Goyuz net - knowledge Hub

Description
အချို့သောအကြောင်းအရာတွေကလေ့လာရတယ် သင်ယူရတယ် နောက်မှမှတ်မိသလောက်ပြန်မျှဝေပေးနေတာဖစ်ပါတယ်
Ownr = @GenzsenrGrade
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago

2 years ago

ဒီရက်ပိုင်းကျနော် Gymနဲ့အလုပ်ကိုပိုဖိလုပ်နေလို့လိုင်မတတ်ဖစ်တဲ့အတွက်တောင်းပန်ပါတယ် အသက်ကြီးလာတာနဲ့အမျှ အရင်လိုညဘက်အပြင်ထွက်ရင်ဆူတာ တခုခုဆိုပြောတာဆိုတာမရှိတော့လို့အိမ်ပိုင်နေပြီထင်နေတာဘယ်ဟုတ်မလဲ အိမ်ရဲ့တာဝန်တွေက ကုိယ့်ပုခုံးပေါ်ရောက်လာတာမသိလိုက်ဘူး

2 years ago

“အိမ်မက်တွေက စျေးကြီးလိုက်တာ” လို့ခံစားဖူးလား?
အဲ့တာဆိုရင် မင်းဟာ…
လမ်းပျောက်နေသူတစ်ယောက်ပဲ ‼️

တကယ်ကြိုးစားနေသူတွေကတော့…
အိမ်မက်တွေကို တကယ်ဖြစ်လာအောင်
ဖန်တီးနိုင်စွမ်းရှိတယ်…။
သူတို့ရဲ့အိမ်မက်တွေကို အမြဲယုံကြည်နေကြတယ်။
အဲ့ဒီအတွက်လည်း အစွမ်းကုန်ကြိုးစားနေကြတယ်။
ငါတို့မျက်စိရှေ့တင်ပဲ သာဓကတွေအများကြီး!

မင်းကတော့ အိမ်မက်တွေကို အပြစ်တင်ရင်း
လမ်းတွေပျောက်နေတုန်းပဲလား?
ပတ်ဝန်းကျင်ကိုကြည့်လိုက်!
မင်းထက်ကြိုးစားနေတဲ့သူတွေကြီးပဲ…။
မင်းရဲ့အိမ်မက်တွေနဲ့ မင်းချစ်တဲ့သူတွေရဲ့အိမ်မက်တွေကို ဖြည့်စည်းပေးနိုင်ဖို့
ပတ်ဝန်းကျင်ကောင်းတစ်ခုမှာရှင်သန်ပြီး
အကောင်းဆုံးကြိုးစားကြည့်စမ်းပါကွာ
မင်းအောင်မြင်လိမ့်မယ်ဆိုတာ ငါယုံကြည်တယ် ??

အဲ့ဒီတော့ စပြီးကြိုးစားတော့မယ့်မင်းအတွက်
နောက်ဆုံးအနေနဲ့စကားလေးတခွန်း
လက်ဆောင်ပေးချင်တယ်…။ ?

“ တစိုက်မတ်မတ်ကြိုးစားနေသူတစ်ယောက်အတွက်
အိမ်မက်တွေက စျေးမကြီးပါဘူး
အချိန်မတန်သေးတာပါ #Crd

2 years ago

marsဂြိုလ်အကြောင်းသိချင်လားဗျ

2 years ago

Guilt trippingသက်ရောက်မှု့တွေကတော့

1.ဘယ်လိုrelationshipကိုမဆိုထိခိုက်ဖျက်စီးနိုင်ပါတယ် guilt tripလုပ်ခံထိတဲ့လူကmanipulatorဆီကနေ အဝေးဆုံးကိုရှောင်ဖယ်သွားတတ်ကြတယိ

2.Guilt tripလုပ်ခံထိသူကအရမ်းစိတ်သောကရောက်စေပါတယ် အပြစ်မကင်းသလို ယုံကြည်မှု့မရှိတော့သလိုဖစ်စေပါတယ်

3.နားလည်မှုလွှဲတာဖစ်ပါတယ် ဘာလို့လဲဆိုတော့guilt tripperတွေကသူတို့လိုချင်တာကိုကောင်းကောင်းမဖော်ပြလို့ဖစ်ပါတယ်

4.targetလုပ်ခံရသူကself esteemလျော့ပြီး သူတို့ရဲ့တန်ဖိုးနဲ့လုပ်နိုင်ရဲ့လားဆိုပြီးမေးခွန်းထုတ်လာနိုင်ပါတယ်

5.guilt trippingကိုအမြဲသုံးမယ်ဆိုသူငယ်ချင်းတွေရဲ့ပစ်ပယ်မှု့ကိုလဲခံလာရနိုင်ပါတယ်

2 years ago

ပိုက်ဆံကပျော်ရွှင်မှု့ကိုဝယ်နိုင်လား

2 years ago

"ရင့်ကျက်ခြင်း၏ အဓိပ္ပါယ်"

" ရင့်ကျက်မှုဆိုတာ တိုးတက်လာဖို့အတွက်
ပေးဆပ်ရမယ့်အမြင့်ဆုံး တန်ဖိုးတစ်ခုဖြစ်တယ်"

Tom Stoppard

Cowin Louis Coleဆိုတဲ့လူ က
ခုလိုပြောဖူးတယ်။

"ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ပဲ
တာဝန်ယူမှုကို ဘယ်လောက်လက်ခံနိုင်သလဲ
ဆိုတဲ့အပေါ် မူတည်နေတယ်၊ သင်ဟာ
တစ်ကြိမ်သာ ငယ်ရွှယ်နိုင်ပေမယ့် မရင့်ကျက်မှု
ကတော့ တစ်ဘဝလုံးရှိနေနိုင်တယ်"

ရင့်ကျက်တယ်ဆိုတာ နာကျင်မှုတွေကို
ခံနိုင်ရည်ရှိတာ၊ သူများတွေထက်
ပိုသည်းခံနိုင်တာ၊ စိတ်ကိုလေးလံအောင်
မထားတက်တာ၊ အရှိတရားကို လက်ခံပြီး
အပြုသဘော မြင်တက်တာတွေ ဖြစ်တယ်။
ဒါပေမယ့် စာရေးဆရာ Stephen R.Covey ကတော့
ရင့်ကျက်မှုဆိုတာ ကိုယ်ချင်းစာစိတ်နဲ့
သတ္တိတို့ကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်စွမ်း
လို့ သူ့ရဲ့ The 7 Habits Of Highly Effective People
စာအုပ်မှာ အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။

တစ်နည်းပြောရရင်
သူ့အကျိုး ၊ ကိုယ့်အကျိုးကြည့်ပြီး
အခြေအနေတစ်ရပ်ကို ကြောင်းကျိုးဆင်ခြင်နိုင်တဲ့
အရည်အချင်းလို့လည်း ခေါ်နိုင်တယ်။

လူတစ်ယောက်မှာ ကိုယ်ချင်းစာစိတ်မရှိရင်
သူလုပ်တဲ့အလုပ်မှန်သမျှဟာ
ကိုယ်ကောင်းစားဖို့၊ ကိုယ့်အတ္တအတွက်ပဲ
ဖြစ်နေလိမ့်မယ်။
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့
စိတ်ထားနဲ့ အရာရာကို ဆုံးဖြတ်နေတဲ့သူဟာ
ဘယ်လိုမှ ရိုးသားဖြူစင်မှုအကြောင်း
နားလည်မှာ မဟုတ်ပါဘူး။

ကိုယ်ချင်းစာစိတ်ဖြစ်ဖို့အတွက်
ကျွန်တော်တို့ဆီမှာ ရိုးသားမှု၊
အပြုသဘောတွေးခေါ်တက်မှုနဲ့
သူတစ်ပါးအပေါ် နားလည်လိုစိတ်တွေ ရှိရမယ်။

ကိုယ်တိုင်က ဖြူစင်ရိုးသားမှုမရှိဘူးဆိုရင်
သူများလုပ်တာကိုင်တာ၊ ပြောတာဆိုတာတွေအပေါ်
အမြဲ အပြစ်မြင်နေမိမှာ မလွဲပါဘူး။
ကိုယ့်စိတ်နဲ့ သူတစ်ပါးအပြုအမူတွေကို
နှိုင်းယှဥ်ကြည့်ရင်း ယုံကြည်စိတ်ချမှုရှိမှာ မဟုတ်သလို
သူများဘက်ကို ကြည့်ပေးနိုင်မှာလည်း မဟုတ်ဘူး။

အပြုသဘောမတွေးတက်ဘူးဆိုရင်လည်း
ကိုယ်က တခြားသူအပေါ် အကူအညီတစ်ခုခု
ပေးလိုက်လည်း ကိုယ့်အတွက်ဘာများထူးခြားသွား
မလဲ၊ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ရော
ဘယ်လောက်များပြောင်းလဲသွားမှာ မို့လို့လည်းလို့
တွေးတက်တယ်၊ ကိုယ်မကူညီလည်း
တခြားတစ်ယောက်ယောက်က
ဖြည့်ဆည်းပေးမှာပဲ ဆိုပြီး မျက်နှာလွှဲမိလိမ့်မယ်။

နားလည်လိုစိတ်ဆိုတာ
သူများအခြေအနေတွေက်ို ကိုယ့်မှာဖြစ်နေသလို
စေတနာထားတာ၊ ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတဲ့
အသိနဲ့ ဂရုတစိုက်နားထောင်ပေးတာမျိုး
ဖြစ်တယ်။

ဒီနေရာမှာ သတ္တိဆိုတာ သူများအပေါ်
ကြောက်ရွံမှုမရှိတာ၊ ကိုယ့်ကိုယ်ကို အားငယ်စိတ်
မဝင်ပဲ ပူးပေါင်းဆောင်ရွှက်မှုကိုလိုလားတာ၊
ကိုယ့်လိုချင်တာကို ထုတ်ပြောရဲတာကိုဆိုလိုတယ်။

ကိုယ်ချင်းစာစိတ်နဲ့ သတ္တိကို
ဘက်ညီအောင် ညှိနိုင်မယ်ဆိုရင်
သူနိုင်ကိုယ်နိုင် ဆက်ဆံရေးမျိုးတွေကို
တည်ဆောက်နိုင်မှာ ဖြစ်ပြီး၊
ကိုယ့်ကြောင့် သူများနစ်နာမှာ
သူများကြောင့်လည်း ကိုယ်ဆုံးရှုံးရတာတွေ
နည်းသွားမှာ ဖြစ်ပါတယ်။

စကားလေးတစ်ခွန်းကြားဖူးတာ ရှိတယ်။
"အပြစ်ကင်းတဲ့ရင့်ကျက်မှုဆိုတာ လူတစ်ယောက်က
သင့်ကို နာကျင်စေတဲ့အခါ သူ့ရဲ့အခြေအနေကို
နားလည်အောင်ကြိုးစားပြီး သူ့အပေါ်
ပြန်လည် မနာကျင်စေခြင်းသာ ဖြစ်တယ်"

fbကနေဖတ်ပြီးပြန်ရေးထားတာဖစ်ပါတယ် မူပိုင်မဟုတ်ပါဘူး ဆရာchan lin aungစီကဖစ်ပါတယ် Crdပေးပါတယ်

ဗဟုသုတအနေနဲ့ပြန်တင်ပေးတာပါ

2 years ago

လူတယောက်ကိုအကောင်းဆုံးတိုက်ခိုက်နိုင်တဲ့လက်နက်ကတော့မနာလိုမှုဖစ်ပါတယ် ကိုယ့်ကိုနိမ်တယ်ဝေဖန်တယ် ဖိချတယ် စသဖြင့်လူအချို့က ခံစားခဲ့ကြမာပါ ကျနော်ကိုယ်တိုင်လဲအရင်ကကြုံတွေ့ခဲ့ဘူးပါတယ် ဒါမဲ့သူတို့နိမ်တဲ့ချိန် ရန်နဲ့မတုန့်ပြန်တာကအကောင်းဆုံးလို့ထင်ပါတယ် ကိုယ်ကလဲနစ်နာနိုင်သေးတာမျိူးလဲရှိပါတယ်ဆိုတော့ဘယ်လိုတိုက်ခိုက်ရမလဲဆိုရင် ကိုယ့်ကိုမနာလိုလာအောင်လုပ်ဆောင်တာဖစ်ပါတယ် ကျနော့်ကိုနိမ်ခဲ့တဲ့လူတွေအများကြီးရှိပါတယ် ငွေရေးကြေးရေး မိသားစုပြဿနာ အစသဖြင့်ပေါ့ ဒီလိုကြုံတွေ့လာတော့ပထမဆုံးအနေနဲ့စိတ်ဓာတ်ကျတော့တာဘဲ နောက်တော့စာအုပ်တွေဖတ်အမြင်တွေကျယ်လာတယ် နိမ်ချမှု့နဲ့စိတ်ကျစေတဲ့စကားတွေလုပ်ရပ်တွေကခွန်အားအဖြစ်အသုံးပြုခဲ့တယ် အကောင်းဆုံးကြိုးစားခဲ့တယ် လေ့လာတယ် သင်ယူတယ် သေချာအောင်အကြိမ်ကြိမ်အဖန်ဖန်လုပ်တယ် အမြဲလုပ်သွားရင်း နောက်သိလာရတာက ကိုယ်ပိုင်ဝင်ငွေကသူတို့တစ်မိသားစုလုံးရှာ​ေငွနဲ့ညီသွားတယ်ဆိုတော့ အစကတော့ပိုက်ဆံမရှိလို့နိမ်ခံရတဲ့အချိန်မာကိုယ်ကတနေကုန်မလုပ်ဘဲပိုက်ဆံရလာတော့သူတို့သိတဲ့အချိန်မာ ဘာဖစ်လာလဲဆိုတော့မနာလိုလာတာပေါ့ စိတ်ထဲအမုန်းတွေပွားလာမယ် ကိုယ့်ကိုကြည့်မရတာဖစ်လာမယ်ဒါတွေကကိုယ့်ကိုမြင်နေတဲ့အချိန်တိုင်းမာဖစ်လာမာဆိုတော့ ကိုယ့်ဘက်ကမတုန့်ပြန်လဲသူ့ဘက်မာတော့သောကမီးတွေနဲ့ကြောင်ပျောက်နေတော့မာပေါ့ မကောင်းတဲ့လူတွေကသင်ခန်းစားနဲ့သန်မာမှု့ကိုပေးတယ် ကောင်းတဲ့သူတွေက မေတ္တာနဲ့ပျော်ရွှင်မှု့ကိုပေးတယ် ဘဝမာလူပိုဆိုတာမရှိပါဘူး ကိုယ့်ဘာသာလုပ်ယူမှသာရရှိလာမဲ့အကျိုးဆက်တွေမလို့ အိမ်မက်တွေရှိရင်အားကုန်သုံးပြီးကြိုးစားပါ

2 years ago

sub200ပြည့်ရင်တော့အရင်းမလို အချိန်မပေးရဘဲincomeရှာလို့ရတဲ့အလုပ်တွေအကြောင်းပြောပြမယ် လူတွေထည့်ပေးလင့်လေးတွေဖြန့်ပေးပါအုန်း
https://t.me/goyuzphychologytipz

2 years ago

Disciplineကိုဘယ်လိုလေ့ကျင့်ယူရမလဲ
အဖြေကရှင်းပါတယ် ပထမဆုံးလုပ်ဖို့လိုတာကတော့တနေ့တာရဲ့အစီအစဉ်တွေကိုချမှတ်ထားဖို့လိုပါတယ် ဉပမာ ဘယ်အချိန်မာဘာလုပ်မလဲဆိုတာမျိုးဖစ်ပါတယ် ဒုတိယလုပ်ရမာကတော့ ထိုအစီအစဉ်တွေကိုလိုက်ပြီးလုပ်ဆောင်ရမာဖစ်ပါတယ် ထိုသို့လုပ်​​ဆောင်ခြင်းကကြာလာသည်နှင့်အမျှ တာဝန်တခုလိုခံစားလာရဖို့လိုပါတယ် မလုပ်ချင်သည်ဖစ်စေလုပ်ချင်သည်ဖစ်စေ အမြဲလိုလိုလုပ်နေရမာပါ ပစ်မှတ်အောင်မြင်မှု့တခုထားပါ ရေတိုပန်းတိုင်တွေကနေအားပေးမှု့ယူခြင်းကလဲကိုယ့်ရဲ့စိတ်ကိုတွန်းအားပေးနိုင်ပါတယ် ရေရှည်ပန်းတိုင်အတွက်လဲအရေးကြီးတာကြောင့်ကျင့်ယူတာကအရှုံးမရှိပါဘူး လူတယောက်နဲ့တယောက်တော့မတူပေမဲ့ကျနော်လုပ်ယူတဲ့ပုံစံဖစ်ပါတယ် အမြင်မတူရင်ဝေဖန်ထောက်ပြလို့ရပါတယ်ဗျ

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago