Tachileik News Agency

Description
Tachileik News Agency (TNA) is an independent media and web – based source of daily news.
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 8 Monate, 2 Wochen her

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 11 Monate, 2 Wochen her

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 Jahr her

8 Monate, 3 Wochen her
တာချီလိတ်မြို့တွင် ဝါတော်(၂၇)ဝါရှိ ဘုန်းကြီးတစ်ပါးအား Facebook ပေါ်တွင် ရေးသားမှုကြောင့် …

တာချီလိတ်မြို့တွင် ဝါတော်(၂၇)ဝါရှိ ဘုန်းကြီးတစ်ပါးအား Facebook ပေါ်တွင် ရေးသားမှုကြောင့် တိုင်းမှူး အမိန့်ဟုဆိုကာ ဖမ်းဆီးပြီး ချက်ချင်း လူဝတ်လဲကာ ပုဒ်မ (၂)ခုဖြင့် အမှုဖွင့်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဝါတော်(၂၇)ဝါရှိသည့် ဘုန်းကြီးတစ်ပါးကို Facebook တွင် ရေးသား ပြောဆိုမှုကြောင့် တိုင်းမှူး အမိန့်ဟုဆိုကာ ဖမ်းဆီးပြီး လူဝတ်လဲလိုက်ကာ ပုဒ်မ ၅၀၅-က အပါအဝင် ပုဒ်မ (၂)ခုဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း၊ အိုဆဲဗင်းတောင်ခြေရှိ ကုသိန္နာရုံကျောင်းတိုက်မှ ဦးဇင်း ဦးသုမနအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ ည(၁၀)နာရီကျော်အချိန်က တာချီလိတ်တပ်နယ်က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဇင်း ဦးသုမနအား ပုန်းထွန်မှ လွယ်တော်ခမ်းသွားရာ လမ်းတလျှောက်ရှိ မယ်ဆိုင်ချောင်းဘေးနှင့် ပတ်သက်ပြီး Facebook ပေါ်တွင် ရေးသား၍ဟုဆိုကာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၏ အမိန့်ဖြင့် ချက်ချင်းသင်္ကန်းချွတ်ကာ လူဝတ်လဲစေပြီး ပုဒ်မ ၅၀၅-က အပါအဝင် ပုဒ်မ (၂)ခုဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အပြည့်စုံဖတ်ရန် - https://www.tachileik.net/mm/news/38427

8 Monate, 3 Wochen her
၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌ၏ ပုဂ္ဂိုလ်ရေး အကြံပေး …

၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌ၏ ပုဂ္ဂိုလ်ရေး အကြံပေး ဖြစ်လာမည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်
https://m.me/j/AbYQC_0LT5v3WmdG/

လာမည့် ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံက အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူချိန်၌ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှာနာဝပ်ထရာက မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ်၏ ပုဂ္ဂိုလ်ရေး အကြံပေး ဖြစ်လာမည်ဟု သိရသည်။

အာဆီယံနိုင်ငံ အသီးသီးမှ အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့က သက်ဆင်ကို ပံ့ပိုးကူညီသွားမည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါက ပြောသည်။

၎င်း၏ ပုဂ္ဂိုလ်ရေးအကြံပေး ဖြစ်လာမည့် သက်ဆင်အား ပံ့ပိုးကူညီမည့်အဖွဲ့ကို အလွတ်သဘော ဖွဲ့စည်းခြင်းဟုလည်း အန်ဝါက ဖြည့်စွက်ပြောသည်။

"အာဆီယံဥက္ကဌ အနေနဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအကြံပေးအဖြစ် သက်ဆင်ကို ခန့်အပ်ဖို့ ကျွန်တော် သဘောတူထားပါပြီ" ဟု မလေးရှားကို နိုင်ငံတော်အဆင့် ခရီးစဥ်ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာနှင့်အတူ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အန်ဝါက အတည်ပြုခဲ့သည်။

"ဒါကို သဘောတူတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလို ခေါင်းဆောင်တွေဆီက အတွေ့အကြုံရဲ့ အကျိုးကျေးဇူးကို ကျွန်မတို့ လိုအပ်ပါတယ်" ဟု ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က မလေးရှားနိုင်ငံသို့ (၂) ရက်ကြာ ခရီးစဥ်အဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ပေထုန်တုန်က (၇) ကြိမ်မြောက် မလေးရှား-ထိုင်း နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲနှင့်လည်း တိုက်ဆိုင်နေသည်။

ထိုညှိနှိုင်းဆွေးနွေးပွဲက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာအားကောင်းစေရန်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ပေထုန်တန်၏ ဖခင် သက်ဆင်မှာ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး စစ်တပ်အာဏသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရသည်။

၎င်းက ပြည်ပတွင် (၁၅) နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ထိုင်းသို့ပြန်ရောက်လာခြင်း ဖြစ်သည်။

ထိုင်းသို့ ပြန်ရောက်လာစဥ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လာဘ်စားမှုနှင့် အာဏာအလွဲသုံးစားမှုတို့ဖြင့် ထောင်ဒဏ် (၈) နှစ် ချမှတ်ခဲ့သည်။

သို့သော် ရက်ပိုင်းအတွင်း၌ပင် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းက ၎င်း၏ ပြစ်ဒဏ်ကို တစ်နှစ်အဖြစ် လျှော့ပေါ့ပေးလိုက်သည်။

အသက် (၇၄) နှစ်အရွယ် ဘီလျံနာသက်ဆင်မှာ (၆) လကြာ ထိန်းသိမ်းခံရပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။

News: https://www.tachileik.net/mm/news/38424

#TachileikNewsAgency
Source: FreeMalaysiaToday

8 Monate, 3 Wochen her
ထိုင်းနိုင်ငံတွင် အရက် ဘီယာ ရောင်းချမှု အချိန် ကန့်သတ်သွားမည့် …

ထိုင်းနိုင်ငံတွင် အရက် ဘီယာ ရောင်းချမှု အချိန် ကန့်သတ်သွားမည့် ဥပဒေမှုကြမ်း လွှတ်တော်သို့ တင်သွင်းရန် ရှိနေ
https://m.me/j/AbYQC_0LT5v3WmdG/

ထိုင်းနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အရက်အဖျော်ယမကာ ထိန်းချုပ်ရေး ဥပဒေမူကြမ်း တစ်ရပ်ကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၌ လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်သည်။

ထိုဥပဒေမူကြမ်းနှင့် ပတ်သက်သည့် နောက်ဆုံး အချက်အလက်များကို ဝန်ကြီးဌာန၏ အရက်ထိန်းချုပ်ရေးကော်မတီရုံးကို ဦးဆောင်သူ Nipon Chinanonwait က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြောခဲ့သည်။

၎င်း၏ အဆိုအရ ပြင်ဆင်ထားသည့် အရက်အဖျော်ယမကာ ထိန်းချုပ်ရေး အက်ဥပဒေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ဖတ်ကြားတင်သွင်းမည်ဟု သိရသည်။

ထိုအက်ဥပဒေနှင့်အတူ အခြား အရက်နှင့်ဆက်စပ်သော ဥပဒေပြုရေး အဆိုများကိုလည်း တင်သွင်းသွားမည် ဖြစ်သည်။

လွှတ်တော်သို့ တင်သွင်းသွားမည့် ဥပဒေမူကြမ်းက (၂၄) နာရီ အရက်ရောင်းချခြင်းကို ခွင့်ပြုမထားဟု ဆိုသည်။

ထိုအစား အရက်ရောင်းခွင့်ပြုသည့် အချိန်များ သက်မှတ်သွားမည်ဖြစ်ပြီး နိုင်ငံတကာစံနှုန်းများနှင့် ပိုမိုကောင်းမွန်စွာ လိုက်လျောညီထွေ ဖြစ်စေရန် လက်ရှိ အရက်ရောင်းချမှု တားမြစ်ချက်ကို မွန်းလွဲ (၂) နာရီကနေ ညနေ (၅) နာရီ သတ်မှတ်ထားမှုအား ချိန်ညှိသွားနိုင်သည်။

ThaiHealth ဖောင်ဒေးရှင်းမှ Social and Health Risk Control Section ၏ ဒါရိုက်တာဖြစ်သူ Rungarun Limlahaphan ၏ ပြောကြားမှုအရ ထိုင်းနိုင်ငံတဝန်း အရက်သောက်သုံးမှု ကျဆင်းသွားပြီး အရက်သောက်နှုန်းမှာ ၂၀၁၇ ခုနှစ်တွင် (၂၈.၄) ရာခိုင်နှုန်းမှ ၂၀၂၁ ခုနှစ်တွင်တွင် (၂၈) ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သိရသည်။

သို့သော် အရက် အလွန်အကျွံသောက်သည့် ပြဿနာမှာ ဆက်ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အရွယ်ရောက်ပြီးသူ (၅.၇) သန်းက အရက် အလွန်အကျွံသောက်ခဲ့ကြောင်း ဝန်ခံထားကြသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နှစ်သစ်ကူးပွဲများအတွင်း လူသေဆုံးသည့် မတော်တဆမှုများ၏ (၃၄) ရာခိုင်နှုန်းမှာ အရက်မူးပြီး ယာဥ်မောင်းနှင်မှုကြောင့်ဖြစ်ကြောင်းလည်း Rungarun က ထောက်ပြခဲ့သည်။

News: https://www.tachileik.net/mm/news/38425

#TachileikNewsAgency
Source: The Thaiger

8 Monate, 4 Wochen her
ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံ နှစ်ထောင်ကျော် …

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံ နှစ်ထောင်ကျော် စစ်ဘေးရှောင်နေရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာ (၄)ရွာမှ ဒေသခံ နှစ်ထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း KNU ဗဟိုထံမှ သိရသည်။

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်သည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့မှ (၈)ရက်နေ့အတွင်း ကျေးရွာများအတွင်းသို့ လက်နက်ကြီး စုစုပေါင်း (၁၃)လုံး၊ ဒရုန်းဖြင့် ဗုံးသီး စုစုပေါင်း (၁၃)လုံး ပစ်ခတ်မှုကြောင့် ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရပြီး ၊ ကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခြင်းကြောင့် ကျေးရွာပေါင်း (၄)ရွာမှ လူဦးရေ (၂,၅၆၀)ဦး စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

မူးမြို့နယ် အုန်းပင်စုကျေးရွာတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ထွနီကုန်းကျေးရွာသို့ လက်နက်ကြီး (၃) လုံး၊ ရေလဲဗမာကျေးရွာသို့ လက်နက်ကြီး (၃)လုံး၊ ဒီဇင်ဘာလ (၆)ရက်နေ့၌ ပရဲစီ (မရမ်းစိန်) ကျေးရွာသို့ လက်နက်ကြီး (၁)လုံး စုစုပေါင်း (၇) လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ရေလဲဗမာကျေးရွာတွင် လာရောက်ခိုလှုံနေသည့် ဥသျှစ်ကုန်း ကျေးရွာသား စောနေတာလို (၃၇)နှစ်သည် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဆောထိမြို့နယ်တွင် တော်ဝိကျေးရွာတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သည် ဂွေးကုန်းကျေးရွာသို့ ဒီဇင်ဘာလ (၅)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီး (၂)လုံး၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီး (၂)လုံး၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီး (၉)လုံး စုစုပေါင်း (၁၃)လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တယောလူစခန်း ခလရ(၅၇)မှ ကဇင်းပင် ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လက်နက်ကြီး (၈၁) မမ (၂)လုံး၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ (၂၆၄) မှ ပျဉ်ရေကြီးကျေးရွာသို့ ဟောင်ဝစ်ဇာလက်နက်ကြီး (၁၂၂) မမ (၄)လုံး စုစုပေါင်း (၆)လုံး ပစ်ခတ်ခဲ့ပြီး ဒီဇင်ဘာလ (၇)ရက်နေ့တွင် စစ်ကောင်တပ်မှ ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် KNLA တပ်ရင်း (၇) လက်အောက်ရှိ တပ်ဖွဲ့များနှင့် ရေဖြူကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် အနီးအနားရှိ ကျေးရွာများဖြစ်သည့် ချုံအင်းကျေးရွာ ၊ ဂွေးကုန်းကျေးရွာ ၊ ကောက်မယ့်သူကျေးရွာနှင့် ရေဖြူကန်ကျေးရွာမှ ဒေသခံနှစ်ထောင်ကျော် (၂၅၆၀)ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်သည် ဒေသခံများအား ပစ်မှတ်ထား၍ လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးသီး ကြဲချတိုက်ခိုက်ခြင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်ခြင်းများ လုပ်ဆောင်နေသည့်အတွက် ခရိုင်အတွင်း ဒေသခံအမြောက်အများ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/38349

#TachileikNewsAgency
Photo : Internet (ပုံဟောင်း)

8 Monate, 4 Wochen her
လားရှိုးခရိုင်အတွင်းက လိုင်စင်မဲ့ကားများကို လိုင်စင်ထုတ်ပေး

လားရှိုးခရိုင်အတွင်းက လိုင်စင်မဲ့ကားများကို လိုင်စင်ထုတ်ပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

ကိုးကန့်တပ်ဖွဲ့(MNDAA) သိမ်းပိုက်ထားသော အထူးဒေသ(၁) လားရှိုးခရိုင်အတွင်းက လိုင်စင်မဲ့ကားများကို လိုင်စင် စတင်ပြုလုပ်ပေးနေပြီဖြစ်ပြီး ရှမ်းမြောက်တခွင် မောင်းနှင်နိုင်သည်ဟု MNDAA သတင်းအရင်းအမြစ်ထံမှ သိရသည်။

လားရှိုးခရိုင်အတွင်းက လိုင်စင်မဲ့ကားများကို လိုင်စင်ပြုလုပ်ပေးနိုင်ရန် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့နှင့် ဒီဇင်ဘာလ (၉)ရက်နေ့တို့တွင် ဆွေးနွေးကြပြီးနောက် လိုင်စင်မဲ့ကားများကို လားရှိုးမြို့အတွင်း ပြုလုပ်ပေးနေခြင်းဖြစ်သည်ဟု သိရသည်။

“လျှောက်လို့ရပါပြီ။ ဘယ်နေ့ဖြစ်ဖြစ်။ လာလျှောက်ရင် ဘာမှမလိုအပ်ဘူး။ လိုင်စင်ရရင် လိုင်းဆွဲခွင့်ရမယ်။ ဥပမာ လားရှိုးကနေ လောက်ကိုင်ကို။”ဟု MNDAA သတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။

လိုင်စင်လျှောက်ထားပါက ကားအမျိုးအစားအပေါ်မူတည်ပြီး အနည်းဆုံး ယွမ်(၁၀၀၀)၊ (၁၂၀၀)မှ (၁၅၀၀)အထိ ကုန်ကျနိုင်သည်ဟုလည်း ဆိုသည်။

“နောင်ချိုကနေ လောက်ကိုင် မိုးကုတ် မိုးမိတ် အဲဒီလိုပေါ့ သွားလာခွင့်ရမယ်။ တအာင်းဒေသကိုလည်း သွားလာလို့ရမယ်။”ဟု ၎င်းက ဆက်ပြောသည်။

ပထမအကြိမ် အစည်းအဝေးကို MNDAA ဘက်က မြို့တော်ဝန်နှင့် ဘဏ္ဍာရေး ဒုဝန်ကြီးတို့တက်ပြီး လောက်ကိုင်ခရိုင်၊ မုံးကိုးခရိုင်၊ ချင်းရွှေဟော်၊ သိန္နီခရိုင်နှင့် လားရှိုးခရိုင် ကိုယ်စားပြု ကိုယ်စားလှယ်များလည်း တက်ရောက်သည်ဟု ဆိုသည်။

လောက်ကိုင်တွင် KK အက္ခရာဖြင့် လိုင်စင်များ ပြုလုပ်ပေးနေပြီဖြစ်ပြီး လားရှိုးတွင် SR-1 အက္ခရာဖြင့် ထွက်လာနိုင်သော်လည်း လိုင်စင်ပြုလုပ်ပေးမည့်အစီအစဉ်ကို မသိရှိသေးဟုလည်း ဒေသခံများက ပြောသည်။

“ဒါကတော့ လက်ရှိအုပ်ချုပ်သူရဲ့ စီမံပိုင်ခွင့်လို့မြင်ပါတယ်။ ယွမ်တစ်ထောင်ဆိုတာ ငွေကျပ် ၇ သိန်းလောက်ရှိတယ်။ ဒီကာလမှာ မလွယ်ဘူးထင်တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လားရှိုးမြို့သည် တရုတ်နိုင်ငံနှင့် နီးစပ်သောကုန်သွယ်ရေးရှိပြီး တရုတ်နိုင်ငံ၏ အာဆီယံသို့ ကုန်သွယ်ရေး ဝင်ပေါက်လမ်းကြောင်းပေါ်မှ မြို့အဖြစ်လည်းဖြစ်သည်။

MNDAA က လားရှိုးမြို့ကို ပြီးခဲ့သည့် ဇူလိုင်လ (၂၅)ရက်နေ့တွင် ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ(၃)ရက်နေ့တွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တစ်ခုလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

MNDAA က လားရှိုးမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘက်က ဖိအားပေးသည့်အနေဖြင့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များအား ပိတ်ခြင်း၊ ကန့်သတ်ခြင်းများဖြင့် လားရှိုးမြို့သို့ ကုန်စည်အဝင်မခံတော့ပေ။

News : https://www.tachileik.net/mm/news/38348

#TachileikNewsAgency
Photo: MNDAA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

8 Monate, 4 Wochen her
Tachileik News Agency
9 Monate her
တာချီလိတ်မြို့တွင် သတ်ပစ်မည်ဟု ခြိမ်းခြောက် ခံရပြီးနောက် သေနတ်ဖြင့် ပစ်ခံရသည့် …

တာချီလိတ်မြို့တွင် သတ်ပစ်မည်ဟု ခြိမ်းခြောက် ခံရပြီးနောက် သေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသမီး၏ နေအိမ်သို့ နေ့စဉ်နီးပါး လာချောင်းသူရှိနေ၍ နေအိမ်သို့ ပြန်မနေရဲ ဖြစ်နေ
https://www.tachileik.net/mm/news/38290

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ပိုင်ဆိုင်မှုကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသမီးတစ်ဦးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်အပြီး (၃/၄)ရက်ဝန်းကျင်အကြာတွင် သေနတ်နှင့် ပစ်ခတ်သော်လည်း အသက်မသေဘဲ ဆေးကုသမှု ခံယူနေရပြီး နောက်ဆက်တွဲနေဖြင့် နေအိမ်သို့ နေ့ရော ညပါ လာရောက် ချောင်းမြောင်းနေ၍ နေအိမ်တွင် ပြန်မနေရဲ ဖြစ်နေရကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်စဉ်မှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း မိုးသောက်ကြယ် (၂)လမ်းရှိ ဒေါ်နန်းကောင်ခမ်း၏ နေအိမ်တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က ဒေါ်နန်းကောင်ခမ်းမှာ အိမ်ရှေ့၌ ကားရေဆေးနေစဉ် ကားအဖြူရောင်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားရာ အသက်(၅၀)ကျော်အရွယ် ဒေါ်နန်းကောင်ခမ်း၏ နောက်ကျော အပါအဝင် ဘက်ဖက်လက်မောင်း ဖောက်ဝင် ဒဏ်ရာ ရခဲ့သလို ကားမှာလည်း ကျည်ပေါက်ရာ (၃)ချက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ဒေါ်နန်းကောင်ခမ်းကတော့ ဆေးကုသနေရတဲ့ (၁)လ ကျော်သည်အထိ သူ့အိမ်သူ ပြန်မနေရဲဘူး ဖြစ်နေတယ်။ သူ့အိမ်ဝန်းကျင်ကိုလည်း မနက်စောစောတွေ နေ့လည်ပိုင်းတွေနဲ့ ညပိုင်းတွေမှာ အနည်းဆုံး လူ(၂)ဦးက ဆိုင်ကယ်နဲ့ လာလာချောင်းနေတာတွေ့ရတယ်။ ကျွန်မတို့လည်း ပြန်ပေးဆွဲမို့လား ထပ်ပစ်မို့လားဆိုပြီး ဘာမှမဆိုင်ဘဲ တွေးပြီး လန့်နေတာ။ ကာယကံရှင်ဆို ဘယ်လောက်လန့်နေမလဲမသိဘူး။ အခုထိ သူ့အိမ်ကို သူ ပြန်လာမနေရဲဘူး ဖြစ်နေတယ်။"ဟု ဒေါ်နန်းကောင်ခမ်း၏ နေအိမ်ချင်း တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ပြောသည်။

ဒေါ်နန်းကောင်ခမ်း အား သေနတ်ဖြင့် လာရောက် ပစ်သတ်သော်လည်း အသက်မသေဘဲ ဆေးကုသရပြီး နေအိမ်သို့ ပြန်လာနေရန်မှာလည်း အသက်အန္တရာယ် စိုးရိမ်နေရသည့်အတွက် ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့အထိ ပြန်လာမနေရဲဖြစ်နေခြင်း ဖြစ်ကြောင်း သိရသည်။

"သူ ဒဏ်ရာရပြီး ဆေးကုသတော့ ဆေးရုံမှာလည်း ရဲက လုံခြုံရေး ချပေးတာမျိုးမရှိသလို အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသက်ဆိုင်တဲ့ အခြားကိစ္စတွေပဲ မေးမြန်းတာမျိုး လုပ်တယ်လို့ သိရတယ်။ အခုလက်ရှိကတော့ သူ့အိမ်မှာ ပြန်နေဖို့ သက်ဆိုင်ရာရဲ့ လုံခြုံရေး မပေးနိုင်မှုကြောင့် အခက်အခဲတွေ ဖြစ်နေရှာတယ်။"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ပစ်ခတ်သည့်အဖွဲ့ကို တာချီလိတ်ရဲတပ်ဖွဲ့က သိရှိထားပြီး မကြာမီ ဖမ်းမိတော့မည်ဟု ပြောဆိုထားသော်လည်း ၎င်းတို့ သိရှိထားသူမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ အမည်ကို အသုံးချထား၍ ဆက်လက် စုံစမ်းဖော်ထုတ်ရဲခြင်းမရှိ ဖြစ်နေကြောင်းလည်း ခိုင်မာသည့် သတင်းရင်းမြစ်များထံက သိရသည်။

တာချီလိတ်မြို့တွင် သာမန်ပြည်သူများနှင့် ပတ်သက်ပြီး ပြန်ပေးဆွဲမှုများ၊ လုပ်ကြံမှုများ နှင့် ခိုးဆိုးလုယက်မှုများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ရေးရာများက လုံခြုံရေး ဆောင်ရွက်ပေးခြင်း မရှိသော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းစတုန်းက မြို့မျက်နှာဖုံး လုပ်ငန်းရှင် တစ်စု၏ နေအိမ်များရှေ့တွင် စစ်တပ်က လုံခြုံရေးအဖြစ် စစ်သားများ ချပေးထားကာ ကင်းစောင့်ပေးမှုများရှိခဲသော်လည်း ယခုအခါတွင် တာချီလိတ်၌ နေ့စဉ် နီးပါး ဖြစ်ပွားနေသည့် ပြန်ပေးဆွဲမှုများ အပါအဝင် ခိုးဆိုးလုယက်မှုများ အပြင် လုပ်ကြံမှုများနှင့် ပတ်သက်ပြီး လုံခြုံရေး လုပ်ဆောင်ပေးခြင်းမရှိ ဖြစ်နေသည်။

ဆက်စပ်သတင်း - https://www.tachileik.net/mm/news/37958

#TachileikNewsAgency

9 Monate, 1 Woche her
သေဒဏ်ကျခံနေရသည့် ပထမဆုံး CDM စစ်သား အင်းစိန်ထောင်တွင် ကျဆုံး

သေဒဏ်ကျခံနေရသည့် ပထမဆုံး CDM စစ်သား အင်းစိန်ထောင်တွင် ကျဆုံး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

သေဒဏ်ကျခံထားရသည့် ပထမဆုံး CDM ရေတပ်သား ကိုပြည့်စုံဦး ကျောက်ကပ်ရောဂါဝေဒနာဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် အင်းစိန်ထောင်တွင်း၌ ကွယ်လွန်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရသည်။

ကိုပြည့်စုံဦးသည် စစ်အုပ်စု အာဏာသိမ်းစဉ်တွင် CDM တပ်သားအနေဖြင့် ၂၀၂၁ခုနှစ် မတ်လက ပြည်သူ့ဘက်သို့ ကူးပြောင်းပြီး နိုင်ငံရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သူဖြစ်သည်။

တော်လှန်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ၂၀၂၂ ခုနှစ် သြဂုတ်လ (၂၇)ရက်နေ့တွင် ဖမ်းဆီခံခဲ့ရသည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်က သံလျင်ရေတပ်မှ တပ်ပြေးပုဒ်မအပြင် အခြားပုဒ်မများဖြစ်သည့် ပုဒ်မ တမအ ၃၇ (တပ်မတော်အက်ဥပဒေပုဒ်မ ၃၇)၊ တမအ ၃၂(တပ်မတော်အက်ဥပဒေပုဒ်မ ၃၂)တို့ဖြင့် အမှုဖွင့်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် သေဒဏ်ချက အင်းစိန်ထောင်သို့ ပို့ခံရသည်။

အင်းစိန်ထောင်သို့ ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနှင့် အဆုတ်ရေဝိုင်းရောဂါများကို ခံစားရပြီး ခြောက်လအကြာတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတဝှမ်း အကျဉ်းထောင်တွင်းက ဖိနှိပ်မှုများနှင့် ဆေးဝါးလုံလောက်စွာကုသမှုမရခြင်းကြောင့် ၂၀၂၄ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၂၀)ဦး ကျဆုံးသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကဆိုသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၃၀)ရက်‌နေ့အထိ (၁၁)လတာ ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းကြောင့် အကျဉ်းသား၊ အကျဉ်းသူ (၂၀)ဦးမှာ ကျဆုံးရခြင်းဖြစ်ပြီး အမျိုးသမီး(၂)ဦးနှင့် အမျိုးသား (၁၈)ဦး ပါဝင်သည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/38289

#TachileikNewsAgency
Photo: Political Prisoners Network - Myanmar

9 Monate, 1 Woche her
Tachileik News Agency
9 Monate, 1 Woche her
မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်အား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးသီးကြဲချ တိုက်ခိုက်

မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်အား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးသီးကြဲချ တိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

မန္တလေးတိုင်း မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာမှ ပျူစောထီးများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းဆောင်ခေါ်ဆောင်ရန် မဲနှိုက်အစည်းအဝေးပြုလုပ်နေချိန် နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများက Shar Htoo Wow Fixed Wings နည်းပညာဖြင့် ဗုံးသီး (၆)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီးတချို့ ထိခိုက်ဒဏ်ရာရရှိပြီး မြင်းခြံမြို့ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် နိုဝင်ဘာလ (၂၄)ရက်နေ့ မနက် (၁၀)နာရီဝန်းကျင်တွင် နွားကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးအား မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo Wow နည်းပညာဖြင့် Fixed Wings ဗုံးသီး (၄)လုံး ၊ ယနေ့ နံနက် (၇) နာရီဝန်းကျင်တွင် နွားထိုးမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့အား ဗုံးသီး (၇)လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

အဆိုပါတိုက်ခိုက်မှုများအား Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်း ၊ မြင်းခြံခရိုင်ဒရုန်းတပ် အမှတ် (၁၈၄၈)၊ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ မြင်းခြံ နှင့် Myingyan District Drone Strike အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/38235

#TachileikNewsAgency
Photo: Natogyi People Defence Force

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 8 Monate, 2 Wochen her

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 11 Monate, 2 Wochen her

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 Jahr her