စွမ်းအားရှင် ?? ?

Description
သတင်းမှန်များကို အချိန်နဲ့တစ်ပြေးညီ တင်ပြနိုင်ရန် ရည်ရွယ်ပါသည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 2 months ago
.

.

☯️

လက်တွေ့ကျတဲ့ ဆရာတော်ကြီးရဲ့ သတိပေးဆုံးမစကား၊

တဦးချင်းစီ ကိုယ့်ကိုယ်ကိုသာ ကောင်းအောင်နေကြရင် ခေတ်လဲအလိုလိုကောင်းသွားပါလိမ့်မယ်၊

#crd

1 year, 2 months ago

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၈/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုကြသည်။
နေပြည်တော်၊ ဒီဇင်ဘာလ ၂၂ ရက်

1 year, 2 months ago

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၂ ရက်

1 year, 5 months ago

“လွယ်သလား၊ခက်သလား ရာမ”

တချို့ကလည်း မြေပြင်အချက်အလက်တွေ မသိတော့ …တပ်မတော်က စခန်းမသိမ်း သေးဘူးလား၊ ဘာလားတော့ ရှိနိုင်၊ ပြောနိုင်တာပေါ့။ ခက်တာက…ကိုယ်တွေ သတိပြုဖို့ လိုတဲ့အချက်က တပ်မတော်ဟာ လက်နက်ကိုင်အစုအဖွဲ့အင်အား သိန်းချီရှိတဲ့ တပ်ပေါင်းစုအဖွဲ့တွေကို စစ်မျက်နှာပေါင်းစုံကနေ ရင်ဆိုင်နေရတယ်ဆိုတဲ့ အခြေအနေကို အဓိက သိစေချင်မိတာပါ။
-----
တပ်မတော်ဟာ သူရဲ့ရှိရင်းစွဲ အင်အားအရင်းအမြစ်ထဲကနေ တပ်တည် ဆောက်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုတဲ့ နေရာတွေကို ဖြန့်ခွဲပြီး ဆောင်ရွက်နေရဆဲ အခြေအနေဖြစ်ပါတယ်။ စစ်ဧရိယာကျယ်ပြန့်နေတဲ့အခြေအနေမျိုးမှာ တစ်နေရာဖြစ်လိုက် ၊ စစ်ကူ လိုက်ပေးရလိုက်ဆိုတဲ့ အနေအထားမျိုးကို တပ်မတော်က ခက်ခက်ခဲခဲ ရင်ဆိုင် နေခဲ့ရတယ်။ အထူးသဖြင့်တော့ နယ်မြေခံတပ်မရှိတဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူ့စစ် ကျေးရွာတွေဟာ ဒီလိုဒဏ်မျိုးကို အချိန်ခပ်ကြာကြာ တောင့်ခံထားဖို့ ဆိုတာအတော်လေး ခက်ပါလိမ့်မယ်။ ဒါ့ကြောင့်လည်း လက်နက်/ခဲယမ်းတွေ တပ်ဆင်မှုနဲ့ စုဖွဲ့မှုအပိုင်းမှာ ခံစစ်ပြင်ဖို့အတွက် ဘယ်လက်နက်တွေ အဓိက တပ်ဆင်မှာလဲ၊ တိုက်စစ်အတွက်ရော ဘယ်လိုအဆင့်မြှင့်တဲ့ နည်းပညာတွေ ပေါင်းစပ်ထည့်သွင်း တည်ဆောက်သင့်သလဲ ဆိုတာကို ထောက်ပြရခြင်းဖြစ်တယ်။
------
လက်ရှိတပ်မတော်ဟာ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုတဲ့ ဗျူဟာမျိုး ကျင့်သုံးလာတာ တွေ့ရတယ်။ မြေပြင်တပ်က ထိုးစစ်ဆင်ဖို့ အချိန်ခဏလောက် စုဖွဲ့ဆိုင်းငံ့နေချိန်မှာ အားသာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တလက်ဆက် အသုံးပြုပြနေတာပါပဲ။ မျက်မြင်အားဖြင့်ဆိုရင် လားရှိုးဟာ ၅ ရက်အတွင်း ၃ ကြိမ်အထိ ပြင်းပြင်းထန်ထန် ချေမှုန်း တိုက်ခိုက်ခံရတာ တွေ့နိုင်တယ်။ ဒါက လားရှိုးမြို့ကို အထူးဒေသ(၁)လုပ်ချင်တဲ့ MNDAA အတွက်လည်း ဖြေရှင်းဖို့ခက်တဲ့ ပုစ္ဆာအဖြစ် ရှိနေမှာပါ။
------
ပြည်နယ်နယ်နိမိတ် ပိုင်းခြားသတ်မှတ်တယ်ဆိုတာ အဲ့ဒီဒေသမှာ နေထိုင်တဲ့ လူမျိုးစုဆန္ဒနဲ့ အာဏာ(၃)ရပ်ကိုင်စွဲထားတဲ့ အစိုးရဆိုတဲ့ အဖွဲ့အစည်းတစ်ရပ်မှာပဲ အခွင့်အာဏာ အပြည့် ရှိတာပါ။ လက်နက်ကိုင်သိမ်းပိုက်ထားတဲ့ ခုလိုအခြေအနေမျိုးကို ဘယ်ပြည်သူမှလည်း လက်ခံမှာမဟုတ်သလို ဘယ်နိုင်ငံတကာကမှလည်း အသိအမှတ်ပြုမှာမဟုတ်ဘူးဆိုတာ လက်ရှိ စစ်ဖြစ်နေတဲ့ အခင်းအကျင်းက သက်သေပါပဲ။ စစ်ပွဲနိုင်ရင်… နိုင်တဲ့သူက နယ်မြေ ရယူကြေးဆိုတဲ့ ယဉ်ကျေးမှုသာ အတည်ဖြစ်ခဲ့ရင် ဒီနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားလူဦး ရေပမာဏနဲ့ အချိုးအစားကိုလည်း ထည့်သွင်းတွက်ချက်ဖို့လိုပါလိမ့်မယ်။ စစ်ပွဲနဲ့ ဖြေရှင်း လို့ရတဲ့ နိုင်ငံရေးဆိုတာ ခုထိမရှိသေးပါဘူး။

(နရီမိုး)

1 year, 5 months ago

တိုက်ပွဲသတင်း(ကျိန္တလီ)
စက် ၂၄ ရက်

ကျိန္တလီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် AA သောင်းကျန်းသူ ၂၀ ဦးခန့်က ၂ ကြိမ်၊ ရန်သူအင်အား(စိစစ်ဆဲ) အဖွဲ့က ၆၀ မမ ၂ လုံးဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

ဝါယာကြိုး ၂ ခွေ
ဘက်ထရီအိုး ၂ လုံး
ရီမုကွန်ထရိုး ၁ ခု
တဲ ၇ လုံး
၁ ယောက်ပစ်ကျင်း ၁၈ ကျင်း သိမ်းဆည်းရမိခဲ့

တိုက်ပွဲသတင်းစုံ

1 year, 5 months ago
စွမ်းအားရှင် ?? ?
1 year, 5 months ago

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု
-------------------------------
သဘာဝဘေးအန္တရာယ်ဟာ
အဖျက်စွမ်းအားသိပ်ကိုကြီးမားပါတယ်
လူသားတွေအန်တုနိုင်ဖို့လည်းခက်ပါတယ်

မုန်တိုင်းနဲ့ရေကြီးရေလျှံတာ
ပူပြင်းခြောက်သွေ့တာစတဲ့
ရာသီဥတုဆိုင်ရာဘေးအန္တရာယ်တွေလို
ကြိုတင်ခန့်မှန်းလို့ရတာရှိသလို
ငလျင်၊ဆူနာမီလိုမခန့်မှန်းနိုင်တာတွေလည်း
ရှိပါတယ်

ကြိုတင်သတိပေးမှုတွေကို
သတိထားနိုင်ကြဖို့ကအရေးအကြီးဆုံးပါ

သဘာဝဘေးဖြစ်နေချိန်မှာတော့
ကူညီကယ်ဆယ်ရေးတွေ
ရရှိနိုင်ဖို့မလွယ်ပါဘူး

ဖြစ်ပြီးချိန်ကယ်ဆယ်ရေး
ပြန်လည်ထူထောင်ရေးတွေအတွက်
စနစ်တကျစီမံခန့်ခွဲနိုင်ဖို့
ဘေးဒဏ်သင့်ဒေသကျယ်ပြန့်ရင်
ကျယ်ပြန့်သလိုခက်ခဲပါတယ်

ကယ်ဆယ်ရေးတွေကို
လုပ်ချင်တဲ့သူတွေက
လုပ်ချင်သလိုလုပ်လို့မရပါဘူး
ဘေးထွက်ဆိုးကျိုးတွေပိုများပြီး
ထိရောက်မှုမရှိဖြစ်တတ်ပါတယ်

ဘယ်ဒေသတွေဟာ
ဘေးဒဏ်သင့်ဒေသတွေဖြစ်တယ်၊
ဘယ်သူတွေကဘာတွေလုပ်ရမယ်၊
ဘာတွေမလုပ်ရဘူး၊
ဒေသအလိုက်လိုအပ်တဲ့ဖွဲ့စည်းမှုတွေ၊
ကွပ်ကဲမှုကြီးကြပ်မှုတွေ၊
သတင်းအချက်အလက်နဲ့
ပေါင်းစပ်ညှိနှုင်းမှုတွေ၊
လူအင်အားနဲ့ကယ်ဆယ်ရေးပစ္စည်း၊
အထောက်အကူပစ္စည်း၊စားနပ်ရိက္ခာ၊
ယာဉ်ယန္တရား၊စက်သုံးဆီ၊
အသုံးပြုနိုင်တဲ့လမ်းကြောင်း၊
မသုံးနိုင်တဲ့လမ်းကြောင်း၊
ဆက်သွယ်မှုစနစ်၊လုံခြုံရေးစနစ်၊
ဘဏ္ဍာရေး၊လေ့ကျင့်မှု၊ကျွမ်းကျင်မှုစသဖြင့်

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဟာ
အောက်ခြေအဆင့်ဆင့်ကနေ
နိုင်ငံတော်အဆင့်အထိ
သိပ်ကိုအရေးကြီးတဲ့လုပ်ငန်းစဉ်ပါ

တစ်ဦးချင်း၊အဖွဲ့လိုက်၊ဌာနအလိုက်၊ဒေသအလိုက်
အားလုံးဟန်ချက်ညီပူးပေါင်းဆောင်ရွက်ကြဖိုလိုအပ်သလို၊စည်းစနစ်ကျနရန်လည်း
အရေးကြီးကြောင်းပါခင်ဗျား

TTN

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago