ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 days, 12 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 2 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 3 months, 1 week ago
".....ငါ ဆေးခြောက်ကွဲတဲ့ည....."
ငါ ဆေးခြောက်ကွဲတဲ့ညက
ရယ်ခဲ့ရတယ် ဒါပေမယ့် နာကျင်ခဲ့ရတယ်.....
ငါ ဆေးခြောက်ကွဲတဲ့ညက
မအန်ဘူး ဒါပေမယ့် ရင်ထဲမှာဆို့တယ်.....
ငါ ဆေးခြောက်ကွဲတဲ့ညက
လမ်းလျှောက်နိုင်တယ် ဒါပေမယ့် တွဲခဲ့ရတယ်.....
ငါ ဆေးခြောက်ကွဲတဲ့ညက
တန်းမအိပ်ဘူး ဒါပေမယ့် အိပ်မက်မက်ခဲ့တယ်.....
ငါ ဆေးခြောက်ကွဲတဲ့ညက
အတွေးတွေ လွင့်နေတယ် ဒါပေမယ့် တစ်ခုတည်းတွေးခဲ့တယ်.....
ငါ ဆေးခြောက်ကွဲတဲ့ညက
ကဗျာတွေရေးဘူး ဒါပေမယ့် ရေးခဲ့တယ်.....
ငါ ဆေးခြောက်ကွဲတဲ့ညက
ဝမ်းနည်းခဲ့တယ် ဒါပေမယ့် ပျော်ခဲ့ရတယ်.....
ငါ ဆေးခြောက်ကွဲတဲ့ညက
သတိမရခဲ့ဘူး ဒါပေမယ့် သတိရခဲ့တယ်........။
ငါဆေးခြောက်ကွဲတဲ့ ညက...........။
#ရွက်ဟောင်း (ငါ ဆေးခြောက်ကွဲတဲ့ညက)
မမဝါဒီ(၆)
မမဝါဒီအဒွန့်ရှည်တည်တံ့ပါစေ
အဖျတ်ပိုးမွှား မိန်းကလေးသူငယ်များကင်းစင်ပါစေ
ဒီသံသရာမှာ ပျော်ဖို့
မောင့်ကို မမလာဖက်ထားမှဖြစ်မယ်
သိပ်ချစ်ပါတယ် မမရယ်။
နေညို။။။
#မမဝါဒီသံသရာတည်ပါစေ
ဝေးကွာခြင်းတွေဟာ
ငြင်းဆန်ခွင့်မရှိတော့လည်း
တင်းခံကြည့်ယုံပေါ့။
- တာရာညို
သေအောင်ကြိုးစားလည်း
သေသာသွားမယ်
မရတဲ့ အရာတွေရှိတယ်။
-တာရာမင်းဝေ
မမဝါဒီ(၁)
မောင့်ကမ္ဘာမှာ အလင်းမကွယ်ဖို့အတွက်
မမအပြုံးကို သေတဖန်သက်တဆုံး
ပိုင်ဆိုင်ချင်ပါတယ်။
နေညို။။။
#မမဝါဒီ သံသရာ တည်ပါစေ
ထာ၀ရ အတွက်ဆို
ကျွန်တော်ရဲ့ ကောင်းကွက်တွေကို
ဖယ်ကြည့်ပြီးမှ
မေတ္တာ သက်၀င်ပေးပါ မမမြ.။
- ဗေဒါ
မမသို့.....
မမသိပ်ကြိုက်ခဲ့တဲ့ ခရေပန်းလေး
အခုဆို ခူးသူမဲ့ပန်သူမဲ့
လေရူးရဲ့ကစားစရာ ဖြစ်နေပါပြီ။
တစ်ချိန်တစ်ခါက မောင်အနမ်းမိုးစွေခဲ့တဲ့ပါးပြင်လေး
အခုဆို ဘယ်ပိုင်သူများ ဆိုင်လေမလည်း။
ဘာမှမဟုတ်ပေမဲ့ သတိရတယ် မမရယ်
အမှတ်တမဲ့တချို့ပဲရှိခဲ့ပေမဲ့
အဲ့အရာတွေက မောင့်အတွက် မမေ့နိုင်တဲ့
အမှတ်တရတွေပါပဲ။
နေညို။။။။။
"မမဋီကာ ၅''
ဘယ်ဆီကိုမှ ထွက်ပြေးမရအောင်
အကျဥ်းကျခွင့်ပေးပါ...
အခါခါ အော်ဟစ်ခဲ့မိရင်တောင်
ချစ်တဲ့အကြောင်းတွေပဲ ဖြစ်မှာပေါ့...။
ဆံနွယ်လေး လိမ်ကျစ်ထားတာအစ
တစ်ဘဝလုံးစာပါ ဆိုတဲ့ စကားအဆုံး
မမ တစ်ကိုယ်လုံး ပိုင်ချင်တာ...။
အဲ့သကောင့်ဘက် မတိမ်းနဲ့...
အညှီအဟောက်ကိုပဲ ယင်လိုကောင်တွေမက်တာ
မမ က နတ်ဖွက်တဲ့ ပန်းကလေး
ဒီကောင့်ဆီ ယိမ်း...
မျက်နှာမူရာဟာ မမ ဖြစ်ပြီး
လက်နှစ်ဖက်ဆန့်တန်းတာဟာ အရှုံးပေးတဲ့သဘောဖြစ်တယ်...
အနောက်မှာနေကွယ်တာ ဂရုမစိုက်ပါ
အဲ့ဒီ လဝန်းပေါ် က အပြုံးမကွယ်ရေးသာ
ကျနော့်တရား ဖြစ်ခဲ့....
မအိုမင်းဘူး...
မမ နှုတ်ခမ်းလေးထံ
အဖန်တရာ ငယ်နေချင်သေးတာ...။
- ရွက်ဝေ (ကဗျာစာတို )
မမ ရေ
နှုတ်ခမ်းမွှေး နဲ့ကောင်က
ချာတိတ်ဖြစ်ခွင့်မရှိတော့ဘူးလားမမ
မမ ရဲ့ ရှေ့တော် မှောက်
စိတ်ဆိုး၊စိတ်ကောက်ချင်တယ့်
အကျင့်ဆိုးလေးက ပြင်လို့ မရတော့ဘူး
ထင်ပါရဲ့ မမ ရယ်
တစ်ခါတလေ ကျွန်တော်ဟာ လေ
ထိခိုက်မှု မရှိတယ့် အပြစ်ကို ရှာပြီး
ရစ် နေတယ် ဆိုတာဟာ မမ ရဲ့
မောင်ချော့တေး လေးကို နားဆင်လိုသော
ကြောင့် မာယာ ပိုတယ် ဆိုတာ ကို
မမသိသင့်တယ်
မမ နဲ့ မျက်နှာချင်းဆိုင် ရင်လေ
မိုက်ကြေး ခွဲခဲ့တယ့် မျက်နှာမှ
မထောက် အပြစ်ကင်းစင် ချင်ယောင်
ဆောင်တက်တယ့် ကြောင်ဆိုးလေးဟာ
ကျွန်တော်ပဲ မမ
မမ ရဲ့ အမည်နာမ လေးများကြားရင်
ကျွန်တော်လက်သည်းတွေ က အလိုလို
ဝှက်တက် နေတာ အကျင့် တစ်ခုဖြစ်နေပြီ မမ
မမ ရှေ့မှာ ဂျီကျတက်တယ့် ကလေးလေးက
မမ ကိုစိတ်အနှောက်ယှက်ပေးလေသူမှန်းသမျှ အမြစ်ဖျက်ချင်တယ့် ဟစ်တလာ လို
စိတ်ဓာတ်ပိုင်ရှင်လေးဆိုတာ အမြဲသတိရပါ မမ။
-ကိုငှက်
မင်းအသံလေးကြားရခြင်း
တေးသီငှက်လေး သီကျူးနေသလိုမျိုး
ကိုယ်ကတော့ မင်းအတွက်
တေးဆိုငှက်လေး လိုမျိုး
ကိုယ့်အိတ်ထဲက ဘောပင်လေးဟာ မင်းဖြစ်လာတယ်
ရေးသမျှစာတွေ ရေးသမျှကဗျာ မင်းအတွက် ဆိုတာမျိုး
မင်းရဲ့ ရင်ဘတ်က အိတ်ကဒ်လေးမှာ
အမြဲချိတ်ထားတဲ့ ဘောပင်လေးဟာ ငါဖြစ်နေသလိုမျိုး
မင်းလိုသလိုရေးခြစ်စေချင်တာမျိုး
မင်းနှလုံးသားဟာ ကိုယ့်အတွက်ဖြစ်ချင်မှဖြစ်မယ်
ကိုယ်နှလုံးသားဟာ မင်းအတွက်ကလွဲလို့ အလုပ်မလုပ်သလိုမျိုး
မြို့အနှံ့နယ်အနှံ့ မင်းလက်တွဲပြီး လျှောက်သွားချင်တာမျိူး
ချစ်သောရေ
ကိုယ်အရမ်း ချစ်ရသော
အမျိုးသမီးလေးရေ
နတ်ပြည်ကနေ နတ်သက်ကြွေလာတဲ့
ကမ္ဘာမြေက ကိုယ့်ရဲ့ တစ်ဦးတည်းသော
နတ်သမီးလေးရေ
ကိုယ်ဘယ်အရပ်ရောက်ရောက် မင်းကိုငါချစ်တယ်
အင်း...
အဲထပ်လဲပိုရင်ပိုလိမ့်မယ်...
#ခန့်ထည်
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 days, 12 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 2 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 3 months, 1 week ago