ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
ဘုတလင်နယ်၊ နတ်ရွာနှင့် မြင်သာရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးတွဲပျံပြီး ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ ၂၇ | မုံရွာ
ယနေ့ အောက်တိုဘာ ၂၇ ရက်၊ ညနေ ၅း၄၅ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ နတ်ရွာနှင့် မြင်သာကျေးရွာတို့အနီးတဝိုက်ကို စစ်ကောင်စီတပ်က မိတ္ထီလာ ရှမ်းတဲလေတပ်မှ ပျံတက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပါ။
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကလည်း အရပ်သားပြည်သူများကို လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ နေအိမ် ၄၀၀ ကျော်ကို မီးတင်ရှို့ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားသည်။ အဆိုပါစစ်ကြောင်းသည် ယနေ့ညနေပိုင်းတွင် ဘုတလင်မြို့နယ်၊ ပဲမြစ်တောအရှေ့ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
ယခုတခေါက် ဘုတလင်မြို့နယ်တွင်း စစ်ကြောင်းထိုးမှုတွင် ပိုမိုဆိုးရွားလာသော စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဘုတလင်မြို့နယ်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ထိတ်လန့်ကာ စစ်ဘေးရှောင်တိမ်းနေကြရသည်။
ဓာတ်ပုံ - ယနေ့ ၂၀၂၄၊ အောက်တိုဘာ ၂၇ ရက်တွင် ဘုတလင်မြို့နယ်၊ နတ်ရွာနှင့် မြင်သာကျေးရွာတို့အနီး လေကြောင်းတိုက်ခိုက်ခဲ့သော စစ်ကောင်စီဂျက်ဖိုက်တာ ၂ စီး (Thurain)
Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost
#AyadawPost #အရာတော်ပို့စ်
#ဘုတလင် #Budalin
ဘုတလင်နယ်၊ နတ်ရွာနှင့် မြင်သာရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးတွဲပျံပြီး ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ ၂၇ | မုံရွာ
မုံရွာ နမခတွင် စစ်ရဟတ်ယာဉ်များ ထပ်မံရောက်ရှိနေပြီး စစ်ကိုင်းတိုင်းမှ တိုက်ပွဲဖြစ်ပွားသောဒေသများတွင် အသုံးပြုနေ
စက်တင်ဘာ ၂၄ | မုံရွာ
မုံရွာမြို့အနီးရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တွင် ယခင်က Mi35 စစ်ရဟတ်ယာဉ်တစီးသာ ရှိခဲ့သော်လည်း ယခု စက်တင်ဘာလထဲတွင် Mi17 ထောက်ပို့ရဟတ်ယာဉ် ၄ စီးပါ ထပ်မံရောက်ရှိနေကြောင်း သတင်းရရှိသည်။
တိုက်ပွဲများဖြစ်ပွားလျက်ရှိသော စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နှင့် ပင်လည်ဘူးမြို့တို့ရှိ စစ်ကောင်စီတပ်ရင်း/တပ်ဖွဲ့များထံသို့ နမခ ထပ်မံရောက်ရှိနေသော Mi17 ရဟတ်ယာဉ် ၄ စီးဖြင့် လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာများ သွားရောက်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များအား Mi17 ရဟတ်ယာဉ် ၄ စီးဖြင့် ထောက်ပို့လုပ်ဆောင်ရာတွင် Mi35 ရဟတ်ယာဉ်က လေကြောင်းလုံခြုံရေးလိုက်ပါလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် စစ်ရဟတ်ယာဉ်များ ထပ်မံဖြည့်တင်းထားခြင်းနှင့် ပတ်သက်၍
"ရန်သူက အခုနောက်ပိုင်းမှာ တပ်ပြောင်း/ရွှေ့နဲ့ စစ်ဆင်ရေးတွေမှာ လေကြောင်းကိုပဲ အဓိက အသုံးပြုလာတာတွေ့ရတယ်ဗျ။ လေကြောင်းသတိတော့ ဂရုစိုက်ရမှာပေါ့ဗျာ။" ဟု မုံရွာခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တာဝန်ရှိရဲဘော်တဦးက အရာတော်ပို့စ်အား ပြောသည်။
စစ်ကိုင်းတိုင်းမှ ပြည်သူလူထုအနေဖြင့်လည်း လေကြောင်းရန် လုံခြုံရေးသတိရှိကြရန် "လေကြောင်းရန်ကာကွယ်ရေး ဗုံးခိုကျင်းတွေတူးထားဖို့တော့ လိုပြီဗျ။ စကစက သူတို့မနိုင်တော့ရင် ပြည်သူနေအိမ်တွေကို ပစ်မှတ်ထားလာမှာ။" ဟု အဆိုပါ ရဲဘော်က သတိပေးပြောဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် အနီးတဝိုက် ဒေသများရှိ ပြည်သူလူထုမှာလည်း စစ်ရဟတ်ယာဉ်၊ စစ်လေယာဉ်များ ခေါင်းပေါ်မှ ဖြတ်သန်းပျံဝဲနေသည်ကို နေ့စဉ် ကြုံတွေ့နေရပြီဖြစ်သည်။
ဓာတ်ပုံ - စစ်ကောင်စီ၏ Mi17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစီး (ရန်ကုန်ခေတ်သစ်)
Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost
အရာတော်ပို့စ် - Ayadaw Post
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw
အရာတော်မြို့နယ် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အခမ်းအနားနှင့် သပိတ်စစ်ကြောင်း
ဇူလိုင် ၈ | အရာတော်
အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ၊ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ “7 July နှစ်ပတ်လည် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ အခမ်းအနား” ပြုလုပ်ခဲ့ကြောင်း အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။
“၇.၇.၆၂ မမေ့ကြနဲ့”၊ “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ဆက်လက်ကိုင်ဆွဲကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” အစရှိသော ဘန်နာစာတန်းများ ကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု၏ ပူးပေါင်းသပိတ်စစ်ကြောင်းလည်း ချီတက်ခဲ့ပြီး ဒေသခံပြည်သူလူထုကလည်း ဆဲဗင်းဂျူလိုင်ဓာတ်ပုံပြပွဲအခမ်းအနားကို လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
ဆဲဗင်းဂျူလိုင်အရေးအခင်းသည် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် ကျောင်းသားတော်လှန်ရေးလှုပ်ရှားမှုသမိုင်းတွင် အရေးပါ၍ ထင်ရှားသော တော်လှန်လှုပ်ရှားမှုတခုဖြစ်ခဲ့ပြီး စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် သမိုင်းဝင်သက်သေတခုလည်း ဖြစ်သည်။
Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost
အရာတော်ပို့စ် - Ayadaw Post
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw
သင်္ကြန်အကြိုနေ့က အရာတော်မြောက်ပိုင်း ရွာ ၅ ရွာကို မီးရှို့သွားခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် တပ်မ(၇၇) စစ်တီးဝိုင်းအဖွဲ့ဝင်များလည်း ပါဝင်
မေလ ၁၅ | အရာတော်
ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့က အရာတော်မြို့နယ်မြောက်ပိုင်း ဝါးတောမကျေးရွာ၊ ရေယဉ်သာကျေးရွာ၊ မကျီးစုကျေးရွာ၊ ဘော်ကုန်းကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့မှ ဒေသခံပြည်သူ့နေအိမ် ၁၅၀ ကျော်ကို မီးရှို့သွားသောစစ်ကြောင်းတွင် တပ်မ(၇၇)၏ စစ်တီးဝိုင်းအဖွဲ့ဝင်စစ်သားများလည်း ပါဝင်သည်ဟု သတင်းရရှိသည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ သင်္ကြန်အကြိုနေ့ မနက်ပိုင်းက အရာတော်မြောက်ပိုင်းကျေးရွာများကို စစ်ကား ၉ စီး၊ အင်အား ၁၀၀ ကျော်ဖြင့် မွှေနှောက်ဖျက်ဆီးပြီး နေရပ်စွန့်ခွာပြေးရသည့်ပြည်သူများကျန်ရစ်ခဲ့သောပစ္စည်းများကိုလည်း ယူငှင်သွားခဲ့သည်။
စစ်ကြောင်းထဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကိုယ်ပိုင်ပစ္စည်းအချို့အား အရာတော်မြို့နယ်တနေရာတွင် ကျကျန်ခဲ့သည်ကို တွေ့ရှိရသဖြင့် မှတ်တမ်းတင်၍ ပေးပို့လာသည်ကို အရာတော်ပို့စ်က လက်ခံရရှိထားပါသည်။ အဆိုပါပစ္စည်းများတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ (၇၇)ခြေမြန်တပ်မ၏ စစ်တီးဝိုင်းအဖွဲ့ဝင် ၂ ဦး၏ ဓာတ်ပုံအချို့ကို တွေ့ရှိရသည်။ တပခစလွယ်ဖြင့် စစ်တီးဝိုင်းဝတ်စုံ ဝတ်ဆင်ထားသော ဒုတပ်ကြပ်တဦးနှင့် အလားတူယူနီဖောင်းဖြင့် တပ်သားအဆင့်တဦးတို့ဖြစ်သည်။ ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် အခြေစိုက်သော တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) လက်အောက်ခံ တမခ(၇၇)တပ်မသည် ပဲခူးမြို့တွင် အခြေစိုက်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်ကောင်စီတပ်မတခုဖြစ်သည်။
သင်္ကြန်အကြိုနေ့မနက်၌ အရာတော်မြို့နယ်မြောက်ပိုင်းတွင် သောင်းကျန်းခဲ့သော စစ်ကောင်စီစစ်ကြောင်းမှာ အရာတော်မြို့၊ တကရ(၅၀၀၄)တပ်ရင်းသို့ စစ်ကားများဖြင့် ပြန်ဝင်သွားခဲ့ပြီး ညနေပိုင်းတွင် အရာတော်မြို့နယ်တောင်ပိုင်းကို Mi-35 ရဟတ်ယာဉ်က လေကြောင်းမှ ပစ်ခတ်နေစဉ် Mi-17 စစ်ရဟတ်ယာဉ်ဖြင့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရာတော်တောင်ပိုင်း မလဲသာ၊ ကန်ရင်းကျေးရွာများတဝိုက်သို့ သယ်ဆောင်၍ ချထားပေးခဲ့သည်ဟု ဒေသခံတဦးထံမှ သိရသည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့များမှာ အရာတော်တောင်ပိုင်းကျေးရွာများကိုလည်း မွှေနှောက်စီးနင်းပြီး ပြည်သူ့နေအိမ်များတွင် ခြိမ်းခြောက်စာများ ရေးသားသွားခဲ့ကာ နောက်တရက်တွင် ပြန်လည်တပ်ဆုတ်သွားခဲ့သည်။
Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost
အရာတော်ပို့စ် - Ayadaw Post
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago