Sitt Naing(69)

Description
ပြည်ထောင်စုသတင်းစဥ်များနှင့်
တပ်မတော်သတင်းစဥ်များဖော်ပြမည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 6 months, 4 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 11 months, 1 week ago

7 months ago
ဒီဇင်ဘာ ၂၂

ဒီဇင်ဘာ ၂၂

ညီဖြစ်သူ၏ မင်္ဂလာဆောင်ကိုလာရောက်သည့် ဗိုလ်မှူးနှင့်ညီမဖြစ်သူတို့ အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နေ့လည်(၂)နာရီဝန်းကျင်အချိန်ခန့်၌ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ အမှတ်(၁၃၁)ရှိ APOLLO Hotel ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ APOLLO Hotel တွင် ကျင်းပသည့် ညီဖြစ်သူ၏ မင်္ဂလာဧည့်ခံပွဲသို့ လာရောက်သည့် ဗိုလ်မှူးသည် ဧည့်ခံပွဲပြီးဆုံး၍ Hotel မှ ပြန်လည်ထွက်ခွာစဉ် Hotel ရှေ့ရှိ အထက်ဗဟိုလမ်းပေါ်အ‌ရောက်တွင် အမျိုးသား(၂)ဦးမှ ပစ္စတိုသေနတ်ဖြင့် (၄)ချက်ခန့်ပစ်ခတ်ပြီး ဒေါ်လှပန်းလမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း အထက်ပါလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူက ပြောသည်။

ပစ်ခတ်ခံရသူတွင် လက်ဖျံ၌ သာ အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီးလက်ရှိတွင် လုပ်ကြံပစ်ခတ်ခဲ့သည့် အမျိုးသား(၂)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

7 months ago
Sitt Naing(69)
7 months ago
Sitt Naing(69)
7 months ago
အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

ဒီဇင်ဘာ ၁၆

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့်ပြည်သူ့ရင် ပြင်သို့ ဖြတ်သန်းသွားလာသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာဖြစ်စေရန်ဆောက်လုပ်နေသည့် မြေအောက်လမ်းကူးလူသွားဥမင် Underpass ၏အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် Underpass အား ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြားတွင်တည်ဆောက်လျက်ရှိခြင်းဖြစ်ပါတယ်။

ထိုသို့ တည်ဆောက်ခဲ့ရာမှ လက်ရှိအချိန်တွင် အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါတယ်။

7 months ago

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် တည်ထောင်ခြင်း ၁၁၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

ဒီဇင်ဘာ ၁၆ 

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် တည်ထောင်ခြင်း ၁၁၅ နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲအား ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောနှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ ချာလီသန်း အစရှိသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောက နှုတ်ခွန်းဆက်စကား ပြောကြားပြီး သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါတယ်။

မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

(Xinhua)

7 months ago
Sitt Naing(69)
10 months ago

ည​နေပိုင်းတွင် မော်စကိုမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

10 months ago

Myanmar Newspapers:
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်နှင့် အထင်ကရနေရာများ ကြည့်ရှုလေ့လာပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အဖွဲ့သည် BRICS Media Summit သို့တက်ရောက်ရန် ​မော်စကိုမြို့၌ ရောက်ရှိ​နေကြ​သည့် မီဒီယာဆိုင်ရာကိုယ်စားလှယ်များနှင့်အတူ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ​မော်စကိုမြို့ရှိ အထင်ကရနေရာများဖြစ်​သော ကရင်မလင်နန်း​တော်နှင့် ​ရှေး​ဟောင်းပြတိုက်များ၊ အညတရသူရဲ​ကောင်းတစ်ဦး၏ ဂူဗိမာန်၊ ရင်ပြင်နီ၊ ဗာစီလီး ဘလာရမ်း နီရီဘုရား​ကျောင်း၊ ဘာသာ​ရေးဆိုင်ရာ အဓိကဘုရား​ကျောင်း​နေရာများသို့ သွား​ရောက်ပြီး ကြည့်ရှုလေ့လာကြသည်။

အကြီးဆုံးမြို့များထဲမှ တစ်မြို့

မော်စကိုမြို့သည် Moskva မြစ်​ပေါ်တွင်တည်ရှိပြီး လူဦးရေ ၁၃ သန်းကျော် ​နေထိုင်​ကြောင်း သိရသည်။ ​မော်စကိုမြို့သည် ကမ္ဘာ​ပေါ်ရှိ အကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ပြီး မြို့အမည်မှာ Moskva မြစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။

၁၁၅၆ ခုနှစ်တွင် ရုရှားမင်းသားကြီး ယူရီးရီဒေါ်လဂါရုကီးရီက ပထမဆုံးခံတပ်ကို ဘာရောဗြီ စကီးရီ (မှို) တောင်ကုန်းပေါ်၌တည်ဆောက်ခဲ့ပြီး ၁၆ ရာစုနှစ်များတွင် ထိုခံတပ်သည် ကရင်မလင် (နန်းတော်) အဖြစ် ပြောင်းလဲလာခဲ့​​ကြောင်းသိရသည်။ မင်းသားကြီးယူရီးရီ ဒေါ်လဂါရုကီးရီက မော်စကိုမြို့ကို တည်ဆောက်ခဲ့သည်ဟု အသိအမှတ်ပြုကြပြီး ရင်ပြင်နီမှာ ၁၅ ရာစုတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က တော့ရဂ် (ဈေး) ဟုခေါ်ခဲ့ရာမှ ဖြည်းဖြည်းချင်း တော့ရဂ်သည် မြို့တော်၏ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာကိစ္စများအတွက် အချက်အချာနေရာ ဖြစ်လာခဲ့သည်။ သတင်းများသိရှိနိုင်ရန်၊ ရှင်ဘုရင်၏ အမိန့်များကို ကြားသိနိုင်ရန်အတွက် လူများက ထိုနေရာသို့ သွားခဲ့ကြခြင်းဖြစ်သည်။ ၎င်းနေရာ၌ ရောင်းဝယ်ဖောက်ကားမှုများက အမြဲတမ်းဖြစ်နေခဲ့ သည်။ ဗာစီလီးဘလာရမ်းနီရီ ဘုရားရှိခိုးကျောင်းသည် ရင်ပြင်နီကို အဓိကအလှဆင်ထားသည်။ ထိုဘုရားကျောင်းကို ၁၅၆၁ ခုနှစ်က တည်ဆောက်ခဲ့​ကြောင်း သိရသည်။ ၁၈၁၂ ခုနှစ်တွင် နပိုလီယံ၏ တပ်များကို အောင်နိုင်သည့် အထိမ်းအမှတ်အဖြစ် အများပြည်သူတို့၏ လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့သော ခရစ်စထ်စပါစီးကျေးလ် (ကယ်တင်ရှင်ခရစ်တော်) ဘုရားရှိခိုးကျောင်းမှာလည်း စိတ်ဝင်စားစရာ သမိုင်းကြောင်းရှိသည်။ ၁၈၃၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၃ ခုနှစ်တွင် ပြီးစီးကာ ဘုရားကျောင်းကို အကောင်းဆုံးပန်းချီဆရာများ၊ ပန်းပုဆရာများ၏လက်ရာများဖြင့် အလှဆင်ထားသည်။ ၁၉၉၅ ခုနှစ်တွင် ဘုရားကျောင်းပြုပြင်မွမ်းမံရေးလုပ်ငန်းများကိုစတင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ဆေးခြယ်အလှဆင်မှုများ ပြီးစီးသည်။ ၂၀၀၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက်တွင် ခရစ်စထ်စပါစီးကျေးလ် ဘုရားရှိခိုးကျောင်းကြီးကို ဖွင့်လှစ်ခဲ့​ခြင်းဖြစ်သည်။

ရှင်းလင်းဖြေကြား

ပြည်​ထောင်စုဝန်ကြီးသည် Centre for Public and Business Cooperation with the Republic of the Myanmar ၏ သတင်းမီဒီယာအဖွဲ့နှင့်တွေ့ဆုံပြီး ရုရှား - မြန်မာ နှစ်နိုင်ငံ ပူး​​ပေါင်း​​ဆောင်ရွက်​ရေး ​ဆောင်ရွက်​နေမှုများ၊ မြန်မာနိုင်ငံ၏ ပကတိဖြစ်ရပ်မှန်အ​ခြေအ​နေ၊ အာရှနိုင်ငံအချို့တွင် ​ကြုံတွေ့နေရသလို မြန်မာနိုင်ငံတွင်လည်း ​ရေ​ဘေးအန္တရာယ် ကြုံ​တွေ့​နေရမှု၊ နိုင်ငံ​တော်အကြီးအကဲနှင့် တာဝန်ရှိသူများက ရေ​​ဘေးကူညီကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​ထောင်​ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်​နေမှု၊ ​ပြည်လုံးကျွတ် သန်း​ခေါင်စာရင်း​ ကောက်ယူ​ရေးအတွက် ​ဆောင်ရွက်​နေမှုအ​ခြေအ​နေများကို ရှင်းလင်း​ဖြေကြားသည်။

လက်ရှိအခြေအနေမှန်ဆွေးနွေး

ပြည်​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်းသည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ​မော်စကိုမြို့ရှိ ရုရှားဖက်ဒ​ရေးနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စစ်သံမှူး ဗိုလ်မှူး​ချုပ်မိုးကျော်နှင့် သံရုံး၊ စစ်သံရုံးဝန်ထမ်းများအားတွေ့ဆုံကာ နိုင်ငံ​တော်၏ လက်ရှိအ​ခြေအ​နေမှန်များ၊ သတင်းတုသတင်းမှားများအပေါ် ဆန်းစစ်​ဝေဖန်ပိုင်းခြားနိုင်​ရေး၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦး​ဆောင်၍ ယ​နေ့ ပညာ​ရေး၊ ကျန်းမာ​ရေး၊ ​ရေ​ဘေးကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​ထောင်​​ရေး၊ နိုင်ငံ​တော်လုံခြုံ​ရေးအတွက် ဆောင်ရွက်​နေမှုများကို ရှင်းလင်း​ဆွေး​နွေးသည်။

ထို့​နောက် ပြည်​ထောင်စုဝန်ကြီးက သံအမတ်ကြီး၊ စစ်သံမှူးနှင့် ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ​ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်​ထောင်စုဝန်ကြီးသည် တည်းခိုသည့် Plaza Garden ဟိုတယ်၌ ရုရှား Roscongress မှ အ​ရှေ့​တောင်အာရှဆိုင်ရာအကြီးအကဲ Mr. Sergey Vladimirovich နှင့် အလွတ်သဘောတွေ့ဆုံ၍ ရုရှား - မြန်မာ မီဒီယာပူး​ပေါင်း​ဆောင်ရွက်မှုများ အမြန်ဆုံး အကောင်အထည်​ဖော်​ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်း​ဆွေး​နွေးခဲ့ကြသည်။

10 months ago

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ တာဝန်ရှိသူများတက်ရောက် ကြသည်။

ဦးစွာ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေးသည် အွန်လိုင်းမှ ရုပ်ရှင်များနှင့်ဗီဒီယိုဇာတ်ကားများကို တရားမဝင်ခိုးယူမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်တားဆီးရေးအဖွဲ့၏ စတုတ္ထအကြိမ်မြောက်ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ တတိယအကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ခဲ့သည့် အချက်များအနက်မှ အင်တာနက်အသုံးပြုပြီး ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ထုတ်လွှင့်ပြသနေသည့် အွန်လိုင်းပလက်ဖောင်းများ တရားဝင်လိုင်စင်ပြုလုပ်ပေးနိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာ Application များ ဖြင့်ထုတ်လွှင့်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ဇာတ်ကားများကို ထုတ်လွှင့်ပြသခြင်း စသည့်လုပ်ငန်းများကိုစိစစ်ပြီး တရားဝင်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ဇာတ်ကားများကို တင်ပြလာပါက စိစစ်ပေးနိုင်ရန် စိစစ်ရေးအဖွဲ့ကိုလည်း အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ရုပ်ရှင်နှင့်ဇာတ်ကားများ တရားမဝင်ခိုးယူဖြန့်ချိခြင်းများနှင့်စပ်လျဉ်း၍ တိုင်းကြားလာပါက အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်နိုင်ရန် Contact List အဖြစ် အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များကို Viber နှင့် Telegram တို့တွင် Group များဖွဲ့ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းမှ ရုပ်ရှင်များနှင့်ဗီဒီယိုဇာတ်ကားများကို တရားမဝင်ခိုးယူပြီး ထုတ်လွှင့်နေမှုများကိုလည်း ပြည်သူများသိရှိနိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း။

ငွေကြေးအကုန်အကျခံကာ ထုတ်လုပ်ထားသည့် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ တရားမဝင် ခိုးယူဖြန့်ချိမှုပပျောက်ရန် ဝိုင်းဝန်းတိုက်ဖျက်သွားကြရမည်ဖြစ်ပြီး မည်သို့ကာကွယ်ဆောင်ရွက်ရမည်ကို ဆွေးနွေးကြစေလိုကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ရန် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေး အဖွဲ့အတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်သွယ်တိုင်ကြားနိုင်ရေးအဖွဲ့ခွဲ၊ စောင့်ကြည့်စိစစ်လေ့လာရေးအဖွဲ့ခွဲ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ခွဲ၊ အရေးယူဆောင်ရွက်ရေးအဖွဲ့ခွဲနှင့် အသိပညာပေးရေးအဖွဲ့ခွဲများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြကြရာ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 6 months, 4 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 11 months, 1 week ago