??? ?????????? ????

Description
If you're interested in helping people manage mental health issues, a bio that emphasizes clinical psychology would be ideal. You could mention topics like diagnosing mental health conditions, therapy techniques, and empathy-driven practices.
#psychology
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago

1 year ago

(Psychopath )
ဒီနေ့တော့ psychopath တစ်ယောက်အကြောင်းပြောသွားချင်တယ် psychopath ဆိုတာ သဘာဝကျကျရှိကြတတ်တဲ့ ခံစားချက်တွေမရှိတဲ့လူတွေလို့အလွယ်မှတ်လို့ရတယ် သနားတဲ့စိတ် အကြင်နာဖြစ်တဲ့စိတ် စိတ်တိုတာ ဝမ်းနည်းတာ ဒါတွေမရှိတဲ့ လူလို့အလွယ်မှတ်ထားပါ။ ဒီစိတ်တွေမရှိတော့ သူများတွေထက်ပိုရက်စက်တယ် အတွေးတွေကလည်းထူးဆန်းနေတာပေါ့ နောင်တတရားတွေ စိတ်ဖိစီးမှုတွေ မခံစားနိုင်ဘူးလေ

Psychopath ရဲ့ အဓိက လက္ခဏာတွေကို ပြောပြမယ် တစ်ချို့ psychopath တွေက အရူးတစ်ယောက်လိုပဲ ရိုင်းတယ် စိတ်မမှန်ဘူး ပြန်ထိန်းနိုင်တဲ့ကောင်တွေကျ မျက်နှာပြင်မှာ ဟန်ဆောင်မှုတွေနဲ့နေပြီး အတွင်းစိတ်ထဲရှုပ်‌ထွေးနေတာမျိုးပါ ‌ဆိုးကျိုးဖြစ်မဲ့ဆုံးဖြတ်ချက်တွေ အပေါင်းသင်းတွေရဲ့ စိတ်ခံစားမှုကို ဆော့ကစားတတ်ပါသေးတယ်။

နောက်တစ်ခုက အပြစ်ကိုမခံစားတတ်ကြပါတာ
သာမန်လူဆို အပြစ်လုပ်ပြီးရင် နောင်တကအနောက်ကပါလာတတ်ပြီး ဒီအပြစ်ကိုမှားမှနိးသိတာပဲဖြစ်ဖြစ် နောင်တရတာပဲဖြစ်ဖြစ် ခံစားချကိတွေဝင်လာတတ်ပါတယ်။
Psychopath တွေကျ သူတို့လုပ်လိုက်တဲ့အပြစ်တွေကို အမှားလို့ကိုမမြင်ပဲ သာမန်အရာတစ်ခု့လို့မြင်ထားတာကြောင့်နောင်တလည်းမရသလို အပြစ်ကိုလည်းဘာမှမခံစားကြတာပါ။

Psychopath တွေက လိမ်လည်တတ်ကြပါတယ် သူတို့က လိမ်ပြောတဲ့နေရမှာအရမ်းတော်ပါတယ် ခံစားချက်မရှိတော့ သူတို့လိမ်လို့လိမ်နေမှန်းလည်းမသိရပါဘူး တစ်ဖက်လူအကြိုက်လည်းပြောတတ်သေးတယ် စကားနဲ့ထိန်းချုပ်သွားတာမျိုးပါ

နောက်တစ်ချက်ကမေးခွန်းနဲ့ ထိန်းချုပ်နိုင်ပါတယ် ဒီတစ်ချက်ကတော့ ခြိမ်းခြောက်တာဖြစ်ပြီး တကယ်မလုပ်ရသေးရင်တောင် သူလုပ်ထားတဲ့ စတိုင်နဲ့ မေးခွန်းတွေမေးတော့ အမေးခံရတဲ့ကောင်က တကယ်တွေသွေးပျက်နေရတာပေါ့ ။

ဒါကတော့ psychopath တွေရဲ့ လက္ခဏာတွေပါ

1 year, 1 month ago

The 48 laws of power ရဲ့စာအုပ်အကြောင်းကိုသိချင်တဲ့လူတွေအတော်များတာကြောင့်တင်ပေးလိုက်ပါတယ် အလွယ်မတင်ပဲ အသေချာနားလည်‌ရုံတင်မကရှင်းလင်းသွားတဲ့ထိ ရှင်းပြသွားပါမယ်

ဒါဆို ပထမဦးဆုံး law ဖြစ်တဲ့
( Never Outshine the master )ဆိုတဲ့ ဥပဒေသကိုရှင်းပြသွားမှာပါ

အရှင်းလင်းဆုံးပြောရမယ်ဆိုရင် မင်းထက် အာဏာရှိနေတဲ့လူတွေရှေ့မှာ ကျွမ်းကျင်မှု အောင်မြင်မှုတွေကို ပိုပြနေမိရင် သူတို့က မင်းအပေါ်မှာ မလိုလားအပ်တဲ့မနာလိုစိတ် ရန်လိုစိတ်တွေရှိလာနိုင်တယ် အဲ့ဒါကြောင့် သူတို့ထက် တော်ကြောင်းတတ်ကြောင်းမပြနဲ့ပေါ့ သူတို့က ပိုတော်ပိုသိကြောင်းပြသဖို့လိုတယ် အထက်လူ‌ကြီးတွေက ကိုယ်ဘာမှမလုပ်ပဲ ဆူတာတွေရှိတယ်မလား ကိုယ့်ထက်အာဏာကြီးတဲ့လူ ဘယ်သူမဆို မိသားစုမှာပဲဖြစ်ဖြစ် အလုပ်မှာပဲဖြစ်ဖြစ် အကြောင်းရင်းမဲ့ ဆူတာက သူတို့ထက်တတ်ကြောင်းသာကြောင်းပြမိလို့ သူတို့ကိုမလေးမစားလုပ်မိလို့ ဒါမှမဟုတ် သူတို့ထက် ပိုပြီးသိနေတာတတ်နေသလိုလုပ်ပြလို့ သူတို့စိတ်ထဲမှာ မနေသာတော့ပဲ ဆူမိ ဟောက်မိ ရန်ရှာမိကြတာပါ သူတို့ကို Respectတစ်ခုထားပြီး ကိုယ့်လမ်းကိုလျှောက်ရမှာပါ။ သူတို့က ဆရာကြီးတွေဆိုတာကို မင်းမမေ့ကြောင်းပြပေးပေါ့ ကိုယ့်ဆရာဆိုရင်လည်း သူ့ကိုဆရာပြန်မလုပ်ပဲ မသိတဲ့မေးခွန်းလေးတွေမေးတာ ဒါမျိုးတွေလုပ်ပေးရင် သူတို့စိတ်ထဲ ဆရာလုပ်နေရပါလားဆိုတဲ့ခံစားချက်ကြောင့် မင်းကို ရန်လိုမဲ့စိတ်လည်းမရှိတော့ဘူး‌။
‌အပေါ်မှာလည်း မနာလိုစိတ်ကြောင်းရှင်းပြတုန်းက မနေဂျာနဲ့ ဥပမာထားပီးရှင်းပြဖူးတယ် အဲ့လိုမျိုးနဲ့ တူတူပါပဲ ဒီ law ကတော့ အရှင်းလင်းဆုံးကတော့ ဆရာကိုဆရာပြန်မလုပ်နဲ့ ဘုရင်‌ခေတ်ကပုံစံပေါ့ ဘုရင်ပြောတာကို လိုက်ယောင်ပေးရသလို မယောင်ပေးရင် ဘုရင့်အာဏာနဲ့ ရှောကြရတယ်လေ ဒီစာအုပ်က အရင်တုန်းက ရေးခဲ့တာ‌ဆိုတော့ သူတို့စနစ်တွေနဲ့တော့ ကိုက်ညီပါတယ် အခု ကျွန်တော်တို့ခေတ်မှာ ဒီ lawကို ကျွန်တော့်အမြင်ရ လုံးဝမကြိုက်ပါဘူး အရည်ချင်းဖုံးရတာတစ်ခုလောက်ပဲကြိုက်တယ် ကျန်တာမကြိုက်တာမို့လို့ ဒီလောက်ပဲရှင်းပြပေးပါမယ် မနက်ဖြန်ကျရင် နောက် law တစ်ခုတင်ပေးပါမယ်။
အားလုံးပဲ bye

1 year, 1 month ago

Happy 20th birthday to me ?

1 year, 1 month ago

2.2k Morning

1 year, 1 month ago

(တွေးတတ်ဖို့)

Morning ပါ ကျွန်တော်ဒီနေ့တင်ပေးချင်တာက အတွေးတွေနဲ့အနည်းငယ်တော့ပတ်သက်မယ် ချန်နယ်မှာစာလာတင်တိုင်း စာရေးတုန်းတွေးပီးတင်တာရှိတယ် အခုလိုစာမျိုးဆို တွေးရင်းရေးနေတာပါ အပေါ်က အချက်လဒ်တွေကိုးကားပြီး‌တင်တာကျ ‌တစ်မျိုးပေါ့ တွေးတဲ့စနစ်ကို ကိုယ်တိုင်ဖန်တီးတတ်ဖို့လာပြောတာပါ ဘာလုပ်လုပ် အတွေးကိုအရှေ့ကလွှတ်စေချင်တယ် မှားလားမှန်လားဆိုတာကအရင်စပေါ့ ဒါကရိုးရိုးလေးပါပဲ မှန်သလားမှားသလားကို ကိုယ်တိုင်တွေးပြီးကွဲခြားဖို့ပေါ့ ဒီလောက်ရိုးတဲ့ဟာကိုမပြောပါဘူးပြောချင်တာက

နောက်ထပ်တစ်ဆင့်ကိုပြောချင်တာပါ ကိုယ်ပြောမဲ့စကားလုံးတွေကိုပါတွေးတာပါ ဘာလုပ်လုပ်ကိုအရင်တွေးတာပါ စာဖတ်ရင်တောင် စာရဲ့အရေးသားကဘယ်ကိုဦးတည်နေတာလည်းကိုတွေး‌ရင်းဖတ်သွားတာမျိုးပေါ့ အဲ့လိုလုပ်ချင်းကအမှားနည်းပီးသတိကပ်သလိုဖြစ်တယ် ဥပမာပေးရမယ်ဆိုရင် အသေးလေးကပဲစမယ် ချန်နယ် တစ်ခုကို ဝင်တယ်ပဲထား သာမန်လူတွေဆိုရင် ဒီတိုင်းပဲဝင်လိုက်တယ် ဘာမှကိုတွေးမနေဘူး တစ်ချို့ဆို ဘာချန်နယ်မှန်းတောင်မသိပဲဝင်လိုက်တာမျိုးတွေရှိတယ်၊ ကျွန်တော့်အနေနဲ့ဆိုရင်တော့ဘာလုပ်လုပ် အတွေးခေါ်ကအရင်အလုပ်လုပ်ပါတယ်။ ချန်နယ်ဝင်တာစမယ်ဆိုရင် ဒီချန်နယ်မှာ ငါ့တွက်ဘာရနိုင်လဲ ဘယ်ချိန်ထိ အသုံးဝင်နိုင်လဲ ဘာအကျိုးရှိ‌နိုင်လည်းပေါ့။ နောက်တစ်ခုဆိုရင် TikTok ထဲမှာ like ပေးတာကအစ မလိုအပ်ပဲ မပေးတဲ့လူတွေရှိတယ် သိမ်းချင်တဲ့ဟာတွေကိုပဲရွေးပီးပေးတတ်တဲ့လူမျိုးတွေပေါ့ ဒီလိုလူ‌မျိုးတွေထဲကျွန်တော်ပါတယ်‌ဗျ လိုအပ်မှပေးတာ တွေးခေါ်ပြီးမှရှေ့ဆက်ကြတာကအကောင်းဆုံးပါပဲ နောင်တရစရာဆိုတာလည်း သိပ်ရှိလာမှာမဟုတ်ဘူး အကုန်လုံးကို အရင်တွေးပြီးကောင်းလားဆိုးလား ကိုယ့် ခံစားချက်နဲ့လား ဖြစ်သင့်တဲ့ဟာလား ဝေခွဲပြီးမှဆုံးဖြတ်တာဆိုတော့ နောင်တတော့မရှိပါဘူး။ ပြောချင်တာကအ‌ရင်ဆုံး တွေးပြီး ကိုယ့်လုပ်ရက်က ဘာတွေဖြစ်သွားနိုင်လည်းကိုကြည့်ဖို့ပါပဲ။

ဒါနဲ့ ချန်နယ်ထဲကလူတွေကိုမေးချင်တာလေးတစ်ခုရှိတယ် ဒီချန်နယ်ကိုဘယ်ကစသိပြီးဘာကြောင့်ဝင်ဖြစ်တာလဲ

1 year, 1 month ago
1 year, 1 month ago

ပျင်းတာနဲ့ညပိုင်းမှာပဲတင်ပေးပါမယ် အချိန်ကိုမကြည့်ပဲ အားတဲ့ချိန်ဝင်ဖတ်လို့ရ‌အောင်တင်ပေးလိုက်တာပါ
ခေါင်းစဉ်လေးက

(Dark psychology အခြေပြု မျိုးကွဲများ)

Dark psychology ဆိုတာ လူတစ်ဦးနဲ့ တစ်ဦး ဆက်ဆံရာမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ၊ သဘောထားတွေ၊ စာနာမှုမရှိခြင်းတွေကို အသုံးပြုပြီး အခြားသူကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့နည်းလမ်းတွေကို ရည်ညွှန်းတာပါ။

Dark psychology နဲ့ ဆက်စပ်တဲ့ နည်းလမ်းတွေကတော့
1. Manipulation (ထိန်းချုပ်မှု) အခြားသူရဲ့ စိတ်ခံစားချက်တွေ၊ အယူအဆတွေကို ထိန်းချုပ်ပြီး သူတို့ကို လိုချင်တဲ့ပုံစံ ကိုယ်လုပ်စေချင်တဲ့အလုပ်ဒါတွေကို လုပ်ဖို့ ထိန်း‌ချုပ်တာပါ

  1. Gaslighting
    အခြားသူ့ကို သူ့အမှန်တွေကို သံသယဖြစ်အောင်လုပ်ပြီး သူ့စိတ်ကို အနည်းအကျဉ်းမှာ လွယ်ကူစွာ ထိန်းချုပ်ဖို့ ဖြစ်ပါတယ် သူမှန်နေရင်တောင်မှားနေတဲ့ဆိုက်ဖမ်းပြီးဖြဲခြောက်တာပေါ့ ဒါကလည်း ထိန်းချုပ်တတ်ရင် ဂျင်းထည့်ခံရမဲ့အကွက်မျိုးပေါ့

  2. Narcissism ကိုယ်ပိုင်ကောင်းချီးမြှောက်မှုကို အခြေပြုပြီး အခြားသူများကို သိမ်ငယ်စိတ် အားကျစိတ်တွေထည့်ပြီးထိန်းချုပ်သလိုပေါ့ ငါကသာအကောင်းဆုံး မင်းတို့ဘဝတွေက ဘာမှမဟုတ်ဘူး အဲ့လိုမျိုးထိန်းချုပ်ပြီးကြိုးကိုင်တာကိုပြောတာပါ

  3. Mind Control (စိတ်ထိန်းချုပ်ခြင်း)လူတစ်ဦးရဲ့ သဘောထား၊ အတွေးအခေါ်တွေကို ပြောင်းလဲချင်တဲ့ အထိ အလှည့်အပြောင်းလုပ်ပြီး အခြားသူများကို ချို့ယွင်းစေခြင်း ဒါကြီးကတော့တကယ်ကြမ်းတယ် အပေါ်ကဟာတွေလောက်ကအသာလေး ဒါက သဘောထားတွေ စိတ်ကူးတွေကိုပါပြောင်းပြစ်နိုင်တာ တစ်ချို့ဆို ဒါကိုကလေးတွေကိုသုံးကြတယ်

#Darkpsychology?

1 year, 1 month ago

ဒီချန်နယ်ကို အကျိုးရှိတာပဲလုပ်ပါတော့မယ် ကျွန်တော် စိတ်ဝင်စားတဲ့ psychology အကြောင်းကို ဘက်စုံနေအောင် ဒီမှာတင်ပေးပါမယ် စိတ်ပညာကို ငယ်ငယ်လေးထဲက စိတ်ဝင်စားပီးလေ့လာခဲ့တာမို့ တော်တော်များများကို နားလည်‌သဘောပေါက်ပြီးသားပါ နောက်ပိုင်းတွေမှာလဲ စိတ်ပညာကျောင်းကို ‌တက်ဖို့ရှိတာမို့ ဒီချန်နယ်က အလကားရမဲ့ ရွှေတွင်းရှိတဲ့ ဒေသတစ်ခုဆိုလည်းမမှားပါဘူး တူးတက်ရင် ရသလောက်ကို မိတ်ဆွေတို့အပိုင်ပါပဲ ယူချင်သလောက်ရပါမယ် တွေးတတ်သလောက် တိုးတက်ပါမယ် ကျွန်တော်ကိုယ်တိုင်ကလည်း ဆယ်ကျော်သက်မို့ လွတ်လွတ်လပ်လပ်နဲ့ ဝါသနာအနောက်ကိုပဲလိုက်မှာပါ ဒီလိုစာရေးရတာကလည်း ဝါသနာတစ်ခုမလို့ အမြဲလိုလို ဒီချန်နယ်မှာ မိတ်ဆွေတို့နဲ့အတူရှိနေပါမယ် အရေးကြီးဆုံးတစ်ခုက ချန်နယ် ပုံနဲ့ နာမည်ကို ချိန်းခွင့်ပေးပါလို့ တောင်းဆိုချင်တာပါ အရင်က ကိုယ်တိုင်တွက်ရော သူများအတွက်ပါ အကျိုးမရှိတဲ့ ကွန်ကြောင်တဲ့အလုပ်ကိုလုပ်ခဲ့တာမို့ ဒီချန်နယ်ကို ပြန်လည်ပြု့ပြင်ပြီး တကယ်ကိုအသုံးဝင် ကာကွယ်လို့ရမဲ့ နည်းလမ်းကောင်းတွေကိုဝေမျှသွားပါမယ်။

#Nick
#Psychology

1 year, 1 month ago

1 မနာလိုချင်း‌ဥပဒေသ
The laws of Human Nature
စာအုပ်ထဲမှာပါတဲ့ ဥပဒေသတစ်ချက်ကိုအရင်ဆုံးရှင်းပြချင်တယ် ဒီဥပဒေသကို စာအုပ်ထဲကအတိုင်းမဟုတ်ပဲ ကျွန်တော့်အတွေးနဲ့ပြန်တင်ပေးမှာပါ ဥပမာချင်းမတူပါဘူး အထက်အရာရှိနဲ့ပဲစကြတာပေါ့ ကိုယ်က ဆိုင်တစ်ဆိုင်ရဲ့ အလုပ်သမားနေရာကခံစားကြည့်ပါ ကိုယ့်အထက်မှာ မနေဂျာဆိုတာရှိပါသေးတယ် အဲ့လို ကိုယ့်ထက်နေရာရနေပီးသားလူတွေရဲ့မနာလိုစိတ်ကိုရှင်းပြချင်တာပါ

မနေဂျာတွေရဲ့စိတ်မှာကသူတို့ရဲ့နေရာကိုလုသွားမှာ သူတို့ထက်ပိုတော်နေမှာ သူတို့ထက် ဆိုင်ပိုင်ရှင်တွေ လုပ်ငန်းပိုင်‌ရှင်တွေနဲ့ပိုရင်းနီးမှာ ဒါမျိုးတွေကိုကြောက်တတ်ကြတယ် မနာလိုလည်းဖြစ်တတ်ကြတယ်။ လူတွေဆိုတဲ့အတိုင်း ဘယ်လောက်ပဲမနာလိုဖြစ်နေပါစေ အဲ့လူရှေ့မှာဆို ဟန်ဆောင်အပြုံးတွေနဲ့ဖုံးကွယ်ပီးနေလေ့ရှိကြတယ် အတုယောင် ချီးမွမ်းမှုတွေ အတုယောင် အားပေးစကားတွေနဲ့ပဲ သူတို့ရဲ့မနာလိုစိတ်ကို လူတွေမမြင်အောင်ဖုံးကြတာပေါ့။ ကိုယ်က ဒီအလုပ်ထက်ကောင်းတဲ့ အလုပ်အသစ်ရလို့ ဒီဆိုင်ကထွက်မယ်ဆိုရင်တောင် အလုပ်ဖြုတ်လို့ပြုတ်ပါတယ်ဆိုတဲ့စကားကို မဟုတ်မမှန်ပြောတတ်ကြပါသေးတယ် ပစ္စည်းခိုးလို့အလုပ်ဖြုတ်တာတို့ အကျင့်မကောင်းလို့အလုပ်ထုတ်လိုက်တာတို့ ဒါမျိုးတွေကို လျှောက်ပြောတာပါ ဒါကလူတွေရဲ့ စိတ်ဓာတ်အမှန်ပါပဲ လူတိုင်းမှာ မကောင်းတဲ့အကျင့်နဲ့ မကောင်းတဲ့လုပ်ရပ်ကရှိပြီးသားပါ ဒီစာအုပ်ထဲမှာဆိုရင် အဲ့လို‌အကြောင်းရာတွေကို အတိအကျပြီးဖော်ပြထားတာပါ။

မနာလိုမဖြစ်အောင်ဘယ်လိုနေမလဲဆိုရင် ကိုယ့်လုပ်နိုင်စွမ်းကို အကုန်မသုံးပါနဲ့ အလုပ်တွက်လိုသလောက်ပဲသုံးပါ အရည်ချင်းရှိတိုင်းလည်း မကြွားဝါပါနဲ့ ကြွားဝါချင်းကြောင့် မနာလိုသူတွေ ဘေးမှာရောက်လာနိုင်ပါတယ်။ ကိုယ်ကိုတိုင်က မနာလိုသူတစ်‌ယောက်ဖြစ်နေမယ်ဆိုရင် အားကျတယ်ဆိုတဲ့ စကားလုံး စိတ်နေစိတ်ထားနဲ့ ပြန်ထိန်းလို့ရပါတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ နောက်နေ့တွေမှာလည်း လူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းကို ဆက်တင်ပေးမှာပါ

1 year, 1 month ago
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago