U Myint Khaing ( Psychology)

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

1 week ago

သံဝေဂရဖွယ်
--------------------

US မှာ ပြည်နယ် လေးဆယ်လောက်နှင်းမုန်တိုင်းကြကျ

UK မှာ နှင်းမုန်တိုင်းကျ ရေကြီး

တရုတ် နိပေါ တိဗက်ဒေသ ငလျှင်ကြီးတွေလှုပ်

မက္ကာ မှာ နှစ်နာရီလောက် မိုးရွာ ရေကြီး

တရုတ်မှာ နောက်ဆက်တွဲငလျင် 62 ကြိမ် ရှိပြီတဲ့

သံဝေဂ ရစရာပါပဲ

ကမ္ဘာကြီးရဲ့ အခြေအနေဟာ မနက်ဖန် ဘာဖြစ်မယ် ဆိုတာတောင် ကြိုမတွေးရဲစရာပါပဲ။

ဒီလောက်နဲ့ မရပ်သေးဘူး ထူးကဲ သဘဝဘေးကြီးတွေ ထပ်လာဖို့ရှိတယ်

ကိုယ့်နိုင်ငံအတွက်လည်း ကုသိုလ်များများလုပ်ထားကြဖို့နဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ကြဖို့ အထူးသတိရှိနေဖို့ လိုအပ်ပါတယ်

ဦးမြင့်ခိုင်

1 week, 1 day ago

အရူးလို မဖြစ်စေနဲ့
-----------------

ဆင်းရဲတာမှ ဒုက္ခရောက်တယ်မထင်နဲ့
ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ

မုန်းမှ စိတ်ပူလောင်ရတာ
မဟုတ်ဘူး ချစ်ရင်လည်း စိတ်ပူလောင်ရတာပဲ!!!!

လောကဓံတရား ရှစ်ပါး ဆိုတာ
ဆန့်ကျင်ဘက် တရားတွေပဲ
အပြန်အလှန် ဒုက္ခ ရောက်နေကြတာ
လောကဓံ မုန်တိုင်းနဲ့
ကြံ့ခိုင်သည့်စိတ်ထား
ဘယ်လိုထားမလဲဆိုတာပဲ
အရေးကြီးတယ်

သက်ဆိုးရှည်တယ် ဆိုတာ
လောဘ ဒေါသ မောဟ
အကုသိုလ် မကင်းပဲနဲ့ အသက်ရှင်နေတာ

သက်ကောင်း ရှည်တယ်ဆိုတာ
ကုသိုလ်ကောင်းမှုတွေ များများလုပ်ရင်းနဲ့
အသက်ရှင်နေတာ

ငွေ ဂုဏ် ရာထူး စည်းစိမ်
နောက်လိုက်ရင်းနဲ့
မိသားစုနဲ့ ဝေးသထက်
ဝေးနေကြရတယ်
ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့
အတူမနေရတဲ့ နေ့တွေ ပိုများလာတယ်

ကိုယ့်ဇာတိ ကိုယ့်အိမ်ယာမှာ
နေရတဲ့ ရက်တွေ မရှိသလောက်
ရှားလာတယ်
ကုသိုလ် ကောင်းမှုတွေ လုပ်ဖို့
အချိန်မရှိသလောက် ဖြစ်လာတယ်

သာသနာ ထွန်းကားတယ် ဆိုတာ
အမှန်တရားကို သိရှိတာ
လက်ခံတာ လိုက်နာ ကျင့်သုံးတာ

သာသနာ ကွယ်တယ်ဆိုတာ
အမှန်တရားကို မသိတာ
လက်မခံတာ မလိုက်နာ မကျင့်သုံးတာ

ကြောက်တဲ့ စိတ်နဲ့ ကြည့်ရင်
တစ်လောကလုံးက
ကြောက်စရာချည်းပဲ

သံသယ စိတ်နဲ့ ကြည့်ရင်
အရာရာဟာ သံသယ ဖြစ်စရာချည်းပဲ

အားကိုးချင်တဲ့ စိတ်နဲ့ ကြည့်ရင်
အကုန်လုံးက အားကိုး ချင်စရာချည်းပဲ

လိုချင်တဲ့ စိတ်နဲ့ကြည့်ရင်
အရာရာ လိုချင်စရာချည်းပဲ

စားချင်တဲ့ စိတ်နဲ့ ကြည့်ရင်
အရာရာ စားချင်စရာ ချည်းပဲ

အရာရာစိတ်ပဲ
စိတ်က ဖန်ဆင်းထားတာပါပဲ

အရာရာ ရှိတာမဟုတ်ပဲ
စိတ်ရဲ့သတ်မှတ်ချက်တွေပဲ ရှိနေတာ
စိတ်က လက်ခံရင် လက်ခံသလို ဖြစ်တာပါပဲ
ဦးနှောက်နဲ့တော့ ဉာဏ်မှီမှာ မဟုတ်ဘူး

ဖန်ဆင်းထားတာတွေ
သတ်မှတ်ထားတာတွေကို
ပညတ်/ ပရမတ် သိတာနဲ့လည်း
မမြတ်သေးဘူး
ပညတ် / ပရမတ်ကွဲတာနဲ့လည်း
မမြတ်သေးဘူး

ပညတ် / ပရမတ် နှစ်ခုစပ်
သိတတ်သူက မြတ်တယ်

သတိမရှိရင်
၁စက္ကန့် /၁မိနစ်/ ၁နာရီ အတွင်းမှာ
အကုသိုလ် စိတ်တွေ
လှေတွေ လှည်းတွေ ကားတွေနဲ့
တိုက်လို့ မကုန်နိုင်အောင် များလွန်းလှတယ်

သတိနဲ့ မနေတဲ့ စိတ်ဟာ
အရူး လိုပါပဲ

တရားအားထုတ်တယ်ဆိုတာ
စိတ်ကိုပြင်တဲ့ အလုပ်ပါပဲ

ဂေါတမမြတ်စွာဘုရား
နောက်ဆုံးသာသနာမှာ
စိတ်ကိုပြင်ဖို့ အရေးတကြီး လုပ်သင့်ပါပြီ။

မင်းကွန်းဆရာတော်ဘုရားကြီး

ဦးမြင့်ခိုင်

1 week, 2 days ago

"တရားနာသောသူများ ထားရမည့်ရည်ရွယ်ချက်"
------------------

တရားနာတယ်ဆိုကတည်းက ရည်ရွယ်ချက်က ဘာထားရမလဲဆိုရင် "မြတ်စွာဘုရားဟောတဲ့တရားကို ဓမ္မကထိက ဆရာတော်တွေဆီက တို့နာမယ်၊ နာပြီးရင် သင်ခန်းစာယူသင့်တဲ့ဟာ ယူမယ်၊ ရှောင်သင့်တာ ရှောင်မယ်၊ ဆောင်သင့်တာ ဆောင်မယ်၊ ဒီတရားတွေအတိုင်း လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားအားထုတ်မယ်" ဆိုတဲ့
ဒီလို နှလုံးသွင်းထားရှိရမယ်။

အဲဒီ နှလုံးသွင်းမရှိဘဲနဲ့ အိမ်မှာနေရာတာပျင်းလို့ တရားပွဲသွားဦးမယ် ဆိုတာမျိုးကတော့ မဟုတ်သေးဘူးနော်။ အဲဒါကြောင့်မို့ တရားပေါ်မှာ စိတ်ဝင်စားမှုဆိုသည်မှာ နားလည်ဖို့အတွက် စိတ်ဝင်စားတာဖြစ်ရမယ်။ ကိုယ့်ဘဝနဲ့ပတ်သက်ပြီး ဘဝကို ရှင်းရှင်းလင်းလင်း မြင်ဖို့ရာအတွက် မြတ်စွာဘုရားဟောတဲ့ တရားအဆုံးအမတွေ နာယူကြရမှာဖြစ်မယ်။

အဲဒီလို နာယူပြီး တရားဓမ္မကို လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ကျမှ အကျိုးသက်ရောက်မှုဆိုတာ ဖြစ်လာနိုင်မယ်ပေါ့။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် အကျိုးသက်ရောက်မှုဆိုတာ မဖြစ်နိုင်ဘူး။

(ကျေးဇူးတော်ရှင် ပါ/ချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ "အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်" တရားတော်စာအုပ် စာမျက်နှာ(၁၀)မှ ထုတ်နုတ်ပူဇော်သည်

crd

ဦးမြင့်ခိုင်

1 week, 3 days ago
U Myint Khaing ( Psychology)
1 week, 3 days ago

ကိုယ့်ကိုကိုယ်သာ အားကိုးပါ
------------------

ကံတွေရဲ့ အကျိုးပေးမှု့ကို AI. နည်းပညာနဲ့ တွက်လို့မရပါဘူး။

စေတနာ ဇော တွေရဲ့ အကျိုးပေးမှူ့တွေကို
သိပ္ပံကိရိယာနဲ့ ဘယ်တော့မှ တွင်လို့မရနိုင်ဘူး။

ရှေးဘဝအကြောင်းတွေလနောက်ဘဝအကြောင်းတွေကို ဘယ်သိပ္ပံကိရိယာနဲ့မှ တွက်လို့မရဘူး။

တရားအားထုတ်လို့ သမာဓိကြောင့် တွေ့မြင်လာရတဲ့ ဓမ္မရဲ့သဘောတွေကို သိပ္ပံကိရိယာနဲ့ တွက်လို့မရဘူး။

မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗါန် ဆိုတဲ့ လောကုတ္တရတရား ကိုးပါးဟာ ဘယ်လိုသောသိပ္ပံပစ္စည်းနဲ့မှ ဘယ်သောအခါမှ လုပ်ယူလို့မရဘူး။

လူသားတွေ တီထွင်တဲ့ ကိရိယာဟာ လောကီအတွက်သာ အမြင့်ဆုံးအကျိုးရှိစေမှာပါ၊

ကံ ကံရဲ့အကျိုး အတိတ်အကြောင်း အနာဂါတ်အကြောင်း သစ္စာအကြောင်း မဂ်ဖိုလ်အကြောင်း တွေဟာ သမ္မာသဗ္ဗုဒ ဉာဏ်တော်ကြီးရဲ့ အရာတွေမို့ ဘယ်လောက်ပဲ သိပ္ပံ ထွန်းကားပါစေ မှီစရာအကြောင်းမရှိပါဘူးလေ။

လောကီအတွက်တော့ သိပ္ပံကိုမျှေယ်လင်ပါ သံသရာအတွက်တော့ လူသားတွေကိုယ့်ကိုကိုယ်သာ မျှော်လင့်ရပါလိမ့်မယ်။

ဦးမြင့်ခိုင်

1 week, 4 days ago

"တရားနာသောသူများ ထားရမည့်ရည်ရွယ်ချက်"
------------------

တရားနာတယ်ဆိုကတည်းက ရည်ရွယ်ချက်က ဘာထားရမလဲဆိုရင် "မြတ်စွာဘုရားဟောတဲ့တရားကို ဓမ္မကထိက ဆရာတော်တွေဆီက တို့နာမယ်၊ နာပြီးရင် သင်ခန်းစာယူသင့်တဲ့ဟာ ယူမယ်၊ ရှောင်သင့်တာ ရှောင်မယ်၊ ဆောင်သင့်တာ ဆောင်မယ်၊ ဒီတရားတွေအတိုင်း လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားအားထုတ်မယ်" ဆိုတဲ့
ဒီလို နှလုံးသွင်းထားရှိရမယ်။

အဲဒီ နှလုံးသွင်းမရှိဘဲနဲ့ အိမ်မှာနေရာတာပျင်းလို့ တရားပွဲသွားဦးမယ် ဆိုတာမျိုးကတော့ မဟုတ်သေးဘူးနော်။ အဲဒါကြောင့်မို့ တရားပေါ်မှာ စိတ်ဝင်စားမှုဆိုသည်မှာ နားလည်ဖို့အတွက် စိတ်ဝင်စားတာဖြစ်ရမယ်။ ကိုယ့်ဘဝနဲ့ပတ်သက်ပြီး ဘဝကို ရှင်းရှင်းလင်းလင်း မြင်ဖို့ရာအတွက် မြတ်စွာဘုရားဟောတဲ့ တရားအဆုံးအမတွေ နာယူကြရမှာဖြစ်မယ်။

အဲဒီလို နာယူပြီး တရားဓမ္မကို လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ကျမှ အကျိုးသက်ရောက်မှုဆိုတာ ဖြစ်လာနိုင်မယ်ပေါ့။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် အကျိုးသက်ရောက်မှုဆိုတာ မဖြစ်နိုင်ဘူး။

(ကျေးဇူးတော်ရှင် ပါ/ချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ "အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်" တရားတော်စာအုပ် စာမျက်နှာ(၁၀)မှ ထုတ်နုတ်ပူဇော်သည်

crd

ဦးမြင့်ခိုင်

1 week, 6 days ago

ယနေ့ည အဓိဋ္ဌာန်တရက်နားပါသည်
မနက်ဖန် ည
ရတနသုတ်(၃)ကြိမ်
အာဋာနာဋိယသုတိ (၃)ကြိမ်
ပူဇော်ကြပါမည်

အချိန်
ည(၉)နာရီ
ကိုးရက်အဓိဋ္ဌာန် ပါ

ပြန်လည်မျှဝေပေးကြပါရန်

ဦးမြင့်ခိုင်

2 weeks ago

နှစ်ဦးဆုတောင်း
------------------
မကောင်းမှူ့ ရှောင်
ကောင်းမှူ့ဆောင်
ဖြူအောင်စိတ်ကိုထားကြပါ၊

ဘေးမှန်သမျှ
အကာအကွယ်ရဖို့
ကုသိုလ်များများ လုပ်ကြပါ၊

ရန်သူ မိတ်ဆွေ
ဤ နှစ်ထွေ
ရွေးကာ ပေါင်းကြပါ။

ကောင်း ဆိုး နှစ်တန်
လောကဓံ
မတုန် မလှုပ် သည်းခံပါ၊

ကပ်ဆိုး ကပ်ညစ်
ကျော်လွှားပြစ်ဖို့
သတိ ဉာဏ်ပညာ ရှိကြပါ၊

တဦး နှင့် တဦး
ရွှင်ကြည်နူးဖို့
မေတ္တာ သစ္စာ ပြုကြပါ။

စိတ်အကြံမြာက်
အဓိဋ္ဌာန်ပေါက်
နောက်ဆုံး နိဗ္ဗါန် ရောက်ကြပါစေ။

ဦးမြင့်ခိုင်

2 weeks, 3 days ago

လူသားတို့ရဲ့အခွင့်အရေး "
----------------

အထက် တက်ချင်သလား ?
လူသာ တက်လို့ရတယ်။

အောက် ဆင်းချင်သလား ?
လူပဲ ဆင်းနိုင်တယ်။

လူပဲ .... ,
လူသားတွေက ဣစ္ဆာသယ ပဲ။

နတ်တွေ, ဗြဟ္မာတွေက
တို့ လူသားတွေထက် ဉာဏ်, ပိုကောင်းကြတယ်။

ဒါပေမယ့် ....
သူတို့မှာ ကျင့်နိုင်တဲ့ ရုပ် မရှိတော့
အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။

နတ်တွေ, ဗြဟ္မာတွေ ဆိုတာက
လူ့ဘဝ ကနေ ကျင့်ဖို့ရာ ပါသွားမှသာ
ဟိုမှာ ဆက်ကျင့်နိုင်တာ။

ဒီကနေ ပါမသွားရင်
အန္တုပြည်မှာ အလကားပဲ၊ ဘာမှ မလုပ်နိုင်ဘူး။

နတ်မှာ အခွင့်အရေးက တို့လို မရှိဘူး။
သိတယ်, ဒါပေမဲ့ မကျင့်နိုင်ဘူး။

ငရဲတို့, ပြိတ္တာတို့ ဆိုတာ ထားလိုက်တော့။

တို့နားက ဘူတရုပ်( ပထဝီ, အာပေါ, တေဇော, ဝါယော ဟူသော ရုပ်ကြီးလေးပါး ) နှင့် ပတ်သက်တဲ့ ဆင်တို့, ကြံ့တို့ ဘာတို့, ညာတို့ တွေက သိနိုင်တဲ့အသိ မရှိကြဘူး။

တို့ လူသားတွေမှာ ကျတော့
သိနိုင်တဲ့ အသိလည်း ရှိတယ်
ကျင့်နိုင်တဲ့ အကျင့်လည်း ရှိတယ်။

လူသားတွေရဲ့ တန်ဖိုးက ကျင့်လည်း ကျင့်နိုင်တယ်
ကျင့်သလောက်လည်း သိနိုင်တယ်။
ဣစ္ဆာသယ ဘဝက လူသားတွေမှာပဲ ရှိပါတယ်။

ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

crd

ဦးမြင့်ခိုင်

2 weeks, 3 days ago

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးလည်း တောထွက်ခါကစ သထုံမှာ အဲဒီလို အမှုအခင်းမျိုးဖြစ်အောင် မာရ်နတ်က နှောင့်ယှက်လို့ တောပြောင်းပြီး ကျင့်ကြံခဲ့ရပါတယ်။

ဒါ့ကြောင့် ဗုဒ္ဓ က " တင်ပျဥ်ဖွဲ့ခွေ၍ အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာထားလျှက် ထိုင်နေသော ရဟန်း, ယောဂီ တို့သည် မာရ်နတ်၏ စိတ်ကို တုန်လှုပ်စေ၏ " လို့ မိန့်တော်မူခဲ့ပါတယ်။

ဝိပဿနာတရား အားထုတ်တော့မယ် ဆိုရင် အဲဒီ မာရ်နတ်ရဲ့ အဖျက်တွေကို ကြိုသိထားဖို့ လိုအပ်ပါတယ်။

ဘယ်အချိန်မှာ တောထွက်မယ်, ဘယ်အချိန်ရောက်ရင် တရားဘက် လှည့်တော့မယ် ဆိုတဲ့ သူတွေ သတိထားသင့်ပါတယ်။

ဒီစာကို ရေးတဲ့သူလည်း သပိတ် နှစ်လုံးစာလောက်တော့ ကုန်နေပြီ၊ ခုထိ တောမထွက်နိုင်သေးပါဘူး။ ဓမ္မ မိတ်ဆွေ တို့ရော သပိတ် ဘယ်နှစ်လုံးစာလောက် ကုန်ပြီးကြပါပြီလဲ။

သတ္တဝါတိုင်း တရားတွေ့၊ အေးချမ်းကြပါစေ။

ဦးမြင့်ခိုင်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago