People's Spring

Description
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago

8 months, 3 weeks ago

အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းတွင်
​​ဒေါ်​အောင်ဆန်းစုကြည် နှင့် ဦးထင်​ကျော်ပါဝင်​နေခြင်းမှာတရားရုံး၏ဆုံးဖြတ်ချက်သာဖြစ်ဟု
BROUK ​ပြော

■မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)က တရားရုံးသို့ အမှုဖွင့်တိုင်ကြားမှုတွင် စစ်ခေါင်း
ဆောင်များကိုသာ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ဟုဆို

အီယိုရီ/People’s Spring

အာဂျင်တီးနားတရားရုံးက မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ခဲ့ရာတွင် အရပ်ဘက်ခေါင်းဆောင်များဖြစ်သည့် သမ္မတဟောင်းဦးထင်ကျော် နှင့် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေခြင်းမှာ တရားရုံး၏ ဆုံးဖြတ်ချက်ဖြစ်
ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)
ဥက္ကဋ္ဌ ဦးထွန်းခင်က People’s Spring သို့ ပြောသည်။

ရိုဟင်ဂျာများအား လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်တွင် BROUK က အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေရိစ်ရှိ တရား
ရုံး၌ အမှုဖွင့်တိုက်ကြားခဲ့ရာစစ်ခေါင်းဆောင်များနှင့် စစ်တပ်ထိပ်တန်းအရာရှိများကိုသာ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ရှင်းပြသည်။

“ကျွန်တော်တို့ အမှုကို စုံစမ်းစစ်ဆေးပြီးတော့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လဲချက်တင်တဲ့အခါကျတော့ အကြမ်းဖက်စစ်တပ်ကို ဦးတည်ပြီးတော့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးက တာဝန်
ခံမှု၊ တာဝန်ယူမှု ရှိတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီတုန်းက အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ သမ္မတဟောင်းဦးထင်ကျော်လည်း သမ္မတဖြစ်ခဲ့တယ်ဆိုတော့ ဒါက တရားဥပဒေဘောင်ကနေ ထုတ်တဲ့အပေါ်ပဲ သူတို့ ထုတ်လိုက်တာပေါ့နော်။ သူတို့ စုံစမ်းစစ်ဆေးပြီးတော့ သူတို့ ထုတ်
ထားတာပေါ့နော်။ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ လျှောက်လဲချက်မှာ ဖမ်းဝရမ်းထုတ်ဖို့ စစ်တပ်ကိုပဲ ၊ အကြမ်းဖက်စစ်ခေါင်း
ဆောင်အပါအဝင် စစ်ခေါင်းဆောင်တွေကိုပဲ​ထုတ်ဖို့ တောင်းဆိုခဲ့တာပါဗျ” ဟု ဦးထွန်းခင်က People’s Spring သို့ ပြောသည်။

BROUK က ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုရာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ၂၀၁၆-၂၀၁၇က အနောက်မြောက်တိုင်းစစ်ဌာန
ချုပ်တိုင်းမှူး၊ အမှတ် ၂၂၊ အမှတ် ၃၃၊ အမှတ် ၇၇ တပ်မမှူးများနှင့် တပ်ရင်းတပ်မှူးများ ပါဝင်ကြောင်း သိရသည်။

အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သော ဖမ်းဝရမ်းစာရင်းတွင် မြန်မာစစ်တပ်ဘက်မှ ၂၂ဦးနှင့် အရပ်ဘက်မှ ၃ ဦး စုစုပေါင်း ၂၅ ဦးပါဝင်ကြောင်း BROUK ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖမ်းဝရမ်းထုတ်ပြန်လာမှုသည် ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူး
လွန်ရာတွင် မြန်မာအရပ်သားနှင့် စစ်ဘက်ခေါင်း
ဆောင်များအား အာဂျင်တီးနားတရားရုံးက စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ပြန်မှုတွင် အရပ်ဘက်ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်နေမှုမှာ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ သွားရောက်ခုခံပြောဆိုခဲ့မှု၊ စစ်တပ်ကို အကာအကွယ်ပေး ပြောဆိုခဲ့မှုများကြောင့် ဖြစ်နိုင်ကြောင်း BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ၎င်း၏အမြင်ကို ပြောသည်။

“ဒီမှာကျတော့ ကျွန်တော်တို့မြင်တာကဒေါ်အောင်
ဆန်းစုကြည်က ICJ မှာ သွားပြီးတော့ကမ္ဘာ့တရား
ရုံးကို သွားပြီးတော့ ခုခံတာတွေရော၊ တခြားကို စစ်တပ်ကို အကာအကွယ်ပေးပြီးတော့ ပြောပေးတာတွေ ကြည့်ပြီးတော့ လုပ်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

BROUK အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်(Universal Jurisdiction)ဖြင့် အာဂျင်တီးနားတရားရုံးသို့ ၂၀၁၉ခုနှစ်တွင် အမှုတင်သွင်းခဲ့ဖြစ်သည်။

အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းသည် လက်
ရှိစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်
နှင့် စစ်တပ်ထိပ်တန်းခေါင်းဆောင်များအပေါ် များစွာဖိအားဖြစ်လာနိုင်မည်ဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေး၊ စစ်တပ်အမြစ်ဖြတ်ဖယ်ရှားရေးတို့အတွက် လွန်စွာအားကောင်းသည့် အလားအလာရှိကြောင်း ဦးထွန်းခင်က သုံးသပ်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၂၀၂၄ နိုဝင်
ဘာ ၂၇ ရက်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)
ရှေ့နေချုပ် ကာရင်မ်ခမ်းကလည်း ICC က ဖမ်းဝရမ်းထုတ်ရန် အမှုဖွင့်တိုင်ကြားထားသည်။

ICC ရုံးတော်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ရန် စီရင်ချက်မချရသေးသော်လည်း ယခုအာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းထုတ်ပြန်မှုက အလိုအလျောက်ဖမ်းဝရမ်း
ထုတ်ပြန်ရန် အစပျိုးမှုဖြစ်ကြောင်း BROUK က ဖော်ပြသည်။

​စစ်တပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရင်တွင် အာဏာ
သိမ်းကတည်းက စစ်တပ်က ​ဒေါ်​အောင်ဆန်းစုကြည်ကို ဖမ်းဆီးတရားစွဲဆို​ထောင်ချထားပြီး သူမဘယ်တွင်ထားရှိ​သည်ကို စစ်​ကောင်စီကလွဲ၍ မည်သူမျှသိခွင့်မရ​ပေ ။
မရ​ပေ။

8 months, 3 weeks ago

မန္တ​လေးမှာ စစ်​ကောင်စီတပ်သား​တွေက ဖွင့်၊ဖောက်၊စစ်အဖွဲ့ဆိုပြီး ပစ္စည်းပို့သူနဲ့ ကား​တွေကို​
ငွေညှစ်​နေ

-စိုင်းခမ်း/People's Spring

မန္တလေးမြို့၊စျေးချိုပတ်လည်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေကကဖွင့်၊ဖောက်၊စစ်အမည်နဲ့ အဖွဲ့ဖွဲ့ကာ ပစ္စည်းပို့သူတွေနဲ့ကားတွေကို ငွေကြေးအများအပြားတောင်းနေတယ်လို့ မြို့ခံတချို့က​ပြောတယ်။

မန္တလေးစျေးချိုအနီး၈၂လမ်း၊၈၃လမ်း၊၈၄လမ်းနဲ့ ၂၆ကနေလမ်း၃၀ အနီးတွေမှာ ရှောင်တခင်ပုံစံမျိုးနဲ့ဖမ်းဆီးလေ့ရှိတယ်လို့ ကားသမားတဦးကပြောပါတယ်။

"တခါကဗျာ။ပို့တဲ့ပစ္စည်းအထုပ်ထဲ တို့ဆေးပါတယ်ဆိုပြီးကားရော၊လူရောဆွဲထည့်ထားတာ။ပါမပါလည်း ဘယ်သူမှမသိဘူး။သူတို့ကဒီအတိုင်းဖမ်းသွားတာ။သိန်း၂၀ နဲ့ လိုက်ရွေးလိုက်ရတယ်"
လို့ ယာဥ်မောင်းတဦးကပြောပါတယ်။

အဲဲဒီအဖွဲ့ကို မည်သူတွေနဲ့ဖွဲ့စည်းထားမှန်းမသိပေမယ့် ရဲနဲ့စစ်သားတွေအဓိကပါဝင်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဆိုင်ကယ်နဲ့ပစ္စည်းပို့ဆောင်တဲ့သူတွေကိုလည်း မကြာခဏတားစစ်ပြီး​တော့ ပါဆယ်ပစ္စည်းတွေထဲမှာ သန္ဓေတားဆေး၊sexပစ္စည်း၊ဆေးဝါး၊အခွန်ရှောင်နာရီတွေပါတယ်ဆိုပြီး မကြာခဏဖမ်းဆီးလေ့ရှိတယ်လို့ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်တဦးကလည်းပြောပါတယ်။

"တခါတလေဆို သူတို့ကိုယ်တိုင်မှာပြီးတောင် စီးဖမ်းသလားထင်ရတယ်ဗျာ။အတိအကျတွေဖမ်းတာ။Deliတကြောင်းကို ၁၅၀၀​လောက်နဲ့ပို့နေရတာ။သူတို့ဖမ်းလို့ဝန်ထမ်းကိုတခါရွေးရရင်သိန်းဂဏန်းနဲ့ရွေးရတာ"လို့အဲဒီလုပ်ငန်းရှင်ကပြောပါတယ်။

ပြီးခဲ့တဲ့တပတ်ကျော်လောက်ကလည်း စစ်ကောင်
စီအရာရှိတွေရှယ်ယာပါဝင်တဲ့ ကားဂိတ်တခုကိုဖမ်းဆီးခဲ့ပြီး အထက်ကိုပြန်တိုင်ပါက ကားသမားကို ထပ်မံဖမ်းဆီးမယ်လို့ခြိမ်းခြောက်ခဲ့သေးတယ်လို့စုံစမ်းသိရပါတယ်။

8 months, 3 weeks ago

(ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း မြေစာပုံပြိုကျနေစဉ်။ ဓာတ်ပုံ - CJ)

11 months ago

(ဗန်းမော်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ပြည်သူများ။ ဓာတ်ပုံ - Simsa Kasa Multimedia)

11 months ago
People's Spring
11 months ago

ဗန်းမော်မြို့၌ KIAပူးပေါင်းတပ်များ ဝင်ရောက် နေရာယူထားဟု သတင်းရင်းမြစ်ပြော

▪️စစ်ကောင်စီ၏ တားဆီးပိတ်ပင်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့်တိုက်ပွဲအတွင်း ဒေသခံများ ဒုက္ခများစွာကြုံရဟု KIA အသိပေး

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လျက်ရှိရာ လက်ရှိတွင် မြို့တွင်းနေရာအများစု၌ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်နေရာယူထားနိုင်ပြီဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"အခြေအနေကတော့ မင်းအောင်လှိုင်ဘက်ကတော့ သိပ်အဆင်မပြေတော့ဘူး။ ဒါပေမဲ့ သူတို့က လေယာဉ်နဲ့ အားသာနေတာပေါ့။ အဲဒါတစ်ခုပဲ။ ကျန်တဲ့ဟာကတော့ သူတို့အနေနဲ့ လုံး၀ကို သူတို့ခံစစ်အတော်များများလည်း အဆင်က မပြေတော့ဘူး။ မြို့အထဲ တော်တော် များများမှာတော့ ပူးပေါင်းတပ်တွေက နေရာယူထားတယ်ဆိုတာ သတင်းရတယ်"ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်နှင့် မံစီဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်က ဒီဇင်ဘာ ၄ရက်က စတင်ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီတပ်စွဲရာ နေရာ ၁၅ခုထက်မနည်းကို KIAက သိမ်းပိုက် ထားပြီး ဗန်းမော်မြို့မရဲစခန်း၊ ဌာနဆိုင်ရာ ရုံးပေါင်းစုံနေရာတို့ကို တိုက်ခိုက်ရှင်းလင်းနေပြီး စကခ (၂၁)တပ်ရင်းဌာနချုပ်နေရာ၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းမှပစ်ကူပေး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့၌ တိုက်ပွဲဖြစ်ပွားမှုကိုအတည်ပြုသော်လည်း စစ်ရေးရလဒ် အသေးစိတ်အခြေအနေများ အတည်ပြုနိုင်ခြင်းမရှိဟု ယနေ့နံနက်တွင် ပြောသည်။

KIA သတင်းပြန်ကြားရေးဌာနကလည်း ဗန်းမော်မြို့ဒေသခံများ ဒုက္ခကြုံနေရမှု အခြေအနေကို ကချင်ဘာသာဖြင့် သတင်းဖော်ပြထားရာ တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် ဒေသခံများကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်း၊ ပိတ်ဆို့တားဆီးခြင်းပြုလုပ်ခဲ့သည်ဟု ဆိုသည်။

" ဗန်းမော်ထဲကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေ၊ ဒရုန်းတွေ ဒါမျိုးတွေ ပစ်ခတ် တဲ့အခါကျတော့ အရပ်သားတွေထိခိုက်ဒဏ်ရာရပြီး သေတာတွေလည်း တော်တော်များများလေးကြားလာရတယ်တဲ့။ နေအိမ်တွေလည်း ပျက်စီးတယ်ပေါ့။ အဲဒါကြောင့် သူတို့စစ်ရှောင်ကြတာပေါ့လေ။ စစ်ရှောင်တဲ့သူတွေကို ဒီလိုမျိုးထပ်ပြီးလုပ်တယ်ဆိုတော့ဗန်းမော်ကဒေသခံတွေက တိုက်ပွဲအတွင်းမှာ ဒုက္ခတွေရောက်နေကြတယ် တဲ့"ဟု KIA၏ သတင်းဖော်ပြချက်ကို ကချင် အမျိုးသမီးတစ်ဦးက ပြန်ပြောပြသည်။

ဗန်းမော်မြို့တွင်း၌ တိုက်ပွဲပြင်းထန်နေသည့် အပြင် ဗန်းမော်-မိုးမောက်မြို့နယ်ကြားတွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သတင်းရင်းမြစ်က အသိပေးသည်။

11 months, 1 week ago

(ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Ruavazung တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

11 months, 1 week ago

ဟားခါးအနီး စစ်ကောင်စီစခန်းသိမ်းပိုက်မှု တပ်ရင်းမှူးအပါအဝင် ၁၁ဦး သေ၊ ၁၉ဦးအရှင်မိ

◾️လက်နက်ခဲယမ်းများလည်းသိမ်းရဟု ချင်းသတင်းရင်းမြစ်ပြော

အိမ်သွင်/People's Spring

ဟားခါးမြို့အနီးရှိ စစ်ကောင်စီစခန်းတစ်ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက ယနေ့(နိုဝင်ဘာ ၃၀ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ရာ တိုက်ပွဲအတွင်း ဗိုလ်မှူးအဆင့်ရှိသူ တပ်ရင်းမှူးသေဆုံးပြီး စစ်ကောင်စီတပ်သား ၁၉ဦးကို အရှင်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

ချင်းအမျိုးသားတပ်မတော်(CNA)ပါဝင်သည့် ချင်းဒေသကာကွယ်ရေးတပ်များ ပူးပေါင်းထားသည့် ချင်းပြည်ကောင်စီတပ်ပေါင်းစုသည် ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Ruavazung တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ နံနက် ၉နာရီခွဲတွင် သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

" ဟားခါးမြို့နဲ့သိပ်မဝေးတဲ့နေရာက စခန်းပါ။ ဒီမနက်အစောပိုင်းမှာဘဲ ဝင်ပြီးတိုက်ခိုက်ခဲ့ကြတာ။ တရားဝင်သတင်းမထုတ်ပြန်သေးပေမယ့် ကျနော်တို့သိသလောက်တော့ တပ်ရင်းမှူး သေတယ်။ ၁၉ယောက်ကိုတော့ လက်နက်တွေနဲ့ဖမ်းမိထားတယ်။ အဲဒီနေရာဝန်းကျင်ကို လေကြောင်းရောလက်နက်ကြီးနဲ့ စကစဘက်က ပစ်နေတယ်"ဟု ဟားခါးမြို့မှ စစ်ရေးသတင်းရေးမြစ်တစ်ဦးကပြောသည်။

အခြားချင်းသတင်းရင်းမြစ်တစ်ဦးကလည်း “ စကစ အလောင်း ၁၁လောင်းရှိပါတယ်။ သေဆုံးတဲ့ သူတွေထဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ရဲမှူးအပါအဝင် ၁၁လောင်းရှိပါတယ်။ တိုက်ပွဲမှာ အဲဒီ စစ်ကောင်စီဘက်မှာ စစ်သုံ့ပမ်း ၁၉ဦးနဲ့ လက်နက် ၃၀ ကျော်သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။”ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ဟု ဆိုသည်။ အဆိုပါဒေသ၌ တိုက်ပွဲဆက်ရှိနေသေးသည်ဟုလည်း သိရကြောင်းချင်းသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲသတင်းကို CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ညနေအထိ တရားဝင်သတင်းမထုတ်ပြန်သေးပေ။

CNAနှင့်ပူးပေါင်းတပ်ဖွဲ့များသည် ထန်တလန်နှင့်ဟားခါးမြို့ကြားရှိ စစ်ကောင်စီတပ်စွဲထားသည့် ပွိုင့် - ၃ တောင်ကုန်းကိုလည်း နိုတင်ဘာ ဒုတိယလပတ်တွင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၆ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သေးသည်။

ထို့အပြင် ဟားခါးမြို့တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဟားခါး(CDF-Hakha)ကလည်း Rung Operation အမည်ဖြင့် တိုက်ပွဲများဖော်ဆောင်နေကြောင်း အသိပေးထားသည်။

အောက်တိုဘာ ၂၈ရက်ကလည်း ဟားခါးမြို့အနီးရှိ ကိမ်တန် (Kiamtlan) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦး အပါအ၀င် စစ်သုံ့ပန်း ၄ ဦးကို ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (CDF) ဟားခါးက ပြောထားသည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် လတ်တလောတွင် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကိုလည်း တိုက်ခိုက်နေသည်။

11 months, 1 week ago
***▪***︎ကဗျာ

︎ကဗျာ

“လူငယ်တေး”

■ လရောင်လွှမ်း

လူငယ်ဆိုတာ
ဘယ်​တော့မှ လက်မမြှောက်ဘူး
ဆယ်ခါ​ပြန် သေချင်သေ
ဘဝက သွေးသံရဲရဲဖြစ်နေစေဦးတော့
လက်ရုံးဆန့်တန်း
ချီတက်​နေမယ့်သူတွေ ဖြစ်တယ်

သူတို့ယုံကြည်ချက်က
သူတို့သံချပ်ကာ ကားပဲ
ဘယ်ဘာသာတရားကိုမှ မစွဲလန်းဘူး
ဘယ်ဘုရားဆီမှာမှ ဆုမတောင်းဘူး
အမှန်တရားကိုပဲ
ကိုးကွယ်တတ်တာ လူငယ်

ဆီပူပူဒယ်အိုးထဲ ရောက်တာတောင်
ကူးခတ်နေမယ့် ငါး
စက်နဲ့ အကြိတ်ခံရချိန်ထိ
အချိုဓာတ်ကိုမစွန့်တဲ့ ကြံချောင်း
သူ့ခန္ဓာကိုယ် တံစို့ထိုးမီးကင်ခံရတဲ့တိုင်
သူ့ အမွေးအတောင်
လေထဲထပျံနေမယ့်ငှက်
လူငယ်ဆိုတာ အဲ့ဒီလို

ဒူးထောက်ပြီး မရှင်သန်​
​ခေါင်းမော့ ရင်ကော့ရင်း
အသေခံဖို့ အသင့်ရှိတဲ့လူငယ်တွေ
သူတို့ကျဆုံးတဲ့အခါ
သူတို့အရိုးက
ဘယ်လိုဖျက်ဖျက် မပျက်စီးတဲ့ကျောက်စာပဲ

ဆံပင် မဖြူခင်
သွေး အရင်ဖြူတဲ့ သူတွေထဲ
ခေတ်အဆက်ဆက်လူငယ်တွေ
ဘယ်​တုန်းကမှ မပါခဲ့ဘူး

လူငယ်တွေက
သေးစီးကြောင်းနဲ့မြစ်ချောင်း
ခွဲခြားသိတယ်

ဆိတ်ချေးတုံးနဲ့ပုတီးလုံး
ရွေးတတ်တာ လူငယ်

အဓမ်မတရားကို မခစားဘူး
တိုင်းပြည်ကို မညာဝါးဘူး
သူတို့အတွေးအခေါ်ကို
ဘယ်ဆေးမှ အထိုးမခံသလို
သူတို့ရင်ထဲ
ဘာအဆိပ်မှ ခတ်လို့မရဘူး

ဘယ်သမိုင်းခေတ်မှာမဆို
ကျည်ကွယ်ရာ မနေ
တိုက်ပွဲအလယ်မှာရှိနေတာ လူငယ်

လက်ဖျံရိုး အလံတိုင်လုပ်
အရေပြားကို အလံချုပ်
သွေးနဲ့ အနီ​​ရောင်သုတ်ပြီး
လွှင့်ထူထားတဲ့ လူငယ်တွေ
လူ လဲကျရင်ကျမယ်
သူတို့အလံ
ဘယ်တော့မှ မြေမခစေရဘူးဆိုတာယုံ။

(The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ '​လ​ရောင်လွှမ်း' ရဲ့ "လူငယ်တေး” ကဗျာကို
People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

11 months, 2 weeks ago
People's Spring
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago