28 Stars (ThinkTankMyanmar)

Description
စစ်သတင်းများနှင့် UptoDate သတင်းမှန်များအတွက်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

12 months ago

https://youtu.be/YdwLfL4lPR0

MSME လုပ်ငန်းများအပေါ် လေ့လာသုံးသပ်ခြင်း
#ThinkTankMyanmar #28Stars #News and political analysis

12 months ago
12 months ago
ကူမင်းမြို့၌ ပြုလုပ်သည့် တပ်မတော်နှင့် TNLA တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ရသည့်အကြောင်းအရင်းများအပေါ် …

ကူမင်းမြို့၌ ပြုလုပ်သည့် တပ်မတော်နှင့် TNLA တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ရသည့်အကြောင်းအရင်းများအပေါ် လေ့လာသုံးသပ်ခြင်း (ရုပ်သံ) #ThinkTankMyanmar #28Stars

1 year, 1 month ago
တူကီယဲသမ္မတအာဒိုဂမ် သည် ဆီးရီးယားပြည်တွင်းစစ်နှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍမှ …

တူကီယဲသမ္မတအာဒိုဂမ် သည် ဆီးရီးယားပြည်တွင်းစစ်နှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာ

အာဒိုဂမ်သည် သမ္မတသက်တမ်း ၃ ကြိမ် (၂၀၁၄-၂၀၁၈၊ ၂၀၁၈-၂၀၂၃၊ ၂၀၂၃-ယနေ့ထိ) တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တူကီယဲပြည်သူအများစု၏ထောက်ခံမှု ရရှိထားသူ တစ်ဦးဖြစ်သည်။ ၎င်းသည် အစ္စလာမ်ဘာသာရေးအပေါ် အလေးထားသူ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်ခဲ့သဖြင့် ၁၉၉၈ ခုနှစ်တွင် တူကီယဲမြို့တော် အစ္စတန်ဘူမြို့တော်ဝန်တာဝန် ထမ်းဆောင်ခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် ပူးပေါင်းပြီး တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (AKP) ကို ပူးတွဲတည်ထောင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် အင်အားကြီးပါတီများကို အနိုင်ရကာ အာဒိုဂမ်သည်လည်း ပါတီထိပ်ပိုင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

အာဒိုဂမ်အား ပြည်သူလူထုထောက်ခံမှု ရရှိခဲ့သည့်အကြောင်း တရားများအနက် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှု၊ မီဒီယာလွတ်လပ်ခွင့်၊ လူနည်းစု အခွင့်အရေးဆောင်ရွက်ပေးမှု စသည့်အချက်များက ထင်ရှားသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် EU အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းခဲ့သော်လည်း EU ဘက်ကမူ မွတ်စလင်ဦးရေ ၈၅ သန်းကျော် ရှိသည့် လူဦးရေကန့်သတ်ချက်၊ ပြင်းထန်သည့်ဘာသာရေးအယူအဆများကြောင့်ဟုဆိုကာ အထူး အခွင့်အရေးရ မိတ်ဖက်နိုင်ငံတစ်ခုအဖြစ်သာ လက်ခံခဲ့သည်။

တူကီယဲနိုင်ငံသည် NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ကာ အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သည့်အပြင် အရှေ့အလယ်ပိုင်းတွင် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုပြီးရင် အာဒိုဂမ်သည့် အမေရိကန်အားထားရသည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးဖြစ်လာခဲ့သည်။

သမ္မတအာဒိုဂမ်သည် ရုရှား-ယူကရိန်းအရေး၊ အစ္စရေး-ဟားမတ်အရေး များတွင် ကြားဝင်စေ့စပ်ပေးသူတစ်ဦးဖြစ်ခဲ့ပြီး ဆီးရီးယားအရေးအား ကြိုးကိုင်ခဲ့သည့်အတွက် ဒေသတွင်း အရေးပါလာသည့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
#28 Stars (Think Tank Myanmar)

သတင်းသုံးသပ်ချက်များ ကြည့်ရှုနိုင်ရန်
Youtube - https://youtube.com/@knowledgesharingchannel-l8s?si=C7xvwhF6Id7Efluf
Telegram - https://t.me/channel21mts
TikTok - https://www.tiktok.com/@thinktankmyanmar?_t=8s5cuYz9Bpv&_r=1

1 year, 1 month ago
တူကီယဲသမ္မတအာဒိုဂမ် သည် ဆီးရီးယားပြည်တွင်းစစ်နှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍမှ …

တူကီယဲသမ္မတအာဒိုဂမ် သည် ဆီးရီးယားပြည်တွင်းစစ်နှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာ

1 year, 2 months ago

ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး လုပ်ကြံခံရမှု နောက်ဆက်တွဲအပေါ် လေ့လာသုံးသပ်ခြင်း(ရုပ်သံ)

#28 Stars (Think Tank Myanmar)

သတင်းသုံးသပ်ချက်များ ကြည့်ရှုနိုင်ရန်
Youtube - https://youtube.com/@knowledgesharingchannel-l8s?si=C7xvwhF6Id7Efluf
Telegram - https://t.me/channel21mts
TikTok - https://www.tiktok.com/@thinktankmyanmar?_t=8s5cuYz9Bpv&_r=1

1 year, 4 months ago

သီရိလင်္ကာနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် မာ့က်စ်ဝါဒီ လွှတ်တော်အမတ် အနူရာ ကုမာရ အနိုင်ရရှိ

စက်တင်ဘာလ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် သီရိလင်္ကာသမ္မတ ရွေးကောက်ပွဲတွင် အသက် ၅၅ နှစ်အရွယ် အနူရာ ကုမာရ အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ သီရိလင်္ကာတွင် လာရောက်မဲပေးသူ အများဆုံအဖြစ် စံချိန်တင်ခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေ ၇၅ ရာခိုင်နှုန်းခန့် လာရောက်မဲပေးခဲ့ကြသည်။

၎င်းအနေဖြင့် ဆင်းရဲမွဲတေမှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ၎င်း၏ရွေးကောက်ပွဲအောင်ပွဲက အားလုံးအတွက်ဖြစ်ပြီး သီရိလင်္ကာသမိုင်းကို ပြန်လည်ရေးထိုးသွားမည်ဖြစ်ကြောင်း ၎င်း၏ X လူမှုကွန်ရက်တွင် ရေးသား ထားသည်။ ၎င်းသမ္မတဖြစ်လာပါက ၄၅ ရက်အတွင်း လွှတ်တော်ဖျက်သိမ်းပြီး လွှတ်တော် ရွေးကောက်ပွဲသစ် ကျင်းပပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

သီရိလင်္ကာနိုင်ငံသည် ၂၀၂၂ ခုနှစ်က အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုနှင့် ကြုံတွေ့ခဲ့ရပြီး စားသောက်ကုန်၊ လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုများ လပေါင်းများစွာ ဖြစ်ပွားခဲ့ကာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ချေးငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလျံဖြင့် နိုင်ငံ့စီးပွားရေးကို လည်ပတ်ခဲ့ရသည်။ ၎င်းအနေဖြင့် အကြွေးနွံနစ်နေသည့်တိုင်းပြည်ကို ပြန်လည်ဦးမော့လာစေရေးနှင့် ၎င်း၏ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရေး ကြိုးစားရုန်းကန်ရမည်ဖြစ်သည်။

နိုင်ငံတစ်ခုကို မောင်းနှင်နေသည့် နိုင်ငံခေါင်းဆောင်များ၏ ကိုယ်ရည်ကိုယ်သွေး၊ လုပ်ရည်ကိုင်ရည်နှင့် ၎င်းတို့ချမှတ်သည့် မူဝါဒများသည် ယင်းနိုင်ငံအတက်အကျ၊ အနိမ့်အမြင့်အတွက် များစွာတည်မှီနေကြောင်း တွေ့ရှိရသည်။
#BoThu

1 year, 4 months ago

ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Eurasian Women’s Forum – 2024 တွင် တပ်မတော်ကာကွယ်ရေးဦးစီချုပ်၏ဇနီး ဗွီဒီယိုမိန့်ခွန်းပေးပို့

Eurasian Women's Forum (EWF) ကို ၂၀၁၅ ခုနှစ်တွင် ရုရှားနိုင်ငံ၌ စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဖြေရှင်းပေးနိုင်ရန်အတွက် ရည်ရွယ်တည်ထောင်ထားခြင်း ဖြစ်သည်။

ယခုနှစ်တွင် ကျင်းပပြုလုပ်သည့်ဖိုရမ်သို့ နိုင်ငံပေါင်း ၁၂၆ နိုင်ငံမှ လူဦးရေ ၁၅၀၀ ကျော် တက်ရောက်ကြပြီး နိုင်ငံအသီးသီးမှ အမျိုးသမီးခေါင်းဆောင်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အမျိုးသမီးများ၊ ကျွမ်းကျင်သူများက ခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့ကြသည်။

ယခုနှစ်ကျင်းပသည့် (၄)ကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်တွင် မြန်မာနိုင်ငံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ က Session III "Women in the New Economic Reality: Technologies and Innovations" အခန်းကဏ္ဍ၌ From Realizing Intellectual Potential to Technological Leadership ခေါင်းစဉ်ဖြင့်ဆွေးနွေးမည့် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့သည်။

ဖိုရမ်ဖွင့်ပွဲ၌ ရုရှားသမ္မတ ပူတင်က Vedio Message ပေးပို့ခဲ့ပြီး ၎င်း Message တွင် လူ့အဖွဲ့အစည်း အတွင်း အမျိုးသမီးများ၏ အရေးပါမှုနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှုအပါအဝင် နယ်ပယ် အသီးသီးတွင် အမျိုးသမီးများ၏ ပံ့ပိုးကူညီမှုများကို အလေးပေးပြောဆိုထားသည်။

Eurasian Women's Forum (EWF) သည် ရုရှားနိုင်ငံအစိုးရက ကျောထောက်နောက်ခံပေးထားသည့်ဖိုရမ်တစ်ခုဖြစ်ပြီး ကျားမတန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုတို့ကို ဖော်ဆောင်နိုင်ခြင်းတို့ကြောင့် အနာဂတ်ကာလတွင် အရေးပါသော အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ပါသည်။

#BoThu

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago