Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

အရာတော်ပို့စ် - Ayadaw Post

Description
အရာတော်ပို့စ် - အညာဒေသ ပြည်သူ့သတင်းမီဒီယာ၏ တယ်လီဂရမ်ချယ်နယ်
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 week, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks ago

1 week, 6 days ago
ယနေ့လည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာများ အရာတော်မြို့ပေါ်ကို ဖြတ်သန်းသွားနေသဖြင့် ဒေသခံများ …

ယနေ့လည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာများ အရာတော်မြို့ပေါ်ကို ဖြတ်သန်းသွားနေသဖြင့် ဒေသခံများ စိုးရိမ်နေ
မေ ၂၁ | အရာတော်

ယနေ့ မေ ၂၁ ရက်၊ နေ့လယ် ၃း၁၀ နာရီခန့်က တံတားဦးလေတပ်မှ တက်လာသော စစ်ကောင်စီဂျက်ဖိုက်တာတစီးမှာ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာပေါ်မှ ဖြတ်သန်း၍ ဘုတလင်နယ်ဖက်သို့ ပျံသန်းသွားကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းတွင် အရာတော်မြို့နယ်၊ ကျေးရွာများပေါ်မှ ဖြတ်သန်း၍ စစ်ကောင်စီလေယာဉ်များ ပျံသန်းမှုစိတ်နေသဖြင့် ဒေသခံပြည်သူများမှာ စိတ်ပူနေကြပြီး အချို့ရွာများရှိ ပြည်သူများမှာ လေယာဉ်သံကြားလျှင် ပုန်းခိုနေရလေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မနေ့ညပိုင်းကလည်း အရာတော်မြို့နယ်၊ အုပ်ရှစ်ကြီးကျေးရွာနှင့်အနီးတဝိုက်ပေါ်မှ ဖြတ်သန်း၍ ဂျက်ဖိုက်တာတစီး ပျံဝဲနေခဲ့သေးသည်။

ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်စဉ်ကလည်း အရာတော်မြို့နယ်ကျေးရွာအချို့မှ စစ်ဂျက်ဖိုက်တာ၏ လေကြောင်းတိုက်ခိုက်မှုအား ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

အရာတော်ပို့စ် - Ayadaw Post
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw

2 weeks, 5 days ago

သင်္ကြန်အကြိုနေ့က အရာတော်မြောက်ပိုင်း ရွာ ၅ ရွာကို မီးရှို့သွားခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် တပ်မ(၇၇) စစ်တီးဝိုင်းအဖွဲ့ဝင်များလည်း ပါဝင်
မေလ ၁၅ | အရာတော်

ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့က အရာတော်မြို့နယ်မြောက်ပိုင်း ဝါးတောမကျေးရွာ၊ ‌ရေယဉ်သာကျေးရွာ၊ မကျီးစုကျေးရွာ၊ ဘော်ကုန်းကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့မှ ဒေသခံပြည်သူ့နေအိမ် ၁၅၀ ကျော်ကို မီးရှို့သွားသောစစ်ကြောင်းတွင် တပ်မ(၇၇)၏ စစ်တီးဝိုင်းအဖွဲ့ဝင်စစ်သားများလည်း ပါဝင်သည်ဟု သတင်းရရှိသည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ သင်္ကြန်အကြိုနေ့ မနက်ပိုင်းက အရာတော်မြောက်ပိုင်းကျေးရွာများကို စစ်ကား ၉ စီး၊ အင်အား ၁၀၀ ကျော်ဖြင့် မွှေနှောက်ဖျက်ဆီးပြီး နေရပ်စွန့်ခွာပြေးရသည့်ပြည်သူများကျန်ရစ်ခဲ့သောပစ္စည်းများကိုလည်း ယူငှင်သွားခဲ့သည်။

စစ်ကြောင်းထဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကိုယ်ပိုင်ပစ္စည်းအချို့အား အရာတော်မြို့နယ်တနေရာတွင် ကျကျန်ခဲ့သည်ကို တွေ့ရှိရသဖြင့် မှတ်တမ်းတင်၍ ပေးပို့လာသည်ကို အရာတော်ပို့စ်က လက်ခံရရှိထားပါသည်။ အဆိုပါပစ္စည်းများတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ (၇၇)ခြေမြန်တပ်မ၏ စစ်တီးဝိုင်းအဖွဲ့ဝင် ၂ ဦး၏ ဓာတ်ပုံအချို့ကို တွေ့ရှိရသည်။ တပခစလွယ်ဖြင့် စစ်တီးဝိုင်းဝတ်စုံ ဝတ်ဆင်ထားသော ဒုတပ်ကြပ်တဦးနှင့် အလားတူယူနီဖောင်းဖြင့် တပ်သားအဆင့်တဦးတို့ဖြစ်သည်။ ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် အခြေစိုက်သော တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) လက်အောက်ခံ တမခ(၇၇)တပ်မသည် ပဲခူးမြို့တွင် အခြေစိုက်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်ကောင်စီတပ်မတခုဖြစ်သည်။

သင်္ကြန်အကြိုနေ့မနက်၌ အရာတော်မြို့နယ်မြောက်ပိုင်းတွင် သောင်းကျန်းခဲ့သော စစ်ကောင်စီစစ်ကြောင်းမှာ အရာတော်မြို့၊ တကရ(၅၀၀၄)တပ်ရင်းသို့ စစ်ကားများဖြင့် ပြန်ဝင်သွားခဲ့ပြီး ညနေပိုင်းတွင် အရာတော်မြို့နယ်တောင်ပိုင်းကို Mi-35 ရဟတ်ယာဉ်က လေကြောင်းမှ ပစ်ခတ်နေစဉ် Mi-17 စစ်ရဟတ်ယာဉ်ဖြင့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ‌အရာတော်တောင်ပိုင်း မလဲသာ၊ ကန်ရင်းကျေးရွာများတဝိုက်သို့ သယ်ဆောင်၍ ချထားပေးခဲ့သည်ဟု ဒေသခံတဦးထံမှ သိရသည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့များမှာ အရာတော်တောင်ပိုင်းကျေးရွာများကိုလည်း မွှေနှောက်စီးနင်းပြီး ပြည်သူ့နေအိမ်များတွင် ခြိမ်းခြောက်စာများ ရေးသားသွားခဲ့ကာ နောက်တရက်တွင် ပြန်လည်တပ်ဆုတ်သွားခဲ့သည်။

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

အရာတော်ပို့စ် - Ayadaw Post
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw

2 weeks, 5 days ago
အရာတော်ပို့စ် - Ayadaw Post
2 months, 2 weeks ago
စစ်မှုထမ်းရန် အရာတော်မြို့တွင် တစ်ရပ်ကွက်လျှင် လူငယ် ၂၀ ဦး …

စစ်မှုထမ်းရန် အရာတော်မြို့တွင် တစ်ရပ်ကွက်လျှင် လူငယ် ၂၀ ဦး စတင်‌ဆင့်ခေါ်မည်
မတ် ၁၈ | အရာတော်

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့ပေါ် ရပ်ကွက်များမှ စစ်မှုထမ်းရန် တစ်ရပ်ကွက်လျှင် လူငယ် ၂၀ ဦးနှုန်း စတင်ခေါ်ယူမည်ဟု အရာတော်မြို့ခံများက ပြောဆိုနေကြသည်။ အရာတော်မြို့ ရပ်ကွက်အချို့က လူငယ်များထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတဆင့် စစ်မှုထမ်းရန် ဆင့်ခေါ်စာများ စတင်ရောက်ရှိလာပြီးနောက် ယခုလို အရေအတွက် ပါဝင်သော သတင်းပါ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အရာတော်မြို့ကို အမှတ် ၁, ၂, ၃ ဟု နယ်မြေသုံးခုခွဲခြားထားပြီး နယ်မြေအသီးသီးတွင် ရပ်ကွက်များ ထပ်မံခွဲခြားထားသည်။ ယခု ထွက်ပေါ်လာသော တစ်ရပ်ကွက်လျှင် ၂၀ ဦး စစ်မှုထမ်းဆင့်ခေါ်မည့် သတင်းမှာ အမှတ် ၁, ၂, ၃ တစ်ခုချင်းဆီမှသာ ဖြစ်နိုင်သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

အရာတော်မြို့နယ်တွင်း ကျေးရွာများ၌ စစ်မှုထမ်းဆင့်ခေါ်မည့်သတင်းများ မကြားရသေးသော်လည်း အခြားမြို့နယ်များတွင် ကျေးရွာတစ်ရွာလျှင် ၅ ဦး စသဖြင့် ခေါ်ယူနေကြောင်း သတင်းရရှိသည်။

ဆက်လက်တင်ပြပေးပါမည်။

ဓာတ်ပုံ - စစ်မှုထမ်းမှတ်ပုံတင်ပုံစံစာရွက်တစ်ခု (အင်တာနက်)

Subscribe us :
https://t.me/ayadawpost

#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw

2 months, 2 weeks ago
စစ်ကောင်စီစစ်ကြောင်းတစ်ခုက အရာတော်မြို့အနောက်ဖက် မုံရွာလမ်းရှိ တုံးတင်ကန်‌ရွာအနီးရောက်ရှိနေ

စစ်ကောင်စီစစ်ကြောင်းတစ်ခုက အရာတော်မြို့အနောက်ဖက် မုံရွာလမ်းရှိ တုံးတင်ကန်‌ရွာအနီးရောက်ရှိနေ
မတ် ၁၈ | အရာတော်

ယနေ့ မတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် အရာတော်မြို့ စခတ(၁၀)တပ်ရင်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတစ်ခုသည် အရာတော်မြို့ အနောက်ဖက်၊ မုံရွာ - အရာတော်လမ်းပေါ်ရှိ တုံးတင်ကန်ကျေးရွာအနီးသို့ ရောက်ရှိနေသည်ဟု သတင်းရရှိသည်။ စစ်ကြောင်းဖြတ်သန်းသွားရာအနီးတွင် ထန်းတက်နေသော ဒေသခံပြည်သူတစ်ဦးကိုလည်း အဆိုပါစစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဆက်လက်တင်ပြပေးပါမည်။

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

အရာတော်ပို့စ် - Ayadaw Post
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw

2 months, 2 weeks ago

အရာတော်မြို့ပေါ်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာ လက်ခံရရှိသည့် လူငယ် ၁၅ ဦးခန့်ရှိပြီ

မတ် ၁၆ | အရာတော်

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့ပေါ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် စစ်မှုထမ်းရန်ဆင့်ခေါ်သည့်စာကို လက်ခံရရှိသော လူငယ် ၁၅ ဦးခန့် အနည်းဆုံးရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ အမှတ်(၁)နယ်မြေ၊ ပိတောက်မြိုင်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကြည် ဦးဆောင်ပြီး ဆင့်ခေါ်စာများကို ဖြန့်ဝေသည်ဟု သိရှိရသည်။
"သူတို့ဆီကို မှတ်ပုံလာတင်ဖို့ အရင်ခေါ်တာပါ။ ဘာလုပ်ရမလဲမသိကြဘူး။ ပိုက်ဆံညှစ်ချင်တာလည်း ပါမယ်ထင်တယ်။" ဟု ဆင့်ခေါ်ခံရသူများနှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပေးသည်။
စစ်မှုထမ်းဆင့်ခေါ်စာ လက်ခံရရှိပြီးသူများမှာ ပူပန်သောကရောက်နေကြသလို ဆင့်ခေါ်စာမရရှိသေးသော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လူငယ်ပိုင်းနှင့် မိသားစုများမှာလည်း စိုးရိမ်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။

"စစ်မှုထမ်းဖို့ ဖိအားပေး ဆင့်ခေါ်ခြင်းခံရရင် မိမိနဲ့ နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေကတဆင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားနိုင်ပါတယ်" ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေးတာဝန်ခံက အရာတော်ပို့စ်ကို ပြောသည်။

"မတရားစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဖက်က ပြောသင့်တာတွေလည်း ပြောပြထားပြီးကြပါပြီ။ တော်လှန်ရေးဟာ လုပ်ချင်လုပ်/မလုပ်ချင်နေလို့ရမယ့် ရွေးချယ်ခွင့်တစ်ခု မဟုတ်တော့ဘူးဆိုတာကို လူငယ်တွေရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို မတရားလုယူသွားခြင်းနဲ့ စစ်တပ်က သက်သေပြလိုက်ပြီဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တာကို ကျနော်တို့ ဆက်လုပ်ကြပါစို့။" ဟု သူက မြို့ပေါ်ရှိ လူငယ်များ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရမှုနှင့် စပ်လျဉ်း၍ ဆက်လက်‌ပြောဆိုထားသည်။

ဆက်လက်တင်ပြပေးပါမည်။

ဓာတ်ပုံ - မြို့နယ်တနေရာတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့(ပုံဟောင်း)

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

အရာတော်ပို့စ် - Ayadaw Post
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw

2 months, 3 weeks ago

အမျိုးသမီးတွေ ရပ်တန့်သွားရင် ကမ္ဘာကြီးလည်း ရပ်တန့်သွားမယ်
မတ် ၁၁ | မုံရွာ

မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးများအတွက် အသိပညာပေးဆွေးနွေးပွဲများနှင့် ကမ်ပိန်း ပြုလုပ်ခဲ့သည်ဟု NUG ၏ အရာတော်မြို့နယ် အမျိုးသ‌မီးနှင့် ကလေးသူငယ်ရေးရာတာဝန်ခံထံမှ သိရှိရသည်။
ကမ်ပိန်းကို မြို့နယ်၏ နေရာအချို့တွင် ပြုလုပ်ခဲ့ပြီး အရာတော်၊ မုံရွာ၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်းမြို့နယ်တို့မှ အမျိုးသမီးများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

အမျိုးသမီးများအရေးအတွက် ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းကို "ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေ တားဆီးနိုင်ဖို့၊ ကျားမတန်းတူညီမျှရေးနဲ့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စတွေအတွက် တရားမျှတမှုရအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အချက်တွေကို သေချာမျှ‌ဝေပြောပြနိုင်ခဲ့ပါတယ်။ အဓိကက Rape Case လိုမျိုး ဖြစ်လာရင် ကျမတို့အနေနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ပြီး တရားမျှတမှုရအောင် လုပ်ဆောင်ပေးနိုင်ပြီဆိုတဲ့အကြောင်းကို အသိပေးခဲ့ပါတယ်။ ဥပမာ - မျှတတဲ့ဆုံးဖြတ်ချက်မျိုး မရရှိဘဲ လက်ခံကျေအေးလိုက်ရတာမျိုး မဖြစ်အောင် ကူညီပေးတာမျိုးတွေလည်း ရှိပါတယ်ဆိုတာပေါ့။" ဟု အရာတော်မြို့နယ် အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာတာဝန်ခံက ပြောသည်။
အမျိုးသမီးများနှင့် သက်ဆိုင်သော အမှုကိစ္စတစုံတရာ တိုင်ကြားလိုပါကလည်း တိုင်ကြားနိုင်မည့်နေရာများကို မျှဝေပေးခဲ့‌သည်ဟု သိရသည်။

ယခု ပွဲများတွင် ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများ၊ ဒေသခံပြည်သူလူထုနှင့် PDF တပ်ဖွဲ့ဝင်များပါ ဝန်းရံပါဝင်ခဲ့ကြပြီး ဒေသခံအမျိုးသမီးအင်အားစုများနှင့် Women Alliance Burma တို့ ပူးပေါင်း၍ အမျိုးသမီးလစဉ်သုံးပစ္စည်းများအား ‌ဖြန့်ဝေပေးခဲ့ကြသည်ကို တွေ့ရှိရသည်။
ပါဝင်ဆွေးနွေးဟောပြောသူတစ်ဦးဖြစ်သည့် မုံရွာ လူထုသပိတ်ကော်မတီမှ မချောစုစံက "ဒီတော်လှန်ရေးကာလမှာဆိုရင် အမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဝန်ဆောင်မှုတွေ ပုံမှန်လို ရရှိဖို့က ခဲယဉ်းသွားပြီ။ စစ်ဘေးတိမ်းရှောင်ကြရတယ်၊ ပြေးရလွှားရတယ်၊ တချို့အမျိုးသမီးတွေဆိုရင်လည်း တောထဲတောင်ထဲမှာ တိုက်ပွဲဝင်နေကြရတယ်။ ဒီလိုအခြေအနေမှာ ကျန်းမာရေးအရစောင့်ရှောက်မှုတွေ၊ လိုအပ်ချက်တွေက အများကြီးပေါ့။ အဲ့ဒါတွေနဲ့ ကြုံတွေ့နေကြရတယ်။" ဟု အရာတော်ပို့စ်အား ပြောသည်။

"အမျိုးသမီးတွေအပေါ်မှာ ထားရှိနေတဲ့ လွဲမှားတဲ့ စံနှုန်းတွေ၊ အယူအဆတွေ ဒါတွေကို ဖယ်ရှားဖို့လိုအပ်တယ်ဆိုတာကို ကျေးလက်ဒေသမှာရှိတဲ့ အမျိုးသမီးတွေကို သိရှိစေလိုပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ဒီထက်ဒီထက်ပိုမိုပြီး စွမ်းဆောင်ရည်တွေ ပြည့်ဝပြီး အနာဂါတ်နိုင်ငံတော်သစ်ကို အတူတကွသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။" ဟု မချောစုစံက ဆက်လက်ပြောဆိုသည်။

"International Women's Day. Invest in Women, Accelerate Progress." ၊ "အမျိုးသမီးများဘဝ မြှင့်တင်ဖို့, အယူအဆအမှားတွေ ဖယ်ရှားစို့"၊ "If Women Stop, The World Stops." စသည့် ဘန်နာစာသားများ ချိတ်ဆွဲ၍ လိင်မခွဲခြားမှုဆိုင်ရာ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ၊ လိင်အခြေပြုအကြမ်းဖက်မှုများဆိုင်ရာနှင့် ရှေးရိုးစွဲအယူအဆအမှားများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြသည်ကို တွေ့မြင်ရသည်။

"စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ ဖိနှိပ်ခံရမှုက အားလုံးအသိပါပဲ။ စစ်တပ်ဝင်လာတယ်၊ ပြေးရလွှားရတာမှာလည်း အခက်အခဲတွေရှိတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ကြရာမှာလည်း အမျိုးသမီးဆိုပြီးခွဲခြားမှုတွေ ရှိနေတယ်။ ဒီလိုအသိပညာပေးဆွေးနွေးပွဲလေးတွေ လုပ်လိုက်တဲ့အခါမှာ ခွဲခြားမဆက်ဆံသင့်ပါလားဆိုတဲ့ အသိလေးတွေ ရှိလာတာကို တွေ့ရပါတယ်။" ဟု အရာတော်မြို့နယ် အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာတာဝန်ခံက အရာတော်ပို့စ်၏ မေးမြန်းမှုအား ဖြေဆိုထားသည်။

ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသူတစ်ဦးကလည်း "ကိုယ်က မိန်းကလေးဖြစ်လို့ စိတ်ဓာတ်မကျကြပါနဲ့။ ယောင်္ကျားလေးတွေနဲ့ တန်းတူနေထိုင်လို့ရပါတယ်လို့ ပြောချင်ပါတယ်။" ဟူ၍ အမျိုးသမီးများအတွက် အားပေးစကားပြောဆိုခဲ့သည်။

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

အရာတော်ပို့စ် - Ayadaw Post
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw
#InternationalWomensDay
#WomanAllianceBurma

2 months, 3 weeks ago
အရာတော်ပို့စ် - Ayadaw Post
2 months, 3 weeks ago
အရာတော်ပို့စ် - Ayadaw Post
5 months, 1 week ago

နောင်ကြီးအိုင်ရဲစခန်းက ဆန်အပိုင်း(၃၀)စီဖြင့် ပြန်ပေးဆွဲခြင်းခံခဲ့ရသော ညီအစ်ကို(၂)ဦးအနက် (၁)‌ဦးကို စစ်ကြောင်းစွန့်ခွာရာလမ်းတွင် နဖူးသေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့
ဒီဇင်ဘာ ၂၉ | အရာတော်

ဒီဇင်ဘာ ၁၇ ရက်နေ့က အရာတော်မြို့နယ်မှ နောင်ကြီးအိုင်ကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ထွက်ခွာလာပြီး လမ်းတွင် တွေ့သမျှ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်လာရာ၌ ဘော်ကုန်းကျေးရွာမှ ညီအစ်ကို(၂)ဦးလည်း ပါဝင်သွားခဲ့သည်။ အဆိုပါ စစ်ကြောင်း နောင်ကြီးအိုင်ရဲစခန်းသို့ ရောက်ရှိသွားပြီးနောက် ဘော်ကုန်းကျေးရွာနေ ညီအစ်ကို(၂)ဦး၏ မိဘများအား စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ဆက်သွယ်ကာ (၁‌)ဦးလျှင် ဆန်အပိုင်း(၃၀)စီဖြင့် လာရောက်ရွေးယူရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သိရသည်။
"ကျနော်တို့ကတော့ ဒီကောင်တွေ(စစ်ကောင်စီတပ်များ) ပြောတဲ့စကားကို ယုံပြီး သွားမရွေးစေချင်ဘူးပေါ့ဗျာ။ ဒါပေမယ့် မိဘဆိုတော့လည်း သူတို့သားသမီးအတွက် စိတ်ပူပြီး ဆန်တွေ လှည်းနဲ့တင်ပြီး သွားရွေးတယ်လို့ သိရပါတယ်။ နောင်ကြီးအိုင်ခွေးတွေက ဆန်တွေသိမ်းထားလိုက်ပြီး လူလည်း ပြန်မလွှတ်ပေးဘဲ လှည်းတွေကို ပြန်ခိုင်းလိုက်တယ်။" ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့က နောင်ကြီးအိုင်ကျေးရွာရဲစခန်းတွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့်ခွာရာတွင် ပြန်ပေးဆွဲထားပြီး ပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထားသော အဆိုပါ ညီအစ်ကို(၂)ဦး အပါအဝင် အခြားဖမ်းဆီးခံပြည်သူအချို့ကိုလည်း လူသားဒိုင်းခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။ ၎င်းတို့၏ စခန်းစွန့်ခွာစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ထိတွေ့မှုဖြစ်ပွားခဲ့၍ လေကြောင်းပစ်ကူဖြင့် ဆုတ်ခွာရပြီးမှ ဓားစာခံများအားလုံး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အတူတူဖမ်းဆီးခံခဲ့ရသည့် ဝမ်းကွဲညီအစ်ကို(၂)ယောက်အနက် (၁)ယောက် ပြန်ပါမလာခဲ့တော့ပါဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်က ပြောသည်။

‌စစ်ကောင်စီတပ်ဖွဲ့များ နေရာယူခဲ့သည့်နေရာကို ရှင်းလင်းရေးလုပ်ရာတွင် ထိုအမျိုးသား၏ ရုပ်အလောင်းကို နဖူးသေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲဘော်က ပြန်လည်ပြောပြသည်။ လွတ်မြောက်လာသော အခြားဖမ်းဆီးခံပြည်သူများ ထိခိုက်ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များ စွန့်ခွာသွားသော နောင်ကြီးအိုင်စခန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ရှင်းလင်းရေးပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့များက သိမ်းယူထားသည့် ဆန်များကို တွေ့ရှိရသဖြင့် ပြန်လည်သိမ်းဆည်းကာ မူလပိုင်ရှင်များထံ အပ်နှံပေးခဲ့သည်ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပုံ - စစ်ကောင်စီတပ်များ ဆုတ်ခွာသွားရာ၌ တွေ့ရှိရသော ပြန်ပေးဆွဲခံ ညီအစ်ကို(၁)ဦး၏ ရုပ်အလောင်း (ဓာတ်ပုံ - အရာတော် ပကဖ)

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

အရာတော်ပို့စ် - Ayadaw Post
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw
#နောင်ကြီးအိုင်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 week, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks ago