ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006
Last updated 1 month, 3 weeks ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 2 months ago
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) - https://www.facebook.com/besya2021?mibextid=ZbWKwL
တော်လှန် ကျောင်းသားလူငယ်များအားလုံး မင်္ဂလာပါရှင်။ တော်လှန်ရေးအရှိန်အဟုန် ကြာမြင့်လာသည်နှင့်အမျှ မိမိတို့ ကျောင်းသားလူငယ်များရဲ့ ကာယစွမ်းအားဖြင့်သော်လည်းကောင်း၊ ဉာဏစွမ်းအားဖြင့်သော်လည်းကောင်း ပံ့ပိုးပေးတဲ့ အထောက်အပံ့တွေ လိုအပ်လျက်ရှိတယ်ဆိုတာကို မိမိတို့အသိပဲ ဖြစ်ပါလိမ့်မယ်။ ကျောင်းသားလူငယ်များအနေနဲ့ မိမိတို့အသီးသီးမှာ ရှိနှင့်ကြသော အမျိုးမျိုးသောစွမ်းအားများဖြင့် တော်လှန်ရေးတွင် တစ်ထောင့်တစ်နေရာမှာ ပါဝင်နိုင်ရန် မိမိတို့ အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး(အကလ) မှ ကျောင်းသားလူငယ်တို့အား လက်ကမ်းကြိုဆိုလျက်ရှိပါတယ်။
ကျောင်းသားလူငယ်တို့ အနေနှင့် အောက်တွင်ဖော်ပြထားသော ဒေသများအရ မိမိတို့ဒေသ သို့်မဟုတ်တည်း မိမိတို့ဒေသမဟုတ်သော်လည်း မိမိတို့ စိတ်ဝင်စားမိသော အခြားသောဒေသများရှိ အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး (အကလ) ၏ မြို့နယ် (အကလ) ၊ ကျောင်း (အကလ) များသို့ ဆက်သွယ်စုံစမ်းပါဝင်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။
"လူငယ့်အားဖြင့် နိုင်ငံသစ်တည်
အကလမှသည် ကျောင်းသားလူငယ်ထုဆီ"
လူငယ့်အသံ အပိုင်း(၄)
ဒီတစ်ပတ်တော့ လူငယ်များကြားကိုလှုပ်ခတ်သွားစေတယ့် 'ပြည်သူ့စစ်မှုထမ်း'ဥပဒေအကြောင်းကို Rangoon Scout Network (RSN)ကိုရေဆန်ကနေ ဖြေကြားပေးထားပါတယ်
ဒီထဲမှာ ပါဝင်မယ့်အကြောင်းအရာများက
-ကိုရေဆန်ရဲ့စစ်မှုထမ်းဥပဒေအပေါ်အတွေးနဲ့အမြင်
- ဒီလိုစစ်မှုထမ်းဥပေဒကြောင့်လူငယ်များလက်နက်ကိုင်လမ်းစဉ်ကိုပိုမိုရွေးချယ်ချယ်လာနိုင်တာကို အကြမ်းဖက်စစ်ကောင်စီက မတွက်ချက်ခဲ့ဘူးလားဆိုတယ့်အကြောင်းအရာများကိုနားဆင်ရမှာဖြစ်ပါတယ်
#လူငယ့်အသံ
#အထက၁သင်္ဃန်းကျွန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
https://www.facebook.com/share/v/yCQV16U7oU2eXoVv/?mibextid=oFDknk
မိဘပြည်သူတို့ခင်ဗျား...
ရန်သူ စစ်ကောင်စီဘက်မှ ထုတ်ပြန်ခြိမ်းခြောက်ကာ အတည်ပြုလိုက်သော စစ်မှုမထမ်းမနေရဥပဒေကိုအထူးကြောက်စရာမလိုပါပဲ လုပ်သင့်လုပ်ထိုက်တာကိုပဲ အဆုံးထိလုပ်ကြရမှာဖြစ်ပါတယ်။
" ပြည်သူ့တော်လှန်ရေးတပ်များမှ သင့်ကိုအလိုရှိနေပါသည် "
လက်နက်စွဲကိုင်တော်လှန်ရေးမှတပါး ရွေးရန်လမ်း ထပ်မရှိတော့သဖြင့် ပြည်သူ့တော်လှန်ရေးတပ်များကို ၀င်နိုင်သူများအား ၀င်ရောက်နိုင်ကြပါရန် တိုက်တွန်းအပ်ပါတယ်။ မ၀င်ရောက်နိုင်ပါကလည်း 'များများလှူ' ကူကာရုန်း ပေးကြရန် လိုအပ်ပါတယ်။ တစ်ဖက်ဖက်အား အတည်တကျ ရွေးချယ်ဖို့လိုအပ်နေပါပြီ။ လာမည့်ဘေးအား ပြေးတွေ့သင့်ပါပြီ။
Recruitment ခေါ်နေသော တပ်များ👇🏻
မန္တလေး people defense force
https://www.facebook.com/share/p/kMpCH37n7YazZ92o/?mibextid=2JQ9oc
Burma People's Liberation Army https://www.facebook.com/share/p/mUeJoD9tBcesm1Ev/?mibextid=2JQ9oc
ကရင်နီ defense force ( KNDF ) https://www.facebook.com/share/p/VcNRBgfKGH63t7qQ/?mibextid=2JQ9oc
People Independence Army
https://www.facebook.com/share/p/4gqQVLKgEzgUdcYb/?mibextid=2JQ9oc
ကျောင်းသားလက်ရုံးတပ်တော် SAF
https://www.facebook.com/share/p/V7kMZzmL6xLHaZzp/?mibextid=2JQ9oc
Galon Column ဂဠုန်စစ်ကြောင်း
https://www.facebook.com/share/p/K31Z75RuYu3FsJhV/?mibextid=2JQ9oc
Red wolves of Mogok
https://www.facebook.com/100079682119366/posts/378832211449513/?app=fbl
ရန်ကုန်တိုင်းစစ်ဌာန (ပြည်သူ့ကာကွယ်ရေး တပ်မတော်)
https://www.facebook.com/share/Vq4NSkh8iH8xWbLf/?mibextid=2JQ9oc
မုံရွာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့
https://www.facebook.com/share/p/nXUCwdydhP7d5m2U/?mibextid=2JQ9oc
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု
(PRA-Magway)
https://www.facebook.com/100075665358623/posts/410611941470981/
ရှမ်းတောင် ၁၀၀၅ တပ်ရင်း
https://www.facebook.com/PDF1005?mibextid=2JQ9oc
ရှမ်းတောင် ၁၀၀၈ တပ်ရင်း
https://www.facebook.com/profile.php?id=100083288321728&mibextid=2JQ9oc
KNDF BO7
https://m.facebook.com/story.php?story_fbid=3620663934838257&id=100006840580143&mibextid=2JQ9oc
ရွှေဘိုခရိုင်တပ်ရင်း-၁၄ YeU PDF
https://www.facebook.com/mod.pdfbattalion14yeu?mibextid=2JQ9oc
မြိတ်ခရိုင်တပ်ရင်း(၂)
https://www.facebook.com/100094722176106/posts/243993032101434/?app=fbl
Cobra Column 2 Venom
https://m.facebook.com/story.php?story_fbid=352055581126026&id=100089647594834&mibextid=2JQ9oc
ကျားဖြူစစ်ကြောင်း Justice Soldier PDF
https://www.facebook.com/profile.php?id=61555310281701&mibextid=2JQ9oc
DOVE KK Medical Team
https://www.facebook.com/DoveKK.MedicalCrew?mibextid=2JQ9oc
MDF : Myanmar Defence Force (ရွှေဘိုခရိုင်တပ်ရင်း ၂၆)
https://www.facebook.com/profile.php?id=100081313510471&mibextid=2JQ9oc
MDF : Myanmar Defence Force (သာယာဝတီခရိုင် တပ်ရင်း (၃)၊ ပဲခူး)
https://www.facebook.com/mdfshwebo?mibextid=2JQ9oc
နွေဦးကျန်းမာဆေးရုံ (ကရင်နီဒေသ)
https://m.facebook.com/story.php?story_fbid=842419774357479&id=100057683910854&mibextid=I6gGtw
မိုးကုတ်ဗျူဟာ
https://www.facebook.com/share/p/TedGhxyhLns4NSof/?mibextid=2JQ9oc
မှတ်ချက် - အခြားသော တပ်သားသစ်ခေါ်ယူနေသည့် တော်လှန်ရေးတပ်ဖွဲ့များ ရှိပါကလည်း comment boxတွင် ဖြည့်စွက် အကြံပြုနိုင်ပါသည်။
Original post - https://www.facebook.com/share/p/kpfUTfsQHKWTnGaA/?mibextid=2JQ9oc
မင်္ဂလာပါ မီးဒုတ်စာစဉ်ရဲ့ စာဖတ်သူများခင်ဗျာ.....
မီးဒုတ်စာစဉ်ဟာ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို) မှ လစဉ်ထုတ်ဝေလျက်ရှိသော လူထုတော်လှန်ရေးစာစဉ်တစ်ခုပဲဖြစ်ပါတယ် ။
မီးဒုတ်စာစဉ်ရဲ့ ရည်ရွယ်ချက်တွေကတော့ -
◽ကလောင့်အားမာန်နဲ့ ပြည်သူ့လူထုကို တော်လှန်ရေးခွန်အားပေးရန်
◽ကလောင်သစ်များမွေးထုတ်ပေးရန်
◽စာပေလက်နက်ဖြင့် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ကြရန် ပဲဖြစ်ပါတယ် ။
ထို့ကြောင့် လစဉ်ထုတ်ဝေသော မီးဒုတ်စာစဉ်ရဲ့ ကဏ္ဍတွေမှာ ပါ၀င်နိုင်ရန် စာမူများ လာရောက်ပေးပို့နိုင်ကြောင်း အသိပေးအကြောင်းကြားအပ်လိုက်ရပါတယ်။ လာရောက်ပေးပို့နိုင်သော စာမူအမျိုးအစားများကတော့ နွေဦးတော်လှန်ရေးနှင့်ဆိုင်သော၊ တော်လှန်စိတ်သွေးစိတ်မာန်တက်ကြွစေသော၊ နိုင်ငံရေးသုံးသပ်ချက်စာပေ ဆောင်းပါးများ၊ စာစီစာကုံးများ၊ သရော်စာများ၊ ကဗျာများ၊ ဝတ္ထုတိုများ ကို မီးဒုတ်စာစဉ်သို့ ၁၀.၂.၂၀၂၄ ရက်နေ့ထက် နောက်မကျပဲ ပေးပို့နိုင်မည် ဖြစ်ပါတယ်။
ပေးပို့လာသော စာမူများကို သေချာစွာစီစစ် ရွေးချယ်ပြီး မီးဒုတ်စာစဉ်ထုတ်ဝေခြင်း (၂)နှစ်ပြည့်နေ့ ဖြစ်သည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ထုတ်ဝေမည့် မီးဒုတ်စာစဉ် အတွဲ-၃ ၊ အမှတ်စဉ်-၁ တွင် ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
စာမူများကို ပေးပို့လိုပါက မီးဒုတ်စာစဉ်၏ အီးမေးလ်လိပ်စာဖြစ်သည့် meedoke.besya@gmail.com သို့ ဆက်သွယ်ပေးပို့၍သော်လည်းကောင်း၊ မီးဒုတ်စာစဉ်၏ FB page messengerဖြစ်သည့် m.me/MeedokeJournal.BESYA သို့ ဆက်သွယ်ပေးပို့၍သော်လည်းကောင်း စာမူများကို ပေးပို့နိုင်ပါသည်။
" ကလောင့်အားဖြင့် သွေးသစ်တည် တော်လှန်ရေးကြီး အောင်ရမည် "
◼️လူငယ်
-ကိုအောင်ကျော်
(ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၅နှစ်မြောက်နေ့ {ဝါ} မြန်မာ့ကျောင်းသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်အောင်ကျော် ရေးသားခဲ့သော ဤဆောင်းပါးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ )
ဤနေ့ကား မြန်မာပြည် ကျွန်သက် (၅၃) နှစ် တင်းတင်းပြည့်သော နေ့ပေတည်း။ အချိန်ကား (၉) နာရီခန့် ရှိပေမည်။ မိုးကား တဖွဲဖွဲနှင့် ရွာလျက်ရှိ၏။ အသက် (၁၆) နှစ်ခန့်ရှိသော လူငယ်တယောက်သည် အဆောင်းလည်းမပါ၊ မိုးရွာသည်ကိုလည်း ဂရုစိုက်ဟန် မတူ၊ တယောက်တည်း ခပ်ဖြည်းဖြည်းပင် သမဂ္ဂရုံးသို့ ရောက်လာပေပြီ။ တံခါးဝသို့ရောက်သောအခါနောက်သို့တချက်ငဲ့၍ ကြည့် လိုက်၏။ ထို့နောက် ခုံဘိနပ်ကို ချွတ်လိုက်၏။ ကုတ်အင်္ကျီကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေ၏။ ကြည့်ရင်းမျက်နှာ၌ သဘော မကျသော အခြင်းအရာတို့ ပေါ်လာ၏။ ချက်ခြင်းအင်္ကျီကို ချွတ်လျက် ဘေးသို့ချလိုက်၏။ ထို့နောက် အသင်းရုံးရှေ့မြက်ခင်းပေါ်သို့ ဆင်းသွားလေ၏။ ဒေါင်းအလံကြီးက မိုးရေထဲတွင် တိုင်တဝက်၌ တည်လျက်ရှိ၏။ ခြေကိုစုံရပ်၍ ခေါင်းငုံ့လျက် (၂) မိနစ်ခန့် အလံကို အရိုအသေပေးနေ၏။ မိုးပေါက်တို့က သူ၏ခေါင်းပေါ်သို့ ကျလျက်ရှိ၏။ ဒေါင်းအလံကို တချက်မျှမော်ကြည့်ပြီးနောက် အသင်းရုံး ထဲသို့ဝင်ကာ ချွတ်ထားသော အင်္ကျီနှင့် ဘိနပ်ကို ဝတ်လျက် အပေါ်ထပ်သို့ တက်သွားလေ၏။
တဖက်ခန်း၌ကား ဘယ်သူမျှမရှိပေ၊ လူငယ်သည် အခန်းထဲသို့ဝင်ကာ ဟိုဟိုသည်သည် လျှောက်၍ကြည့်လေ၏။ လူငယ်၏ မျက်လုံးတို့သည် အလင်းသတင်းစာဆီသို့ ရောက်သွား၏။ မျက်လုံးနှင့် အတူတူပါသွားပြီးလျှင် သတင်းစာကိုယူလျက် ကုလားထိုင် တလုံးတွင်ဝင်၍ ထိုင်လိုက်၏။ စာရွက်တရွက်ပြီး တရွက်လျှောက်၍ လှန်လာရာ အလယ်နားသို့ ရောက်၍လာတော့၏။ စာရွက်က အခြားစာရွက်များနှင့်မတူ၊ စာလုံးတို့က အစိမ်းရောင်တို့ဖြင့် နှိပ်ထားကုန်လေ၏။ လူငယ်၏လက်သည် ရပ်၍ သွားလေ၏။ မျက်လုံးတို့သည် စာကိုစူးစိုက်၍ နေကြတော့၏။ တခန်းလုံးကား တိတ်လျက်ရှိ၏။ သူကား စာမျက်နှာလေးမျက်နှာခန့် ဖတ်ပြီးသည့်နောက်တွင်ကုလားထိုင်ပေါ်တွင် ခေါင်းကိုငဲ့၍ မလှုပ်မယှက်နေတော့လေ၏။
အခန်းဘေးရှိ အမှုဆောင်ဟောင်းများ၏ ပုံတို့သည် သူ့အားစိုက်ကြည့်လျက်ရှိ၏။ မျက်တောင်ကား အနည်းငယ်မျှ မခတ်၊ ရှေ့တွင်ရှိသော သတင်းစာကို ဝါးစားမတတ်စိုက်၍ ကြည့်နေလေ၏။ ကြည့်ရင်းကြည့်ရင်း မျက်နှာမှာ ပြောင်း၍ လာတော့၏။ တဖြည်းဖြည်း ဒေါသရောင်လွှမ်း၍ လာတော့၏။ မျက်လုံးသည် ကျယ်၍ကျယ်၍ လာတော့၏။ လူလည်းရှေ့သို့ ကိုင်း၍လာပေ၏။ ထို့နောက် “တောက်”ဟု ခပ်ပြင်းပြင်းခေါက်ခါ နေရာမှထလိုက်၏။ ထပြီးနောက် ဘေးပတ်လည်ကို ကြည့်လိုက်၏။ အမျိုးသားနေ့ တွင် ကိုင်ရန်၊ လျှောက်ရန် စာတမ်းများမှာ အုတ်များနှင့်ကပ်လျက် နံရံတွင်ထောင်၍ထားပေသည်။ စာတမ်းတခုသည် သူ့အားရှေးဦးစွာ ဆီး၍နှုတ်ဆက်လေသည်။ လူကားတွေလည်း ရှိပေ၏။ နဂိုက ဒေါသရောင်လွှမ်းသော မျက်နှာသည် ပို၍တင်းမာလာပေ၏။ မျက်လုံးများမှာ ထိုစာတမ်းကို စိုက်ကြည့်နေရာမှ သတင်းစာဘက်သို့ တဖန်ပြန်၍ ရောက်လာပြန်သည်။ သတင်းစာထဲရို ဓါတ်ပုံတို့သည် သူ၏ရှေ့တွင် မလှုပ်မယှက် တည်လျက်ရှိနေ၏။ မျက်လုံးထဲမှ မျက်ရည်တို့သည် မျက်တောင်နှစ်ချက် အခတ်၌ သတင်းစာပေါ်သို့ ကျကာ ဓါတ်ပုံများကို သွား၍ကန်တော့ကြလေ၏။ ခေါင်းသည် တဖန်ပြန်၍ ထောင်လာပြန်၏။ မျက်လုံးတို့ကား နေရာပြောင်း၍ ကျက်စားနေကြပြန်လေ၏။ လူတကိုယ်လုံး ခေါင်းနှင့် မျက်လုံးများသာ လှုပ်လျက် ရှိပေ၏။
“သည်းညည်းခံလျှင် သူ့ကျွန်ဖြစ်"
ဟူသောစာတမ်းသည် သူ၏မျက်လုံးကိုဆီး၍ ဧည့်ခံပြန်၏။ လူငယ်၏စိတ်နှင့်စာတမ်းသည် သဘောချင်း တိုက်ဟန်တူ၏။ မျက်လုံးတို့သည် ပိုမို၍စူးစိုက်လာ၏။ မျက်နှာမှာပိုမို၍ ခက်ထန်လာပေ၏။ အံသွားတို့ကို ကွဲသွားမတတ်ကြိတ်လိုက်၏။ ကျစ်ကျစ် ပါအောင် ဆုတ်ထားသောလက်မှာ အထက်သို့ အနည်းငယ်မြောက်လာ၏။ မျက်စေ့ကား … သတင်းစာသို့ လည်ပြန်လေ၏။
မရှေးမနှောင်းပင် “ဟင်း” ဟု သက်မကိုချလိုက်၏။ သတင်းစာထဲရှိဓါတ်ပုံတို့မှာ ယခင်အတိုင်းပင်ရှိသေး၏။ စာများကား လူငယ် ၏ စိတ်နှင့် အမူအရာကိုသိကြဟန်မတူ၊ ဤအကြိမ်ခေါင်းလှည့်လိုက်သောအခါ “ကြောက်မွေးပါ ဇာဂနာနဲ့နှုတ်” ဟူသော စာတမ်းဆီသို့ မျက်မှန်းတမ်း၍ သွားလေ၏။ သူငယ်မျက်နှာသည် အနည်းငယ် ပြုံးယောင်ယောင်ရှိလာပြီးနောက် မျက်စေ့ကို နေရာရွှေ့ သွားပြန်လေ၏။ “သွေးစုပ်ကောင်တွေ သတ်ပစ်” အစရှိသဖြင့် ရေးထားသည့်စာတမ်းကြီးအား ပေါက်၍သွားမတတ် စိုက်၍ ကြည့်နေပြန်လေ၏။ သူ့မျက်နှာသည် မှောင်မဲ၍လာကာ လူလည်းအနည်းငယ် တုန်လာပေ၏။ မျက်နှာကား ဘီလူးဝင်သကဲ့သို့ ထင်ရ၏။ တဖန်သတင်းစာကို စူးစိုက်ကြည့် နေပြန်လေ၏။ ကြည့်လေကြည့်လေ ပို၍ ကြောက်စရာ ကောင်းလာပေတော့၏။ မရှေးမနှောင်းပင် “ဒုံး” ဟု စားပွဲကို လက်သီးနှင့်ထုလျက် “ရိုင်းလိုက်လေကွာ” ဟုဆိုကာ အခန်းတွင်းမှ ရုတ်တရက် ထွက်သွားတော့၏။ အခန်းတွင်းကား ပိုမိုတိတ်ဆိတ်လျက် ကျန်ရစ်လေ၏။ စာအုပ်များမှာ ဖတ်သူကို မျှော်လျက် ရှိကြကုန်၏။ အမှုဆောင်များ၏ ဓါတ်ပုံများကား နံရံပေါ်တွင် မလှုပ်မယှက် တည်မြဲတည်လျက် နေပေ၏။
“အမျိုးအတွက် အသက်စွန့်လော့” ဟူသောစာတမ်းလေးမှာ လေတိုက်သဖြင့် အနည်းငယ်လှုပ်၍သွားပေတော့၏။ အပြင်တွင် မိုးကားရွာလျက်ပင်။
- ကိုအောင်ကျော်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူများသို့ မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒနှင့် ပြည်သူ့တော်လှန်ရေးကြီး အခြေအနေမှန်ကို သိရှိနိုင်ပါရန် ပေးပို့သည့် အိတ်ဖွင့်ပေးစာ
●๑۩۩๑ ●
ရက်စွဲ။ ဒီဇင်ဘာလ (၁၇) ရက် ၂၀၂၃ ခုနှစ်။
သို့
မစ္စတာ ရှီကျင့်ဖျင်
အထွေထွေအတွင်းရေးမှူးချုပ်
တရုတ်ပြည်ကွန်မြူနစ်ပါတီ
သို့
မစ္စတာ ရှီကျင့်ဖျင်
နိုင်ငံတော်သမ္မတ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သို့
မစ္စတာ ဝမ်ယိ
နိုင်ငံခြားရေးဝန်ကြီး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သို့
ပြည်သူ၊ ပြည်သားများ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
“ဖက်ဆစ် အကြမ်းဖက် စစ်အုပ်စု အသက်ဆက်ရေး ဆွေးနွေးပွဲများ . . . အလိုမရှိ-အလိုမရှိ”
“တရုတ်-မြန်မာ အနာဂတ်အတွက် အဖိနှိပ်ခံ ပြည်သူများနဲ့ အတူရပ်ပါ”
“ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်”
{တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းမြှင့်တင်ရေး၊ စစ်မှန်သည် “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတို့ကို တည်ဆောက်နိုင်ရန် မျှော်ရည်လျက် မြန်မာပြည်သူလူထုတရပ်လုံး၏ သဘောထားဆန္ဒနှင့်အညီ ဤအိတ်ဖွင့်ပေးစာကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) အပါအဝင် အောက်ဖော်ပြပါ မြန်မာလူထုအခြေပြုနှင့် တော်လှန်ရေး အဖွဲ့အစည်းပေါင်း (၂၅၅) ဖွဲ့က ပေးပို့ပါသည်}
အိတ်ဖွင့်ပေးစာကို သိမ်းဆည်းဖတ်ရှုရန်နှင့် ပြန်လည်မျှဝေရန် >>> https://tinyurl.com/2cnf6mcs
ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006
Last updated 1 month, 3 weeks ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 2 months ago