၊ ၀တ်ပြုရာနေရာများနဲ့ စီးပွားရေးလုပ်ငန်းတို့ကို ဗြောင်ကျကျ အကြမ်းဖက်နေတဲ့ သဘောထားတင်းမာသူ အစ္စလာမစ်များကို လစ်လျု့ရှုထားပြီး လူနည်းစုများကို အပြစ်ပေးတဲ့နည်းလမ်းကိုသာ ရွေးချယ်နေပါတယ်။ “ဟက်ဖာဇတ်အီးအစ္စလာမ်” တို့လို အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ရဲ့ လက်ထောက်အကြီးအကဲကို ဘာသာ ရေးအကြံပေးအရာရှိအဖြစ်ခန့်အပ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယအပေါ်ဆန့်ကျင်တဲ့ သဘောထားအမြင် များရှိနေပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့ပါတယ်။
..
၁၉၇၁-ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ထွန်းလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန်နဲ့ နှစ်နိုင်ငံကုန် သွယ်ရေးကို တရားဝင်ပြန်လည်စတင်ခဲ့ကြပါတယ်။ ပါကစ္စတန်မှ သွင်းကုန်များကို မဖြစ်မနေ တင်းကြပ်စွာ စစ် ဆေးရမယ့် ရှိတ်ဟာစီနာအစိုးရလက်ထက် အမိန့်ညွှန်ကြားချက်ကို ယူနွတ်အစိုးရက ပယ်ဖျက်လိုက်ပြီး ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားများ ဗီဇာခပေးသွင်းရန် မလိုအပ်ပဲ ပါကစ္စတန်နိုင်ငံကို လာရောက်လည်ပတ်နိုင်ကြောင်း အစ္စ လာမ်မာဘတ်ကို ခွင့်ပြုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်-ပါကစ္စတန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်လာခြင်းဟာ အိန္ဒိယအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများ တိုးပွားလာဖို့ ဖန်တီးရာရောက်ပါတယ်။
..
အထူးသဖြင့် ရှိတ်ဟာစီနာလက်ထက် တရားမ၀င်အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ “ဘင်္ဂ လားဒေ့ရှ် ဂျမတ်အီအစ္စလာမ်မီအဖွဲ့” ဟာ အရှေ့ပါကစ္စတန်အဖြစ်မှ ခွဲထွက်ခြင်းကို ဆန့်ကျင်ပြီး ပါကစ္စတန် လိုလားပါတယ်။ ပါကစ္စတန်အတွေးအခေါ်ကို ယုံကြည်ပြီး အစ္စလာမ်အမျိုးသားရေးဝါဒကို ကျင့်သုံးတဲ့ ဘာသာ ရေးအခြေခံနိုင်ငံရေးပါတီဟာ ပါကစ္စတန်ထောက်လှမ်းရေး (ISI) နဲ့ ချိတ်ဆက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်စစ်တ ကောင်းတောင်တန်းကို ခြေကုပ်ယူပြီး အိမ်နီးချင်း အိန္ဒိယအရှေ့မြောက်ဖျား ပြည်နယ်များမှ ခွဲထွက်ရေး စစ် သွေးကြွတို့ကို ထောက်ပံ့နေကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။
..
ယူနွတ်အစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်ရဲ့ ဘာသာရေးလူနည်းစုတို့အပေါ် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက ရေငုံနှုတ်ပိတ်လုပ်နေပါတယ်။ ဒါပေမယ့် ရွေးကောက် ခံထားရတဲ့ ဒေါ်နယ်ထရမ့်ကတော့ “ဘင်္ဂလားဒေ့ရှ်အတွက် စိုးရိမ်တယ်” လို့ ပြောပါတယ်။ ၁၉၇၁-ခုနှစ်ဘင်္ဂ လားဒေ့ရှ်နိုင်ငံပေါ်ထွန်းလာပြီးကတည်းက အမေရိန်အစိုးရအဆက်ဆက်ဟာ ပါကစ္စတန်ဘက်က ရပ်တည်ပါ တယ်။ American First ထရမ့်လက်ထက် ဘယ်လိုအပြောင်းအလဲဖြစ်မယ်ဆိုတာ မကြာမီ ဇန်နဝါရီ ၂၀-ရက် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်ပိုင်း သိရမှာပါ
..

1 month, 1 week ago

(၅-၁၂-) ရမခ နဲ့ လားရှိုး၊ သီပေါ၊ ကျောက်မဲ တို့ကြိ နေ့ချင်းညချင်းပဲ တပ်မတော်က ပြန်သိမ်းတော့ မလိုလို TNLA MNDAA တွေပဲ မဖြစ်မနေ ဆုတ်ခွာပေးရတော့ မလိုလို လော်ဘီဘောအလွန်မတွေ ရေးနေကြတယ်

သူတို့ပြောတာ အပေါ်ယံ အမြင်အရ မှန်ကန်ပါတယ်၊

ဒါပေမယ့် ရှမ်းမြောက်မှာ သူတို့ပြောသလောက် လွယ်ကူမနေပါ

ထောင်ကဲကို ရာနှုန်းပြည့်မယုံရခြင်းမှာ အဓိကပြဿနာဖြစ်ပြီး

မိမိဘက်တွင် NCA အလွန် စစ်ဦးစီးနဲ့ တပ်မှူးများရဲ့ အရည်အချင်းဟာ အမြန်ပြန်လည် သုံးသပ်စရာပါ

လားရှိုး ရပခအပါအဝင် ရှမ်းမြောက် ကျဆုံးမြို့ကြီးများ ပြန်ရရန် ၃ နှစ်အထက် ကြာမြင့်နိုင်ပါတယ်

အဆင်မသင့်လျှင် မန္တလေး၊ ပြင်ဦးလွင် အရှေ့ဘက်

ရှမ်းပြည်အလယ်ပိုင်း ရှမ်းတောင်နှင့် မြောက်ဘက်စပ်ကြား မြို့များ တပ်စခန်းများ ထပ်မံ ကျဆုံးနိုင်ပါတယ်။

ခုရက်ပိုင်း ကျွန်တော်တို့ပြည်တွင်း အမ်းနဲ့ မောင်တောဘက်မှာ ဖြစ်နေတာပဲ ကြည့်ပါ၊ ဘယ်လို အခြေအနေရှိလဲ သိနိုင်ပါတယ်

သင်တန်းဆင်းကာစ ပြည်သူ့စစ်မှုထမ်းလေးတွေ နပခမှာ အစိမ်း‌ခြွေ အချွေခံရပြီ၊ ဒီအတိုင်းဆို နောင်သင်တန်းဆင်းလာမယ့် ပြည်သူ့စစ်မှုထမ်းနဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်သားသစ်တွေလဲ ထည့်လို့ မလောက်ဖူး ဖြစ်လာမယ်

ပေကျင်းက ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မြန်မာပြည်တွင်း တရုတ်အကျိုးစီးပွားများကို ကာကွယ်ဖို့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ တပ်တွေ စေလွှတ်မယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါ

လားရှိုးမှ ကျောက်ဖြူအထိ မျဉ်းအတိုင်း မြန်မာပြည်အထက်ပိုင်း စိစိညက်ညက်ကြေတော့မယ်ဆိုတာ သူမြင်နေလို့ပါ

AA KIA စစ်ရှိန်မြှင့်ပြီး မြို့တွေ တပ်ရင်းတွေ သိမ်းယူနေတာ တရုတ် မသိပဲ မရှိပါ

အဲ့ဒါ ဘင်္ဂလားဒေ့ရှ် မြန်မာကြား အိန္ဒိယ မီဇိုရမ်ပြည်နယ်ဘက် CIA ခြေရှုတ်လာခြင်းကို ကာကွယ်ဖို့

အိန္ဒိယက အရှေ့မြောက်ဖျားပြည်နယ် ၇ -ခု ( Seven Sisters) ကို ဝိုင်းပတ်ရေးအတွက် ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ပိုင်း အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်အထက်ပိုင်းမှာ ပေကျင်း-နယူးဒေလီစစ်တပ်ချင်း ထိပ်တိုက်တွေ့နေတယ်။

ဒီနေရာမှာ AA KIA ဟာ တရုတ်အတွက် အလွန်အသုံးဝင်တဲ့ Proxy တွေပါ

သူတို့ ဘာလုပ်လုပ် ရှီကျင့်ဖျင် မမြင်ဟန်ဆောင်ပြီး အပစ်အခတ်ရပ်စဲဖို့ စေ့စပ်ဆွေးနွေးဖို့ချည့် ပြောနေလိမ့်မယ်

နစကအနေနဲ့ လက်ခံမိရင် ပြည်ထောင်စု အချုပ်အခြာပိုင်နယ်မြေဟာ မလိမ့်တပတ်နဲ့ ဆုံးရှုံးသွားလိမ့် #HtayOung #OungMarine
#foryourpage #myanmarmilitary #myanmaecivilwar #Indiafareasternstates

1 month, 2 weeks ago

(နိုဝင်ဘာ-၂၉၊ ၂၀၂၄) အာဏာလုယက်သူ ယူနွတ်အစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကဏ္ဍအားလုံး၌ ကျ ဆုံးနေ၊ မတရား ဖမ်းဆီးထားသည့် ဟိန္ဒူခေါင်းဆောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ရှိတ်ဟာစီနာ တောင်းဆို။ ပြည်ပထွက်ခွာသွားရသည့် ဝန်ကြီးချုပ်ဟောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ထွက်ပေါ်လာ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မတရား ဖမ်းဆီးထားတဲ့ ISKCON ခေါ် “ကရစ်ရှနား အသိဉာဏ် နိုင်ငံတကာ အစည်းအရုံး ” ဟိန္ဒူဘာသာရေး ခေါင်းဆောင်တစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် နိုဝင်ဘာ ၂၈-ရက်နေ့မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက တောင်းဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ ၅-ရက်နေ့ အဝါမီလိဂ်အစိုး ရပြုတ်ကျသွားပြီးနောက်ပိုင်း ရှိတ်ဟာစီနာရဲ့ ပထမဆုံးအကြိမ် လူသ်ရှင်ကြား ပြောဆိုခြင်းဖြစ်တယ်လို နယူး ဒေလီအခြေစိုက် “ဟိန္ဒူ” သတင်းအေဂျင်စီက (28 November 2024) က ရေးသားပါတယ်။
..
အင်္ဂါနေ့ စစ်တကောင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအဓိကရုန်းအတွင်း လက်ထောက်အစိုးရရှေ့နေတဦး အ သတ်ခံရခြင်းကိုလည်း ရှုတ်ချလိုက်ပြီး ဘင်္ဂလားဒေ့ရှ် ပြည်သူတို့အနေနဲ့ မိုဟာမက်ယူနွတ်ဦးဆောင် ကြားဖြတ် အစိုးရကို စည်းလုံးညီညွတ်စွာ ထိပ်တိုက်ရင်ဆိုင်ကြရန် အဝါမီလိဂ်ပါတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ရှိတ်ဟာ စီ နာက တောင်းဆိုထားပါတယ်။
..
မတရား ဖမ်းဆီးခံထားရတဲ့ “စန်နတ်တန်” ဘာသာရေးအသိုင်းအဝိုင်းမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို အ မြန်ဆုံး ပြန်လွှတ်ပေးရန်၊ စစ်တကောင်းနယ်မြေအတွင်း ဘုရားကျောင်းတစ်ကျောင်း မီးရှို့ခံရပြီး ယခင်က ဗလီ များ၊ မာဇရ်များ၊ ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အဟ်မဒီယာအသိုက်အဝန်းပိုင် နေအိမ်များ ကို ရမ်းကားဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ မီးရှို့ခြင်းများလည်း ခံခဲ့ရပြီးဖြစ်ကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ရပ်ရွာနေထိုင်သူအားလုံးတို့ရဲ့ အသက်အိုးအိမ်ပိုင်ဆိုင်မှုအပေါ် လုံခြုံရေးအရ အကာအကွယ်ပေးရန် ဟာစီနာ ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
..
အောက်တိုဘာ ၂၅ ရက်နေ့ စစ်တကောင်းမြို့ ဆန္ဒပြပွဲအတွင်း နိုင်ငံတော် အလံကို မရိုမသေပြုကြောင်း စွဲချက် ဖြင့် “ချင်မွိုင် ကရစ်ရှနားဒတ်စ်” အမည်ရှိ ISKCON အစည်းအရုံး ခေါင်းဆောင်ကို ဖမ်းဆီးခဲ့ပါတယ်။ ထင်ရှားလူ သိများတဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင်ဟာ ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်း ဒါကာမြို့တော်နဲ့ ရမ်ပူမြို့ချီတက်ပွဲ တို့မှာလည်း အလားတူပြုမူခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
..
အင်္ဂါနေ့ ဖမ်းဆီးခံရတဲ့ မစ္စတာ ဒတ်စ်ကို နောက်ဆက်တွဲ အာမခံပေးဖို့ ငြင်းဆိုမှုဟာ ဟိန္ဒူခေါင်းဆောင်အပေါ် ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့အကြား ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လက်ထောက်အစိုးရရှေ့နေတဦး သေ ဆုံးခဲ့ရပါတယ်။ အခင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဟာစီနာရဲ့ ပါတီမှ “ချာဟတ်ထရာ လိဂ်” ကျောင်းသား လက်ရုံးု အဖွဲ့ဝင်များဖြစ်ကြောင်း စွပ်စွဲချက်နဲ့ လူခြောက်ဦးကို နောက်တနေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
..
အိန္ဒိယနိုင်ငံမှာ ရောက်ရှိခိုလှုံနေစဉ်အတွင်း သူ့အပေါ် ထောက်ခံသူတွေနဲ့ အလှမ်းဝေးနေတဲ့ ဟာစီနာ အနေနဲ့ ပါးစပ်ပိတ်နေဖို့ သတိပေးခဲ့ငြောာင်း ယူနွတ်အစိုးရက စောစောပိုင်း ပြောဆိုခဲ့ပါတယ်။ ပြည်တွင်းမှာ ကျန်ရှိ နေ တဲ့ အဝါမီလိဂ်ခေါင်းဆောင်များနဲ့ ရှိတ်ဟာစီနာတို့အကြား ဆက်သွယ်ပြောဆိုကြောင်း အသံနဲ့ ဗွီဒီယိုဖိုင် အ နည်းငယ်တို့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးရန် အပြည် ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ “အင်တာပိုလ်” ထံ ဒါကာ အာဏာပိုင်များက ဆက်သွယ်ခဲ့ပါတယ်။
..
အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဟာစီနာရဲ့ သားဖြစ်သူ “ရှာဂျစ် ဝါဇစ် ဂျွိုင်း” ကလည်း ဘင်္ဂလားဒေ့ရှ် ကြား ဖြတ်အစိုးရလက်ထက် နိုင်ငံရေးအခြေအနေများအကြောင်း အဲ့ဒီမတိုင်ခင် မီဒီယာများကို ပြောကြားခဲ့ဖူးပါ တယ်။ ယခုတကြိမ်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုများနဲ့ ပတ်သက်ပြီး ဟာစီနာ ကိုယ်တိုင် ပြောဆိုခြင်း ဖြစ်ပါတယ်။
..
စစ်တကောင်း လက်ထောက်အစိုးရရှေ့နေ အသတ်ခံရမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ လူ သတ် မှုနဲ့ ဆက်နွယ်နေသူအားလုံးကို အမြန်ဆုံး ဖမ်းဆီးပြီး ထိရောက်စွာ အပြစ်ပေးသင့်ကြောင်း၊ ရှေ့နေတစ် ယောက်ဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရင်း အသက်ဆုံးရှုံးရတဲ့အထိ ရိုက်နှက်ခံခဲ့ရကြောင်း၊ ဒီလူသတ်မှုကို ကျူးလွန်တဲ့သူတွေက အကြမ်းဖက်သမားတွေ ဖြစ်ပြီး ရှေ့နေရဲ့ ကျန် ရစ်သူ မိသားစုတို့အတွက် တရားမျှတမှုကို ရှာဖွေရမှာဖြစ်ကြောင်း၊
..

1 month, 2 weeks ago

(နိုဝင်ဘာ-၂၉၊ ၂၀၂၄) ကျွန်တော့်မှာ မိတ်ဆွေ အလွန်ပေါပါတယ်
..
ဒါပေမယ့် တိုင်ပင်ဖော် တိုင်ပင်ဖက် ရှားတယ်။
..
ဒါလဲ လောကဓံရဲ့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲလေ
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===

1 month, 2 weeks ago

(နိုဝင်ဘာ-၂၉၊ ၂၀၂၄) ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါဟာ ၂၀၁၉-ခုနှစ် ဒီဇင်ဘာလ တရုတ်ပြည်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။
..
၂၀၂၀ ခုနှစ် မတ်လဆန်းမှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကျရောက်ကြောင်း ကုလသမဂ္ဂ WHO က ကြေညာခဲ့တယ်။

၂၀၂၀-ခုနှစ် အောက်တိုဘာလမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စတင်တီထွင်နိုင်ခဲ့ပြီး
အနောက်နိုင်ငံများမှာ ကာကွယ်ဆေး စတင်ထိုးနှံနိုင်ခဲ့ပါတယ်။
..
နိုင်ငံရေး မတည်မငြိမ် ရှုတ်ထွေးနေပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံက ၂၀၂၁-ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ကာကွယ်ဆေး စတင်ထိုးနှံနိုင်ခဲ့ပါတယ်။
.
သာမာန်အားဖြင့် ကူးစက်ရောဂါ ကာကွယ်ဆေးဆိုတာ တီထွင်နိုင်ဖို့ ၅-နှစ်ထက်မနည်း ကြာမြင့် တတ်ပါတယ်။ အဲ့ဒီအတောအတွင်း ကမ္ဘာ်လူဦးရေ ၅% ဖြစ်တဲ့ လူ ၇၈ သန်းမှ ၁၅၆ သန်းအထိ သေဆုံးကြရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
.
ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကူးစက်မှုနှုန်း အလွန်မြန်ဆန်တဲ့အတွက်
ဖွံ့ဖြိုမှုနောက်ကျပြီး နိုင်ငံရေးမတည်ငြိမ် တိုက်ပွဲများဖြစ်ပွားနေတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံဆိုရင် ပထမဆုံး သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများအပါအဝင် လူ ၁၆-သန်းထက်မနည်း သေဆုံးရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။
.
ဒါပေမယ့် အဲ့ဒီခန့်မှန်းချက်တွေ မမှန်ကန်ခဲ့ပါဘူး
.
ကပ်ရောဂါ စတင်ကျရောက်ပြီး တစ်နှစ်မပြည့်ခင် ကာကွယ်ဆေး စတင်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
.
၂၀၂၁-ခုနှစ် အာဏာအပြောင်းအလဲဖြစ်ပြီး ကျန်းမာရေးစနစ် ပြိုလဲသွားတဲ့ မြန်မာနိုင်ငံဟာ ဝယ်ယူ သို့မဟုတ် အလှူခံရရှိတဲ့ ကာကွယ်ဆေးများကို မိမိတို့လူ့အဖွဲ့အစည်းအတွင်း စနစ်တကျ ထိုးနှံပေးနိုင်ခဲ့ပါတယ်။
..
ကပ်ရောဂါကြောင့် သေဆုံးသူ ဦးရေ မြင့်တက်နေခြင်းကို ၂၀၂၁-ခုနှစ် သြဂုတ်လခန့်မှ စတင်ပြီး တဖြည်းဖြည်း လျော့ချနိုင်ခဲ့ပါတယ်။
.
အဲ့ဒါကို စဉ်းစားမိရင် ဒီနေ့ ရုရှားနဲ့ အမေရိကန်အနောက်အုပ်စုအကြား နျူကလီယာစစ် ဖြစ်မဖြစ် ခန့်မှန်းလို့ ရပါတယ်။
.
ဟိုက်ပါဆောနစ် တိုက်ချင်းပစ် ဒုံးကျည်နဲ့ အပစ်ခံရပြီလို့ မှားယွင်းထောက်လှမ်းမိရင်တောင် ကိုယ့်ဖက်က နျူကလီယာလက်နက် ခလုပ်ကို နှိပ်ဖို့ အတော်ဆင်ခြင်ကြမှာပါ
.
ဘာ့ကြောင့်လဲဆိုတော့ အဲ့ဒါ သူတို့ကိုယ်တိုင်အပါအဝင် ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ ဖြစ်လို့ပါပဲ
..
ဒီအတွက် ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံအချင်းချင်း စစ်ရေး လက်ဦးမှု မရယူကြဖို့၊ လေကြောင်းကာကွယ်ရေး ထောက်လှမ်းမှုစနစ် မမှားမယွင်းကြစေဖို့က ဆုတောင်းယုံသာ တတ်နိုင်ပါတယ်။
..
ကိုယ့်ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများသာ ကိုယ်တိုင် အိုးပစ်အိမ်ပစ်ထွက်ပြေး သို့မဟုတ် ထိခိုက်ပျက်စီးဖို့ အသေချာဆုံးပါ။
..
(၁) ကိုယ်ပြည်တွင်း လုံခြုံရေး- စစ်ပွဲများအမြန်ပြီးဆုံးရေး ငွေကြေးဖောင်းပွမှုနဲ့ အခြေခံကုန်ပစ္စည်းဈေးနှုန်း လျော့ကျရေးကို ပထမဦးစားပေးအာရုံစိုက်ကြပြီး
..
(၂) အင်အားကြီးနိုင်ငံများရဲ့ ဥရောပ နျူကလီယာစစ်ပွဲ အလားအလာများကို ဒုတိယထားသင့်ပါတယ်။
..
တကယ်တော့ (၁) ဟာ (၂) နဲ့လည်း ဆက်နွယ်နေပါတယ်။
.
(၂) မရှိတော့ရင် (၁) ကို လုပ်ရကိုင်ရ ပိုလွယ်ကူနိုင်ပါတယ်။
..
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===

1 month, 3 weeks ago

(နိုဝင်ဘာ-၂၃၊ ၂ဝ၂၄) ဦးဒေါင်းနီ (ခ) ဦးတင်စိုး
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ ခုံဒိုင်ချုပ်၊
အသက် (၇၃) နှစ်
၂၂. ၁၁. ၂၀၂၄ ရက်နေ့တွင်ကွယ်လွန်သွားပါသည် ။

    1. ၂၀၂၄ နေ့လည် ၂ နာရီတွင်
      ရေဝေးသုသာန်တွင် သဂြိုလ်ပါမည် ။

နေအိမ်မှကားများနေ့လည် ၁၂ နာရီထွက်ပါမည် ။
.
.
သူတို့ ရိုးရာလက်ဝှေ့သမားများ ကွယ်လွန်ရင်
ဆရာ့အလောင်းနံဘေးမှာ တပည့်များက လက်ဝှေ့ရေးပြ ဂုဏ်ပြုနှုတ်ဆက်ရတဲ့ အစဉ်အလာရှိတယ်လို့ ဆိုပါတယ်

အဲ့ဒီအခါ မြင်ရသူတိုင်းအလွန်ကြေကွဲဝမ်းနည်းကြရတယ်၊
။
မြန်မာ့ရိုးရာလက်ဝှေ့သမားတွေမှာ ကြွယ်ဝပြည့်စုံသူ မရှိသလောက်ရှားတယ်၊

အပြင်လောကမှာ အနေအေး နှုတ်နည်းပြီး ရန်ဖြစ်ရမှာ အလွန်ဝန်လေးသူများဖြစ်တယ်။
ဗိန်းမောင်းနဲ့ လက်ခမောင်းခတ်သံကြားရရင် မထိုးသတ်ပဲ မနေနိုင်ဘူး တဲ့

ဒီနေ့ ထွန်းလွင်မိုး သန့်ဇင် ထွန်းထွန်းမင်း စိုးလင်းဦးတို့တောင် လက်ဝှေ့ပွဲရှိတဲ့ ဘုရားစောင်းတန်းမှာ ပုဆိုးခြုံ ညအိပ်ရင်း ထိုးသတ်ခဲ့ဖူးကြသူများဖြစ်ပါတယ်။
.
ဝါသနာကြီးလွန်းလို့ ပွဲရှိရာအရောက်သွားပြီး ထိုးသတ်ကြ၊ ဆရာတပည့် ပညာလက်ဆင့်ကမ်းသူတွေ ရှိနေလို့သာ ကျွန်တော်တို့ နှစ်ထောင်ချီ မြန်မာ့ရိုးရာလက်ဝှေ့ မပျောက်ကွယ်ခြင်း ဖြစ်ပါတယ်။
.
ဦးဒေါင်းနီ (ဦးတင်စိုး) ကောင်းရာသုဂတိ လားပါစေ
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung , #OungMarine

1 month, 3 weeks ago
HtayOung(OungMarine)
1 month, 3 weeks ago

(နိုဝင်ဘာ-၂၃၊ ၂၀၂၄) ကျွန်တော်တို့ ဆိုတဲ့ Deep State

သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့်က အမေရိကန် Deep State ကို ဖြိုခွင်းမယ့်အကြောင်း ကျယ်ကျယ်လောင်လောင် ပြောနေပါတယ်။
.
ထရမ့်ပြောတဲ့ Deep State ဆိုတာ ကျွန်တော်တို့ဆီမှာ လူအတော်များများ ထင်မှတ်နေကြသလို ဘယ်ပါတီ ဘယ်သူဘယ်ဝါတက်တက် အစိုးရအဖွဲ့ရဲ့ အပေါ်ကနေပြီး လိုသလို လွှမ်းမိုးချုပ်ကိုင်နေသူများ မဟုတ်ပဲ
..
အစိုးရအဖွဲ့ ထိပ်တန်းပိုင်း၊ အလယ်ပိုင်း အောက်ခြေပိုင်းမှာ မူဝါဒ လမ်းစဉ်အတိုင်းမသွားပဲ ခေါင်းမာမာနဲ့ ပေကပ်ကပ် လုပ်နေသူများဖြစ်နေပါတယ်။
..
ကျွန်တော်တို့ဆီမှာ စာအုပ်ကြီးသမား ဗျူရိုကရက်လို့ ခေါ်ရ မယ်ထင်ပါတယ်။
ခေတ်မီစွာ ဥပမာပြုရရင်တော့ အာဏာရ အသိုင်းအဝန်းထဲမှာနေပြီး တိုင်းပြည်မျက်နှာ မထောက်၊ အဖွဲ့ အစည်း အနာဂါတ်ကို မငဲ့ကွက်ပဲ အဂတိလိုက်စားနေသူများ၊ အကျင့်ပျက်နေပြီး ဆယ်သက်စားမကုန်အောင် ရွှေပုံ ငွေပုံ ကြီး ပိုက်မိနေသူများလည်း ဖြစ်ပါလိမ့်မယ်။
..
တချို့ကလည်း အစိုးရအဖွဲ့ထဲမှာ မပါပေမဲ့ အုပ်ချုပ်သူများကို လွှမ်းမိုးထိန်းကျောင်းသူ Deep State ဆိုတာ တကယ်ရှိတယ်။
အဲ့ဒါ ဟုတ်တိုင်း မှန်ရာ ပြောတတ် ဝေဖန်တတ်တဲ့ သတင်းမီဒီယာတွေပဲလို့ ဆိုကြတယ်။
.
ကျွန်တော်တို့ဆီမှာ “ #စာရေးတဲ့သူဆိုတာ_ပြည်သူလူထုဘက်ကနေတယ်_ဆိုပေမယ့် #ပြည်သူလူထုမှားနေရင်လည်း_ပြောရဲရမယ် ” ဆိုတဲ့ ဆရာကြီး လူထုဦးစိန်ဝင်းတို့လို့ ကလောင်သမားမျိုး တွေဖြစ်တယ်။
..
တကယ်တော့ မြန်မာတွေဟာ အရိုးခံ စိတ်ထားကောင်းမွန်သူများဖြစ်ပြီး ထိလွယ် ရှလွယ် ခံစားလွယ်သူ များဖြစ်ပါတယ်။ ဒီမြေ ဒီရေပေါ်နေ ဘာသာ-လူမျိုးအသီးသီးဟာ အရေးပေါ် အခက်ကြုံရရင် ဘယ်သူမှ တိုက်တွန်းနေစရာ မလိုပဲ သူလိုလို စည်းရုံးသွားကြ၊ လူ့အဖွဲ့စည်းဝင် အချင်းချင်း တတ်နိုင်သရွေ့ ကူညီကြ ထောက်ပံ့လှူဒါန်းလေ့ရှိကြတယ်။ အဲဒါ ပြီးခဲ့တဲ့လ ရေကြီးရေလျံဖြစ်ပွားစဉ် အထင်အရှား မြင်တွေ့ရတယ်။
.
အေးချမ်းတာနဲ့တပြိုင်နက် ပွဲလန်းသဘင်ဆိုတာ ရိုးရာအစဉ်အလာ မပျက်ကြပါဘူး၊ ဘိုးဘွားစဉ်ဆက် ရိုးရာ ဓလေ့ပွဲတော်တစ်ခုခုကို တပျော်တပါးကြီး ဆင်နွှဲလေ့ရှိရာမှာ ဘာသာ/လူမျိုးမရွေး စုပေါင်း ပါဝင်နေတတ်တယ်။ .
တကယ်ချစ်စရာကောင်းသူများ စုဝေးနေထိုင်ရာဖြစ်တယ်။ အဲ့ဒီ လူအဖွဲ့အစည်းကြီး မှန်ကန်စွာ ဖွံ့ဖြိုးတိုး တတ်အောင် ထိန်းကျောင်းပေးတတ်ရင် တိုင်းပြည်အတွက် တကယ် အကျိုးရှိမှာ သေချာပါတယ်။ သူတို့ကပဲ တိုင်းပြည်ကို ပုံဖော်နေခြင်းဖြစ်ပါတယ်။
..
#တကယ်တော့_မိတ်ဆွေတို့_ကျွန်တော်တို့အားလုံးဟာ #Deep_State #တွေပါ
ကျွန်တော်တို့ပုံဖော်သလို ကျွန်တော်တို့တိုင်းပြည်ကြီးမှာ ဖြစ်ပျက်နေပါတယ်။
.
.
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===

2 months ago

အိန္ဒိယအရှေ့မြောက်ပိုင်းရှိ သူပုန်များအပေါ် ပေကျင်းရဲံ ထောက်ခံမှုဟာ နှစ်နိုင်ငံအကြား သဘောထား ကွဲလွဲမှု များကို နှစ်ပေါင်းများစွာကြာအောင် ဖန်တီးခဲ့ပေမယ့် မကြာသေးမီက အဲ့ဒီထောက်ပံ့မှုတွေဟာ ပိုမိုကန့်သတ်ခံ လာရပါတယ်။ သို့သော်လည်း မဏိပူရပြည်နယ်မှာ စစ်သွေးကြွအုပ်စုပေါင်းစုံတို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယ နယ်ခြားစောင့်အာသံရိုင်ဖယ်တပ်သား ၄-ဦးသေဆုံးရတဲ့တဲ့အခါ နယူးဒေလီက တရုတ်အပေါ် မကျေ မနပ် ပြောဆိုစရာ ဖြစ်လာပါတယ်။
..
တိုက်ခိုက်မှုရဲ့ အချိန်ကာလအပြင် တရုတ်လုပ်လက်နက်များအသုံးပြုမှု၊ ပေကျင်းကို ရည်ရွယ်ပြီး (ကိုယ်စားပြု လက်နက်ကိုင်များနဲ့) “နယ်မြေချဲ့ထွင်ရေးခေတ်” ကုန်ဆုံးပြီဖြစ်ကြောင်း ဝန်ကြီးချုပ်နာရင်ဒြာမိုဒီရဲ့ မိန့်ခွန်း တွေဟာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး နယူးဒေလီရဲ့အမြင်ကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ခွဲထွက်ရေး ဒေသတွင်း နိုင်ငံရေးဟာ ပိုမိုကြီးမားတဲ့ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများနဲ့ ဒွေးရောယှက်တင် ရှုပ်ထွေးနေပါတယ်။ တရုတ်နိုင်ငံမှာ အိန္ဒိယသောင်းကျန်းသူ ခေါင်းဆောင်အချို့ ခိုအောင်း လျှက်ရှိနေပေမယ့် သူတို့အနေနဲ့ အကြီးစား တိုက်ခိုက်မှုများကို ဆောင်ရွက်နိုင်တယ်လို့တော့ မရှိခဲ့ပါဘူး။ သို့သော် နယူးဒေလီ-ပေကျင်း ဆက်ဆံရေး ဆိုးရွားလာသည်နဲ့အမျှ တရုတ်နိုင်ငံဟာ သူ့အနေနဲ့ အိန္ဒိယ သူပုန်တွေကို ထောက်ခံမှု အခိုင်အမာရှိစေဖို့ ခံစားရနိုင်လောက်ပါတယ်။ အိန္ဒိယခွဲထွက်ရေးခေါင်းဆောင်တွေဟာ ယူနန်ပြည်နယ်အ တွင်းမှာ အခြေစိုက်ပြီး လူမှုကွန်ရက်မှာ လှုံဆော်သတင်းများ လွှင့်တင်ခြင်း၊ အီးမေးလ်လိပ်စာအတုအနဲ့ အင်တာနက်ဆက်သွယ်ခြင်းများ ပြုလုပ်နေပါတယ်။
..
သောင်းကျန်းသူအချို့ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှာ လက်နက်အရောင်းအဝယ် ပြုလုပ်ရန် စီစဉ်နေကြောင်း ယခင် အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီက တွေ့ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရအချို့ဟာ သူ့နယ်မြေအတွင်း သူပုန်အခြေစိုက်စခန်း များကို မသိဟန်ဆောင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ လောလောဆယ် အိန္ဒိယလိုလားတဲ့ အစိုးရများကတော့ သူပုန်တို့ကို နှိမ်နင်းခဲ့ပါတယ်။ အိန္ဒိယခွဲထွက်ရေးသူပုန် ခေါင်းဆောင်တွေဟာ တရုတ်ထောက်လှမ်းရေးရဲ့ အကူအညီကို ရယူပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မွန်ဘုန်း တော်ကြီးကျောင်းတစ်ကျောင်းမှာ မြန်မာနိုင်ငံ မွန်အမျိုးသားတပ်ဦးခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ကာ မဲ ဆောက်မှာလည်း KNU ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
.
အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေး အေဂျင်စီ NIA အဆိုအရ ကန်ဒေါ်လာ ၁.၂ သန်းတန် ရိုင်ဖယ်များ၊ စက် သေနတ်များ၊ လက်ပစ်ဗုံးများနဲ့ ပစ္စတိုများအပါအဝင် လက်နက်ငယ်မျိုးစုံဟာ တရုတ်နိုင်ငံ တုံကင်ပင်လယ် ကွေ့ ဘိုဟိုင်းဆိပ်ကမ်းမှ သင်္ဘောဖြင့်တင်ဆောင်လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာ ငါးဖမ်း လှေများနဲ့ ကဲ့ယူကာ အိန္ဒိယ ခွဲထွက်ရေးသူပုန်များထံ ဆက်လက်ပို့ဆောင်ကြောင်း သိရှိရပါတယ်။
..
တရုတ်ဟာ အိန္ဒိယ ခွဲထွက်ရေးအုပ်စုများအပေါ် သြဇာလွှမ်းမိုးထားပေမယ့် ကြီးမားတဲ့ အကြမ်းဖက်လုပ်ရပ်များ ကို ပြောင်ပြောင်တင်းတင်း ထောက်ခံခြင်းမှ ရှောင်ကြဉ်ပြီး အခိုင်အလုံ ငြင်းပယ်နိုင်ဖို့ ဆက်လက်ထိန်းသိမ်း ထားပါတယ်။ သို့သော်လည်း အထူးသဖြင့် ဒေသတွင်းအပြင် နယ်ပယ်တစ်ခုခုနဲ့ ပတ်သက်တဲ့ ပဋိပက္ခများမှာ သောင်းကျန်းသူအဖွဲ့များက ပိုမိုပူးပေါင်းလာနေခြင်းကြောင့် တရုတ်ရဲ့ ချဉ်းကပ်မှုမှာ ပြောင်းလဲလာနိုင်ကြောင်း လတ်တလောဖြစ်ရပ်များက အရိပ်အမြွက် ပြသနေပါတယ်။ တကယ်တော့ အာသံခွဲထွက်ရေး ခေါင်းဆောင် တစ်ဦး ယူနန်ုပြည်နယ်မှာ ခိုလှုံနေခြင်းဟာ တရုတ်တု့ိအတွက် ဖုံးကွယ်ရန် ခဲယဉ်းပါတယ်။ အိန္ဒိယ မြောက်ပိုင်း ကက်ရှမီးယားအရှေ့ဖျား လက်ဒက်ဒေသ နှစ်နိုင်ငံစစ်သားတို့ အချင်းများရာက လူသေဆုံး ဒဏ်ရာရမှုဖြစ်ပေါ် လာပြီး နောက်ပိုင်း အိန္ဒိယခွဲထွက်ရေးသမားများနဲ့ တရုတ်ရဲ့ ဇာတ်ကြောင်းဟာ လူသိရှင်ကြားဖြစ်လာပါတယ်။
.
အတိုချုပ်ပြောရလျှင် အဲ့ဒီအုပ်စုတွေကို ထောက်ခံရခြင်းတဲ့ပတ်သက်ပြီး တရုတ်ရဲ့ရည်ရွယ်ချက်ကို အတိအကျ တိုင်းတာရန် ခက်ခဲပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး အကျပ်အတည်းကာလ နယူးဒေလီကို ဖိအားရန်အတွက် တော့ သေချာသလောက်ရှိပါတယ်။ ဆက်ဆံရေးမှာ ပြင်းထန်စွာ ဆုတ်ယုတ်နေခိုက် တရုတ်အနေနဲ့ အရှေ့ မြောက်ဖျားနဲ့ အခြားနေရာများမှာ နယူဗဒလီကို ဖိအားပေးနိုင်ပါတယ်။ ဒါပေမယ့် (မြန်မာနိုင့် တိုင်းရင်းသား လူမျိုးစု ပြည်နယ်များအပါဝင်) အိန္ဒိယအရှေ့မြောက်ဖျား ပြည်နယ်များဟာ အချင်းချင်း ညီညွတ်ခြင်း မရှိကြပါ ဘူး၊ အိန္ဒိယရဲ့ လုံခြုံရေး မဟာဗျူဟာကို ရှုတ်ထွေးအလုပ်များစေတာအမှန်ဖြစ်ပေမယ့် နယူးဒေလီရဲ့ပျက်စီးမှု ကို မဟာဗျူဟာမြောက် ဖန်တီးတဲ့အထိတော့ မဖြစ်နိုင်ပါဘူးလို့ ဒစ်ပလိုမက်သတင်းအေဂျင်စီက ဝေဖန်သုံး သပ်ထားပါတယ်။
..
#အိန္ဒိယအရှေ့မြောက်ပိုင်းသူပုန် #တရုတ်နိုင်ငံ #အာသံ #မီဇိုရမ် #နာဂပြည်နယ် #မဏိပူရ #KNU
#မက်ဂါလယာ #တြိပူရ #နယ်ခြားစောင့်အာသံရိုင်ဖယ်တပ် #မွန်အမျိုးသားတပ်ဦး #တရုတ်ထောက်လှမ်းရေး
#နာဂအုံကြွမှု_အရေးအခင်း #စီလီဂူရီစင်္ကြံ #အာရူနာချယ်ပရာဒက်ရှ်
..

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago