Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Tachileik News Agency

Description
Tachileik News Agency (TNA) is an independent media and web – based source of daily news.
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago

9 hours ago
Tachileik News Agency
9 hours ago
ဖားဆောင်းမြို့ရှိ စစ်ကောင်စီကာကင်းစခန်းကုန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

ဖားဆောင်းမြို့ရှိ စစ်ကောင်စီကာကင်းစခန်းကုန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ရှိ စစ်ကောင်စီကာကင်းစခန်းကုန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ၂၀၂၄ခုနှစ် မေလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း ကလလတဗျူဟာ(၁)မှ သတင်းထုတ်ပြန်သည်။

ခလရ (၁၃၅) နယ်မြေအတွင်းရှိ အဆိုပါ စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး MAကျည်၊ အီနာကာကျည်၊ ၁၄မိုင်း၊၁၆မိုင်း၊ ၁၈မိုင်း၊ လက်ပစ်ဗုံး၊ G3ကျည်နှင့် MAကျည်ဘောက်များကို သိမ်းဆည်းရမိကြောင်း ကလလတဗျူဟာ(၁)မှ ဆိုသည်။

စစ်ကောင်စီကာကင်းကို ကလလတဗျူဟာ(၁)၊ ၉၄၂၀ တပ်ရင်း ညွှန်ကြားရေးမှူးမှ ဦးဆောင်ကာ ကြယ်ဖြူ KNS Army နှင့် စစ်နည်းဗျူဟာ(၁)လက်အောက်ရှိ (၄၈၇၈) တပ်ရင်း၊ KA D-1 Drone တပ်ဖွဲ့၊ စနိုက်ဘာတပ်ဖွဲ့နှင့် ကွန်မန်ဒိုအထူးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အဆိုပါစခန်းကုန်းတွင် တပ်စွဲ၍ ခလရ (၁၃၄) နှင့် (၁၃၅) တပ်ရင်းများကို အနီးကပ် စောင့်ကြည့်၍ သိမ်းပိုက်ရန် ပြင်ဆင်ထားကြောင်း ကလလတဗျူဟာ(၁)က သတင်းထုတ်ပြန်ထားသည်။

News : https://www.tachileik.net/mm/news/35907

#TachileikNewsAgency
Photo: K P L Army - 1st Tactical Operations Command

10 hours ago
စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၅၀၀၀ အထိရှိလာ

စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၅၀၀၀ အထိရှိလာ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် မေလ ၁၀ ရက် ၂၀၂၄ ခုနှစ်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၅၀၀၀)ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စာရင်းကောက်ယူမှုအရသိရသည်။

အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၅၀) ဝန်းကျင်၏ စာရင်းကိုလည်း သီးခြားပြုစုနေသည်ဟု ဆိုသည်။

ထို့အပြင် စစ်တပ်၏အာဏာသိမ်းသည့်ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆,၆၅၄)ဦးရှိပြီး ထိုအထဲမှ (၂၀,၄၃၄)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈,၉၈၇)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP ၏ စာရင်းကောက်ယူမှုအရသိရသည်။

မေလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃)ဦး ရှိပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃)ဦး အပါအဝင် (၁၁၉)ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရကြောင်း သိရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPPမှ လက်လှမ်းမှီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း AAPPမှ ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်အခြေပြုသည့် လူ့အခွင့်အရေးအဖွဲ့အစည်း တစ်ခုဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ သိရှိစေရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

News: https://www.tachileik.net/mm/news/35906

#TachileikNewsAgency
Photo : AAPP

1 week ago
Tachileik News Agency
1 week ago
Tachileik News Agency
1 week ago
Tachileik News Agency
2 weeks ago
Tachileik News Agency
2 weeks ago
Tachileik News Agency
2 weeks ago
Tachileik News Agency
3 weeks ago

အိန္ဒိယနိုင်ငံရောက် CDM ဝန်ထမ်းတစ်စု၏ ဘဝရပ်တည်ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း
https://youtu.be/-lJq9INSIvQ

မြန်မာ့စစ်အာဏာသိမ်းမှု (၃)နှစ်ကျော်ကာလအတွင်း အာဏာဖီဆန် CDM လုပ်ဆောင်သည့်ဝန်ထမ်းများသည် အာဏာသိမ်းစစ်အုပ်စုဘေးမှ လွတ်မြောက်ရာဒေသအသီးသီးသို့ ထွက်ပြေးခိုလှုံရင်း ဘဝရပ်တည်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းကာ အာဏာဖီဆန်မှုကို ဆက်လက်၍ ကြံ့ကြံ့ခံနေဆဲဖြစ်သည်ကို တွေ့ရသည်။

ယင်းတို့အနက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် CDM ဝန်ထမ်းတစ်စုက ဘာသာစကား အခက်အခဲ အပါအဝင် အခက်အခဲမျိုးစုံကြားမှ မြန်မာစားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ကာ ဘဝရပ်တည်ရေး ဖြေရှင်းနေကြသည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် အရပ်သားအစိုးရကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်သည့်ဖြစ်စဉ်ကို လက်မခံကြသည့် ပြည်သူများနှင့်အတူ နိုင်ငံ့ဝန်ထမ်းများကလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုလုပ်ဆောင်လာကြရာ အာဏာသိမ်းစစ်အုပ်စုက နည်းမျိုးစုံဖြင့် ဖမ်းဆီးခြင်းများလုပ်နေသဖြင့် လွတ်မြောက်ရာနေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

#TachileikNewsAgency

YouTube

အိန္ဒိယနိုင်ငံရောက် CDM ဝန်ထမ်းတစ်စု၏ ဘဝရပ်တည်ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း

အိန္ဒိယနိုင်ငံရောက် CDM ဝန်ထမ်းတစ်စု၏ ဘဝရပ်တည်ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း * * * * * မြန်မာ့စစ်အာဏာသိမ်းမှု (၃)နှစ်ကျော်ကာလအတွင်း အာဏာဖီဆန် CDM လုပ်ဆောင်သည့်ဝန်ထမ်းများသည် အာဏာသိမ်းစစ်အုပ်စုဘေးမှ လွတ်မြောက်ရာဒေသအသီးသီးသို့ ထွက်ပြေးခိုလှုံရင်း ဘဝရပ်တည်ရေး…

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago